Showing posts with label ဟာဒယ. Show all posts
Showing posts with label ဟာဒယ. Show all posts

Saturday, April 19, 2014

ဟာဒယ (၃)

ကြာပေါ့
လမ်းသွားလမ်းလာတစ်ယောက်က နာရီပတ်လာသူ တစ်ယောက်အား အချိန်မေးသည်တဲ့။
“ဘယ်နှနာရီ ရှိပြီတုန်းဗျ”
“ထိုးဖို့ ငါးမိနစ်”
“ဘယ်နှနာရီထိုးဖို့ ငါးမိနစ်တုန်း”
“မသိဘူး လက်တံအတိုက ကျပျောက်ထားတာ ကြာပေါ့”

ပုစွန်ဆိတ်

ဆရာမဒေါ်သန္တာသည် ဒုတိယတန်းတွင် အခြေခံသိပ္ပံဘာသာမှ အရေပြားအကြောာင်း ရှင်းပြနေသည်။ ထိုစဉ်ငေးနေသော ကျောင်းသူတစ်ယောက်အား ကောက်ကာငင်ကာ မေးလိုက်သည်။
“ကဲ…မစုမြတ်…အရေပြားဆိုတာ ဘယ်လိုဟာလဲ”
မစုမြတ်ခေါင်းကုတ် စဉ်းစားနေသည်။ မဖြေတတ်။
ဆရာမ ဒေါ်သန္တာက သူမ၏ လက်ဖမိုးကို ဆိတ်ဆွဲပြလိုက်ရာ မစုမြတ် မည်သို့ သေဘာပေါက်သွားလေ သည် မသိ၊ မစုမြတ်၏ အဖြေကား “ပုစွန်ဆိတ်ပါ ဆရာမ” ဟူသတည်း။

မှန်လိုက်လေ

သူငယ်တန်း မြန်မာစာ သင်ခန်းစာ(၁) သင်ရာတွင် စပါး၊ ဖလား၊ တမာ၊ ပဝါ စသည်ဖြင့် သင်ထောက်ကူ ပစ္စည်းစစ်များဖြင့် သင်ကြားရာတွင် – စပါးနှံကိုပြ၍
ဆရာမ – “ဒါဘာလဲ သိလား ကလေးတို့”
ကလေးများ – “စပါးပါ ဆရာမ”
ဆရာမ – “မှန်တာပေါ့” ဟုပြောပြီး၊ ငွေဖလားကိုပြ၍ “စောမြခိုင်ရေ ဒါကရော ဘာလဲကွယ်”
စောမြခိုင် – “ အလှူခံတဲ့ ခွက်ပါ ဆရာမ”

အဖြေကောင်းသူ

ဒုတိယတန်းတွင် သင်္ချာဘာသာမှ အမြှောက်ပုစ္တာ သင်ကြားနေချိန်ဖြစ်သည်။ နောက်တန်းမှ အိပ်ငိုက်နေသော တပည့်အားမေးရာ -
ဆရာမ – ကဲဇော်ဇော် ခဲတံ ၁ဘူးမှာ ခဲတံ ၁၂ ချောင်းပါရင်၊ ခဲတံ ၅ဘူးမှာ ခဲတံဘယ်လောက်ပါတယ်ဆို တာ သား ဘယ်လို တွက်မလဲကွယ်။
ဇော်ဇော် – တစ်ချောင်းစီရေကြည့်ပါမယ် ဆရာမ။

အားအသုံးပြုပုံ

မြန်မာစာ ဆရာမသည် “အား” နှင့် “ကို” သုံးနှုန်းပုံကို သင်ကြားနေရာ စိတ်ဝင်စား ဟန်မတူသည့် ကျောင်းသားလေး “ချစ်ကိုကို” ကိုမေးလိုက်သည်။
ဆရာမ – သား ချစ်ကိုကို“အား” ကို ဘယ်နေရာမှာ သုံးမလဲကွယ်။
ချစ်ကိုကို – ရေခပ်၊ ထင်းခွဲတဲ့နေရာမှာ သုံးပါ့မယ် ဆရာမ။

ဝမ်းနည်းလွန်းလို့

တစ်ခါက ကျောင်းတစ်ကျောင်းမှာပါ ကျွန်မ ရောက်သွားတော့ ကလေးတစ်ယောက်ဟာ အင်မတန် ရိူက်ကြီးတငင်ငင်ငိုကြွေးနေလိုက်တာ။ ဒါနဲ့ကျွန်မထိုကလေးအနားသို့ တိုးကပ်သွားပြီး တိတ်တိတ်မေး ကြည့်လိုက်မိတယ်။ ကလေးဘာလို့ငိုနေတာလဲမေးတော့ ကလေးကသူတို့ကျောင်းအုပ်ဆရာမကြီးဟာ အပေါ်ဆုံးကျောင်းဆောင်ထပ်မှ မတော်တဆ ပြုတ်ကျသွားပါကြောင်း ဒါနဲ့ အော် ဆရာမကြီးတွက် ဝမ်းနည်းလို့ငိုနေတာဖြစ်မယ်ဆိုြပီး ကျွန်မမေးကြည့်လိုက်တော့ ဟုတ်ပါတယ် သမီးသိပ်ဝမ်းနည်းမိပါ တယ်။ ”ဆရာမကြီးအပေါ်ထပ်ကနေပြုတ်ကျသွားတာ လူတွေအားလုံးမြင်လိုက်ပြီး သမီးကမမြင်လိုက်ရ လို့ပါတဲ့လေ”

မင်းရူးနေလား

တစ်ခါက စိတ္တဇ ဆေးရုံတစ်ခုမှာပါ။ ဆရာဝန်ကလူနာတွေ အခြေအနေကိုသိနိုင်ရန် လှည့်လည်စစ်ဆေး နေစဉ် တစ်ယောက်သောသူဟာ ကုတင်ပေါ်ကနေ ငုတ်တုတ်ထိုင်ပြီး ကုတင်အောက်က နှို့ဆီခွက်ထဲ အပ်ချည်ကြိုးတစ်ချောင်းချပြီး ငါးမျှားနေသလိုလုပ်နေပါတယ်။ ဒါနဲ့ဆရာဝန်ဖြစ်သူက ဟေ့ မင်းကငါး တွေမျှားနေတာလားကွ ငါးတွေ ဘယ်နှစ်ကောင်လောက်ရနေပြီလဲ လို့မေးလိုက်ပါတယ်။ ထိုအခါ စိတ် မနှံသူက ထိုဆရာဝန်ကို စေ့စေ့စိုက်ကြည့်ပြီးမှ သူပြန်ပြောလိုက်တာကတော့ “ ဘာ…မင်းရူးနေသလား နှို့ဆီခွက်ထဲမှာ ဘယ်ကငါးကရှိမှာလဲကွ” ဟူတည်း။

