Saturday, September 28, 2013

Hard Drive တွေကို အလွယ်တကူ မပျက်စီးစေဖို့

Hardware တွေရဲ့ ဈေးနှုန်းက ဒီဆယ်စုနှစ်ထဲမှာ အံ့ဩဖွယ်ကောင်းလောက်အောင်ကို ပြိုကျလာခဲ့ပါတယ်။ ဒါပေမဲ့လည်း လူတိုင်းက ကိုယ်စက်ထဲက hardware တွေကို ပျက်ချင် ပျက်ပါစေလို့ဆိုပြီး ပစ်စလက်ခတ်ထားကြမှာတော့ မဟုတ်ကြပါဘူး။ အထူးသဖြင့် hard drive တွေကို ဒီလိုမျိုး မထားတတ်ကြပါဘူး။

အချက်အလက်ဟာ နည်းပညာလောကသားတွေအတွက် အလွန်အရေးပါလှပါတယ်။ ဒီအချက်အလက်တွေ သိုလှောင်ရာဖြစ်တဲ့ hard drive တွေရဲ့ ကြံ့ခိုင်ရေးဟာ အလွန်ကို အရေးပါလှပါတယ်။ အောက်ဖော်ပြပါ အချက် (၁၀) ချက်ကတော့ hard drive တွေကို အလွယ်တကူ မပျက်စီးစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။

၁။ chkdsk ကို run ပေးပါ။
Hard drive တွေက မီးအားအတက်အကျကြောင့်ဖြစ်စေ၊ အခြားသောအကြောင်း အမျိုးမျိုးကြောင့်ဖြစ်စေ အထဲမှာပါတဲ့ သတ္တုပြားမှာ ပြဿနာတက်တာ၊ ဆော့ဖ်ဝဲ ပြဿနာဖြစ်တာ၊ partition table မှာ ပြဿနာဖြစ်တာ အစရှိတဲ့ ပြဿနာတွေ တွေ့ကြုံရတတ်ပါတယ်။ ဒီပြဿနာတွေကို ပြေလည်စေဖို့အတွက် chkdsk ဆိုတဲ့ ပရိုဂရမ်လေးဟာ Windows မှာ အစကတည်းက လာထည့်ပေးထားပါတယ်။ ဒီပရိုဂရမ်လေးက ပြဿနာ အတော်များများကို ပြေလည်အောင် ဖြေရှင်းပေးပါတယ်။

၂။ Hard drive ကို စောင့်ကြည့်ပေးနိုင်တဲ့ ပရိုဂရမ်သုံးပါ။
Hard drive ကို စောင့်ကြည့်လေ့လာပေးတဲ့ ပရိုဂရမ်တွေ များစွာရှိပါတယ်။ Acronis Drive Monitor ကတော့ အခမဲ့ရတဲ့ tool တစ်ခုဖြစ်ပြီး သုံးစွဲရတာ အလွန်ကောင်းပါတယ်။ အပူချိန်နဲ့ hard drive ရဲ့ နေရာလွတ်တွေကို စောင့်ကြည့်ပေးနိုင်ပါတယ်။

၃။ Data ထားတဲ့နေရာနဲ့ OS တင်ထားတဲ့နေရာကို ခွဲထားပါ။
OS တင်ထားတဲ့နေရာနဲ့ data ထားတဲ့နေရာကို partition တွေ သီးခြားပိုင်းထား သင့်ပါတယ်။ အဲဒီလို တင်မထားတဲ့အခါ OS ဆိုတာ ပျက်လွယ်တဲ့အတွက် data တွေကို သီးခြား partition မပိုင်းဘဲ OS ထားတဲ့ partition မှာထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေ ရှိလာပါလိမ့်မယ်။

၎။ ကွန်ပျူတာသုံးနေတဲ့ ပတ်ဝန်းကျင်ကို သတိပြုပါ။
ကွန်ပျူတာကိုထားတဲ့နေရာက ဖုန်တွေထူတာ၊ ရေငွေ့တွေပေါများတာနဲ့ အပူချိန် သိပ်များတာ အစရှိတဲ့ အကြောင်းအရာတွေကို သတိထားရှောင်သင့်ပါတယ်။ အဲဒီလိုဖြစ်တာတွေက ကွန်ပျူတာမှာ လျှပ်စစ်ပတ်လမ်းတို့တွေဖြစ်ပြီး hardware တွေကို ပျက်စီးနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်အောင် ဖိတ်ခေါ်နေသလိုပါပဲ။ ပြီးတော့ ကွန်ပျူတာကို အပူချိန်လျော့နိုင်သလောက်လျော့အောင် ပန်ကာလေးတွေ ထားသုံးဖို့ လိုအပ်ပါတယ်။ Hard drive ကို ပန်ကာထည့်ပြီးသုံးတာက အပူချိန်လျော့နိုင်တဲ့အတွက် ပျက်စီးမှုကို ကာကွယ်နိုင်သလို hard drive ပူလာတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၅။ လျှပ်စစ်ဓာတ်အပိုတွေ ကွန်ပျူတာမှာ မစီးပါစေနဲ့။
ကွန်ပျူတာကို မီတာနဲ့ထောက်ပြီး တိုင်းတာတဲ့အခါ လျှပ်စစ်ဓာတ်အားတွေက ကွန်ပျူတာပုံးမှာ စီးနေတာတွေကို တွေ့ရတတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တာက ကွန်ပျူတာကို ပျက်စီးစေဖို့ လွယ်ကူစေပါတယ်။ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲတဲ့ ပလပ်ပေါက်တွေနဲ့ ကြိုးတွေကို ကောင်းမွန်အောင်လုပ်ထားဖို့ လိုအပ်သလို မြေစိုက်ကြိုးကိုလည်း ထည့်ပေးထားဖို့ လိုအပ်ပါတယ်။

