Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Wednesday, June 22, 2022

ကွန်ပြူတာအသုံးများလွန်းရင်

 ခု ခေတ်မှာ ကွန်ပြူတာသုံးတဲ့သူ အရမ်းများတယ်နော်။ ကွန်ပြူတာနဲ့

 အလုပ်လုပ်နေရတဲ့သူတွေရှိသလို အင်တာနက်ခေတ်ကြီးမှာ အလုပ်ကြောင့်ဖြစ်ဖြစ်

 အပျင်းပြေဖြစ်ဖြစ် အင်တာနက်သုံးရင်း အချိန်ကုန်နေတဲ့သူတွေကလည်း

 အများကြီးပဲလေ။ ဂိမ်းကို စွဲစွဲလန်းလန်းကစားနေတဲ့သူတွေကလည်း ဒုနဲ့ဒေးပါပဲ။

 အဲဒီတော့ ကွန်ပြူတာအသုံးများလွန်းပြီး မျက်စိပြဿနာတွေနဲ့ ကြုံရပြီပေါ့။

 ကွန်ပြူတာအသုံးများလွန်းရင် မျက်စိက အများကြီးဒဏ်ခံရပါတယ်။

 မျက်လုံးတွေေ၀ဝါးလာမယ်၊ ကြည့်ရတာလည်း အဆင်မပြေတော့ဘူး၊

 မျက်လုံးအိမ်ခြောက်သွေ့လာမယ်၊ မျက်ရိုးကိုက်၊ မျက်ရည်ပူတွေကျမယ်၊

 ခေါင်းမူး၊ ခေါင်းကိုက်၊ ဇက်ကြောတွေလည်းတက်မယ်၊ မျက်မှန်သမားတွေဆိုရင်လည်း

 မျက်မှန်က ကြည့်ရတာအဆင်မပြေတော့ဘူး။ ဒါဆိုရင်တော့ မျက်စိက

 အလုပ်လုပ်ရလွန်းလို့ ဒဏ်မခံနိုင်တော့ဘဲ ဆန္ဒပြလာပြီပေါ့။

 မျက်စိပါဝါတိုးမှာကလည်း သေချာသလောက်ပဲနော်။ ကံကောင်းထောက်မစွာနဲ့ပဲ

 ဒီလိုအခြေအနေတွေကို ရှောင်လွှဲနိုင်မယ့်နည်းလမ်းတွေ အများကြီးရှိပါတယ်။

 အရမ်းလွယ်တယ်နော်။ လုပ်ကြည့်ကြရအောင်..။


 Use Flat LCD Monitor


 - အရင်သုံးနေတဲ့ Tube Monitor တွေအစား Flat LCD Monitor ကို

 ပြောင်းသုံးပါ။

 - Flat LCD Monitor တွေမှာ အလင်းတာကိုလျှော့ချပေးနိုင်တဲ့

 မျက်နှာပြင်ပါရှိလို့ မျက်စိကို ထိခိုက်မှုနည်းစေပါတယ်။

 - ဒါကြောင့် ကွန်ပြူတာကို အကြာကြီးသုံးနေရတဲ့သူတွေဟာ Flat LCD Monitor

 ကိုပဲ သုံးသင့်တယ်နော်။


 Clean The Screen Regularly


 - ကွန်ပြူတာမျက်နှာပြင်ပေါ်က ဖုန်မှုန့်လေးတွေကြောင့်

 သင့်မျက်စိထိခိုက်နိုင်တယ်ဆိုရင် အံ့သြသွားမှာပဲနော်။

 - ကွန်ပြူတာမျက်နှာပြင်က အမြဲထုတ်လွှင့်နေတဲ့ လျှပ်စစ်လှိုင်းတွေရဲ့

 တွန်းကန်အားကြောင့် ကွန်ပြူတာမျက်နှာပြင်ပေါ်က ဖုန်မှုန့်လေးတွေက

 သင့်မျက်လုံးဆီကို တန်းတန်းမတ်မတ်ကို ရောက်လာမှာပဲလေ။

 - အဲဒီဖုန်မှုန့်လေးတွေ မျက်စိထဲဝင်သွားပြီဆိုရင် မျက်စိထဲမှာ

 ခိုးလိုးခုလုတွေဖြစ်မယ်။ မျက်စိကလည်း ပိုဒဏ်ခံရတာပေါ့။

 - အဲဒီတော့ ကွန်ပြူတာမသုံးခင် ကွန်ပြူတာမျက်နှာပြင်ကို အရင်ဆုံး

 သေချာသုတ်လိုက်နော်။



 Position Your Monitor At the Proper Distance & Angle


 - ကွန်ပြူတာက သင့်ရှေ့တည့်တည့်မှာပဲရှိပါစေ။

 - သင့်မျက်နှာနဲ့ ကွန်ပြူတာက ၂ပေလောက် ကွာနေရမယ်နော်။

 - ပြီးတော့ ကွန်ပြူတာရဲ့မျက်နှာပြင်က သင့်မျက်လုံးနေရာထက် နိမ့်ရမယ်။

 - ကွန်ပြူတာရဲ့အပေါ်ဘောင်က သင့်မျက်လုံးနဲ့တစ်တန်းတည်းဖြစ်နေရင်တော့

 အကောင်းဆုံးပဲပေါ့။

 - ဒါမှ သင့်မျက်လုံးနဲ့ လည်ပင်းက ပုံမှန်အနေအထားမှာရှိနေပြီး

 အားစိုက်စရာလည်းမလိုတော့ဘူးလေ။


 Turn Down your Screen’s Brightness & Turn Up The Contrast


 - ကွန်ပြူတာမျက်နှာပြင်က အရမ်းလင်းနေရင် မျက်စိကိုထိခိုက်နိုင်ပါတယ်။

 - တကယ်လို့ အရောင်ကို အဖြူနဲ့အမည်းကြားမှာ သေချာစွာမချိန်ထားဘူးဆိုရင်တော့

 အရောင်တွေကို သေချာခွဲခြားနိုင်ဖို့ အားစိုက်ကြည့်နေရတာနဲ့

 မျက်စိကဒဏ်ဖြစ်လာတော့မှာပါ။

 - ဒါကြောင့် ကွန်ပြူတာရဲ့ အလင်းရောင်နဲ့ အရောင်တွေကို ကြည့်လို့ကောင်းပြီး

 သင့်တော်တဲ့အနေအထားရအောင် သေချာလေးချိန်ပေးဖို့ လိုတယ်နော်။


 Books And Papers Directly Next To Screen


 - တကယ်လို့ စာရွက်တွေ၊ စာအုပ်တွေထဲက စာတွေကို ကွန်ပြူတာထဲ

 ကူးရိုက်ရမယ်ဆိုရင်တော့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို

 ကွန်ပြူတာရဲ့ဘေးကပ်လျက်မှာ ထားသင့်ပါတယ်။

 - သင့်မျက်လုံးတွေ များများလှုပ်ရှားစရာ မလိုအောင်ပေါ့။

 - သင်ဟာ ကွန်ပြူတာကိုမကြည့်ဘဲ စာတွေကိုအလွတ်ရိုက်နိုင်လား။ ဒါဆိုရင်တော့

 အကောင်းဆုံးပဲနော်။

 - စာကူးရိုက်နေတုန်း စာအုပ်ကိုပဲကြည့်ပြီး အမှားစစ်မယ့်အချိန်လောက်ပဲ

 ကွန်ပြူတာကိုကြည့်ပါ။


 Create An Environment That Has Lighting Similar To That Of Your Monitor


 - အလုပ်လုပ်ဖို့ အဆင်အပြေဆုံးနေရာမှာ စူးရှတဲ့အလင်းရောင်တွေ မရှိရဘူး။

 - သင့်တင့်တဲ့ သဘာဝအလင်းရောင် ရှိရမယ်။

 - ရောင်ပြန်နိုင်တဲ့ပစ္စည်းတွေလည်း မရှိရဘူး။

 - အခန်းရဲ့အလင်းရောင်ဟာလည်း ကွန်ပြူတာရဲ့အလင်းရောင်နီးပါး လင်းနေရမယ်နော်။

 - ပြီးတော့ ပြတင်းပေါက် (သို့) အရမ်းလင်းနေတဲ့နေရာနဲ့ မျက်နှာခြင်းဆိုင်

 မနေမိစေဖို့လည်း သတိထားပါအုံး။


 Take A Rest


 - လူတွေတောင် အလုပ်အရမ်းလုပ်ရရင် ပင်ပန်းနွမ်းနယ်လာရောလေ။

 - နူးညံ့တဲ့ မျက်လုံးလေးတွေဆိုရင်တော့ ပိုဆိုးပြီပေါ့။

 - မျက်လုံးကို ခဏအနားပေးကြရအောင်နော်။

 - ကွန်ပြူတာကို ၁၅မိနစ်ကြည့်ပြီးတိုင်း အဝေးတစ်နေရာကို တစ်မိနစ်လောက်

 စူးစိုက်ကြည့်ပါ။