ဓာတ်ပုံထဲက လူတွေ မဝင်စေနဲ့

ကမ္ဘာကျော်ဟန်ဂေရိပြဇာတ်ရေးဆရာကြီး မိုလ်နာသည် အလွန်မာနကြီးသူဖြစ်သည်။ အထူးသဖြင့် နာမည်ကြီး၍ ဝင်ငွေကောင်းနေသဖြင့် ဘဝင်မြင့်နေသည်ဟု အများက ယူဆနေကြသည်။ အပေါင်း အသင်း မိတ်ဆွေများကို သာမက ဆွေမျိုးသားချင်းများကိုပင် အဖက်မလုပ်ဘဲ နေတတ်သူဖြစ်သည်။
သို့သော် တစ်နေ့တွင် သူ၏ ဆွေမျိုးသားချင်းများသည် ဆရာကြီး၏ စိတ်ရင်းသဘောထားအမှန်ကို အတိအကျသိနိုင်ရန်အတွက် ဗီယင်နာမြို့ရှိသူ၏ နေအိမ်သို့ တစ်စုတစ်ဝေးကြီး သွားရောက် လည်ပတ်ခဲ့ ကြသည်။ မိမိတို့ ဆွေမျိုးများကို အရေးမလုပ်ဘဲ အေးတိအေးစက် နေလိမ့်မည်ဟု မထင်မှတ်ဘဲ ပျူပျူငှာငှာ ဧည့်ဝတ်ကျေပွန်စွာ ဖော်ဖော်ရွေရွေ ဧည့်ခံပြုစုနေခဲ့သဖြင့် အားလုံးကပင် တအံ့တသြ ဖြစ်နေခဲ့ကြသည်။ ဆရာကြိးသည် ဆွေမျိုးသားချင်းများအား အကျအနဧည့်ခံခဲ့သည့်ပြင် ပြန်ခါနီးတွင် ဆွေမျိုးများကြုံကြိုက်တုန်း အမှတ်တရာ ဓာတ်ပုံရိုက်ယူခဲ့သဖြင့် အားလုံးကပင် သဘောကျကျေနပ် လျက်ရှိကြသည်။
သို့သော် ဆွေမျိုး မိသားစုများအားလုံး ပြန်သွားကြသောအခါ ဆရာကြီးက အိမ်စေတစ်ယောက်အား စောစောကရိုက်ယူထားခဲ့သည့် ဓာတ်ပုံကို ကူးယူခဲ့ရန် ခိုင်းသဖြင့် ဓာတ်ပုံကို ယူလာပြီး ဆရာကြီးအား ပြသသည်။
ဤတါင် ဆရာကြီးက အိမ်စေဖြစ်သူအား“ ဒီဓာတ်ပုံကို မင်းအမြဲသိမ်းထားပြီး ငါနဲ့နောက် တွေ့ချင်လို့ လာတဲ့သူမှန်သမျှ အဲဒီဓာတ်ပုံထဲမှာပါတဲ့သူဆိုရင် အိမ်ထဲကိုမဝင်စေနဲ့ဟု” ပြောလိုက်ရာ အိမ်စေဖြစ်သူမှာ အံ့သြသဖြင့် ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်သွားခဲ့ရသည်။

မျက်လှည့်ဆရာနှင့်ဗေဒင်ဆရာ

ကွယ်လွန်သူ မျက်လှည့်ဆရာကြီး ဘလက်စတုန်းနှင့် နာမည်ကျော် ဗေဒင်ဆရာ ဒန်နင်းဂျားတို့သည် ခင်မင်ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည်။ ထိုသို့ ပြောမနာ ဆိုမနာ မိတ်ဆွေအရင်းအချာများ ြဖ်ကြသည့်အတိုင်း သူတို့ နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်မကြာခဏ နောက်ပြောင်ကျီ စယ်လေ့ရှိကြသည်။
တစ်နေ့တါင် ညစာစားပွဲတစ်ခုသို့ သွားရန်ရှိနေသဖြင့် နှစ်ယောက်သား အဝတ်အစားများလဲလှယ်ဝတ် ဆင်နေကြသည်။ ထိုအခိုက် မျက်လှည့်ဆရာကြီးဘလက်စတုန်းမှာ သူ၏ လည်စီး(နက်တိုင်) အဖြူကို ရုတ်တရက် ရှာမတွေ့ဘဲ ဖြစ်နေခဲ့ရာ ဗေဒင်ဆရာကြီး ဒန်နင်းဂျားက သု့ထံတွင် အလွယ်တကူ ရှိနေသော လည်စီးအနက်ကို လှမ်းပေးလိုက်သည်။ ဤတွင် ဘလက်စတုန်းက ဒေါပွသွားပြီး ”ဒီပွဲမှာ လည်စီးအနက်နဲ့သွားလို့ ဘယ်ဖြစ်ပါ့မလဲဗျ” ဟု ဖြေလိုက်ရာ ဗေဒင်ဆရာဒန်နင်းဂျားက “ခင်ဗျားလည်း နာမည်ကြီး မျက်လှည့်ဆရာတစ်ယောက်ပဲဗျာ။ ဒီလည်စီးအနက်ရောင်ကို အဖြူရောင်ဖြစ်အောင် လုပ် လိုက်ပေါ့ဗျ” ဟု ပြောလိုက်သည်။
ဤတွင် မျက်လှည့်ဆရာကြီးက အားကျမခံဘဲ “ဒီလိုဆိုခင်ဗျားလည်း နာမည်ကျော် ဗေဒင်ဆရာတစ် ယောက်ပဲ ကျုပ်လည်စီးအဖြူရောင် ဘယ်နားမှာရှိတယ်ဆိုတာ ဗေဒင်တွက်ပြီး ရှာပေးပါလားဗျာ” ဟု ပြန်ပြောလိုက်ရာ ဗေဒင့်ဆရာကြီးမှာ အူကြောင်ကြောင်ဖြစ်သွားခဲ့ရ၏။

ကျွန်တော့် ဂေါက်ကွင်းထဲရောက်နေပြီ

တစ်ခါက ဂေါက်သီးရိုက် ဝါသနာပါလှသော ကမ္ဘာကျော် လူရအင်တော် ဒင်နီကေးသည် အပျော်တမ်း ဂေါက်သီးရိုက် ပြိုင်ပွဲတစ်ုခသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဒင်နီကေးမှာ တစ်ခါမျှဂေါက်သီး မရိုက်ဖူးသည့်ပြင် ဘေးမှ ကြည့်ရူအားပေးနေကြသည့် ပရိသတ် ၅၀၀ ခန့်ရှိနေသဖြင့် ဂေါက်သီးကို ကျင်းထဲင်အောင် မရိုက်နိုင်ဘဲ ရူံးသွားခဲ့ရသည်။ ဤတွင် ဒင်နီကေးက “ကျုပ်က ပရိသတ် ၅၀,၀၀၀ လောက်ရှိတဲ့ ရုံထဲမှာ စင်မြင့်ပေါ်ကနေပြီး သီချင်းတွေဆို ပြက်လုံးတွေထုတ်ပြရဲပေမယ့် ဂေါက်ကွင်းထဲ က ပရိသတ် ၅၀၀ ကျတော့ ရှိန်းဖိန်း လန့်ဖျပ်ပြီး ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားခဲ့တာပါဗျ” ဟု ပြိုင် ပွဲဝင်သူ မိတ်ဆွေများအား ရှင်းပြခဲ့သည်။
ထိုနောက် နှစ်လသုံးလခန့်အကြာတွင် ကပွရုံတစ်ခု၌ ပဒေသာကပွဲကျင်းပခဲ့ရာ ဒင်နီကေးက သူ့မိတ်ဆွေဂေါက်သီး ပြိုင်ပွဲဝင်သူများအား ထိုမဒေသာကပွဲသို့ ဖိတ်ကြားခဲ့ရာ အားလုံးရောက် လာခဲ့ကြသည်။ ရုံထဲတွင် ပရိသတ် သောင်းကျော်မျှရှိနေသည်။ သည်တော့မှ ဒင်နီကေးက မမျှော်လင့်ဘဲ ဂေါက်သီးသမား သူ့မိတ်ဆွေများအား စင်ပေါ်သို့ ဖိတ်ကြား၍ သီချင်းတစ်ပုဒ်ဆိုပြကြရန် မေတ္တာရပ်ခံခဲ့ရာ မိတ်ဆွေများမှာ သီချင်းမဆိုရဲကြဘဲ ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့ကြသည်။ ဤတွင်မှ လူရွှင်တော် ဒင်နီးကေးက သူ့မိတ်ဆွေများအား “ကဲ ဂေါက်သီးရိုက်ပြိုင်ပွဲတုန်းက ကျွန်တော် ဘာကြောင့် ရူံးခဲ့ရတယ်ဆိုတာ ခင်ဗျားတို့ သဘောပေါက်ကြပြီလား။ အခုခင်ဗျားတို့အားလုံး ကျုပ်ရဲ့ ဂေါက်ကွင်းထဲ ရောက်နေပြီလေ” ဟု ပြောလိုက်ရာ ပရိသတ်အားလုံး တဝါးဝါးဖြင့် ရယ်မော၍ မဆုံးအောင် ဖြစ်သွား ခဲ့ကြရ၏။
ယူနီဖောင်းချုပ်ကောင်းတဲ့ အပ်ချုပ်ဆရာ
အမေရိကန် တပ်မတော်မှ ဗိုလ်လောင်းတစ်ဦးဖြစ်သူ ဘိလ်ဘလပ်စ်သည် အချုပ်အလုပ်ဝါသနာပါသော စစ်ဗိုလ်တစ်ယောက်ဖြစ်၍ တပ်မတော်ယူနီဖောင်းများကို စမတ်ကျကျ ပုံစံကျကျ ချုပ်လုပ်တတ်သူဖြစ်သည်။ သူသည် တပ်မတော်ထဲသိုပ မဝင်မီကပင် ယူနီဖောင်းများချုပ်ရာ၌ နာမည်ကြီး၍ ဗိုလ်လောင်းများ၊ ယူနီဖောင်းများ ချုပ်ရာ၌ သူ့ဆိုင်တွင် အပ်လေ့ရှိကြသည်။
သူသည် တပ်မတော်နှင့်လည်း နိးစပ်သူတစ်ဦးဖြစ်ရာ စစ်မှုထမ်းလိုသဖြင့် လျှောက်လွှာတင်လိုက်ရာ ချက်ခြျင်းဆိုသလိုပင် ဗိုလ်လောင်းအဖြစ် အရွေးခံရသည်။ သို့ဖြင့် သူ့အတွကပ် ဗိုလ်လောင်းယနီဖောင်း ကို သူကိုယ်တိုင် စမတ်ကျကျ အကောင်းဆုံးဖြစ်အောင် ချုပ်လုပ်၍ ဝတ်ဆင်၍ ရုံးတက်ခဲ့သည်။ သို့သော် တစ်ပတ်ခန့်ကြာသောအခါ သူကိုယ်တိုင် ချုပ်လုပ်သည့် ယူနီဖောင်းမှာ ပုံစံမကျဟုဆိုကာ မြို့ထဲမှ နာမည်ကြီး BROOK BROTHERS အပ်ချုပ်ဆိုင်သို့ အပြေးအလွှားသွားကာပြန်၍ အချုပ်ခိုင်းခဲ့ရသဖြင့် ဗိုလ်လောင်းများအားလုံး တဝုန်းဝုန်းဖြင့် ပွဲကျမဆုံးအောင် ဖြစ်ခဲ့၇၏။