၆။ Drive ကို defragment ပုံမှန်လုပ်ပေးပါ။
Drive တွေကို သုံးစွဲတာကြာလာတဲ့အခါ ဖိုင်တွေရဲ့ အထားအသိုက ပြန့်ကျဲလာပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ဖိုင်တွေကို နေရာချတာနဲ့ ရှာဖွေတာလုပ်တဲ့အချိန် ပိုကြာလာပါတယ်။ အဲဒီလိုဖြစ်လာတာကို ကာကွယ်ဖို့အတွက် drive ကို defragment ပုံမှန်လုပ်သင့်ပါတယ်။

၇။ Solid state drive ကို ပိုသုံးပါ။
Hard drive တွေက solid state drive တွေထက် ပျက်စီးနိုင်မှုမှာ ပိုများပြားပါတယ်။ ဈေးကြီးပေမယ့် solid state drive တွေက hard drive တွေထက် ပျက်စီးနိုင်မှုမှာ လျော့နည်းတာကြောင့် ပိုမိုရွေးချယ်သင့်ပါတယ်။

၈။ Power save နည်းပညာကို သုံးပါ။
Hard drive တွေကို အလုပ်မလုပ်စေပဲ အချိန်ကြာကြာ ဖွင့်လှစ်ထားတာထက် ဘယ်အချိန်လောက်အထိ ဆက်တိုက်မသုံးစွဲဘူးဆိုခဲ့လျှင် hard drive ကို ပိတ်ထားတာတို့ sleep mode ကို သုံးတာတို့ လုပ်ထားသင့်ပါတယ်။ hard drive သက်တမ်း ပိုကြာပါလိမ့်မယ်။

၉။ ဝက်အူတွေနဲ့ မလှုပ်အောင် ကြပ်ထားပါ။
Hard drive ကို အချို့က စကူနှစ်လုံးပဲ ဖမ်းထားတာ၊ ချောင်နေတဲ့ စကူတွေ ထည့်သုံးတာတို့က hard drive ကို အခန့်မသင့်ရင် လှုပ်တာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးဖြစ်ပေါ်လာခဲ့ရင် hard drive ကို သုံးမရအောင် ပျက်စီးသွားစေပါလိမ့်မယ်။

၁၀။ Back up ပုံမှန်လုပ်ပါ။
ပစ္စည်းတွေမှာ မပျက်တဲ့ ပစ္စည်းမရှိပါဘူး။ အချိန်ကြာမှ ပျက်တာနဲ့ စောစောပျက်တာပဲ ကွာပါတယ်။ ဒါကြောင့် အချက်အလက်တွေကို ပုံမှန် Back up လုပ်ထားသင့်ပါတယ်။

အင်တာနက်ဂျာနယ်မှ

DVD drive မကောင်းတော့ဘူးဆိုတာ သိသာထင်ရှားစေသောအချက်များ

DVD drive မကောင်းတော့ဘူးဆိုတာ သိသာထင်ရှားစေသောအချက်များမှာ
၁။DVD drive ကို BIOS မှလုံးဝမသိရှိတော့ခြင်း..drive မှ cd disc ကိုဖတ်လျင်အရမ်း လေးလံနေခြင်း..
၂။သက်တမ်းကြာလာ၍ read/write speed ကျဆင်းခြင်း..
၃။drive ကို my computer တွင်တွေ့ သော်လည်းဖွင့်လို့ မရခြင်း..
၎။drive မှ cd ထည့်သည့် tray မှာပြန်ထွက်မလာတော့ခြင်း..
၅။ခွေထည့်ပြီးခနအတွင်းသာဖတ်ပြီးနောက် ဆက်မဖတ်နိုင်တော့ခြင်း....
၆။Rewriteable တွေမှာ write လုပ်လို့ မရတော့ခြင်း....
၇။drive မှ ဆူညံသံကျယ်လောင်စွာထွက်ခြင်း...
၈။ disc တစ်ခုကိုဖတ်သည့်အခါ အတင်းရုန်းပြီးဖတ်နေရခြင်း စသော အချက်များမှာ dvd drive မကောင်း တော့သောလက္ခဏာများဖြစ်ပါတယ်…တစ်ခါတစ်ရံမှာ virus ကြောင့်လည်း drive ကမဖတ်နိုင်တာ ဖြစ်တတ်ပါတယ်…

ဒီလိုဖြစ်လာရင် ဘာလုပ်မလဲ..