 - ၁နာရီကြာတိုင်းလည်း မျက်လုံးကိုခဏမှိတ်ထားပြီး အနားပေးလိုက်ပါ။Blink

 More

 - မျက်စိပြသနာတစ်ချို့ဟာ မျက်တောင်ခတ်နည်းရာကနေ

 မျက်လုံးအိမ်ခြောက်သွေ့လာလို့ ဖြစ်တာပါ။

 - ကွန်ပြူတာ သို့မဟုတ် တစ်ခုခုကို စူးစိုက်ကြည့်နေစဉ်မှာ မျက်တောင်ခတ်ဖို့

 မေ့နေတတ်ကြတယ်လေ။

 - ဒါကြောင့် နာရီဝက်ကြာတိုင်း မျက်တောင်အခါ၂၀ ခတ်ပေးသင့်တယ်နော်။ Use

 Eyeglasses With The Proper Prescription

 - သင်ဟာ မျက်မှန်တပ်ရသူဆိုရင်တော့ ကိုယ့်မျက်စိပါဝါနဲ့ကိုက်ညီတဲ့

 မျက်မှန်ကိုပဲ တပ်ဆင်သင့်တယ်နော်။

 - မျက်မှန်မှာ ရောင်ပြန်ပါတဲ့မှန်ကို အသုံးပြုပြီးတော့လည်း

 ကွန်ပြူတာကြောင့်မျက်စိထိခိုက်ခြင်းကနေ ကာကွယ်နိုင်ပါတယ်။

 - မျက်မှန်တပ်စရာမလိုတဲ့ မျက်စိကောင်းသူတွေလည်း ပါဝါမပါဘဲ ရောင်ပြန်ပါတဲ့

 မျက်မှန်လေးနဲ့ ကွန်ပြူတာကြောင့် မျက်စိထိခိုက်တဲ့ဒဏ်ကနေ ကာကွယ်နိုင်ပါတယ်။



 Do Eye Exercise


 - မျက်လုံးလေးတွေကို အားရပါးရ အသုံးချပြီးရင် မျက်လုံးလေးတွေလည်း

 ညောင်းနေမှာပဲလေ။

 - အဲဒီတော့ မျက်လုံးကြွက်သားလေးတွေ အညောင်းပြေအောင်

 လေ့ကျင့်ခန်းလေးလုပ်ပေးကြရအောင်နော်။

 - အလွယ်ဆုံးနဲ့ အကောင်းဆုံးလေ့ကျင့်ခန်းကတော့

 ဖြေလျော့တဲ့လေ့ကျင့်ခန်းပါပဲ။

 - လက်ဝါးနှစ်ဘက်ကို ပူနွေးလာတဲ့အထိ ပွတ်ပေးပါ။

 - ပူနွေးလာရင် မျက်စိမှိတ်ပြီး မျက်လုံးလေးတွေပေါ် ဖွဖွလေးတင်လိုက်ပါ။

 - အားနဲ့တော့ မဖိလိုက်နဲ့နော်။

 - ပြီးတော့ လက်ချောင်းလေးတွေကြားကနေ အလင်းရောင်မဝင်နိုင်လောက်အောင်လည်း

 လက်ချောင်းလေးတွေကို ကပ်ထားရပါမယ်။

 - ဒါဆိုရင်တော့ သင့်မျက်လုံးလေးတွေ အညောင်းပြေသွားလောက်ပြီနော်။

Tuesday, June 21, 2022

သင်မအိပ်တဲ့အခါ ဖြစ်ပေါ်လာသော နောက်ဆက်တွဲအကျိုးမျာ

 သင်ဟာ ညစဉ်လုံလောက်အောင်မအိပ်စက်ဘဲ အချိန်ချွေတာတဲ့အနေနဲ့ အိပ်ချိန် နည်းနည်းပဲ ထားမယ်ဆိုရင် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်စက်ခြင်းဟာ သင့်ခန္ဓာကိုယ်ကို အားသစ်လောင်းပေးတာပဲဖြစ်ပြီး ညစဉ် ၇-၉ နာရီခန့်အထိ လုံလောက်အောင် အိပ်စက်အနားယူသင့်ပါတယ်။ သင်ဟာ အလုပ် များလွန်းတဲ့အတွက် သင်လုပ်ရမယ့် စာရင်းထဲမှာ အိပ်စက်ခြင်းက အောက်ဆုံး အဆင့်မှာရှိနေရင် လုံလောက်အောင် မအိပ်တဲ့အတွက် သင့်မှာဖြစ်လာမယ့် အောက်ပါအခြေအနေတွေကို သတိပြုလေ့လာကြည့်လိုက်ပါ။


 


သင်ဟာ သရေစာမုန့်ကို စားချင်နေတယ်


အိပ်စက်ချိန် အလွန်နည်းပါးခြင်းဟာ အစာစားချင်စိတ်ကို မှန်ကန်အောင် ထိန်းချုပ်ပေးနိုင်တဲ့ ဟော်မုန်းတွေကို ကမောက်ကမဖြစ်စေပြီး အဆီများတဲ့အစာနဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့ အစာတွေကို စားချင်စိတ်ပိုများလာစေပါတယ်။ ဒီအခါ သင်ဟာ သင့်ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်လိုရီထက်ပိုအောင် စားမိပါတော့တယ်။ လေ့လာမှုတစ်ခုအရ နှစ်ည လုံလောက် အောင် မအိပ်စက်ခဲ့ရသူတွေမှာ ဆာလောင်မှုကို တိုးစေတဲ့ Ghrelin ဟော်မုန်းက ပိုများ နေပြီး အစာစားချင်စိတ်ကို ဖိနှိပ်တဲ့ Leptin ဟော်မုန်းက နည်းနေတာကို တွေ့ရှိခဲ့ ပါတယ်။ ဒီလိုဖြစ်နေတာဟာ အချိန်ကြာလာတာနဲ့ အမျှ ကိုယ်အလေးချိန်တိုးလာပါလိမ့်မယ်။




သင်ဟာ ရောဂါပိုးတွေရဲ့သားကောင်း ဖြစ်နေတယ်


ညစဉ် ၇ နာရီထက်လျော့နည်းပြီး အိပ်စက်တဲ့သူတွေဟာ အအေးမိ ရောဂါဖြစ်နိုင်ခြေ သုံးဆပိုများတယ်လို့ JAMA လေ့လာမှုတစ်ခုက ဆိုပါတယ်။ တခြားလေ့လာမှုတစ်ခုကတော့ အိပ်ချိန် နည်းပါးသူတွေဟာ တုပ်ကွေးကာကွယ်ဆေး ထိုးပြီးတဲ့အခါ ခန္ဓာကိုယ် ခုခံအားစနစ်ရဲ့ သာမန်တုံ့ပြန်မှု လုံလောက်အောင် တက်မလာတာကို တွေ့ရှိခဲ့ရပါတယ်။ ကာကွယ်ဆေးထိုးပြီး ၁၀ရက်ကြာတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ရောဂါကို တိုက်ခိုက်မယ့် ပဋိပစ္စည်းထွက်ရှိမှုဟာ အိပ်ရေးမဝသူတွေမှာ ကောင်းကောင်းအိပ်စက်ရသူတွေရဲ့ တစ်ဝက်သာရှိတာကို တွေ့ရှိရပါတယ်။ အိပ်စက်ခြင်းဟာ ကိုယ်ခံအားစနစ်ကို အားပေးပြီး အိပ်စက်ချိန်နည်းပါးလွန်းခြင်းဟာ ကိုယ်ခံအားစနစ်ကို ထိခိုက်စေတယ်ဆိုတာကို ဒီသုတေသနတွေကညွှန်ပြနေပါတယ်။


သင် သကြားကို ချေဖျက်နိုင်စွမ်းနည်းသွားတယ်


သကြား (အချိုဓာတ်) ဆိုတာ သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တိုင်းက အလုပ်လုပ်ဖို့ လိုအပ်တဲ့ လောင်စာပဲဖြစ်ပါတယ်။ ခြောက်ရက်ခန့်အိပ်ရေးမဝခဲ့သူတွေမှာ အင်ဆူလင်ကို ခုခံမှုတိုးလာတယ်လို့ ချီကာဂို တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ အင်ဆူလင် ဆိုတာ သွေးထဲမှာ ဆဲလ်တွေဆီကို ဂလူးကို့စ်သယ်ပို့ရာမှာ ကူညီပေးတဲ့ ဟော်မုန်း ဖြစ်ပါတယ်။ တခြားလေ့လာမှုတစ်ခုမှာတော့ တစ်ညမှာ အိပ်ချိန်ခြောက်နာရီထက် လျော့နည်းသူတွေဟာ သကြားကိုမှန်မှန်ကန်ကန် ချေဖျက်နိုင်စွမ်းမရှိတာကို တွေ့ရပါတယ်။ ဒါဟာ နာတာရှည်ရောဂါတစ်ခုဖြစ်တဲ့ အမျိုးအစား(၂) ဆီးချိုးရောဂါကို ဖြစ်လာစေနိုင်ပါတယ်။