ပဝါကလေး လေထဲမှာ ပျံဝဲကျလာသလို

တော့စ်ကာနီနီသည် ပြင်သစ် ဂီတလောကတွင် နာမည်ကျော်တီးဝိုင်းခေါင်းဆောင် တစ်ဦးဖြစ်၏။ တစ်နေ့တွင် LAMAR အမည်ရှိ နာမည်ကြီး ပြင်သစ်သီချင်တစ်ပုဒ်ကို ဆရာကြီးတော့စ်ကာနီနီက ခေါင်း ဆောင်၍ တီးလုံးတိုက်ပေးလျက်ရှိသည်။ ထိုအပိုဒ်ကို သာာယာငြိမ့်ငြောင်းစွာ တီးမှုတ်ကြရမည်ဖြစ်ရာ ဆရာကြီးသည် ရုတ်တရက် ထိုသို့ တီးမှုတ်ရမည်ကို ပြစ်သစ်ဘာသာစကားဖြင့် မည်သို့ခေါ်ရမှန်းမသိဘဲ သတိမေ့လျော့နေခဲ့သည်။
သို့ဖြင့် တီးဝိုင်းခေါင်းဆောင် ဆရာကြိးသည် သူ၏ ကုတ်အင်္ကျ ီအိတ်ထဲမှ လက်ကိုင်ပဝါ ကိုရုတ်တရက်ဆွဲထုတ်လိုက်ပြီး လေထဲသို့ မြှောက်၍ ပစ်လိုက်သည်။ လက်ကိုင်ပဝါကလေးသည် အပေါ်သို့ မြောက်တက်သွားပြီး လေထဲတွင် အလိုက်သင့် ပျံဝဲကာ ငြိမ့်ငြောင်းစွာ အောက်သို့ ကျလာခဲ့ရာ အတီးအမှုတ်သမား ဂီတဆရာများသည် ဘာလုပ်ရမှန်းမသိဘဲ လေထဲတွင် ပျံဝဲကာ အောက်သို့ ဖြည်းဖြည်းကလေးကျလာသည့် လက်ကိုင်ပဝါကလေးကို မော့၍ စိုက်ကြည့်နေခဲ့ကြသည်။
ဤတါင် တီးဝိုင်းခေါင်းဆောင်ဖြစ်သူ ဆရာကြီး တောစ်ကာနီနီက “ကဲမင်းတို့အားလုံး မြင်တယ်မဟုတ်လား ဒီသီချင်းမှာ ဒီတစ်ပိုဒ်ကို တီးတဲ့ မှုတ်တဲ့အခါမှာ အဲဒီလက်ကိုင်ပုဝါကလေး လေထဲမှာ ပျံဝဲပြီး ဖြည်းဖြည်းကလေး ကျလာသလို ငြိမ့်ငြိမ့်ငြောင်းငြောင်းကလေး တီးကြမှုတ်ကြဖို့ပဲ။ အဲဒီအတိုင်းသာ မှတ်ထားကြ“ ဟူ၍ ခပ်တည်တည်သင်ကြားနေခဲ့ပါသတည်း။

ဘုရားသခင်ရဲ့ အလိုတော်အတိုင်း

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဖြစ်သည်။ ဗြိတိသျှ နန်းရင်းဝန်(ဝန်ကြီးချုပ်) ဝင်စတန်ချာချီသည် ဂျာမန်တို့၏ လေကြောင်းရန်မှ ကာကွယ်ရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်။ အထူးသဖြင့် လန်ဒန်မြို့ တော်မှ ကမ္ဘာကျော် “ကင်တာကာရီ” ဘုရားရှိခိုးကျောင်းကြီးကို ဂျာမန်လေတပ်မှ ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကို အတတ်နိုင်ဆုံး ကာကွယ်ရန် အတတ်နိုင်ဆုံး စီစဉ်နေခဲ့သည်။ ထိုစဉ်က ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရန် သဲအိတ်များကို ဘေးပတ်ပတ်လည်မှ အများအပြားချထားခဲ့ ကြရသည်။ ချာချီသည် လူအင်အားအများအပြားဖြင့် သဲအိတ်များကို စုပြုံချထားရန် စီစဉ် အမိန့်ပေးရင်း သူ့ဘေးနားမှ ဂိုဏ်းချု့ ဘုန်းတော်ကြီးအား ဤသို့ လျှောက်ထားလိုက်သည်။
“ဒီလို သဲအိတ်တွေ အလုံအလောက် စုပြုံပြီးချထားမယ်ဆိုရင် ဂျာမန်တွေရဲ့ ဗုံးဒဏ်ဟာ ဘယ်လောက်ပဲ အနီးကပ်ကျပြီး ပေါက်ကွဲပေမယ့် အဆောက်အအုံကို မထိခိုက်မပျေက်စီးနိုင်ပါဘူး”
ဤတွင် ချာချီ၏စကားကို နားစိုက်ထောင်ရင်း ဂိုဏ်းချုပ်ဘုန်းတော်ကြီးက ဂျာမန်တွေ ကြဲချတဲ့ဗုံးတွေဟာ ဘုရားရှိခိုးကျောင်းကြီးနားတစ်ဝိုက်မကျဘဲ ဘုရားရှိခိုးကျောင်းကြီးပေါ်ကို တည့်တည့်ကြီး ဒါရိုက်ဟစ် ကျလာခဲ့ရင် ဘယ်လိုလုပ်မလဲ ဝန်ကြီးချုပ်” ဟူ၍ ပြန်မေးလိုက်ရာ ဖြတ်ထိုးဉာဉ်ကောင်းသလောက် ဟာသဉာဏ်ရွှင်လှသော ဝန်ကြီးချုုပ်ချူချာချီက “ အဲဒီလို ဒါရိုက်ဟစ်ကျလာခဲ့ရင်လည်း ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပဲလို့ မှတ်ယူရမှာပေါ့ဘုရား” ဟု ပြန်လည်လျှောက်ထားလိုက်ရာ ဂိုဏ်းချုပ်ဘုန်းတော် ကြီးမှာ ဘာမှပြန်မပြောနိုင်အောင် ဖြစ်သွားရသည်ဟူ၏။