၁။ကွန်ပျူတာမှာ dvd drive မပေါ်ဘူးဆိုရင် dvd ကိုပေးတဲ့ molex or SATA ပါဝါကြိုးတပ်ထားသလားကြည့်လိုက်ပါ..ပြီးရင် data cable ကြိုးတပ်ထားသလားကြည့်ပါ.. နှစ်ခုစလုံးသေချာတပ်ထားပါလျက်နဲ့  bios မှာမပေါ်ဘူးဆိုရင် drive ကို bios ကတောင်မသိတော့ရင် drive ပျက်ဖို့ များပါတယ်..ပိုသေချာသွားအောင် အခြားစက်တစ်လုံးမှာသွားရောက်တပ်ဆင်ကြည့်ပါ..
၂။သက်တမ်းကြာလို့  read speed ကျဆင်းရခြင်း မှာ dvd drive electric motor မကောင်းတော့တာ ဖြစ်နိုင်သလို lens မှာ မကောင်းတာလဲဖြစ်နိုင်ပါတယ် အများအားဖြင့် အထဲက lens ကို cleaning kid နဲ့ သန့် စင်လိုက်ရင်နဂိုအနေအထားတိုင်းပြန်လည်ကောင်းမွန်တတ်ပါတယ်..
၃။Drive ကို my computer မှာတွေ့ ပေမဲ့ လို့ ဖွင့်လို့ မရခြင်းမှာ drive အားအသုံးပြုခွင့် Permission ပိတ်ထားခြင်းဖြစ်နိုင်ပါတယ်..ဒါကြောင့် permission ကို ဖွင့်ပေးလိုက်လျင်ရနိုင်ပါတယ်.. နောက်တစ်ချက် ဖြစ်နိုင်တာက my computer မှာတွေ့ တော့တွေ့ တယ်..ဒါပေမဲ့ခွေထည့်ပြီးတော့ ဖတ်ကိုမဖတ်ဘူး သူ့ ကို click နိုပ်လိုက်ရင်လည်း loading အကြာကြီးလည်နေတာမျိုးတွေ့ ရတတ်ပါတယ်..အဲဒါ drive မကောင်းတော့တဲ့ လက္ခဏာဖြစ်ပါတယ်..တပ်ထားတဲ့ drive က cd rom ဖြစ်ပြီး ထည့်တဲ့ခွေက dvd disc ဖြစ်နေရင်လည်း ဖတ်မှာမဟုတ် ဘူးနော်..
၎။Drive မှ ခွေထည့်ပြီး eject ပေးသော်လည်း ပြန်ထွက်မလာခြင်းမှာ mechanically အရ ပျက်စီးနေတတ် ပါတယ် tray ကိုပြန်လည်တွန်းထုတ်ပေးမည့် မော်တာ အလုပ်မလုပ်နိုင်ခြင်းဖြစ်နိုင်ပါတယ်.. ဒါဆိုရင် dvd drive မျက်နှာပြင်မှာ အပေါက်သေးသေးလေးတစ်ခုရှိပါတယ် သူ့ ကို paper clip လေးနဲ့ ထိုးလိုက်ပါ..drive ပြန်ထွက်လာပါလိမ့်မယ် အောက်ကပုံအတိုင်းဖြစ်ပါတယ်..mechanical အရတပ်ဆင်မှုလွဲတာဆိုရင် drive ကိုဖွင့်ပြီး အံကျအောင်သေချာပြန်လည်တတ်ဆင်ပေးပါက ပြန်ကောင်းသွားနိုင်ပါတယ်..
၅။အချို့  drive များမှာ ခွေထည့်ပြီးခဏအတွင်းသာဖတ်ပြီးနောက်ပိုင်းဆက်မဖတ်နိုင်တော့တာမျိုးကြုံတွေ့ ရတတ်ပါတယ်..ဥပမာ cd disc ခွေထဲက ဖိုင်တစ်ခုကိုဖတ်လိုက်တယ် နောက်ဖိုင်တွေကိုထပ်ဖွင့်တယ် ထပ်ဖွင့်လိုက်တဲ့ဖိုင်တွေကို မဖတ်နိုင်တော့ဘူး..ဒါဆိုရင် drive မကောင်းတော့တာဖြစ်ပါတယ်..
၆။DVD Rewriteable တွေမှာဆိုရင် rewrite လုပ်မပေးနိုင်တော့ဘူး ဒါကတော့ firmware နဲ့ ဆိုင်ပါတယ် firmware ကြောင်သွားရင်ဖြစ်တတ်ပါတယ် ဒါကြောင့်အဲလိုဖြစ်ခဲ့မယ်ဆိုရင် drive ကအလုပ်တော့ လုပ်နေ ပါဦး မယ် သို့ သော်လည်း rewrite လုပ်တဲ့အခါ အဆင်ပြေတော့မှာမဟုတ်ပါဘူး..
၇။Drive ထဲကို cd disc ထည့်လိုက်တာနဲ့  အသံမှာ ပုံမှန်အသံထက် ဆူညံစွာ ထွက်နေခြင်း (သို့ )တရစပ် ထွက်နေခြင်း မှာ ကောင်းသောလက္ခဏာ မဟုတ်ပေ ဒါကြောင့် drive ကို cleaning ပြန်လုပ်ခြင်းအားဖြင့်  ဤပြဿနာကိုပြေလည်သွားစေနိုင်ပါတယ်..
၈။disc ကို ဖတ်တော့ဖတ်တယ် အတင်းရုန်းပြီးဖတ်နေရတယ် ဖိုင်ကိုဖွင့်လိုက်တယ် လေးငါး ဆယ်စက္ကန့် ကြာမှဖတ်နိင်တယ်..တစ်ခါတစ်လေကျ ဖတ်ပြီး တခါတရံကျတော့မဖတ်တော့ဘူးဆိုရင် drive ကကြောင်သွားတာဖြစ်နိုင်တယ်..my computer ထဲမှာ dvd drive ကိုမတွေ့ ရင် device manager မှာဝင်စစ်ကြည့်ပါဦး dvd ကို enable ပေးထားသလားလို့  ..device manager ထဲမှာ disable ပေးထားတာမျိုးဆိုရင် dvd drive ကို My computer ထဲမှာ တွေ့ ရမှာမဟုတ်ပါဘူး…အကယ်၍ IDE cable ကြိုးတစ်ချောင်းတည်းမှာ Hard disk ရော CD Rom ရောတပ်ဆင်မယ်ဆိုရင် master /slave ခွဲပေးရပါမယ်..
အထက်ကဆွေးနွေးခဲ့တာတွေ အားလုံးက drive ဘက်ကပဲဖြစ်နိုင်တာတွေကို ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်.. မိမိစက်မှာတော့ အထက်ကလိုပြဿနာမျိုးတွေဖြစ်ပြီး အခြားစက်တစ်လုံးမှာတော့ အကောင်းပကတိအတိုင်း အလုပ်လုပ်တယ်ဆိုရင် drive ရဲ့ power ကြိုးဒေတာကြိုးတို့ ကို ..ပြောင်းလဲတပ်ဆင်ကြည့်ပါ..ထိုနောက် IDE cable ဆိုလျင်လဲ data cable ကို port ပြောင်းတပ်ကြည့်ပါ..SATA port ကိုလည်းထိုနည်းလည်းကောင်းပါပဲ motherboard က port တွေကိုပြောင်းတတ်ကြည့်ပါ..ရံဖန်ရံခါ port တစ်ခုမှာ အလုပ်မလုပ်ပေမဲ့ နောက် port တစ်ခုနဲ့ အဆင်ပြေသွားတာကိုလည်းကြုံရတတ်ပါတယ်..
ROM မကောင်းတော့ရင်ပဲဖြစ်ဖြစ် ရေးတဲ့ ဖတ်တဲ့ နှုန်းအားကျဆင်းလာရင်ပဲဖြစ်ဖြစ် windows တင်တဲ့အခါမှာ (သို့) disc တွေကို ခွေကူးရာမှာ အရမ်းကြာတတ်ပါတယ်..ဒါကြောင့်တစ်ယောက်နဲ့ တစ်ယောက် ငါ့ကွန်ပျူတာက windows တင်တာမြန်တယ် ခဏလေးတွင်းပြီးသွားတယ်ဆိုတာ drive ကောင်းတာမကောင်းတာနဲ့ သက်ဆိုင်ပြီး drive speed အနှေးအမြန်ပေါ်မူတည်ပြီး ကွာသွားခြင်း ဖြစ်ပါ တယ်..
ကိုစံငြိမ်း

