Monday, May 25, 2020

အလှအပဆိုင်ရာ သိသင့်သိထိုက်သော အချက်များနှင့် အကြံပြုချက်များ

ခေါင်းမှာ ဆံပင်ပုံသွင်းဆေးတို့၊ အလှဆီတို့လိမ်းထားတဲ့အခါမှာ ဆံပင်ကောက်တံကို သိပ်မသုံးပါနဲ့ ၊ ဆံပင်တွေ ကပ်တတ်ပါတယ်။ ဆံပင် အပူလောက်စေတဲ့ flat iron တွေကိုလည်း မသုံးဘူးလို့ J.Lo ရဲ့ hairstylist Oribe က ပြောပါတယ်။
ဆားဝက်ခြံတွေ အတွက်ကတော့ ကြက်ဥ အကာထဲမှာ Cotton Pad နှစ်ပြီး အဲဒီ cotton pad ကိုဆာားဝက်ခြံပေါ်မှာ အုပ်ထားပါ။ ကြက်ဥအကာရည် ခြောက်သွားရင် ပြန်ခွာထုတ်လိုက်ပါ။ ဒီလိုမျိုးနှစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် ချွေးပေါက်တွေ ပိတ်နေတဲ့အခါတိုင်းမှာ လုပ်ပေးပါ။
မိမိမျက်တောင်မွှေးတွေကို Vaseline လိမ်းပေးပါ။ တစ်နှစ်လောက် လိမ်းပေးပြီးရင်တော့ မျက်တောင်မွှေးတွေ ရှည်ထွက်လာတာကိုတွေ့ပါလိမ့်မယ်။
ဆံပင်အုံထူစေချင်ရင် မိမိရဲ့ဆံပင် ခွဲကြောင်းကို မကြာခဏပြောင်းပေးဖို့ပါပဲ။ နောက်ပြီး ဆံပင်ကို ခြောက်သွေ့အောင် လေမှုတ်တဲ့အခါ ခေါင်းကိုငိုက်ထားပြီး ခေါင်းနောက် ကနေလေမှုတ်ပေးပါ။
ဆံပင်တွေ ရှင်းသန့်တောက်ပြောင်စေချင်ရင် ဆော်ဒါမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း နဲ့ ခေါင်းလျှော်ရည် ၂ ကော်စာကို လက်ဖဝါးပေါ်မှာ ရောပြီး အမြုှပ်ထွက်လာတဲ့အထိ ခေါင်းမှာပွတ်လိမ်းပါ။ ဆံပင်သားထူးထူးခြားခြား တောက်ပြောင်လာပါလိမ့်မယ်။
ဈေးကြီးတဲ့ အင်္ကျီနဲ့ ပိုက်ဆံအိတ်တွေကို ဝယ်ပြီးငွေဖြုန်းမယ့်အစား လူတွေအရင်ဆုံးတွေ့မြင်နေတဲ့ မိမိရဲ့ အသားအရေအတွက် အရည်အသွေးကောင်းတဲ့ အရေပြား ထိန်းသိမ်းဆေးတွေသာ ဝယ်လိုက်ပါလို့ SKII training manager Angeline Yap ကဆိုပါတယ်။
ရုပ်ရှင်မင်းသမီး စကားလက်ဂျိုဟန်ဆင်ကတော့ တခြားဟာတွေ မလိုချင်ဘူး အသားအရေအတွက် အလှဆီနဲ့ နှုတ်ခမ်းနီ အနီရောင်ပဲလိုချင်ပါသတဲ့၊ သူစိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အခါမျိုးမှာ နှုတ်ခမ်းနီ အနီရောင်ဆိုးလိုက်ရင် နေသာထိုင်သာရှိသွားပြီး လူလည်းပိုကြည့်ကောင်းလာသတဲ့။
ဝက်ခြံနီရဲနေရင် မျက်စဉ်းဆေးကို ဂွမ်းစပေါ်မှာ အစက်ချပြီး အဲဒီဝါဂွမ်းစကို ဝက်ခြံပေါ်မှာ ၁၀စက္ကန့် ၁၅ စက္ကန့်လောက်ဖိထားပေးပါ။ မကြာခင် ဝက်ခြံနီရဲနေတာ အရောင်ကျသွားပါလိမ့်မယ်။
ခြောက်သွေ့တဲ့နှုတ်ခမ်းတွေအတွက် Vaseline နဲ့ပျားရည် အရောအနှောကို နှုတ်ခမ်းမှာ လိမ်းပေးပါတဲ့။ တစ်ပတ်ကို သုံးကြိမ်လောက် လိမ်းပေးရင် နှုတ်ခမ်းတွေ အက်ကွဲ ခြောက်သွေ့တာကို ကာကွယ်နိုင်ပါတယ်။
နှုတ်ခမ်းပေါ်က ခြောက်သွေ့နေတဲ့ အဖတ်ကို ခွာချဖို့ မကြိုးစားပါနဲ့ ။ ဒဏ်ရာဖြစ်တတ်ပါတယ်။ အကောင်းဆုံးက အဝတ်စသန့်သန့်နဲ့ ပွတ်တိုက်ပေးပါ။