အသက် ၇၀ ကျော်တော့ ဘာလုပ်ရမှာလဲ

အမေရိကန်ပြည်ထောင်စု ကင်းဆပ်စ်ပြည်နယ်မှ ဖက်ရျင် အလှမဂ္ဂဇင်း ထုတ်ဝေသူ အယ်ဒီတာချုပ်ဝီလျ့ဟယ်လင်သည် အသက် ၇၀ ပြည့် မေါးနေ့ကျင်းပပေးခဲ့သည်။ ထိုမဂ္ဂဇင်းမှာ အမျိုးသမီးများ၊ အလှမယ်ဖက်ရှင်ပုံများဖြင့် ထူးထူးခြားခြား ဖော်ပြခဲ့သဖြင့် နာမည်ကျော်ကြားလျက်ရှိ သည်။
အဆိုပါ ၇၀ ပြည့်မွေးနေ့ပွဲတွင် အပေါင်းအသင်း မိတ်ဆွေများက အယ်ဒီတာချုပ် ဝီလျံအား မေးခွန်းများမေးမြန်းခဲ့ကြရာ အဘိုးကြီး ဝီလျံမှာ မေးသမျှ မေးခွန်းများကို အလိုက်သင့်ဖြေကြားနေခဲ့ရ သည်။ ဤတွင် စာဖတ်သူတစ်ဦးက “အယ်ဒီတာချုပ်ဝီလျံအား ဆရာကြီးအခု အသက် ၇၀ အရွယ်အထိ အယ်ဒိတာလုပ်နေရတာ စိတ်ထဲမှာ ဘယ်လိုခံစားရပါသလဲ” ဟု မေးမြန်းခဲ့ရာ ဆရာကြီးက အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ဟာသနှော၍ ပြန်လည်ဖြေကြားသွားခြ့သည်။ “ဒီခေတ် မိန်းကလေးတွေဟာ အရင်ကလို ရှက်ကြောက်မနေကြတော့ဘဲ၊ ၊ ခေတ်ဆန်ဆန်ဝတ်စားပြင်ဆင်ပြီး အမျိုးစားတွေနဲ့အတူ ပူးပူကပ်ကပ် ထိုင်နေကြတာပဲ။ သူတို့အတွက် အဲဒီလို အမျိုးသားတွေနဲ့ နီးနီးစပ်စပ်ပူးပးကပ်ကပ်နေတာထိုင်တာ ဘာမျမဆန်းတော့ပါဘူး။ ကြောက်လည်း မကြောက်တော့ပါ ဘူး။ ဒါပေမယ့် ကျုပ်လို အသက် ၇၀ ကျော်နေတဲ့ အဘိုးကြီးတွေအတွက် ဒီလိုနေရထိုင်ရလို့ အကြောင်းမထူးတော့ပါဘူးဗျာ” ဟု ဖြေလိုက်သဖြင့် အားလုံးပွဲကျသွားခဲ့သည်။

ဆိုင်ခွဲ

သူတောင်းစားတစ်ယောက်က ဦးထုပ်ကို ရှေ့ချပြီး လမ်းဘေးတွင်ပိုက်ဆံတောင်းနေသည်။ လူတစ် ယောက်က ထိုဦးထုပ်ထဲကို ပိုက်ဆံပစ်ထည့်ပေးရင်း မေးခွန်းတစ်ခုကို မေ၏။
“ခင်ဗျားက ဦးထုပ် နှစ်လုံးတောင် ချထားတာကို၊ ဒီဥိးထုပ်က ပိုက်ဆံတောင်းတဲ့ ဦးထုပ်ဆိုရင် ဟိုဘက် ဦးထုပ်က ဘာတုန်း”
“ဟိုဘက်က ဦးထုပ်ကလည်း ပိုက်ဆံတောင်းတာပါပဲ၊ ခုတလော အလုပ်အကိုင်ကောင်းလို့ ဆိုင်ခွဲဖွင့်ထားတဲ့သဘောပါ။

သူက သူဌေးသား

သူဌေးကြီးက ပိုက်ဆံစွန့်ကြဲတာ နည်းသဖြင့် သူတောင်းစားက စောဒကတတ်သည်တဲ့။
“ သူဌေးကြီးက ဒီလောက်ပဲလားဗျာ…မနေ့က သူဌေးကြီးရဲ့သား ကျွန်တော့်ကို စွန့်ကြဲသွာတာ ဒီဆယ်ဆလောက် ရှိတယ်”
သူဌေးကြီး အေးအေးဆေးဆေးပင် ပြန်ပြောသည်တဲ့။
“ဒါကတော့ သူက သူဌေးသားကို ၊ ငါက သူဌေးသားမှ မဟုတ်တာ…တဲ့”

ဝက်နှင့်ဘီယာ

ဝက်တစ်ကောင် ဘားခန်းထဲသို့ ဝင်လာကာ “ဘီယာတစ်လုံး” ဟု မှာသည်။ ဘီယာသောက်ပြီးနောက် အပေါ့သွားရန်နေရာမေးရာ ဘီယာငှဲ့ပေးသူက “လှေကားကဆင်း၊ ဘယ်ဘတ်ချိုး” ဟူ၍ ပြောလိုက် သည်။
ဒုတိယဝက်တစ်ကောင်ရောက်လာကာ “ဘီယာဆယ်လုံး ဟုမှာသည်။ ဘီယာသောက်ပြီေးနာက် အပေါ့သွားရန် နေရမေးရာ ဘီယာငှဲ့ပေးသူက “လှေကားဆင်း၊ ဘယ်ဘက်ချိုး” ဟုတ်၍ လမ်းညွှန်လိုက် ပြန်သည်။
နောက်ထပ်ဝက်တစ်ကောင်ရောက်လာပြီး “ဘီယာအလုံး ၁၀၀” ဟုမှာကာ ဆက်တိုက်သောက်ပြီး သွားသောအခါ ဘီယာငှဲ့ပေးသူက “ဘာလဲမင်းလည်း အပေါ့သွားရမယ့်နေရာ မေးဦးမလို့လား” ဟု မေးရာ-
“မမေးဘူးကွ၊ ငါအိမ်ပြန်ရင်း လမ်းမှာ တရှူးရှူးနဲ့ ပေါက်သွားမှာ” ဟု ပြောရင်း ထွက်သွားပါလေ၏။

ယောက်ျားပျောက်သည်

အမျိုးသမီးတစ်ဦးက ရဲကိုဖုန်းဆက်ပြီး သူမယောက်ျားပျောက်နေကြောင်း သတင်းပေးပို့သည်။ ရဲက ရောက်လာပြိး သူမယောက်ျား၏ ပုံပန်းသဏ္ဍာန်ကို မေးမြန်းသောအခါ အမျိုးသမီးက သူမ ယောက်ျား သည် ၆ပေ ၂လက်မဖြင့် ရွှေရောင်လှိုင်းတွန့် ဆံပင်နှင့် အမြဲတမ်းပြုံးရွှင်နေကာ လူတိုင်းချစ်ခင်ကြောင်း ပြောလိုက်သည်။
အမှုကိုသေချာစေရန် ရဲကနံဘေးအိမ်မှ အမျိုးသမီးကြီးအားဝင်ရောက် စုံစမ်းရာ အမျိုးသမီးကြီးက
“ မိန်းကလေးကို ယုံလို့မရဘူးနော်။ သူ့ယောက်ျားအရပ်က ၅ပေ ၄လက်မလောက်ပဲရှိသည်။ ခေါင်းမှာ ဆံပင်လည်းမရှိဘူး။ မျက်နှာကလည်း အမြဲတမ်းမျက်မှောင်ကုတ်နေတာ” ဟု ပြောလိုက်သည်။
ရဲထွက်သွားပြီ းနောက်အိမ်နီးချင်းအမျိုးသမီးကြီးက အမျိုးသမီးငယ်အားဘာကြောင့် ရဲကို လိမ်ညာပြော ရသလဲဟုမေးမြန်းရာ အမျိုးသမီးငယ်က
“ပျောက်နေတယ်လို့ပဲ သတင်းပို့တာလေ၊ ပြန်လိုချင်တယ်လို့ဆိုလိုတာမှ မဟုတ်ဘဲ” ဟုပြောရာ…..

Don't Copy If You Can't Paste

နာမည်ကြီး စိတ်ဓာတ်လှုံ့ဆော်ရေး ဆရာတစ်ယောက်က သူ့ရဲ့ ပရိတ်သတ်ကို

ဖျော်ဖြေနေစဉ်မှာ ဖြစ်ပါတယ်...

“ကျွန်တော့ဘဝရဲ့ အကောင်းဆုံးအချိန်တွေကို ကျွန်တော့်မိန်းမ မဟုတ်တဲ့

အမျိုးသမီးတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ဖြတ်သန်းခဲ့ပါတယ်....”