Credit:မြန်မာမိသားစု ဖိုရမ်

ကွန်ပျူတာမှာ Power supply မကောင်းတော့ဘူးဆိုရင် ဘယ်လိုသိနိုင်မလဲ

 ကွန်ပျူတာတစ်လုံးမှာ power supply ကအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ် မားသားဘုတ်နဲ့ အခြားသော peripheral device တွေကို power ပေးရလို့ ပါပဲ အ၀င် AC ကနေ အထွက် DC ကိုပြောင်းလဲပေးပြီး power တွေကို distribute လုပ်ပေးရတဲ့ တာဝန်ကိုထမ်းဆောင်ရပါတယ်..မရှိမဖြစ်လိုအပ်တဲ့ ဒီလိုpower supply တစ်လုံးကွန်ပျူတာမှာအကောင်းဘူးဆိုရင် ဘယ်လိုတွေဖြစ်လာမလဲဆိုတာဆွေးနွေးကြည့်ရအောင်..

Power supply ပျက်နိုင်သည့်အကြောင်းတရားများ
1.FAN
2.Components
3.Cord
4.Connector
5.Electrical surge
6.Default industry

1.FAN-power supply မှာ fan ပါရှိပါတယ်..ဒီ fan လည်မှု မလည်မှုပေါ် မူတည်ပြီးတော့ troubleshoot လုပ်တဲ့ နေရာမှာ သုံးသပ်ပြီး လုပ်ဆောင်လို့ ရပါတယ်..အချို့ power supply တွေဆို fan ကလည်လို့  လည်မှန်းတောင်မသိဘူးအရမ်းညင်သာတယ်..ဆူညံမှုနည်းလေကောင်းလေပေါ့..မနက်ဘက်နှစ်နာရီသုံးနာရီဆိုတော် တော်သိသာတယ်..စက်ရှေ့ မှာထိုင်ဖူးရင်ပေါ့..ဒီ power supply မှာပါတဲ့ fan က တစ်မိနစ်မှာ အပတ်ရေ ဘယ်လောက်နဲ့ လည်ပတ်တယ်ဆိုပြီးတော့တိုင်းတာပါတယ် Revolution per minute RPM နဲ့ တိုင်းပါတယ် FAN လည်နှုန်းကျသွားရင် power supply က heatတွေမတရားတက်လာပြီးပူလာမယ် နောက်ဆုံးမခံနိုင် တော့ပဲလောင် သွားမယ်..ဒါကြောင့် Power supply fan ပုံမှန်လည်ပတ်မှုမရှိပဲ နှေးသွားရင် ( သို့  )ပျက်စီးသွား ရင် power supply ပျက်နိုင်ပါတယ်..

2.Components – power supply ထဲမှာ circuit board ပါရှိပါတယ်..အဲဒီ circuit board မှာပါတဲ့ components တွေရဲ့ ချို့ ယွင်းမှု ဒါမှမဟုတ်အပူကြောင့် capacitor များလောင်ကျွမ်းခြင်း converter circuit လောင်ကျွမ်းခြင်းကြောင့် Power supply ပျက်စီးနိုင်ပါတယ်..