 


သင်ဟာ မဆုံးနိုင်တော့တဲ့ စိတ်ဖိစီးမှု ဝဲဂယက်ထဲမှာ ရောက်နေပါတယ်


ချီကာဂိုတက္ကသိုလ်မှ လေ့လာမှုအရ အိပ်စက်မှု မလုံလောက်ခြင်းဟာ နေ့လယ် နေ့ခင်းနဲ့ ညနေခင်းမှာ စိတ်ဖိစီးမှု ဟော်မုန်းဖြစ်တဲ့ ကော်တီဇော တွေကို မြင့်တက်စေပြီး နှလုံးခုန်နှုန်းမြန်တာ၊ သွေးဖိအားမြင့်တက်တာနဲ့ သွေးတွင်း သကြားဓာတ် မြင့်တက်လာတာတွေ ဖြစ်စေနိုင်တာကို တွေ့ရှိရပါတယ်။ ဒါဟာ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ အမျိုးအစား(၂) ဆီးချိုရောဂါတွေ ဖြစ်နိုင်ခြေကို ပိုများစေပါတယ်။ အနာဂတ်မှာ ဖြစ်လာမယ့် ဒီကျန်းမာရေး ပြဿနာတွေ အပြင် ကော်တီဇောကြောင့်ဖြစ်လာတဲ့ နိုးကြားမှုက သင်အိပ်စက်အနားယူရမယ့်အချိန်မှာ အဆင်မပြေ ကသိကအောက် ဖြစ်စေပါလိမ့်မယ်။


 


သင်ရဲ့စိတ်အာရုံဟာ ကြည်လင်ပြတ်သားမှု မရှိတော့ဘူး


ညမှာအိပ်ရေးမဝခဲ့ဘူးဆိုရင် နေ့ဘက်မှာ သငိရဲ့စိတ်အာရုံဟာ ကြည်လင်ပြတ်သားမှု မရှိဘဲ ဝိုးတိုးဝါးတာနဲ့ ဇဝေဇဝါဖြစ်သလို ခံစားရပါတယ်။ ဒါဟာ ကားမောင်းခြင်း အပါအဝင် တချို့အလုပ်တွေ လုပ်ရာမှာ အန္တရာယ်များစေပါတယ်။ ကြာရှည် မောပန်းနွမ်းနယ် နေသူတွေဟာ စိတ် မပျော်ရွှင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အိပ်စက်ခြင်းနဲ့ စိတ်ခံစားမှုကို ဦးနှောက် ထဲမှာ တူညီတဲ့ ဓာတုပစ္စည်းတွေက ထိန်းချုပ်ထားတာကြောင့် ဖြစ်ပါတယ်။


 


သင် ရုပ်ရင့်လာပါတယ်


အိပ်စက်မှုနဲ့ အလှအပကြားမှာ ဆက်စပ်မှု ရှိနေပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့် မျက်ကွင်းညိုတာနဲ့ မျက်တွင်း ဟောက်ပက် ဖြစ်တာမျိုးကို တွေ့ဖူးမှာပါ။ ဒါထက် ပိုဆိုးတာက ကော်တီဇော အဆင့်မြင့်တက် လာခြင်းဟာ အရေပြားမှာ ကော်လာဂျင် ထုတ်လုပ်မှုကို နှေးစေပြီး အရေးကြောင်း တွေကို ဖြစ်လာစေပါတယ်။


 


သင်ဟာ နာကျင်မှု ပိုခံစားရတယ်


ခါးနာတာနဲ့ အဆစ်ရောင် နာလိုမျိုး နာတာရှည် နာကျင်မှုတွေဟာ သင့်ကို အိပ်မရအောင် ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် အလွန်အမင်း အိပ်ရေးမဝခြင်းကလည်း နာကျင်မှုတွေကို ပိုပြီး အရှိန်မြှင့်စေ နိုင်ပါတယ်။


 


သင့်မှာ ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်များတယ်


လေ့ကျင့်ခန်းဟာ ကင်ဆာရောဂါကို ကာကွယ်ရာမှာ ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် အိပ်ချိန်နည်းလွန်းခြင်းက ဒီအကျိုးအာနိသင်ကို ဖယ်ရှားပစ်နိုင်ပါတယ် လို့ Johns Hopkin တက္ကသိုလ်မှ လေ့လာမှုက ဆိုပါတယ်။ သုတေသီတွေက ဆယ်စုနှစ်တစ်ခုကြာအောင် အမျိုးသမီး ၆၀၀၀ နီးပါးကို လေ့လာခဲ့ရာမှာ ညစဉ်ခုနစ်နာရီထက် လျော့နည်းပြီး အိပ်စက်တဲ့ လေ့ကျင့်ခန်းလုပ်သူတွေဟာ ပိုအိပ်တဲ့ လေ့ကျင့်ခန်းလုပ်တွေသူတွေထက် ကင်ဆာဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းပိုများတာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းမလုပ်တဲ့သူတွေ ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်နဲ့ တူနေပါတယ်။ အိပ်စက်မှု မလုံလောက်ခြင်းဟာ လေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးတွေကို ဖျက်ဆီးပစ်ပြီး ဟော်မုန်းနဲ့ ဇီဝဖြစ်ပျက်မှုမှာ ကမောက်ကမဖြစ်စေကာ ကင်ဆာရောဂါဖြစ်ပွားမှုနဲ့ ဆက်စပ်နေပါတယ်။


============================================================================================


အိပ်စက်ချိန် လုံလောက်စွာ မရခြင်းဟာ အာရုံစူးစိုက်မှု မရခြင်း၊ လုပ်ငန်းခွင် စွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ လိင်ဆက်ဆံမှု စတဲ့ ဘဝရဲ့ကျန်းမာရေး ဆိုင်ရာ ကိစ္စအဝဝကို ထိခိုက်စေပါတယ်။


အမျိုးသမီးတွေမှာ ဆိုရင်ရန်လိုခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် ဒေါသထွက်လွယ်ခြင်းတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါ့အပြင် သွေးတိုးနဲ့ နှလုံးရောဂါ ဖြစ်ပေါ်မှုအန္တရာယ်တွေ ကိုလည်းမြင့်တက် စေပါတယ်။ အဲဒီလိုဖြစ်ပေါ်မှုကို ရှောင်ရှားနိုင်မယ့် နည်းလမ်းတွေကို တင်ပြ လိုက်ပါ တယ်။


၁။ စိတ်ညစ်ညူးဖွယ် ဆူညံသံများ မရှိပါစေနှင့်


ဟောက်တတ်တဲ့ အိမ်ထောင်ရှင် ယောကျ်ားဘေးမှာ ရှိနေရင် သာယာနာပျော်ဖွယ် တေးသံကို နားကြပ်နဲ့ နားထောင်ရင်း အိပ်စက် နိုင်ပါတယ်။ နူးညံ့တဲ့ အကာအကွယ်ပါပြီး ပါးလွှာတဲ့ စပီကာတွေပါတဲ့ နားကြပ်ကို အသုံးပြုနိုင်ပါတယ်။


၂။ သင့်ရဲ့ခန္ဓာကိုယ်ကို ပြင်ဆင်ပါ


ခြေချောင်းလေးတွေကို ကွေးကျုံ့ပြီး နံပါတ်စဉ်တစ်ကနေ ခုနစ်အထိရေတွက်ပါ။ သင့်ရဲ့ခြေချောင်းတွေကနေ လည်ပင်း အထိ ကြွက်သားအုပ်စု အသီးသီးကို အဲဒီလို ထပ်တလဲလဲ ပြုလုပ်ပါလို့ အမေရိကန် ပြည်ထောင်စု ဆီယက်တယ်မြို့က အိပ်စက်ခြင်း ဆေးပညာ ဆိုင်ရာ သိပ္ပံညွှန်ကြားရေးမှူး ကက်သရင်းဒါလေက အကြံပေးခဲ့ပါတယ်။


၃။ မအိပ်မီ မှတ်စုများရေးသားပါ


သင့်ရဲ့နေ့စဉ်လုပ်ငန်း ဆောင်တာတွေဟာ သင်ဘယ်လောက် ကောင်းကောင်း အိပ်စက်နိုင်မလဲ ဆိုတာကို သက်ရောက်မှု ရှိပါတယ်။ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့မှတ်စုတွေကို ပြုစုထားသင့်တယ်လို့ ''အိပ်မပျော်ခြင်း ဆိုင်ရာ လုပ်ငန်းစာအုပ်'' ကိုရေးသားသူ စတက်ဖနီ ဆေးလ်ဗားမင်းက ဆိုခဲ့ပါတယ်။