ပရိတ်သတ်ကြီးလည်း အံ့သြမှင်သက်စွာ တတ်ဆိတ်သွားကြပါတယ်...

တဖန် သူက ဆက်၍ “ အဲဒီအမျိုးသမီးကတော့ ကျွန်တော့ မိခင်ပါပဲ”

လက်ခုပ်သံနှင့် ရီမောသံများ မိုးလုံးညံခဲ့ပါတယ်....

တပတ်ကြာပြီးနောက်... အဲဒီဆရာရဲ့ သင်တန်းသား ထိပ်တန်းမန်နေဂျာတစ်ယောက်ဟာ

ဒီ ဟာသကို သူ့အိမ်မှာ ပြန်ဖောက်သည်ချဖို့ ကြိုးစားပါတယ်..

အဲဒီအချိန်က သူနဲနဲ မူးနေခဲ့တယ်...

သူအသံမြှင့်ပြီး ညစာပြင်ဆင်ပေးနေတဲ့ သူ့မိန်းမကို အော်ပြောလိုက်တယ်....

“ကျွန်တော့ဘဝရဲ့ အကောင်းဆုံးအချိန်တွေကို ကျွန်တော့်မိန်းမ မဟုတ်တဲ့

အမျိုးသမီးတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ဖြတ်သန်းခဲ့ပါတယ်....”

သူ့မိန်းမလည်း အံ့သြလွန်းလို့ ဘာမှ မပြောနိုင်ပဲ ဆွံ့ အ သွားခဲ့တယ်...

သူလဲ သူ့ဟာသကိုဆက်ဖို့ စကားလုံးကို ကြိုးစားရှာဖွေပေမယ့် စက္ကန့် ၂၀ လောက်ကြာတဲ့အထိ

စဉ်းစားမရခဲ့ဘူး...

နောက်ဆုံးသူပြောလိုက်တာက

“အဲဒီ အမျိုးသမီးဘယ်သူလဲ ငါ မမှတ်မိတော့ဘူး”

သူပြန်သတိရလာတဲ့အခါ သူသိလိုက်တာက ရေနွေးပူလောင်တဲ့ဒဏ်ရာကြောင့်

ဆေးရုံပေါ်က ကုတင်ပေါ်မှာရောက်နေတယ် ဆိုတာပါပဲ

ကဲ....... သူငယ်ချင်းတို့လဲ ....

Don't copy if you can't paste!

မပိုင်ဘူးထင်ရင် ခြင်မရိုက်ကြပါနဲ့...

paste လုပ်နိုင်မယ်မထင်ရင် အစထဲက copy မလုပ်ကြနဲ့နော်...

စာမေးကောင်းတဲ့ အမေ

ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’

အမေ။ ။ ဒီ ‘‘i don't know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။
ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’
အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို မသိရတာလဲ။
ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။
အမေ။ ။ ဒါတောင် ဝန်မခံချင်ဘူး !!!$@%!#$^&%#$%@$%@#$%!^%^!^%$
^#&..
(တချီဆော်လိုက်တယ်...)

အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင် သိတယ်မဟုတ်လား။ ပြောပြစမ်း။
ကွန်တော်။ ။ဟုတ်ကဲ့။ ‘‘ကျွန်တော်သိတယ်။’’
အမေ။ ။ သိရင်မြန်မြန်ပြောလေ။
ကျွန်တော်။ ။ ‘‘ကွန်တော်သိတယ်’’ ဆိုနေမှ။    
အမေ။ ။ နင်ပြဿနာရှာနေတာလား။ စောစောက အတီးခံရတာ နည်းတယ်ပေါ့၊ ဟုတ်လား။
ကျွန်တော်။ ။‘‘ကွန်တော်သိပါတယ်’’ ဆိုနေ။
အမေ။ ။သိရင်ပြောလေ။ မတတ်တာကို တတ်ချင်ယောင် မဆောင်နဲ့။ &*$%^@$#!%$@^%#*$^^^##$%
(တချီထပ်ဆော်ပလော်တီးလိုက်တယ်...)

အမေ။ ။နင်သတိကြပ်ကြပ်ထားနော်။ ပိုက်ဆံတွေ ဒီလောက်အကုန်ခံပြီး တက္ကသိုလ်ပို့တာ၊ ကြည့်ပါဦး
အခုဘာဆိုဘာမှ မသိဘူး။ ဒီလောက် နည်းနည်းလေး တတ်တာနဲ့ မအေကို ဟိတ်ဟန်
လုပ်ချင်တယ်ပေါ့။ နင့်ကို နောက်ဆုံးတစ်ခုထပ်မေးမယ်။ ငါ့ကို ကောင်းကောင်း ရှင်းပြ။
မပြောနိုင်လို့ကတော့ နင့်ကို ထပ်ဆော်မယ်။ ငါ့ကို ဒါဘာသာပြန်ပြစမ်း။ ‘‘i know, but i don't
want to tell you’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။

ကျွန်တော် မူးလဲသွားတယ်။ ခေါင်းအုန်းယူပြီး ကိုယ့်ခေါင်းကို အချက် ၃၀ ရိုက်တယ။် နံရံကို ခေါင်းနဲ့ အချက် ၄၀ ပြေးဆောင့်တယ်။ ကိုယ့်ပါးကို လက်နှစ်ဖက်နဲ့ အချက် ၅၀ လောက် အပြန်အလှန်ရိုက်တယ်။ ခြေထောက်နဲ့ စားပွဲစောင်းကို အချက် ၆၀ ကန်တယ်။ သွေးတွေအသားတွေ ထူပူလာတော့ အမေ့ကို မေးလိုက်တယ်။ ကဲ ကျေနပ်ပလား။ အဲဒီလဲကျရော သူက ထပ်မေးပြန်တယ်။ ‘‘သားရယ်၊ i'm very annoyant, don't trouble me ဆိုတာ ဘာအဓိပ္ပါယ်လဲကွယ်။’’

ကျွန်တော်။ ။‘‘ကျွန်တော် ဒေါသထွက်နေတယ်။ ကျွန်တော့်ကို လာမရှုပ်နဲ့။’’
အမေ။ ။‘‘အရိုက်ခံချင်တယ်ပေါ့။ မအေကို ဒီလို ပြောရလားဟဲ့’’ (အဲဒါနဲ့ ထပ်အဆော်ခံလိုက်ရတယ်။)
အမေ။ ။ ‘‘i hear nothing, repeat ဆိုတာ ဘာအဓိပ္ပါယ်လဲ’’။
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
အမေ။ ။ ‘‘i hear nothing, repeat.’’
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
(နောက်ဆုံး ထပ်အဆော်ခံရပြန်ရော။)

အမေ။ ။ ‘‘what do you say ဆိုတာကိုရော ဘယ်လို ရှင်းပြလို့ရလဲ။’’
ကျွန်တော်။ ။ ‘‘ဘာပြောတာလဲ’’ (တခါထပ် အဆော်ခံရပြန်တယ်။)
အမေ။ ။ ‘‘look up in the dictionary ဆိုတာ ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘အဘိဓါန်မှာရှာ။’’
အမေ။ ။‘‘အဘိဓါန်မှာ ရှာတတ်မှတော့ ငါကနင့်ကို ဘာဖြစ်လို့မေးနေတော့မှာလဲ။’’ (ထပ်အဆော်ခံရ.)

အမေ။ ။ ‘‘you had better asked somebody ဆိုတာကိုရော ဘယ်လို ဘာသာပြန်မလဲ။’’
ကျွန်တော်။ ။‘‘တခြားလူကို မေးတာပိုကောင်းမယ်။’’
အမေ။ ။ ‘‘နင်က ငါ့သားဟဲ့။ ငါ တခြားလူမေးပြီး ဘာလုပ်ရမှာလဲ။ အရိုက်ခံချင်နေပြန်ပြီ။’’
ကျွန်တော်။ ။ ‘‘အမလေး၊ ဘုရားသခင် ကယ်တော်မူပါ။’’
အမေ။ ။ ‘‘မအေကို ပြဿနာရှာတဲ့ကောင် ဘုရားသခင်လဲ နင့်ကို မကယ်နိုင်ဘူး။’’ (ထပ်ဆော်ခံရ...)