3.Cord - ကြိုးကတော့ ပျက်ခဲလှပါတယ် သူကပေါက်ပြဲ ပျက်စီးရင်လည်း leakage ဖြစ်တာကြောင့် တစ်ကြောင်းပေါက်ပြဲပျက်စီးတဲ့ နေရာနဲ့ motherboard ပေါ်က component တစ်ခုခု (သို့ )casing နဲ့ သွားထိပြိး short ဖြစ်နိုင်ပါတယ်..ပေါက်ပြဲတဲ့ နေရာကို တိပ်နဲ့ ပတ်ထားလို့ တော့ရပါတယ်..ဒါပေမဲ့ အထွက်ဗို့ ကိုတိုင်းကြည့်ရမှာဖြစ်ပါတယ်..

4.Connector – power supply အထွက်မှာ DC ကိုပြောင်းလဲပေးတဲ့  motherboard ကိုပေးတဲ့ ပါဝါ connector , hard disk,CD Rom ကိုပေးတဲ့ Power connector တွေပါရှိတယ် ဒီ power connector တွေက မကောင်းရင် ( များသောအားဖြင့်အထွက် ဗို့ အားမမှန်ရင်ပေါ့လေ..) တခြား ပစ္စည်းတွေကို ထိခိုက်နိုင်ပါတယ်..ဒါကြောင့်  connector ကောင်းဖို့ လိုပါတယ် အထွက်ဗို့ အားမှန်ဖို့ လိုပါတယ်..အထွက်ဗို့ အားမမှန်လို့ hard disk သုံးလေးလုံးလောက်ကြွခဲ့ဖူးတာလဲ သာဓက ရှိခဲ့ဖူးတော့ connnector တွေ အထွက်ဗို့ အားမမှန်ရင် လည်း power connector ကိုဖြူတ်လဲလို့ အဆင်မပြေဘူးလေ တစ်ခုမကောင်းရင် တခြားခေါင်းတွေနဲ့ ပြောင်းသုံး ဒါပဲရှိတယ်ကောင်းတဲ့ ခေါင်းကနေမှ ပြန်ပွားထုတ်ပြီးသုံးရုံပဲရှိတာပဲ အဲ hard disk CD Rom တို့ ကို power ပေးတဲ့  connector က လေးခုလောက်အနည်းဆုံးပါတယ် motherboard connecotor ကတော့အပိုမပါဘူး motherboard connector မကောင်းလို့ ကတော့ အသစ်လဲရဖို့ များတယ်..

5.Electric surge - မီးအားရုတ်တရက်မြင့်တက်လိုက် ကျသွားလိုက်ဖြစ်မှုကြောင့် power supply က power load မခံနိုင်တော့ပဲ power supply ပျက်စီးနိုင်ပါတယ်..

6.Default industry - စက်ရုံကနေပြီးနေတာ့ရာနဲ့ ထောင်နဲ့ ချီတဲ့ Power supply ကိုထုတ်လိုက်တာဆိုတော့ အပျက်အစီး အနည်းငယ်တော့ရှိကြမှာပါပဲ ..သူငယ်ချင်းတစ်ယောက်လဲကြုံဖူးတယ် ဘယ်လောက်မှမကြာသေးဘူး ၀ယ်ပြီးစ တစ်ပတ်လောက်ပဲရှိသေးတယ် စက်က သူ့ အလို လိုထိုးရပ်သွားတယ်..တခြားPower supply အစားထိုးကြည့်တော့ အကောင်းပကတိတိုင်းအလုပ်လုပ်နေတာဖြစ်လို့ Power supply ပျက်တာသေချာတာဖြစ်တဲ့ အတွက် ပြန်လဲလိုက်ရပါတယ်..

Power supply ပျက်ပြီဆိုလျင်သိနိုင်သည့်အချက်များ
Crashes – power supply ပျက်လျင် မမျော်လင့်ပဲ ရုတ်တစ်ရက် ပါဝါလုံးဝ မလာတော့ခြင်း (သို့ ) Restart ခဏခဏ ကျနေခြင်း , processor နဲ့  RAM တို့ ရဲ့  Heat က သာမှန်ထက်ပို၍ပူလာခြင်း ဟာ power supply ကိုပျက်စီးစေနိုင်တဲ့  symptom တွေပဲဖြစ်ပါတယ်..နောက်ကွန်ပျူတာ မှာ power supply failure error message တွေ အမျိုးမျိုးပြနေတတ်ပါတယ်....

Heat – power supply ပျက်ပီဆိုရင် အရမ်းပူလာပြီးလက်နဲ့ ထိရင်တောင် အရေပြားလောင်တဲ့အထိဖြစ်နိုင်တယ်..အတွင်းက fan ကလည်နှုန်းတအားနှေးသွားလို့ အပူတွေမတရားထွက်လာတာဖြစ်တယ်..ထိုအတူပဲ cpu နဲ့ RAM တွေ ရဲ့ temperature တွေလည်းမြင့်တက်လာစေနိုင်တယ်..

Noise and Smell
Power supply က ၀ယ်တုန်းကတော့အကောင်း fan လည်သံလေးက ညင်ညင်သာသာလေး ယခုတော့ဆူဆူညံဖြစ်နေမယ် နောက်မီးခိုးနံ့ လိုလို ငြော်နံ့ လိုလိုရနေမယ်ဆိုရင် power supply ပျက်ဖို့ ရာလက်ခဏာတွေဖြစ်ပါတယ်..fan လည်တဲ့အသံက မနည်းရုန်းနေရတဲ့အသံ (သို့ )တအားဆူနေသလား နားထောင်ကြည့်ရင်သိနိုင်ပါတယ်…power supply အနားကပ်ကြည့်လို့ ငြော်နံ့ မီးခိုးနံ့ ရနေရင် power supply လဲရဖို့ များနေပီ..

