Thursday, July 12, 2018

ရုံးတွင်းအင်္ဂလိပ်စကား (၁)

ရုံးတွေမှာအလုပ်လုပ်ကြတဲ့အခါအချင်းချင်းပြောဆိုဆက်ဆံရတာတွေအများကြီးရှိပါတယ်။ ဘယ်ပစ္စည်းဘယ်မှာရှိတာ၊ အသုံးအဆောင်ပစ္စည်းလေးတွေငှားတာကအစ ပရင်တာအလုပ်မလုပ်တာမျိုး၊ ကိုယ်မှာထားတဲ့ပစ္စည်းဒီနေ့ဘာကြောင့်မရောက်တာလဲစိတ်ပူတာမျိုးတွေကအစ ပြောစရာတွေတပုံကြီးပါ။ ဒီတော့ အင်္ဂလိပ်စကားကိုရုံးတွင်းပြောဆိုရမယ့်အခြေအနေအတွင်းမှာအခြေခံထားတဲ့ သင်ခန်းစာတစ်ချို့တင်ပြသွားပါမယ်။



စက်ပစ္စည်းပြဿနာများ Machine Problems


ခေတ်သစ်ရုံးခန်းတွေဟာ ရုံးသုံးစက်ပစ္စည်းတွေ office automation  တွေနဲ့တန်ဆာဆင်ထားကြပါတယ်။ စက်ပစ္စည်းဖြစ်လေတော့ အချိန်တန်တဲ့အခါ၊ လူများလက်များတဲ့အခါ၊ မှားယွင်းအသုံးပြုမိတဲ့အခါ ပျက်တတ်ပါတယ်။ “ပရင်တာပျက်တယ်။ စာရွက်ညပ်တယ်။ ပြင်ရမယ်။ စာရွက်ကုန်သွားပြီ။ ထပ်မှာရမယ်” စတာတွေကို အောက်ပါအတိုင်းပြောနိုင်တယ်။



"Do you know what's wrong with the printer?"
ပရင်တာဘာဖြစ်လဲသိလားဟင်။

"Who do we call to report a problem with the printer?"
ပရင်တာဖြစ်တာ ဘယ်သူ့ကိုခေါ်ရမှာလဲ။

"When is the printer going to be fixed?"
ပရင်တာဘယ်တော့ပြင်ပြီးမှာလဲ။

"The printer next to the break room is broken. Where is the other printer?"
နားနေခန်းဘေးကပရင်တာပျက်နေတယ်။ တခြားပရင်တာဘယ်မှာလဲ။

"The copy machine is jammed again."
မိတ္တူကူးစက် စာရွက်ညပ်ပြန်ပြီ။

"The copy machine is broken."
မိတ္တူကူးစက်ပျက်နေတယ်။

"We need to get the copy machine fixed."
မိတ္တူကူးစက်ကိုပြင်ခိုင်းရမယ်။

"A technician is coming this afternoon to fix the copy machine."
ဒီနေ့လယ် မိတ္တူကူးစက်ပြင်ဖို့ စက်ပြင်ဆရာလာလိမ့်မယ်။

"Where is the paper for the copy machine?"
မိတ္တူကူးစက်နဲ့သုံးတဲ့စာရွက်ဘယ်မှာလဲ။

"We need to order more paper. We're running low."
စာရွက်ပိုမှာရမယ်။ ကုန်တော့မယ်။


စာပို့ခန်း Mail Room


ကုမ္ပဏီကြီးများမှာတော့ mail room ဆိုတာရှိပါတယ်။ ဝန်ထမ်းတစ်ယောက်ချင်းအတွက် ကိုယ်ပိုင် mail box ကလေးတွေထားပေးထားတယ်။ အသုံးဝင်မယ့်စာကြောင်းတစ်ချို့ပါ။ mail အစားယခုခေတ် email အတွက်လည်းအသုံးဝင်ပါတယ်။



"Where is the mail room?"
စာပို့ခန်း ဘယ်မှာလဲ။

"I don't have a mail box. Who should I contact to get one?"
ကျွန်တော့်မှာ စာတိုက်ပုံးမရှိသေးဘူး။ ဘယ်သူနဲ့ဆက်သွယ်ပြီးရအောင်လုပ်ရမလဲ။

"Your mail box was pretty full. You should go pick them up."
ခင်ဗျားစာတိုက်ပုံးပြည့်နေပြီ။ သွားယူလိုက်ဦး။