အမေ။ ။‘‘ငါထပ်မေးမယ်။ use your head, then think it over ဆိုတာရော ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘ခေါင်းလေးဘာလေးသုံး။ ပြီးရင် သေချာထပ်စဉ်းစား။’’
အမေ။ ။ ‘‘အကောင်စုတ်၊ ငါ့ကိုများ ပြန်ပြောရတယ်လို့..’’ (တဆက်ထဲ လက်ပါတော့မယ့်ဟန်ပြင်...)
ကျွန်တော်။ ။ ‘‘လောကမှာ အမေသာ အကောင်းဆုံးဆိုတဲ့ အဓိပ္ပါယ်ပါ။’’ (အမြန်ဖြေလိုက်ရတယ်။)
အမေ။ ။‘‘အင်း၊ ဒါမှ ဟုတ်တုတ်တုတ်ရှိသေးတယ်။ ခဏနေကျရင် အမေစားစရာကောင်းကောင်းလေး
လုပ်ပေးမယ်။ မနက်ဖြန်ကျမှ ထပ်မေးတော့မယ်။’’

ငါ့ကွ ရွာသား....အရှုံးတော့မပေးဘူး..

တောသားမြိ ု့တက်အလုပ်ဖြစ်ဖို့
ရွာကပါတဲ့ပိတ်ဆံလေးနဲ့ကဒ်ဖုန်းလေးတော့..ဝယ်အုံးမှ..
ဒါမှခေတ်မှီ ..ရွာပြန်ရောက်ရင် ကြွားလုံးလေးတွေ..
ပေးရမှာ..... ဘယ်သူ ဘယ်က..ဖုန်းတွေတောင်းလို့..
ဆက်တိုက်ပေးရ..ကိုယ့်နံပါတ်...
အဲဗျာ....စုံလည်းစုံရော.. ဝယ်တဲ့ကဒ်ထဲငွေကုန်သွားပေါ့
အပြန်စရိတ်ချန်ထားတာနဲ့..ထပ်ဝယ်အုံးမှနောက်တစ်ကဒ်..
ဒီကနေ့တော့..ဘကြီးပေးတဲ့ဟန်းဖုန်းတစ်ခု..ဆက်လိုက်မှ...
.....
အဲဗျာ...ကျုပ်ကို့..ဘာတဲ့ဘာတဲ့... လူကြီးမင်း..ဆိုပါကလား..အဟဟားးးး
((လူကြီးမင်း.ခေါ်ဆိုသောဂျီအက်စ်အမ်တယ်လီဖုန်းနံပါတ်မှာစက်ပိတ်ထားပါသဖြင့် ခေါ်ဆိုလို့မရနိုင်ပါရှင့်))
(((ဟုတ်ကဲ့..ဟုတ်ကဲ့..ရပါတယ်ဗျ.....))) ကျုပ်ဖြေလိုက်တယ်
အဟဟဟ..အခုမှသိတော့တယ်ဗျ......ကျုပ်ဘကြီးတော့မြိ ု့တက်ပီး..
ကြီးပွားနေပါပေါ့လား..
လိမ်မာလိုက်တဲ့ကောင်မလေး..အသံလေးကိုချိုနေတာပဲ..
ဘယ်ရမလဲ..လူမတွေ့ရလည်းအသံကြားလည်းအမြတ်ပဲပေါ့...
တစ်ရက်နှစ်ရက် ဆက်တိုက်ခေါ်လည်း..သူအသံပဲကြားေနရတော့
ရွာက ဂျမ်းပုံ ကွက်ထော် တို့နဲ့ကွာပါ့ ကွာပါ့....
ဒီနေ့တော့..သူကိုမိတ်ဆက်ရမှ ..ငါကျေနပ်မှာ...ဟုတ်ကဲ့ .နေလို့မရတော့ဘူး....
((လူကြီးမင်း..ခေါ်ဆိုသော........))
ဟဲ့ဟဲ့ နေအုံး နေအုံး ညီမလေး....အခုမင်းကိုကျုပ်တွေ့ချင်တယ် ဘယ်မှာနေလဲ လိပ်စာပြော..အခုချက်ခြင်း ကျုုပ်လာတွေ့မယ်...
ဟဟဟ ..ဘယ်ရမလဲ ငါကွ ရွာသား.........လှတောသားဗျ............

နှာဘူးပါဘုရား....

ကျွန်တော်တို့ ရွှေနိုင်ငံရဲ့ တစ်ချို့ မြို့ ရွာ နာမည်တွေဟာ
အင်မတန်မှ ကပေါက်တိ ကပေါက်ချာ နိုင်လွန်းတာပါ...ဥပမာ..
ပြွန်တန်ဆာတဲ့...နောက် ဂွေးချိုတဲ့..အဲ...ပြတိုက် ရောက်ဖူးတဲ့
ရေစကြိုနယ်ဘက်ကရွာဆို ဖုတ်ကုန်းတဲ့ဗျာ...အဲလိုပါ..ဘာေ
ကြာင့်
ဘယ်လို မှည့်ခေါ်ထားလဲဆိုတဲ့ သမိုင်းကြောင်းတော့ အတိအကျ
မသိရပါဘူး....။

ထားပါတော့လေ.. ခုက ပြတိုက်လေး ရောက်ဖူးခဲ့တဲ့ ရွာတစ်ရွာ
အကြောင်းလေး ပြောပြချင်လို့ပါ...ရွာနာမည်က ဂွေးကြီးရွာတဲ့..
ရပ်ရွာထုံးစံပေါ့ဗျာ.. ရွာဦးထိပ်မှာ ကျောင်းလေးဆောက် ဘုန်းတော်
ကြီးတစ်ပါး ကိုးကွယ်ထားတာပေါ့လေ...။

ရွှေမြန်မာတို့ ထုံးစံအတိုင်း မြို့ ရွာ ပညတ်ကို လိုက်လို့ ပုဂ္ဂိုလ်ကိုပါ
လိုက်ခေါ်လေ့ရှိတော့ ကျောင်းထိုင်ဘုန်းကြီးလည်း ကင်ပွန်းတပ်
စရာ မလိုပဲ 'ဂွေးကြီးဆရာတော်' ရယ်လို့ နာမည်တွင်သွားတာပေါ့.

ကျောင်းဘုန်းကြီးလည်း ဂွေးကြီးဆရာတော် ဂွေးကြီးဆရာတော်နဲ့
အခေါ်ခံရဖန်များတော့ ရှက်စိတ်လေးဝင်ပြီး အကြံထုတ်တာပေါ့..
မဖြစ်ချေဘူး...ငါတော့ ဒီနာမည်ကြီး ပျောက်အောင် တစ်ခုခုတော့
လုပ်မှပေါ့လေ..ဒါနဲ့ ကုသိုလ်ရလဲ နာမည်လဲ လှအောင် စေတီလေး
တစ်ဆူတည်မယ်ပေါ့..။

ဒီလိုနဲ့ ကိုးတောင်ပြည့်စေတီလေး တစ်ဆူတည်ပြီးတဲ့နောက်တော့
မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်ရပါတော့တယ်..။

စေတီတည်ပြီးကာမှ ဆရာတော်ရဲ့ နာမည်သစ်လေးက ပိုလို့ ဝေ
စည်သွားတော့တယ်..." ကိုးတောင်ပြည့် ဂွေးကြီးဆရာတော်" တဲ့.