Startup Failure - ကွန်ပျူတာ Power စဖွင့်ဖွင့်ချင်းမှာကိုက ဘာမှကို မလာတော့တာ power supply fan လည်တဲ့ အသံလည်းမကြားရသလို power လုံးဝကို မထွက်တော့တာမျိုးဖြစ်ပါတယ်..ဒါဆိုရင် motherboard နဲ့ တစ်ခြား peripheral device တွေကို power မရောက်တော့ပါဘူး motherboard ဟာ power မရတော့တဲ့အတွက် power supply ပျက်တဲ့လက္ခဏာပါပဲ..

Unexpected shut down – မမျော်လင့်ပဲသုံးနေတုန်း shut down ဖြစ်ဖြစ်သွားခြင်းဟာ power supply ပျက်စီးတဲ့ symptom တစ်ခုဖြစ်ပါတယ်

Quick shut down – power တော့ on လို့ ရပါရဲ့  POST လုပ်ငန်းစဉ် လုပ်နေတုန်း ပဲရှိသေးတယ် မြန်မြန်ဆန်ဆန်ပဲ shut down ဖြစ်ပြီး power freeze ဖြစ်သွားတယ်ဆိုရင်လည်းပဲ power supply မကောင်းတော့တဲ့ လက္ခဏာဖြစ်ပါတယ်..တစ်နည်းအားဖြင့် Power အလုံအလောက်မရတာလဲဖြစ်နိုင်ပါတယ်..

Power supply ပျက်ပြီဆိုရင် ဘာလုပ်မလဲ
အသစ်လဲရုံပဲပေါ့..ကိုယ်ကိုတိုင် power supply ပြင်တဲ့ သူမဟုတ်ရင်ပေါ့..သာမန် user တွေအနေနဲ့ power supply ကို ဖွင့်ပြီးပြင်ဖို့ မကြိုးစားပါနဲ့လို့ ပြောရမှာပဲ အထဲက circuit ဘုတ်မှာ condenser(capacitor) တွေပါရှိတယ် ဒီ capacitor တွေက power ရရှိစဉ်တုန်းက charge တွေကိုသိုလှောင်ထားတဲ့ heigh voltage တွေဖြစ်ပါတယ် သူကအန္တရယ်များပါတယ်..ဒါကြောင့်ကျွမ်းကျင်သူသာလျင်ကိုင်သင့်တယ် ပြင်သင့်တယ်.. power supply ၀ယ်မယ်ဆိုရင် watts များလေ ပိုကောင်းလေပါပဲ..
အထက်ကအကြောင်းအရာတွေက power supply ကိုပဲဦးတည်ပြီးဆွေးနွေးတာဖြစ်လို့ ဘယ်အပိုင်းက ဖြစ်တယ်ဆို တာစဉ်းစားလို့ ရအောင် ဆွေးနွေးလိုက်ရခြင်းဖြစ်ပါတယ် အကြောင်းအရာတွေခေါင်းထဲမှာရှိနေရင် စဉ်းစား ရ လွယ်ပါတယ်..ကဲအားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ..

From - Internet

ကွန်ပျူတာမှာ ပြဿနာတွေကို ဘယ်လိုကာကွယ်ရမလဲ

ဒါဟာ ကွန်ပျူတာ အသုံးပြုသူတိုင်း မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါ။ ကွန်ပျူတာ ပြဿနာတွေကို လျှော့ချနိုင်ဖို့ နည်းလမ်းက ကြိုတင်ပြုပြင်ထိန်းသိမ်းဖို့ပါပဲ။ ဒါဟာ သိပ်ခက်ခဲတဲ့ နည်းပညာတစ်ရပ်မဟုတ်သလို သင်ဟာ IT Professional တစ်ယောက်ဖြစ်နေဖို့လဲ မလိုအပ်ပါဘူး။ ကွန်ပျူတာ အသုံးပြုသူတိုင်း အောက်မှာ ဖော်ပြထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာအသုံးပြု မယ်ဆိုရင် ကွန်ပျူတာတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ပြဿနာများကို သိသိသာသာလျှော့ချနိုင်ပါလိမ့်မယ်။

၁။ Antivirus Program ကောင်းကောင်းတစ်ခုကို အသုံးပြုပါ။

 ဒါဟာ ကြိုတင်ပြုပြင်ထိန်းသိမ်းခြင်းလမ်းစဉ်မှာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ Antivirus Program ကိုတင်ရုံမျှနဲ့ မလုံလောက်သေးပါဘူး။ ဒါတွေကို ဆက်လုပ်ဖို့လိုပါတယ်။ Update မှန်မှန်လုပ်ဖို့လိုပါတယ်။ ပုံမှန် Full system scan လုပ်ဖို့လိုပါတယ်။ Virus Definition နေ့စွဲများကို စစ်ဆေးပြီး အဲဒါတွေဟာ Update to date ဖြစ်နေသလာစစ်ဆေးဖို့လိုပါတယ်။

၂။ Windows Updates များကို ပုံမှန်ဒေါင်းလုတ်လုပ်ပြီး Install ပြုလုပ်ပါ။

 Windows updates များမှာ Bugs များကို ပြုပြင်ဖာထေးဖို့ operating system patches များနဲ့အတူ လုံခြုံရေးဆိုင်ရာတိုးမြှင့်မှုများလဲ ပါဝင်လေ့ရှိပါ တယ်။ ဒီ Patches များဟာ ကွန်ပျူတာ ပြဿနာများကို လျှော့ချနိုင်စွမ်းရှိပါတယ်။