၄။ အိပ်ခန်းပတ်ဝန်းကျင်ကို အေးချမ်းအောင်ထားပါ


အခန်းဟာ အပူချိန်အေးတဲ့ ဘက်ကိုရောက်နေရင် ပိုမို အိပ်ချင်စိတ်ဖြစ်လာပြီး ကောင်းမွန်စွာလည်း အိပ်ပျော်နိုင်ပါတယ်။ ဒါကြောင့် အခန်းအပူချိန်ကို ၆၅ ဒီဂရီ သို့မဟုတ် သူ့ထက်နိမ့်အောင် ထားသင့်ပါတယ်။ အေးမြတဲ့ အိပ်ရာခင်းထားရှိပြီး အသက်ရှူလို့ကောင်းတဲ့ ညဝတ်အင်္ကျီတွေ ဝတ်ဆင်သင့်ပါတယ်။


၅။ မှန်ကန်စွာ အပန်းဖြေပါ


နေ့ဘက်မှာ လှုပ်ရှားဆောင်ရွက် ခဲ့သမျှတွေကို ပြန်လည်တွေးနေမယ့်အစား အိပ်ရာဝင်တဲ့အခါ ဂျာနယ်တစ်စောင်ကို အနည်းဆုံး နှစ်နာရီလောက် ဖတ်ပြီး သက်သက်သာသာ အပန်းဖြေသင့်ပါတယ်။ မအိပ်ခင်မှာ သက်သောင့်သက်သာရှိတဲ့ လေ့ကျင့်ခန်းတစ်ခုကို စိတ်ကူး ထဲမှာ လုပ်သင့်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်း အားဖြင့် သင့်ရဲ့ ဦးနှောက်ကို သက် သာ စေနိုင်ပါတယ်။ ။


Thursday, November 25, 2021

သားဥအိမ် မှာရေအိတ်ဖြစ်ခြင်း


အမျိုးသမီးတွေရဲ့ သားအိမ်တစ်ဖက်တစ်ချက်စီမှာ သားဥအိမ်နှစ်လုံးရှိပါတယ်။ မျိုးဆက်ပွားနိုင်တဲ့  အရွယ်ရောက်လာတဲ့အခါ သားဥအိမ်က မမျိုးဥထုတ်ပေးပြီးတော့ ရင့်မှည့်လာတဲ့မမျိုးဥတွေက လစဉ်ဓမ္မတာ လာတဲ့အခါမှာ ကြွေကျသွားပါတယ်။                                                                                                                                                                                              သားဥအိမ်အတွင်းမှာ (သို့) သားဥအိမ်နံရံမှာ အရည်အိတ်လေးဖြစ်လာတာကို သားဥအိမ် မှာရေအိတ်ဖြစ်တယ်လို့ခေါ်ပါတယ်။ အမျိုးသမီးအများစုမှာ ရေအိတ်တွေရှိတတ်ပါတယ်။ ရေအိတ် အများစုက ရောဂါလက္ခဏာမပြသလို အန္တရာယ်လည်းမရှိပါဘူး။ ဒါ့အပြင် ကုသမှုခံယူစရာမလိုဘဲ လအနည်းငယ်အတွင်းမှာ သူ့အလိုလိုပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ရေအိတ်ပေါက်ထွက်သွားရင် ပြင်းထန်တဲ့ရောဂါလက္ခဏာတွေပြတတ်ပါတယ်။ ကာကွယ်နိုင်မယ့်အကောင်းဆုံးနည်းလမ်းကတော့ အန္တရာယ်ရှိတဲ့ရောဂါလက္ခဏာတွေကို သိထားပြီး ပုံမှန်စစ်ဆေးမှုတွေလုပ်နေဖို့ပဲဖြစ်ပါတယ်။

ရောဂါလက္ခဏာများ

      အများစုက ရောဂါလက္ခဏာမပြဘဲ သူ့အလိုလိုပြန်ပျောက်သွားတတ်ပါတယ်။ ရေအိတ်ကြီး ရင်တော့ အောက်ပါရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။

- ဗိုက်အောက်ပိုင်းအောင့်ခြင်း၊ နောက်ကျောနဲ့ ပေါင်တွေပါ နာတတ်ပါတယ်။

- ရာသီမလာမီ (သို့) ရာသီပြီးခါနီး အချိန်များတွင် ဗိုက်အောင့်ခြင်း

- လိင်ဆက်ဆံစဉ် ဗိုက်အောင့်ခြင်း

- ပျို့ခြင်း၊ အန်ခြင်း၊ ရင်သားများနာကျင်ခြင်း (ကိုယ်ဝန်ဆောင်စဉ်ကြုံတွေ့ရတတ်သော လက္ခဏာများကဲ့သို့)

- ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း

- ရေအိတ်ကဆီးအိမ်ကိုဖိမိခြင်းကြောင့် ဆီးမကြာခဏသွားချင်ခြင်း၊ ဆီးကျန်သလိုခံစားရခြင်း

ရေအိတ်ဖြစ်စေသောအကြောင်းအရင်းများ

        အများစုက ရာသီစက်ဝန်းရဲ့ပုံမှန်ဖြစ်စဉ်အရ ရေအိတ်ဖြစ်လာလေ့ရှိပါတယ်။ ဒါတွေကိုတော့ Functional cyst လို့ခေါ်ပါတယ်။

Functional Cyst

Functional Cyst နှစ်မျိုးရှိပါတယ်။

1️⃣ Follicular cyst

        ရာသီစက်ဝန်းရဲ့အလယ်လောက်မှာ follicle ပေါက်ကွဲပြီး အထဲက မမျိုးဥထွက်လာပါတယ်။ မမျိုးဥက သားဥပြွန်တစ်လျှောက်ဆင်းသွားပြီး သုတ်ပိုးနဲ့တွေ့ကာ သန္ဓေအောင်ခြင်းဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ပြဿနာတစ်စုံတစ်ခုကြောင့်ပုံမှန်အတိုင်း follicle မပေါက်ကွဲဘဲ ဆက်ကြီးထွားလာပြီး ရေအိတ်ဖြစ်သွားတတ်ပါတယ်။

2️⃣Corpus luteum cyst

        Follicle ထဲက မမျိုးဥထွက်လာပြီးချိန်မှာ သန္ဓေတည်ဖို့အတွက်လိုအပ်တဲ့ အီစရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေ အများကြီးထုတ်ပေးပါတယ်။ ဒါကို corpus luteum လို့ခေါ်ပါတယ်။ တစ်ခါတစ်လေမှာ မမျိုးဥထွက်သွားတဲ့အပေါက်က ပိတ်သွားပြီးတော့ follicle ထဲမှာ အရည်တွေပိတ်ပြီး ရေအိတ်အနေနဲ့ကြီးထွားလာပါတယ်။

Functional cyst တွေက နာကျင်ခြင်းမရှိ၊ အန္တရာယ်မပေးဘဲ ရာသီစက်ဝန်း 2 ခါ 3 ခါလောက်အတွင်း သူ့အလိုလိုပြန်ပျောက် သွားတတ်ပါတယ်။

အခြားအိတ်များ

Dermoid cyst - ဆံပင်၊ အရေပြား၊ သွား စတဲ့တစ်သျှူးအပိုင်းအစလေးတွေပါဝင်ပါတယ်။ ကင်ဆာဖြစ်ခဲပါတယ်။

Cystadenomas - သားဥအိမ်တစ်သျှူးတွေကနေဖြစ်လာပြီးတော့ အရည်ကျဲကျဲ (သို့) အချွဲရည်တွေပါဝင်ပါတယ်။

Endometriomas - သားအိမ်ဆဲလ်တွေပြင်ပကို ပျံ့နှံ့ကြီးထွားလာခြင်းကြောင့်ဖြစ်တဲ့ အိတ်တစ်မျိုးဖြစ်ပါတယ်။

Dermoid cyst နဲ့ Cystadenomas တွေက ကြီးထွားလာတတ်ပြီး သားဥအိမ်ကို သူ့ရဲ့မူလနေရာကနေ တွန်းထုတ်လိုက်နိုင်ပါတယ်။ ဒီအခါ သားဥအိမ်လိမ်သွားနိုင်ပြီး ဗိုက်အောင့်စေနိုင်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

        အမျိုးသမီးအချို့မှာ ရောဂါလက္ခဏာပြသခြင်းမရှိဘဲ စမ်းသပ်စစ်ဆေးကြည့်မှသာ ရေအိတ် ကိုတွေ့ရတတ်ပါတယ်။ သွေးဆုံးပြီးချိန်မှ ဗိုက်မှာအလုံးတွေ့ရင်တော့ ကင်ဆာဖြစ်နိုင်ချေများပါတယ်။ ဒါကြောင့် ပုံမှန်စစ်ဆေးမှုခံယူဖို့အရေးကြီးပါတယ်။