ဇာတ်က မပြီးသေးဘူးဗျ...
တစ်နေ့ပေါ့ တစ်ခြားရွာမှာ ကထိန်ရှိလို့ ကြွရင်း ရေစက်ချအပြီး
မဲဖောက်လှူကြတာကိုး...။ အစီအစဉ်ကြေငြာတဲ့ သူကလည်း
ဟိုဘက်ရွာ ဒီဘက်ရွာ ကြားရအောင် မိုက်ကရိုဖုန်းနဲ့အော်တာလေ
မြောက်ကျောင်းဆရာတော် ပဒေသာပင်၁၀၀၀ ပါဘုရား.....
တောင်ဖီလာဆရာတော် ကြာသင်္ကန်းပါဘုရားပေါ့လေ...အလှည့်
ကျအော်ပေးရင်း ဆိုင်ရာဆရာတော်တွေကလည်း အလှူခံရတာ..။

ကိုးတောင်ပြည့် ဆရာတော်အလှည့်ရောက်လာပါပြီ...အစီအစဉ်
ကြေငြာသူကလည်း ပေါက်တဲ့ မဲကို ဖြေပြီး ခုလို အော်လိုက်ပါတယ်
" ကိုးတောင်ပြည့် ဂွေးကြီးဆရာတော် နှာဘူးပါဘုရား"
ကဲ ...ကောင်းရော...ဆရာတော်လည်း စိတ်က မထိန်းနိုင်တော့ဘူး
လေ...ဘာကွ...လို့ အကျယ်ကြီး ပြန်အော်လိုက်တော့မှ ဟိုက ပြန်
ပြင်အော်တယ်...
နှာရှူဗူးမဲပေါက်တာပါဘုရား....တဲ့...။
ဆရာတော်လည်း အဲဒီကျမှ ဟင်းးးးးးးးးးးးးးးးးးရယ်လို့ သက်ပြင်းခိုးချ
လို့ ပြန်ကြွသွားလေတော့သတဲ့...။

ဟာဒယ (၂)

သူ့နေရာသူပြန်သွား

" ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီ
လဲ "
" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ ခုနကပဲသောက်လိုက်မိပြီ ဆရာမ "
" ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲက ခွဲထုတ်ထားတဲ့ဟာတွေရှင့် " 

မေးမှသိတယ်

" မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ဝမ်းသာတယ်ကွာ၊ နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့ မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ "
" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ " 

ပြောချင်တာကဒီလိုပါ

" မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်းလောက်နဲ့ မောင်းလာတယ် ။ ပြီးတော့ညအမှောင်ထဲ ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်းမှားလာတယ် ။ ယာဉ်မောင်းလိုင်စင်လည်း မပါဘူး ။ ကိုင်း ..... ဒီလောက်တောင်အပြစ်တွေများတာ ဘာပြောချင်သေးလဲ "
" ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာအပြစ်တစ်ခုပဲ ရှိပါတယ် ။ အဲဒါကတော့ဒီကားကို ခိုးလာတာပါပဲ " 

ဘယ်သူမှမပြောနဲ့နော်

" ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင်ဘိုးဘိုး "
" ဟိုး ..... တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ "
" ဟင် ..... ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို "
" ရှူး ..... ဘယ်သူမှ လျှောက်မပြောလေနဲ့ ၊ ဓူဝံကြယ်တောင်ဘက်ကို ပြောင်းသွားတာတစ်ပတ်လောက်ပဲရှိေသးတယ် မြေးရဲ့ "

စနစ်တကျအသုံးပြုနည်း

" မနက်ကဝယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊ ဘယ်လိုဖြစ်တာရတာလဲ "
" အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့ ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား " 

နားလေးသူမို့ပါ

" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား "
" ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စဟဲဗီးအဆိုတော်ပါ "
" ဒါဆိုတစ်ဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်အော်ပေးစမ်းပါ ။ သူက နားနည်းနည်းလေးတယ် " 

ဟိုတစ်မျိုး ဒီတစ်မျိုး

" မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ "
" ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။ သူ့အခန်းထဲ ဝင်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။ အခုကျတော့ သူ့အိမ်ထဲဝင်ခိုးတာ သေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ် " @hp

မေမေ့တာဝန်ထားလိုက်

" ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။ သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ " 

အမွေဆက်ခံမိလို့

" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။ ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား "
" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောကျ်ားပါ "

မမြောက်ပါနဲ့ဗျာ

" မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊ တီဗွီရယ် ၊ အောက်စက်ရယ် ၊ ရေခဲသေတ္တာရယ် ၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊ အိမ်သားတွေတစ်ယောက်မှ မနိုးစေဘဲ အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ "
" ဟာ ..... တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင်မြှောက်နေပြန်ပြီ " 

အထင်နဲ့အမြင်

" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ " 

ထင်တာကတခြား

" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "
" ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "
" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "
" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့မိလို့ပါရှင် " 

သိချင်လို့

" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ဝယ်လာတာလေ "

ပြင်ပအစားအစာ

" ဗျို့ဆရာသမား ၊ ဟိုလူသူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ် ။ မြန်မြန်သွားကယ်ကြရအောင် "
" ဟင်း ..... တယ်ခက်တဲ့လူပဲ ၊ မိကျောင်းမွေးမြူရေးစခန်းမှာ ပြင်ပအစားအစာတွေ လုံးဝကျွေးခွင့် မရှိတာကို သူမသိလို့ထင်တယ် " @hp

သမ်းပြတာမဟုတ်ပါ

" ရှင် တော်တော်ရိုင်းပါလား ၊ ကျွန်မရှေ့မှာပါးစပ်ကို လက်ဝါးနဲ့မကာဘဲ သမ်းပြတာနှစ်ကြိမ်ရှိသွားပြီ "
" အထင်မလွဲပါနဲ့ဗျာ ၊ ကျွန်တော် တစ်ခုခုပြောဖို့ကြံတိုင်း ခင်ဗျားကရေပတ်မဝင်အောင် ပြောနေတာကိုးဗျ " 

ယောကျ်ားဆိုတာ

" ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ ၊ အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် "
" ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ " 

တလွဲမထင်ပါနဲ့


" ခင်ဗျားကြည့်ရတာ မုဆိုးဝါတော်တော်ရင့်နေပြီနဲ့တူတယ် "
" ဘာဖြစ်လို့လဲဗျ "
" ဒီတစ်နေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲလိုက်ပစ်နေတာ တွေ့လို့ပါ "
" ဒါကဒီလိုပါ ၊ ဒီမနက်ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေဖမ်းဖို့ပါပဲ ၊ ဒါပေမဲ့ မျက်မှန်ကသစ်ကိုင်းနဲ့ငြိပြီး ကျပျောက်သွားလို့ " 

ဆရာ့ညွှန်ကြားချက်

" တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ "
" ဟုတ်ကဲ့ဆရာ "
" ဘယ်လိုနေလဲကွ "
" ဘယ်လိုမှ မနေဘူးဆရာ "
" အင်း ..... ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ် " 

လိုချင်ရင်ပြောပါ

" ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊ အရိုးနဲ့အရေခွံချည်းပဲ "
" ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား " 

ဟာဒယ (၁)

ခံနေလို့ဖြစ်မလား

ရုပ်ရှင်ရုံအဝင်ဝမှာအမျိုးသမီးကြီးတစ်ဦးက
လက်မှတ်စစ်ကိုရိုက်လိုက်လို့
ဘာဖြစ်လို့ရိုက်ရတာလဲ
မိုက်ရိုင်းလို့ပါ..ကျွန်မဝယ်လာတဲ့
လက်မှတ်ကိုယူပြီးဆွဲဆုတ်ပစ်တယ်ေလ..။ ။

အထင်နဲ့အမြင်

ဒေါက်တာကျွန်တော့်ဒဏ်ရာကိုမချုပ်သေးဘဲနဲ့ ဘာဖြစ်လို့အချွန်နဲ့
ထိုးကလိနေရတာလဲ..
နည်းနည်းတော့သည်းခံရမှာပေါ့..အထဲရောက်နေတဲ့ကျည်ဆံ
ထိပ်ဖူးကိုထုတ်ပစ်မှဖြစ်မှာမို့ပါ
ဟင်းစောစောကပြောရောပေါ့ဒေါက်တာရယ်ကျည်ဆံကကျွန်တော့်
အိတ်ကပ်ထဲမှာဗျ..

အိပ်တော့အိပ်ပါတယ်

ဆရာဝန်။ ။ ဘယ့်နှယ့်လဲကျွန်တော်ညွှန်ကြားတဲ့အတိုင်း
အိပ်တဲ့အခါပြတင်းပေါက်တွေကိုပိတ်ပြီးအိပ်ရဲ့လား..
လူနာ။ ။အိပ်ပါတယ်ဆရာ..ဒါပေမယ့်ရုံးသူရုံးသားတွေအားလုံးက
အိုက်လို့မှောင်လို့ဆိုပြီးကျွန်တော့်ကိုပူညံပူညံပြောကြတယ်..

သူ့လက်ရာ

ဒီနေ့ကျွန်မချက်ကျွေးတဲ့ဟင်းကဘယ်လိုနေလဲ
ကောင်းတယ်မိန်းမရာချိုပြီးဆိမ့်နေတာပဲ
မဟုတ်သေးပါဘူးတော် ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာ
ချဉ်စပ်လို့ရေးထားတယ်ရှင့်


ဒီနေ့ပို့မယ့်နေရာ...