"I haven't checked my mail in 2 weeks."
စာတွေမစစ်တာ နှစ်ပတ်ရှိပြီ။

"What time does the delivery person usually come?"
စာပို့သမားဘယ်အချိန်လာလေ့ရှိလဲ။


ကုမ္ပဏီကြီးပြီဆိုလျှင်  အဆောက်အဦးကလည်းကြီး အခန်းတွေကလည်းများနဲ့ ရုံးတွင်းမှာတင် စာပို့ စာယူလုပ်ရတာသဘာဝပါ။ ဥပမာ စာရင်းစစ်ဌာနကို စာရင်းဇယားတွေပို့ချင်တယ်ဆိုရင် Inter Office mail service ရုံးတွင်းစာပို့စံနစ် (IO) ကိုသုံးရပါတယ်။



အသုံးအဆောင်ပစ္စည်းများတောင်းခံခြင်း Requesting Equipment


လုပ်ငန်းကြီးလျှင်ကြီးသလို လုပ်ငန်း၏အသုံးအဆောင်၊ ကိရိယာတန်ဆာပလာ တွေများလာသည့်အခါ store, warehouse လိုသီးသန့်ဌာနတစ်ခုကနေ ထုတ်ယူသုံးစွဲရပါတယ်။ အဲဒီအခါမှာအောက်ပါစကားတို့ကို ပြောဖို့လိုအပ်လာပါမယ်။



"I'm out of staples. Do we have any more in the supply room?"
စာအုပ်ချုပ်အပ် ကုန်နေပြီ။ စတိုခန်းထဲမှာ ရှိသေးလား။

"The supply room is running low on pens. I think we should get more."
စတိုခန်းမှာ ဘောပင်ကုန်ကာနီးနေပြီ။ ထပ်မှာရမယ်ထင်တယ်။

"My monitor is very old. It's a little blurry and it gives me a headache when I look at it for a long duration. Could I get a new monitor?"
ကျွန်တော့်မော်နီတာကအရမ်းဟောင်းနေပြီ။ နည်းနည်းမှုန်ဝါးဝါးဖြစ်နေတော့ ကြာကြာကြည့်လိုက်ရင် ခေါင်းမူးလာတယ်။ မော်နီတာအသစ်ရနိုင်မလား။

"My computer is too slow. It slows down my work. I would like a faster computer. It will increase my efficiency on many of my tasks."
ကျွန်တော့်ကွန်ပျူတာကအရမ်းလေးနေတယ်။ အလုပ်ဖင့်တယ်။ ကွန်ပျူတာအသစ်တစ်လုံး လောက်လိုချင်တယ်။ ကျွန်တော့်ရဲ့လုပ်ငန်းဆောင်တာတွေမှာပိုတွင်ကျယ်လာပါလိမ့်မယ်။

"I would like an ergonomic keyboard. I can type much faster with those."
ergonomic keyboard တစ်ခုလောက်လိုချင်တယ်။ အဲဒါနဲ့ဆိုပိုမြန်မြန်ရိုက်နိုင်မယ်။

*** ergonomic (adj) လုပ်ငန်းခွင်နှင့်လုပ်အားစွမ်းရည်မြှင့်တင်ရေး။ (၎င်းစံအရထုတ်လုပ်ထားသောအသုံးအဆောင်ပစ္စည်း)

"Can I get a new chair? This one is so uncomfortable."
လားထိုင်အသစ်တစ်လုံးလောက်ရနိုင်မလား။ ဒီတစ်လုံးကထိုင်ရတာအဆင်မပြေဘူး။

"Can you get me a headset for the telephone? I'm on the phone most of the day and I would like to free up my hands."
တယ်လီဖုန်းအတွက်နားကြပ်တစ်ခုလောက်ပေးနိုင်မလား။ တစ်နေကုန်ဖုန်းပြောနေရတော့ လက်နဲ့မကိုင်ဘဲထားချင်တယ်။ (လက်နဲ့အလုပ်လုပ်နိုင်အောင်)
Ref: Zarni (myway)

No comments:

Post a Comment

Featured Post

ပြည်ပသွားရောက်မည့် မြန်မာခရီးသွားများအတွက် သတိမူရမည့် အချက်အလက်များ

ယခုအခါ မြန်မာနိုင်ငံသားများသည် နိုင်ငံရပ်ခြားဒေသများသို့ စီးပွားရေးအခွင့်အလမ်းများ ရှာဖွေခြင်း၊ အလည်အပတ်ခရီး၊ ဘုရားဖူးခရီး အစရှိသည့် ပြည်ပ...