အဖြစ်နည်းသော ဆိုးကျိုးများ

❇️သားဥအိမ်လိမ်သွားခြင်း - ရေအိတ်က အရမ်းကြီးလာတဲ့အခါမှာ သားဥအိမ်က မူလနေရာကနေရွေ့သွားပြီးတော့ လိမ်သွားနိုင်ပါတယ်။

❇️ပေါက်ထွက်ခြင်း - ပေါက်ထွက်သွားရင် ပြင်းထန်စွာဗိုက်အောင့်ခြင်း၊ သွေးယိုစီးခြင်းတွေဖြစ်နိုင်ပါတယ်။

စမ်းသပ်စစ်ဆေးခြင်း

        ဆရာဝန်က စမ်းသပ်ကြည့်တဲ့အခါမှာ ရေအိတ်ရှိတယ်လို့သံသယရှိရင် အောက်ပါအချက်တွေကို စမ်းစစ်ပြီး ရောဂါဖော်ထုတ်ပါလိမ့်မယ်။

အရွယ်အစား - ဘယ်လောက်ကြီးလဲ

ပါဝင်မှု - အရည်၊ အစိုင်အခဲ၊ အရော? အရည်တွေပဲပါရင် ကင်ဆာဖြစ်နိုင်ချေနည်းပါတယ်။ အစိုင်အခဲ (သို့) အရောဆိုရင်တော့ ကင်ဆာဟုတ်မဟုတ်ထပ်ပြီး စစ်ဆေးမှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်။

ကိုယ်ဝန်ရှိ/မရှိစစ်ဆေးခြင်း - ကိုယ်ဝန်ရှိ/မရှိဆီးစစ်ကြည့်လို့ ကိုယ်ဝန်ရှိတယ်လို့ထွက်ရင် Corpus luteum cyst ဖြစ်နိုင်ပါတယ်။

Pelvic ultrasound - မိန်းမကိုယ်ကို အာထရာဆောင်းရိုက်ကြည့်ပြီး သားအိမ်၊ သားဥအိမ်တွေကိုကြည့်နိုင်ပါတယ်။ ရေအိတ်ရှိ/မရှိ၊ ရေအိတ်ရှိပါက နေရာ၊ ပါဝင်မှုတွေကို ကြည့်နိုင်ပါတယ်။

Laparoscopy - ဝမ်းဗိုက်တွင် အပေါက်သေးသေးလေးဖောက်ပြီး မှန်ပြောင်းထည့်ကာ သားဥအိမ်တွေကိုကြည့်နိုင်သလို ရေအိတ်ကိုလည်း ထုတ်နိုင်ပါတယ်။

CA 125 blood test - သွေးတွင်းရှိ ကင်ဆာကိုညွှန်ပြတဲ့ဓာတ်တစ်မျိုးဖြစ်တဲ့ CA 125 ပမာဏကို တိုင်းတာနိ်ုင်ပါတယ်။ ကင်ဆာရောဂါများတွင် CA 125 ပမာဏမြင့်တက်လေ့ရှိသော်လည်း အချို့သောရောဂါများတွင် ကင်ဆာမဟုတ်သော်လည်း CA125 များနေတတ်ပါတယ်။

ကုထုံးများ

        လူနာရဲ့ အသက်၊ ရေအိတ်အရွယ်အစား၊ ရောဂါလက္ခဏာတွေအပေါ်မူတည်ပြီး ကုထုံးအမျိုးမျိုးရှိပါတယ်။

စောင့်ကြည့်ခြင်း - အများအားဖြင့် ရေအိတ်သူ့အလိုလိုပျောက်သွားမှုရှိမရှိ လအနည်းငယ်စောင့်ကြည့်ပြီးမှ ပြန်လည်စစ်ဆေးနိုင်ပါတယ်။ ဘယ်အသက်အရွယ်မဆို ရောဂါလက္ခဏာလည်းမပြ အာထရာဆောင်း(Ultrasound)မှာလည်း ရေအိတ်သေးသေးပဲဆိုရင် စောင့်ကြည့်ဖို့ညွှန်ကြားပါလိမ့်မယ်။

သန္ဓေတားဆေးများ - နောက်ထပ် ရာသီလာတဲ့အခါမှာ ရေအိတ်တွေထပ်မဖြစ်အောင်ကာကွယ်ဖို့အတွက် သန္ဓေတားဆေးသောက်ဖို့ညွှန်ကြားပါလိမ့်မယ်။ သန္ဓေတားဆေးတွေက သားဥအိမ်ကင်ဆာဖြစ်နိုင်ချေကိုလည်း လျော့ကျစေပါတယ်။


ခွဲစိတ်မှု - ရေအိတ်အရွယ်အစားကြီးပြီး functional cyst မဟုတ်ဘဲ အရွယ်ကဆက်ပြီးကြီးနေမယ် (သို့) ရာသီ 2-3 ခါလောက်လာပြီးတဲ့အထိ ဆက်ရှိနေမယ်ဆိုရင်တော့ ခွဲစိတ်ပြီးထုတ်ပစ်ဖို့ညွှန်ကြားပါလိမ့်မယ်။

ကာကွယ်ခြင်း

         ကာကွယ်နိုင်မယ့်နည်းလမ်း တိတိကျကျမရှိပေမယ့် ပုံမှန်စစ်ဆေးခြင်းဖြင့် ရောဂါ ကိုစောစောသိနိုင်ပါတယ်။ မိမိရဲ့ ဓမ္မတာလာချိန် အပြောင်းအလဲတွေကို သတိထားကြည့်ပါ။ ရာသီလာချိန်တွင်ဖြစ်လေ့ဖြစ်ထမရှိသော လက္ခဏာများခံစားရပြီး လအတန်ကြာခံစားရခြင်းတွေကို သတိထားမိရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