လူတစ်ယောက်ကခြင်္သေ့တစ်ကောင်နဲ့အတူမြို့ထဲမှာလမ်းလျှောက်လာကိုရဲသားကမြင်တော့
'''ဟေးး..ခင်ဗျားအဲ့ဒီခြင်္သေ့ကိုတိရစ္ဆာန်ရုံသွားပို့သင့်တယ်…'''
''ဟုတ်ကဲ့''
နောက်ရက်မှာလည်းအဲ့လူကိုမြို့လယ်ခေါင်မှာခြင်္သေ့နဲ့အတူတွေ့ြပန်ရော…
ဒီတော့ရဲသားက
'''ဟေးလူ ခင်ဗျားကိုကျုပ်မနေ့က ပြောတယ်လေ..အဲ့ဒီခြင်္သေ့ကိုတိရစာ္ဆန်ရုံသွားပို့ဖို့'''
''ဟုတ်ကဲ့ ပို့ခဲ့ပါတယ်.. ဒီနေ့တော့ရုပ်ရှင်ရုံလိုက်ပို့မယ်စိတ်ကူးမိလို့…''


ပလုံ

ဒေါ်ထိပ်ထားခင်က စည်းကမ်းသိပ်ကြီးတယ်..
ညစာစားဖို့စားပွဲထိုင်ပြီးကြပြီဆိုတာနဲ့ဘာစကားမှမပြောရဘူး..
တစ်ရက်မှာညစာစားဖို့စားပွဲထိုင်နေကြတုန်း
ရေးကြီးသုတ်ပြာနဲ့သားကြီးရောက်လာတယ်..ပြီးတော့…..
'''အမေ'''
''စကားမပြောရဘူးဆိုတာမသိဘူးလား.. ဟိုဘက်မှာထိုင်ပါ..''
'''ဟို..ကျွန်တော်..'''
''ပြောစရာရှိရင်စားပြီးမှပြောလုိ့ပြောထားတယ်လေ..''
ဒီလိုနဲ့ထမင်းစားပြီးကြတော့
''ကဲပြောဘာလဲ''
'''ညီမလေးရေတွင်းထဲကျသွားလို့…'''


ဒါမျိုးသောက်ချင်ရင် ဒီလိုလုပ်


စားသောက်ဆိုင်တစ်ခုတွင်ဖြစ်သည်-
စားသုံးသူ- "ဟေ့ဝိတ်တာ..ဟောဟိုစားပွဲပေါ်ကပုဂ္ဂိုလ်ကြီးသုံးဆောင်နေတဲ့
အရက်မျိုးငါသောက်ချင်တယ်ကွာ.."
စားပွဲထိုး - "ရပါတယ်ဆရာ..တယ်လီဖုန်းလာနေတယ်ဆိုပြီး သူ့ကိုကျွန်တော်ပထုတ်သွားမယ်..
အရိပ်အခြည်ကြည့်ပြီးဆရာလှုပ်ရှားပေတော့"


ကြိုက်တာဝယ်စားး..

အမေရိကန်နိုင်ငံ၌ဝက်မွေးမြူသူထံသို့ တစ်နေ့သောအခါလူကြီးလူကောင်းတစ်ဦး
ရောက်ရှိလာပြီးစုံစမ်းလေသည်။
ခင်ဗျားရဲ့ဝက်တွေကိုဘယ်လိုအစာေကျွးသလဲဗျ
"ကျွန်တော့်ဝက်တွေကိုထမင်းကျန်ဟင်းကျန်တွေနဲ့ဟင်းသီးဟင်းရွက်
အပုပ်တွေရောစပ်ပြီးကျွေးပါတယ်..
ကြားရတာစိတ်မကောင်းစရာပဲ ကျွန်တော်ကကမ္ဘာ့တိရစ္ဆာန်များထိန်းသိမ်း
စောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ..အခုလိုကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအစာ
တွေကျွေးမှုအတွက်ဒဏ်ငွေရိုက်ရပါလိမ့်မယ်.."
ဒဏ်ငွေဆောင်ပြီး၃လခန့်ကြာပြန်ေသာ်နောက်ထပ်လူကြီးလူကောင်းတစ်ေယာက်
လာပြီးစုံစမ်းပြန်သည်။
ခင်ဗျားဝက်တွေကိုဘယ်လိုအစာကျွေးသလဲဗျ
ဟုတ်ကဲ့..ပေါင်မုန့်ပူတင်း..ဒိန်ခဲ..အာလူး..ကြက်ပေါင်းနဲ့ဗိုက်တာမင်အားဆေးတွေ
ရောစပ်ပြီးကျွေးပါတယ်...
အားပါး..အံ့သြစရာပဲ..ကျွန်တော်ကကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကအရာရှိပါ..ကမ္ဘာကြီးရဲ့
လူဦးရေလေးပုံတစ်ပုံလောက်နှစ်စဉ်အငတ်ဘေးကြုံနေတာတောင်ကိုမှခင်ဗျားကခြိုးခြံမှု
မရှိဘဲဖြုန်းတီးပစ်နေတာ အဲ့ဒီအတွက်ခင်ဗျားကိုဒေါ်လာတစ်ေထာင်ဒဏ်ငွေရိုက်ပါတယ်..
ဒဏ်ငွေဆောင်ပြီးများမကြာမီ နောက်တစ်ဦးလာပြန်လေသည်။
ခင်ဗျားဝက်တွေကိုဘယ်လိုအစာတွေေကျွးပါသလဲခင်ဗျာ
တစ်ကောင်ကိုတစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ပြောလိုက်တယ်..



ကျူးလွန်မိမှာစိုးလို. အဲ့...


Q : ဒါနဲ.ဲ့..နေပါအုန်း..နေပါအုန်း...
A : နေပါတယ်..
Q : မင်းကဘာလို. အရက်ကို အလွန်အကျွှံ သောက်ရတာလဲ...
A : သူရမေရာကံ ကျူးလွန်ပြီး...အခြားကံ ၄ ပါးလုံအောင်လို.ပါ...
Q : ဘာကွ! သူရာမေရကံ ကျူးလွန်ပြီး....အခြားကံ ၄ ပါးပါ ချိူးဖောက် တာ မဟုတ်ဘူးလား..
A : ဘဲနဲ. ချိုုးဖောက်ရမှာလဲ..
Q : ဗျာ..
A: အေ့..။ တကယ်သောက်ကြည်.ပါလား...အရက်မူးလွန်လို. သူများကိုလိမ်ဖို.မပြောနဲ.ကို.ရှာအလုံးကြီးကို
ုပြန်မကိုက်မိအောင်လို. မနဲ ထိန်းထားရတယ်....အေ့...။
Q : အေ့!
A : မအေ့နဲ. တချို.ဆို အမူးလွန်းပြီး အမှန်တိုင် ပြောမိလို. ကျွှဲခိုးပေါ်တာ ရှိသေး..အေ့။
Q : အဲ့!
A : မ အဲ့ နဲ. အုန်းရှိသေးတယ်..သူတပါးပိုက်ဆံခိုးဖို.မပြောနဲ.
ကိုယ့်အိတ်ထဲ ပိုက်ဆံတောင် ဘယ်ကောင် နှိက်သွားမှန်း မသိလို.
ပျောက်ရတာအကြိမ်ကြိမ်...အေ့။
Q : ဟင်!
A : မဟင်နဲ.အုန်း..ကျန်သေးတယ်...သူတပါးအသက်သက်ဖို.မပြောနဲ.
ကိုယ်ဘာသာကို မရပ်နိုင်လို. ဓာတ်တိုင် ဖတ်ထားရတာဘဲ ကြည်. တော့...အေ့..။
Q : သြော်!
A : မသြော်နဲ.မပြီးသေးဘူးသူများသားမယားကိုပြစ်မှားဖို.ဆိုဝေးရော...
နိုင်ငံခြားမှာ ဖြစ်ဖူးတယ်...အမူးလွန်ပြီး ပန်ခြံထဲမှာ အိပ်နေတာ ကိုယ်. ဖင်ထဲကို
မြွေဝင်သွားမှန်း တောင်မသိဘူး...အေ့..။
Q : မင်ပြောတော့လည်း ဟုတ်သလိုဘဲ......ငါလည်း ကံ၄ပါး လုံအောင် အရက်သောက်ရ
မလိုဖြစ်နေပြီ အရက်ဆိုင် သွားအုံးမှ.....။

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...