၃။ Anti-spyware program တစ်ခုအသုံးပြုပြီး Spyware များရန်မှ ကာကွယ်ပါ။

Anti-virus များလိုပဲ ပုံမှန် Update ပြုလုပ်ပေးဖို့လိုပါတယ်။

၎။ Personal Firewall တစ်ခုအသုံးပြုပါ။

 ဒီကနေ့ခေတ် Antivirus program အများစုဟာ Personal Firewall တစ်ခု တွဲလျက်ပါရှိတတ်ပါတယ်။ Personal firewall ဟာ သင့်ကွန်ပျူတာနဲ့ ပြင်ပကမ္ဘာအကြား ကြားခံဆက်သွယ်ပေးမှာဖြစ်ပါတယ်။ သင့်ကွန်ပျူတာကို Hackers and Spyware tools များဘေးရန်မှ ကာကွယ်တားဆီးပေးပါလိမ့်မယ်။

၅။ အင်တာနက်ကနေ ကိုယ်မသိတဲ့ ဆောဖ့်ဝဲများကို ဒေါင်းလုတ်ယူပြီး အသုံးမပြုပါနှင့်။

 ဒါဟာ ကွန်ပျူတာ အသုံးပြုသူအများစု ပြုလုပ်လေ့ရှိတဲ့ အမှားကြီးတစ်ခုဖြစ်ပါတယ်။ အချို့ဆော့ဖ်ဝဲများဟာ Registry ကို အကြီးအကျယ်ထိခိုက်ပျက်စီးစေနိုင်သလို အခြားပြဿနာများစွာကိုလဲ ဖြစ်စေနိုင်ပါတယ်။

၆။ အသုံးမပြုတော့တဲ့ Program များကို ဖြုတ်ချပစ်ပါ။

၇။ အင်တာနက်မှ သီချင်းဖိုင်များကို ဒေါင်းလုတ်ယူမယ်ဆိုရင်လဲ လုံခြုံစိတ်ချရတဲ့ Website ဟုတ်မဟုတ်ဆိုတာကို အမြဲသတိပြုစစ်ဆေးပါ။

၈။ Hard drive များကို Scan disk ဖြင့်ပုံမှန်စစ်ဆေးပါ

၉။ Temporary Internet files များကို ပုံမှန်ဖျက်ပါ။

From - YTPCC

Web Pages Error Code

404 Bad Request
Internet မှာ လိုချင်တဲ့ webpage တစ်ခုကိုရှာဖွေတဲ့အခါမှာ server ဟာရှာမတွေ့တာ၊ဒါမှမဟုတ် အသုံးပြုခွင့်မပြုတာကြောင့် ဖြစ်ရတဲ့ အမှားတစ်ခုဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် စကားလုံးရိုက်တဲ့အခါမှာ စာလုံးအကြီး၊အသေး(e.g.www.YahOo.com) ဆိုသလိုမှားရိုက်မိတာကြောင့်လည်း တွေ့ရတတ်တဲ့အမှားမျိုးလည်း ဖြစ်နိုင်ပါတယ်။

404 – Not Found
လိုချင်တဲ့စာမျက်နှာဟာ တစ်ခါတစ်လေမှာ ဖယ်ရှားခံထားရတတာမျိုး ဖြစ်နိုင်ပါတယ်။တချို့ website တွေဟာ သတင်းတစ်ပုဒ်ကို ခဏတာဖော်ပြပေးပြီး ချက်ချင်း ဖယ်ရှားပစ်လိုက်တာမျိုးကြောင့်ဖြစ်နိုင်သလို Password ဒါမှမဟုတ် တားဆီးပိတ်ပင်ခံရတဲ့ လိပ်စာဖြစ်တာကြောင့်လည်း မတွေ့ရတဲ့ အခါမှာဖြစ်ပေါ်တတ်သော Error အမှားဖြစ်ပါတယ်။

403 – For Hidden
အဓိကအားဖြင့် Password လိုအပ်တာကြောင့် ဖြစ်တတ်ပြီး တစ်ခါတစ်လေမှာ အဲဒီ website ဟာ Black list မှာပါဝင်နေတဲ့ အတွက်ကြောင့်လည်း ISP ကခွင့်မပြုတာမျိုးဆိုရင်လဲ “403-For Hidden” ဆိုပြီး အဖြူ၊ အမည်း အရောင်တွေနဲ့ webpage ရဲ့ဘယ်ဘက်ထောင့်မှာတွေ့ရပါလိမ့်မည်။

401 – Unauthorized
တစ်ခါတစ်လေမှာ Webpage ရဲ့ရှုပ်ထွေးလှတဲ့ လိပ်စာတွေကို အတိအကျ မှတ်မိပေမဲ့ page တစ်ချို့ကိုတော့ ခွင့်မပြုဘဲရှိတတ်ပါတယ်။ (e.g. www.abc.com) ကိုတော့ကြည့်ခွင့်ပေးပေမယ့် နောက်ဆက်တွဲ www.abc.com/member _login.php ဆိုတာမျိုးကိုတော့ ကြည့်ခွင့်ရရှိဖို့ လုံလောက်တဲ့ password and username ရှိရပါမယ်။

503 Service Unavailable
Unavailable ဆိုတာဟာ ခံနိုင်ရည်ထက် ကျော်လွန်ပြီး ခိုင်းစေတာမျိုးဖြစ်ပါတယ်။ (e.g. www.yahoo.com website ကို Spam တွေနဲ့ပိတ်ဆို့နေခဲ့တဲ့အချိန်မှာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ တခြား yahoo သုံးစွဲသူတွေဟာ yahoo ကိုဝိုင်းဝန်း access လုပ်ကြတဲ့အတွက် server ဟာရုတ်တရက်မှာ အလုပ်များပြီး down သွားခဲ့ရပါတယ်။ အဲဒီလို အဖြစ်အပျက်မျိုးကို Google လည်းတစ်ခါတစ်လေမှာဖြစ်တတ်လေ့ရှိပါတယ်။