Credit- မူရင်းရေးသားသူ

Friday, April 11, 2014

~မ်က္စိ အားစိုက္ရျခင္း~

ကြန္ပ်ဴတာ စကရင္ကို ေန႔စဥ္ ႏွစ္နာရီေလာက္သာ
ၾကည့္႐ႈသူေတြမွာေတာင္ ကြန္ပ်ဴတာ အျမင္လကၡဏာစု (Computer Vision Syndrome) ကို
ခံစားဖူးၾက ရပါတယ္။ မ်က္စိအားစိုက္ရတာ၊ အျမင္ေဝဝါးတာ၊ ေခါင္းကိုက္တာနဲ႔
မ်က္စိေျခာက္ေသြ႕တဲ့ လကၡဏာေတြပါ။ သင္ဟာ သင့္ေမြးေန႔ Card ကိုဖတ္ဖို႔
မ်က္စိအားစိုက္ရရင္ ဒါမွမဟုတ္ ကြန္ပ်ဴတာ စကရင္ေပၚက စာေတြဖတ္ဖို႔ အျမင္ဝါးေ
နရင္ ေအာက္ပါတို႔ကို ျပဳလုပ္ၾကည့္ပါ။
(၁) သင့္မ်က္စိကို အနားေပးပါ... မ်က္စိ
အားစိုက္ရတာ သက္သာဖို႔ အေကာင္းဆံုး နည္းလမ္းဟာ မ်က္စိကို အနားေပးတာပါ။
သင္ဖုန္းေျပာ ေနစဥ္ အတြင္းမွာ ျပဳလုပ္ႏိုင္တဲ့ အလြယ္ဆံုး နည္းလမ္းပါ။ သင္ဟာ
စာေရးဖို႔ ဒါမွမဟုတ္ စာဖတ္ဖို႔ မလိုအပ္တဲ့အတြက္ ဖုန္းနဲ႔ စကားေျပာေနစဥ္မွာ
မ်က္စိပိတ္ထား လိုက္႐ံုပါပဲ။ သင္ေန႔စဥ္ ဖုန္းနဲ႔ စကားေျပာခ်ိန္ ဘယ္ေလာက္
ၾကာတယ္ ေပၚမူတည္ၿပီး သင့္မ်က္လံုးဟာ ေန႔စဥ္တစ္နာရီ ဒါမွမဟုတ္ ႏွစ္နာရီေလာက္
အနားရေနၿပီး ကြန္ပ်ဴတာအျမင္ လကၡဏာစုေတြ သက္သာသြားကာ မ်က္စိ အားစိုက္ရတာလည္း
သက္သာ သြားႏိုင္ပါတယ္။
 (၂) အလင္းေရာင္ကို ဂရုစိုက္ပါ... အလင္း
အားနည္းတဲ့ေနရာမွာ စာဖတ္လို႔ မ်က္စိကို မထိခိုက္ေပမယ့္ သင့္မ်က္စိ ပိုမို
အားစိုက္ရတတ္ ပါတယ္။ ဒါေၾကာင့္ စာဖတ္တဲ့အခ်ိန္မွာ ဖေယာင္းတိုင္မီး ဒါမွမဟုတ္
ဓာတ္မီးတိုင္မွ လမ္းမီးလိုမ်ဳိး မီးမွိန္မွိန္ေတြ ဒါမွမဟုတ္ မီးလံုး
မီးလိုမ်ဳိး မီးစူးစူးရွရွေတြ အသံုးမျပဳဘဲ သင့္မ်က္လံုးအတြက္ အလင္းေရာင္
လံုေလာက္စြာ ရရွိမယ့္ မီးမ်ဳိးကိုသာ အသံုးျပဳပါ။ သင္ရဲ႕ မ်က္လံုးကို
တိုက္႐ိုက္ ေရာက္ေစမယ့္ မ်က္စိတည့္တည့္က မီးအလင္းေရာင္ကိုလည္း အသံုးမျပဳမိဖို႔
သတိထားပါ။
 (၃) စာၾကည့္မ်က္မွန္ သံုးပါ... သင့္မ်က္စိ
ႏွစ္ဖက္စလံုးကအေဝးမွအရာေတြကို ေကာင္းေကာင္း ျမင္ေနရၿပီး စာဖတ္ရာမွာသာ
ခက္ခဲေနရင္ စာၾကည့္မ်က္မွန္ အသံုးျပဳပါ။
(၄) သင့္အတြက္ မွန္ကန္မယ့္ပါဝါကို
ေရြးပါ... ဘယ္စာၾကည့္ မ်က္မွန္က သင္နဲ႔ သင့္ေတာ္မလဲ ဆိုတာကို ေရြးဝယ္ပါ။
သင္လိုခ်င္တဲ့ အကြာအေဝးကေန စာဖတ္ရင္ ေကာင္းေကာင္း ျမင္ႏိုင္တဲ့
မ်က္မွန္ပါဝါကို ေရြးပါ။ သင္ေရြးတဲ့ ပါဝါဟာ သင့္အတြက္ သိပ္မ်ားေနရင္ သင္နဲ႔
အနီးကပ္ေနရာက အရာေတြကို ျမင္ေနရေပမယ့္ အဲဒီအကြာအေဝး ထက္ေက်ာ္သြားရင္
အျမင္ဝါးသြား ႏိုင္ပါတယ္။
(၅) အလုပ္ခ်ိန္အတြင္းမွာ မၾကာခဏ နားေပးပါ... သင္ဟာ
ကြန္ပ်ဴတာကို ေျခာက္နာရီေလာက္ အသံုးျပဳေနသူဆိုရင္ ႏွစ္နာရီမွ
သံုးနာရီျခားတိုင္း ေခတၱနားပါ။ ၁၀ မိနစ္၊ ၁၅ မိနစ္ေလာက္ ထမင္းစားတာ၊ လက္ဖက္ရည္
ေသာက္တာ၊ အိမ္သာ သြားတာလိုမ်ဳိး ျပဳလုပ္ၿပီး မ်က္စိကို အနားေပးပါ။ ကြန္ပ်ဴတာ
စကရင္ကို ၾကည့္ေနမယ့္အစား စာရြက္ေတြကို ပရင့္ထုတ္ပါ။
(၆) စကရင္ကို
အလင္းမွိန္ထားပါ... ကြန္ပ်ဴတာ စကရင္ အတြင္းမွာရွိတဲ့ မီးသီးေတြက အလင္းေရာင္စာ
သင့္မ်က္စိကို တိုက္႐ိုက္ ေရာက္ရွိႏိုင္ပါတယ္။ ဒါေၾကာင့္ ကြန္ပ်ဴတာ စကရင္က
brightness ကို ေလွ်ာ့ထားပါ။
 (၇) ကြန္ပ်ဴတာကိုအေမွာင္ထဲမွာထားပါ... ကြန္ပ်ဴတာ
စကရင္ကို အမည္းေရာင္ဘူး (Black Box) ထဲမွာထားၿပီး brightness အဆင့္ကို
အနိမ့္ဆံုးမွာထားပါ။ ဒါမွမဟုတ္ ကြန္ပ်ဴတာ စကရင္အေပၚမွာ စကရင္ cover ခံထားပါ။
(၈) ေရေႏြးၾကမ္း အုပ္ေပးပါ... ေရေႏြးၾကမ္းကိုနည္းနည္းအေအးခံပါ။ ေႏြးေႏြးေလး
ျဖစ္ေနတဲ့ ေရေႏြးၾကမ္းထဲကိုမ်က္ႏွာသုတ္ပဝါ
ေသးေသးေလးထည့္စိမ္ၿပီးမ်က္ႏွာသုတ္ပဝါကို ေရညႇစ္ပါ။ လဲေလ်ာင္းၿပီး အဲဒီ
မ်က္ႏွာသုတ္ပဝါကို သင့္မ်က္စိေပၚ ၁၀ မိနစ္မွ ၁၅မိနစ္ထိ အုပ္ထားေပးပါ။
(၉)
မ်က္စိအတြက္ ေယာဂက်င့္ပါ... သင့္လက္ဖဝါး ႏွစ္ဖက္ကို ပူေႏြးလာေအာင္ အတူတူ
ပြတ္တုိက္ေပးပါ။ မ်က္စိ မွိတ္ထားၿပီး လက္ဖဝါးကို မ်က္လံုးေပၚ ဖံုးအုပ္ထားပါ။
ျဖည္းျဖည္းနဲ႔ နက္နက္နဲနဲ အသက္႐ွဴၿပီး မ်က္စိမွာ အမည္းေရာင္ ျမင္လာတဲ့အထိ
ျမင္ေယာင္ၾကည့္ပါ။ ေန႔စဥ္မိနစ္ ၂၀ ခန္႔ျပဳလုပ္ပါ။
(၁၀) မ်က္ေတာင္ခတ္ပါ...
ေန႔စဥ္ အႀကိမ္ ၃၀၀ ခန္႔ မ်က္ေတာင္ ခတ္ေပးပါ။ မ်က္ေတာင္ တစ္ခါခတ္တုိင္း
မ်က္လံုးကို သန္႔စင္ ေပးေနပါတယ္။
 (၁၁) ဆရာဝန္နဲ႔ ဘယ္အခ်ိန္ျပမလဲ... သင္ အသက္
၄၀ ေက်ာ္ေနၿပီး မ်က္စိအားစိုက္ ေနရရင္ သင့္မ်က္လံုး တစ္ဖက္ အတြင္းဝင္တာ
ဒါမွမဟုတ္ အျပင္ ထြက္တာလိုမ်ဳိး Misalignment ျဖစ္သြားလို႔ပါ။ မ်က္စိ အထူးကု
ဆရာဝန္နဲ႔ ျပသရမွာျဖစ္ၿပီး သင့္ကို မ်က္စိ ေလ့က်င့္ခန္း လုပ္ခိုင္းတာ၊ Prism
မ်က္မွန္ တပ္ခိုင္းတာ ဒါမွမဟုတ္ လိုအပ္ရင္ မ်က္စိ ႂကြက္သားေတြကို ခြဲစိတ္ၿပီး
ျပဳျပင္ေပးတာေတြ လုပ္ေပးႏိုင္ ပါတယ္။ သင့္မ်က္စိထဲမွာ နာက်င္တာ ဒါမွမဟုတ္
အလင္းေရာင္ကို အၾကည့္မခံႏိုင္တာ ျဖစ္ရင္လည္း မ်က္စိ အထူးကု ဆရာဝန္နဲ႔ ျပသပါ။

သင္မအိပ္တဲ႔အခါ ျဖစ္ေပၚလာေသာ ေနာက္ဆက္တဲြအက်ိဳးမ်ား

သင္ဟာ ညစဥ္လံုေလာက္ေအာင္မအိပ္စက္ဘဲ အခ်ိန္ေခၽြတာတဲ့အေနနဲ႔ အိပ္ခ်ိန္ နည္းနည္းပဲ ထားမယ္ဆိုရင္ ျပင္းထန္တ့ဲ က်န္းမာေရးျပႆနာေတြ ျဖစ္လာႏိုင္ပါတယ္။ အိပ္စက္ျခင္းဟာ သင့္ခႏၶာကိုယ္ကို အားသစ္ေလာင္းေပးတာပဲျဖစ္ၿပီး ညစဥ္ ၇-၉ နာရီခန္႔အထိ လံုေလာက္ေအာင္ အိပ္စက္အနားယူသင့္ပါတယ္။ သင္ဟာ အလုပ္ မ်ားလြန္းတဲ့အတြက္ သင္လုပ္ရမယ့္ စာရင္းထဲမွာ အိပ္စက္ျခင္းက ေအာက္ဆံုး အဆင့္မွာရိွေနရင္ လံုေလာက္ေအာင္ မအိပ္တဲ့အတြက္ သင့္မွာျဖစ္လာမယ့္ ေအာက္ပါအေျခအေနေတြကို သတိျပဳေလ့လာၾကည့္လိုက္ပါ။



သင္ဟာ သေရစာမုန္႔ကို စားခ်င္ေနတယ္

အိပ္စက္ခ်ိန္ အလြန္နည္းပါးျခင္းဟာ အစာစားခ်င္စိတ္ကို မွန္ကန္ေအာင္ ထိန္းခ်ဳပ္ေပးႏိုင္တဲ့ ေဟာ္မုန္းေတြကို ကေမာက္ကမျဖစ္ေစၿပီး အဆီမ်ားတဲ့အစာနဲ႔ ကာဗိုဟိုက္ဒရိတ္မ်ားတဲ့ အစာေတြကို စားခ်င္စိတ္ပိုမ်ားလာေစပါတယ္။ ဒီအခါ သင္ဟာ သင့္ခႏၶာကိုယ္က လိုအပ္တဲ့ ကယ္လိုရီထက္ပိုေအာင္ စားမိပါေတာ့တယ္။ ေလ့လာမႈတစ္ခုအရ ႏွစ္ည လံုေလာက္ ေအာင္ မအိပ္စက္ခဲ့ရသူေတြမွာ ဆာေလာင္မႈကို တိုးေစတဲ့ Ghrelin ေဟာ္မုန္းက ပိုမ်ား ေနၿပီး အစာစားခ်င္စိတ္ကို ဖိႏိွပ္တဲ့ Leptin ေဟာ္မုန္းက နည္းေနတာကို ေတြ႕ရိွခဲ့ ပါတယ္။ ဒီလိုျဖစ္ေနတာဟာ အခ်ိန္ၾကာလာတာနဲ႔ အမွ် ကိုယ္အေလးခ်ိန္တိုးလာပါလိမ့္မယ္။



သင္ဟာ ေရာဂါပိုးေတြရဲ႕သားေကာင္း ျဖစ္ေနတယ္

ညစဥ္ ၇ နာရီထက္ေလ်ာ့နည္းၿပီး အိပ္စက္တဲ့သူေတြဟာ အေအးမိ ေရာဂါျဖစ္ႏိုင္ေျခ သံုးဆပိုမ်ားတယ္လို႔ JAMA ေလ့လာမႈတစ္ခုက ဆိုပါတယ္။ တျခားေလ့လာမႈတစ္ခုကေတာ့ အိပ္ခ်ိန္ နည္းပါးသူေတြဟာ တုပ္ေကြးကာကြယ္ေဆး ထိုးၿပီးတဲ့အခါ ခႏၶာကိုယ္ ခုခံအားစနစ္ရဲ႕ သာမန္တံု႔ျပန္မႈ လံုေလာက္ေအာင္ တက္မလာတာကို ေတြ႕ရိွခဲ့ရပါတယ္။ ကာကြယ္ေဆးထိုးၿပီး ၁၀ရက္ၾကာတဲ့အခါ ခႏၶာကိုယ္ထဲမွာ ေရာဂါကို တိုက္ခိုက္မယ့္ ပဋိပစၥည္းထြက္ရိွမႈဟာ အိပ္ေရးမဝသူေတြမွာ ေကာင္းေကာင္းအိပ္စက္ရသူေတြရဲ႕ တစ္ဝက္သာရိွတာကို ေတြ႕ရိွရပါတယ္။ အိပ္စက္ျခင္းဟာ ကိုယ္ခံအားစနစ္ကို အားေပးၿပီး အိပ္စက္ခ်ိန္နည္းပါးလြန္းျခင္းဟာ ကိုယ္ခံအားစနစ္ကို ထိခိုက္ေစတယ္ဆိုတာကို ဒီသုေတသနေတြကၫႊန္ျပေနပါတယ္။

သင္ သၾကားကို ေခ်ဖ်က္ႏိုင္စြမ္းနည္းသြားတယ္

သၾကား (အခ်ိဳဓာတ္) ဆိုတာ သင့္ခႏၶာကိုယ္ထဲမွာရိွတဲ့ ဆဲလ္တိုင္းက အလုပ္လုပ္ဖို႔ လိုအပ္တဲ့ ေလာင္စာပဲျဖစ္ပါတယ္။ ေျခာက္ရက္ခန္႔အိပ္ေရးမဝခဲ့သူေတြမွာ အင္ဆူလင္ကို ခုခံမႈတိုးလာတယ္လို႔ ခ်ီကာဂို တကၠသိုလ္မွ သုေတသီေတြက ဆိုပါတယ္။ အင္ဆူလင္ ဆိုတာ ေသြးထဲမွာ ဆဲလ္ေတြဆီကို ဂလူးကို႔စ္သယ္ပို႔ရာမွာ ကူညီေပးတဲ့ ေဟာ္မုန္း ျဖစ္ပါတယ္။ တျခားေလ့လာမႈတစ္ခုမွာေတာ့ တစ္ညမွာ အိပ္ခ်ိန္ေျခာက္နာရီထက္ ေလ်ာ့နည္းသူေတြဟာ သၾကားကိုမွန္မွန္ကန္ကန္ ေခ်ဖ်က္ႏိုင္စြမ္းမရိွတာကို ေတြ႕ရပါတယ္။ ဒါဟာ နာတာရွည္ေရာဂါတစ္ခုျဖစ္တဲ့ အမ်ိဳးအစား(၂) ဆီးခ်ိဳးေရာဂါကို ျဖစ္လာေစႏိုင္ပါတယ္။



သင္ဟာ မဆံုးႏိုင္ေတာ့တဲ့ စိတ္ဖိစီးမႈ ဝဲဂယက္ထဲမွာ ေရာက္ေနပါတယ္

ခ်ီကာဂိုတကၠသိုလ္မွ ေလ့လာမႈအရ အိပ္စက္မႈ မလံုေလာက္ျခင္းဟာ ေန႔လယ္ ေန႔ခင္းနဲ႔ ညေနခင္းမွာ စိတ္ဖိစီးမႈ ေဟာ္မုန္းျဖစ္တဲ့ ေကာ္တီေဇာ ေတြကို ျမင့္တက္ေစၿပီး ႏွလံုးခုန္ႏႈန္းျမန္တာ၊ ေသြးဖိအားျမင့္တက္တာနဲ႔ ေသြးတြင္း သၾကားဓာတ္ ျမင့္တက္လာတာေတြ ျဖစ္ေစႏိုင္တာကို ေတြ႕ရိွရပါတယ္။ ဒါဟာ ေသြးတိုးေရာဂါ၊ ႏွလံုးေရာဂါနဲ႔ အမ်ိဳးအစား(၂) ဆီးခ်ိဳေရာဂါေတြ ျဖစ္ႏိုင္ေျခကို ပိုမ်ားေစပါတယ္။ အနာဂတ္မွာ ျဖစ္လာမယ့္ ဒီက်န္းမာေရး ျပႆနာေတြ အျပင္ ေကာ္တီေဇာေၾကာင့္ျဖစ္လာတဲ့ ႏိုးၾကားမႈက သင္အိပ္စက္အနားယူရမယ့္အခ်ိန္မွာ အဆင္မေျပ ကသိကေအာက္ ျဖစ္ေစပါလိမ့္မယ္။



သင္ရဲ႕စိတ္အာ႐ံုဟာ ၾကည္လင္ျပတ္သားမႈ မရိွေတာ့ဘူး

ညမွာအိပ္ေရးမဝခဲ့ဘူးဆိုရင္ ေန႔ဘက္မွာ သငိရဲ႕စိတ္အာ႐ံုဟာ ၾကည္လင္ျပတ္သားမႈ မရိွဘဲ ဝိုးတိုးဝါးတာနဲ႔ ဇေဝဇဝါျဖစ္သလို ခံစားရပါတယ္။ ဒါဟာ ကားေမာင္းျခင္း အပါအဝင္ တခ်ိဳ႕အလုပ္ေတြ လုပ္ရာမွာ အႏၲရာယ္မ်ားေစပါတယ္။ ၾကာရွည္ ေမာပန္းႏြမ္းနယ္ ေနသူေတြဟာ စိတ္ မေပ်ာ္ရႊင္တာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။ အိပ္စက္ျခင္းနဲ႔ စိတ္ခံစားမႈကို ဦးေႏွာက္ ထဲမွာ တူညီတဲ့ ဓာတုပစၥည္းေတြက ထိန္းခ်ဳပ္ထားတာေၾကာင့္ ျဖစ္ပါတယ္။



သင္ ႐ုပ္ရင့္လာပါတယ္

အိပ္စက္မႈနဲ႔ အလွအပၾကားမွာ ဆက္စပ္မႈ ရိွေနပါတယ္။ အိပ္ေရးပ်က္ျခင္းေၾကာင့္ မ်က္ကြင္းညိဳတာနဲ႔ မ်က္တြင္း ေဟာက္ပက္ ျဖစ္တာမ်ိဳးကို ေတြ႕ဖူးမွာပါ။ ဒါထက္ ပိုဆိုးတာက ေကာ္တီေဇာ အဆင့္ျမင့္တက္ လာျခင္းဟာ အေရျပားမွာ ေကာ္လာဂ်င္ ထုတ္လုပ္မႈကို ေႏွးေစၿပီး အေရးေၾကာင္း ေတြကို ျဖစ္လာေစပါတယ္။