Proxy server is refusing
ကိုယ့်ရဲ့ ကွန်ပြူတာကို internet ချိတ်ဆက်ပေးတဲ့ modem နဲ့သွယ်တန်းထားတဲ့ server ကွန်ပြူတာဆိုတာရှိပါတယ်။ (Home User တွေ အတွက်ကတော့ ကိုယ်ကိုယ့်တိုင်ရဲ့ PC ဟာ server ဖြစ်နိုင်ပါတယ်။) အဲဒီ server ကွန်ပြူတာကနေ ပြန်လည်ပြီး network ခွဲဝေပေးတဲ့အခါမှာ serverမှာ ip address ထည့်သွင်းတာမှားယွင်းနေခဲ့ရင် “Proxy server is refusing” ဆိုပြီး ပေါ်နေတတ်ပါတယ်။ (e.g. proxy IP ဟာ “cache_dsl.bagan.net.mm” ဒါမှမဟုတ် အဲဒီလိုမျိုး ခပ်ဆင်ဆင် လိပ်စာကြောင့်လည်းဖြစ်ပါလိမ့်မည်။)

From - YTPCC

Tuesday, September 24, 2013

လူ့ဘ၀ရဲ့အရေးကြီးဆုံးသော (၁၄)ချက်

၁။ လူ့ဘ၀မှာ အကြီးဆုံးသော ရန်သူဟာ မိမိကိုယ်သာဖြစ်တယ်။

၂။ လူ့ဘ၀မှာ အကြီးဆုံးသော ဆုံးရှုံးမှုဟာ မိမိကိုယ်ကို အထင်ကြီးဘ၀င်မြင့်ခြင်းဖြစ်တယ်။

၃။ လူ့ဘ၀မှာ အကြီးဆုံးသော အသိတရားမရှိခြင်းဟာ လိမ်ညာခြင်းဖြစ်တယ်။

၎။ လူ့ဘ၀မှာ အကြီးဆုံးသော နာကြည်းမှုဟာ မနာလို ၀န်တိုခြင်းဖြစ်တယ်။

၅။ လူ့ဘ၀မှာ အကြီးဆုံးသော မှားယွင်းမှုဟာ မိမိကိုယ်ကို စွန့်လွတ်အရှုံးပေးခြင်းဖြစ်တယ်။

၆။ လူ့ဘ၀မှာ အားကျအတုယူဖွယ် အကောင်းဆုံးသောအရာမှာ ကောင်းမှုကုသိုလ်ဖြင့် မွေ့လျော်ခြင်းဖြစ်တယ်။

၇။ လူ့ဘ၀မှာ အကြီးဆုံးသော ပျက်စီးဆုံးရှုံးမှုဟာ မျှော်လင့်ချက် ကင်းမဲ့သွားခြင်းဖြစ်တယ်။

၈။ လူ့ဘ၀မှာ အကြီးဆုံးသော ချမ်းသာဥစ္စာဟာ ကျမ်းမာခြင်းဖြစ်တယ်။

၉။ လူ့ဘ၀မှာ အကြီးဆုံးသော လုပ်ဆောင်ရမယ့်တာဝန်ဟာ ကိုယ်ချင်းစာတရားဖြင့် ကူညီခြင်းဖြစ်တယ်။

၁၀။ လူ့ဘ၀မှာ အကောင်းဆုံးသော လက်ဆောင်ဟာ သဘောထားကြီးခွင့်လွတ်ခြင်းဖြစ်တယ်။

၁၁။ လူ့ဘ၀မှာ အကြီးဆုံးသော လစ်ဟာမှုဟာ မိမိကိုယ်ကို ထိန်းချုပ်မှုကင်းမဲ့ခြင်းဖြစ်တယ်။

၁၂။ လူ့ဘ၀မှာ အကောင်းဆုံး ကြည့်ရှုအတုယူဖွယ်ရာမှာ ပေးကမ်းလှူဒန်းခြင်းဖြစ်တယ်။

၁၃။ လူ့ဘ၀မှာ သနားစရာ အကောင်းဆုံးသောသူမှာ မိမိကိုယ်ကို အားငယ်သော စိတ်ဓာတ်ဖြစ်တယ်။

၁၄။ လူ့ဘ၀မှာ အကြီးဆုံးသောကျူးလွန်မူ အမှားဟာ မိမိကိုယ်ကိုလိမ်ညာခြင်း၊သူတပါးကိုလိမ်ညာခြင်းဖြစ်တယ်။

လောကဓံတရား (၈)ပါး

၁။လာဘ =ပစ္စည်းဥစ္စာရခြင်း။

၂။အလာဘ=ပစ္စည်းဥစ္စာမရခြင်း။

၃။ယသ =အခြွေအရံများခြင်း။

၎။အယသ =အခြွေအရံမရှိခြင်း။

၅။နိန္ဒာ =အကဲ့ရဲ့ခံရခြင်း။

၆။ပသံသာ =ချီးမွမ်းခံရခြင်း။

၇။သုခ = ကိုယ် စိတ် ချမ်းသာခြင်း။

၈။ဒုက္ခ = ကိုယ် စိတ် ဆင်းရဲခြင်း။ ဤသို့အားဖြင့် ရှစ်ပါးရှိပါတယ်။

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...