သင္ဟာ နာက်င္မႈ ပိုခံစားရတယ္

ခါးနာတာနဲ႔ အဆစ္ေရာင္ နာလိုမ်ိဳး နာတာရွည္ နာက်င္မႈေတြဟာ သင့္ကို အိပ္မရေအာင္ ျဖစ္ေစႏိုင္ပါတယ္။ ဒါေပမယ့္ အလြန္အမင္း အိပ္ေရးမဝျခင္းကလည္း နာက်င္မႈေတြကို ပိုၿပီး အရိွန္ျမႇင့္ေစ ႏိုင္ပါတယ္။



သင့္မွာ ကင္ဆာျဖစ္ႏိုင္တဲ့ အႏၲရာယ္မ်ားတယ္

ေလ့က်င့္ခန္းဟာ ကင္ဆာေရာဂါကို ကာကြယ္ရာမွာ ကူညီေပးႏိုင္ပါတယ္။ ဒါေပမယ့္ အိပ္ခ်ိန္နည္းလြန္းျခင္းက ဒီအက်ိဳးအာနိသင္ကို ဖယ္ရွားပစ္ႏိုင္ပါတယ္ လို႔ Johns Hopkin တကၠသိုလ္မွ ေလ့လာမႈက ဆုိပါတယ္။ သုေတသီေတြက ဆယ္စုႏွစ္တစ္ခုၾကာေအာင္ အမ်ိဳးသမီး ၆၀၀၀ နီးပါးကို ေလ့လာခဲ့ရာမွာ ညစဥ္ခုနစ္နာရီထက္ ေလ်ာ့နည္းၿပီး အိပ္စက္တဲ့ ေလ့က်င့္ခန္းလုပ္သူေတြဟာ ပိုအိပ္တဲ့ ေလ့က်င့္ခန္းလုပ္ေတြသူေတြထက္ ကင္ဆာျဖစ္ႏိုင္ေျခ ၅၀ ရာခိုင္ႏႈန္းပိုမ်ားတာကို ေတြ႕ရိွခဲ့ပါတယ္။ ဒါေၾကာင့္ ေလ့က်င့္ခန္းမလုပ္တဲ့သူေတြ ကင္ဆာျဖစ္ႏိုင္တဲ့ အႏၲရာယ္နဲ႔ တူေနပါတယ္။ အိပ္စက္မႈ မလံုေလာက္ျခင္းဟာ ေလ့က်င့္ခန္းရဲ႕ အက်ိဳးေက်းဇူးေတြကို ဖ်က္ဆီးပစ္ၿပီး ေဟာ္မုန္းနဲ႔ ဇီဝျဖစ္ပ်က္မႈမွာ ကေမာက္ကမျဖစ္ေစကာ ကင္ဆာေရာဂါျဖစ္ပြားမႈနဲ႔ ဆက္စပ္ေနပါတယ္။

============================================================================================

အိပ္စက္ခ်ိန္ လံုေလာက္စြာ မရျခင္းဟာ အာ႐ံုစူးစိုက္မႈ မရျခင္း၊ လုပ္ငန္းခြင္ စြမ္းေဆာင္ရည္ က်ဆင္းျခင္းနဲ႔ လိင္ဆက္ဆံမႈ စတဲ့ ဘဝရဲ႕က်န္းမာေရး ဆိုင္ရာ ကိစၥအဝဝကို ထိခိုက္ေစပါတယ္။

အမ်ဳိးသမီးေတြမွာ ဆိုရင္ရန္လိုျခင္း၊ စိတ္ဓာတ္က်ျခင္းႏွင့္ ေဒါသထြက္လြယ္ျခင္းေတြနဲ႔လည္း ဆက္စပ္ေနပါတယ္။ ဒါ့အျပင္ ေသြးတိုးနဲ႔ ႏွလံုးေရာဂါ ျဖစ္ေပၚမႈအႏၲရာယ္ေတြ ကိုလည္းျမင့္တက္ ေစပါတယ္။ အဲဒီလိုျဖစ္ေပၚမႈကို ေရွာင္ရွားႏိုင္မယ့္ နည္းလမ္းေတြကို တင္ျပ လုိက္ပါ တယ္။

၁။ စိတ္ညစ္ညဴးဖြယ္ ဆူညံသံမ်ား မရွိပါေစႏွင့္

ေဟာက္တတ္တဲ့ အိမ္ေထာင္ရွင္ ေယာက်္ားေဘးမွာ ရွိေနရင္ သာယာနာေပ်ာ္ဖြယ္ ေတးသံကို နားၾကပ္နဲ႔ နားေထာင္ရင္း အိပ္စက္ ႏိုင္ပါတယ္။ ႏူးညံ့တဲ့ အကာအကြယ္ပါၿပီး ပါးလႊာတဲ့ စပီကာေတြပါတဲ့ နားၾကပ္ကို အသံုးျပဳႏိုင္ပါတယ္။

၂။ သင့္ရဲ႕ခႏၶာကိုယ္ကို ျပင္ဆင္ပါ

ေျခေခ်ာင္းေလးေတြကို ေကြးက်ဳံ႕ၿပီး နံပါတ္စဥ္တစ္ကေန ခုနစ္အထိေရတြက္ပါ။ သင့္ရဲ႕ေျခေခ်ာင္းေတြကေန လည္ပင္း အထိ ၾကြက္သားအုပ္စု အသီးသီးကို အဲဒီလို ထပ္တလဲလဲ ျပဳလုပ္ပါလို႔ အေမရိကန္ ျပည္ေထာင္စု ဆီယက္တယ္ၿမိဳ႕က အိပ္စက္ျခင္း ေဆးပညာ ဆိုင္ရာ သိပၸံၫႊန္ၾကားေရးမွဴး ကက္သရင္းဒါေလက အႀကံေပးခဲ့ပါတယ္။

၃။ မအိပ္မီ မွတ္စုမ်ားေရးသားပါ

သင့္ရဲ႕ေန႔စဥ္လုပ္ငန္း ေဆာင္တာေတြဟာ သင္ဘယ္ေလာက္ ေကာင္းေကာင္း အိပ္စက္ႏိုင္မလဲ ဆိုတာကို သက္ေရာက္မႈ ရွိပါတယ္။ အိပ္စက္ျခင္းနဲ႔ ပတ္သက္တဲ့မွတ္စုေတြကို ျပဳစုထားသင့္တယ္လို႔ ''အိပ္မေပ်ာ္ျခင္း ဆိုင္ရာ လုပ္ငန္းစာအုပ္'' ကိုေရးသားသူ စတက္ဖနီ ေဆးလ္ဗားမင္းက ဆိုခဲ့ပါတယ္။

၄။ အိပ္ခန္းပတ္ဝန္းက်င္ကို ေအးခ်မ္းေအာင္ထားပါ

အခန္းဟာ အပူခ်ိန္ေအးတဲ့ ဘက္ကိုေရာက္ေနရင္ ပိုမို အိပ္ခ်င္စိတ္ျဖစ္လာၿပီး ေကာင္းမြန္စြာလည္း အိပ္ေပ်ာ္ႏိုင္ပါတယ္။ ဒါေၾကာင့္ အခန္းအပူခ်ိန္ကို ၆၅ ဒီဂရီ သို႔မဟုတ္ သူ႔ထက္နိမ့္ေအာင္ ထားသင့္ပါတယ္။ ေအးျမတဲ့ အိပ္ရာခင္းထားရွိၿပီး အသက္႐ွဴလို႔ေကာင္းတဲ့ ညဝတ္အက်ႌေတြ ဝတ္ဆင္သင့္ပါတယ္။

၅။ မွန္ကန္စြာ အပန္းေျဖပါ

ေန႔ဘက္မွာ လႈပ္ရွားေဆာင္ရြက္ ခဲ့သမွ်ေတြကို ျပန္လည္ေတြးေနမယ့္အစား အိပ္ရာဝင္တဲ့အခါ ဂ်ာနယ္တစ္ေစာင္ကို အနည္းဆံုး ႏွစ္နာရီေလာက္ ဖတ္ၿပီး သက္သက္သာသာ အပန္းေျဖသင့္ပါတယ္။ မအိပ္ခင္မွာ သက္ေသာင့္သက္သာရွိတဲ့ ေလ့က်င့္ခန္းတစ္ခုကို စိတ္ကူး ထဲမွာ လုပ္သင့္ပါတယ္။ ဒီလိုလုပ္ေဆာင္ျခင္း အားျဖင့္ သင့္ရဲ႕ ဦးေႏွာက္ကို သက္ သာ ေစႏိုင္ပါတယ္။ ။



Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...