ဆံပင်တွေရှုပ်ထွေးနေတာကို ပြေပျောက်စေပြီး ရွှ့န်းလဲ့တောက်ပြောင်စေချငရင် ဒန်ခွက်တစ်ခွက်ထဲမှာ သံပုရာသီး ၂လုံးစာ အရည်ညှစ်ထည့်းပြီး ရေနွေးရောပါ။ ခေါင်းလျှော်ပြီးတဲ့အခါ ဒီသံပုရာရည်နွေးနွေးကို ခေါင်းပေါ်လောင်းချပါ။ ပြီးရင် ဘီးနဲ့ဖီးပြီးရေလောင်းချပါ။    
အစားအသောက်ကလည်း အလှအပမှာ တစ်ခန်းတစ်ကဏ္ဍကပါဝင်ပါတယ်။ မျက်နှာပေါ်မှာ အစက်ပြောက်တွေ မြန်မြန်ပျောက်ချင်ရင်တော့ ပုဇွန်ဟင်းက အကောင်းဆုံးပါတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပုဇွန်မှာ ဇင့်သတ္တုဓါတ် အများဆုံးပါဝင်တယလေ။ ဇင့်က အသားအရေ ရောင်ရမ်းခြင်းကို လျော့ပါးစေတယ်။ ကိုယ်ခံအားကောင်းစေတဲ့အပြင် အသားအရေပေါ်က အစက်အပြောက်ကို စဖြစ်တဲ့ နေရာမှာတင် ရပ်တန့်စေပါတယ်။
 အိပ်ယာမဝင်ခင် ၃နာရီလောက်အတွင်းမှာ ကဖင်းဓါတ်ပါတဲ့အရည်နဲ့ အရက်ကို မသောက်သုံးသင့်ပါဘူး။ အိပ်တဲ့အခါမှာလည်း ခေါင်းအုံးမြင့်မြင့်ကြီးကိုအုံးပါ။ ဒါမှနိုးလာတဲ့အခါ မျက်လုံးမို့ဖောင်းဖောင်းကြီးဖြစ်မနေမှာပါ။
ဖန်ခွက်သောက်ပါ။အချိုကြိုက်ခြင်းဟာ အိုမင်းရင့်ရော်ခြင်းကို မြန်မြန်ဖြစ်စေပါတယ်။ အချိုဓါတ်ကို အာသာပြင်းပြတာကို ထိန်းချုပ်ဟန့်တားဖို့အတွက် အဆီမပါတဲ့အသားစားပေးပြီး ပရိုတင်းနဲ့ အမျှင်သော ဟင်းသီးဟင်းရွက်နှင့် တစ်နေ့ကို ရေရှစ်ဖန်ခွက်လောက် သောက်သင့်ပါတယ်။
မျက်ခုံးမွှေးတိညှိထားတာ သေးမျှင်နေတယ်လို့ ထင်ပေမယ့်၊ ဒါဟာ ပြဿနာ မဟုတ်ပါဘူး။ အရေးကြီးတာက သပ်သပ်ရပ်ရပ်နဲ့ နက်မှောင်နေဖို့ပါပဲ။ ပြီးတော့ မျက်ခုံးမွှေးဆွဲရတာလည်း လွယ်တယ်လေ။
မိမိတို့ရဲ့ မျက်နှာကလေး ပိုပြီးနုပျိုလာအောင် အနည်းဆုံး တစ်ပတ်တစ်ခါ လောက် facial လုပ်ပေးသင့်ပါတယ်။ လုပ်ရမှာကတော့ မျက်နှာသန့်စင်မယ်၊ ချီးချွတ်မယ်၊ ပေါင်းတင်မယ်၊ ပြီးရင် အစိုဓါတ်ထိန်း moisturiser လေးလိမ်းပေးရုံပါပဲ။
မျက်နှာမှာ သုံးပြီးတဲ့ ပေါင်းတင်ဆေးကပ်ခွာ mask မှာ အာနိသင်တွေ ကျန်နေပါသေးတယ်။ အဲဒီ mask တွေကို လွှင့်မပစ်သေးဘဲ ခြေထောက်နဲ့ လက်တွေမှာ အသုံးပြုနိုင်ပါတယ်။
အသားအရေဟာ ဆီပြန်တဲ့အသားအရေ ဖြစ်ပေမယ့် နေ့တိုင်းညတိုင်း Moisturiser လိမ်းပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသားအရေပေါ်က အစိုဓါတ်ဟာ နာရီနဲ့အမျှ ခန်းခြောက်တတ်လို့ပါ။
တစ်နေကုန် မောပန်းနွမ်းနယ်နေတဲ့အခါ မိမိရုပ်ရည်က အကျည်းတန်အရုပ်ဆိုးနေသလို ခံစားရတတ်တယ်။ အဲဒီလိုဖြစ်ရင် လန်းဆန်း လတ်ဆတ်စေပြီး အစိုဓါတ်ပါတဲ့ Mask လိမ်းပြီး တစ်မှေးလောက်အိပ်လိုက်ပါ။ အိပ်ရာကနိုးလာရင်တော့ မိမိရဲ့ အသားအရေက ရွှန်းစိုဝင်းပလာပါလိမ့်မယ်။
1. မိမိအနေနဲ့ ဘယ်လောက်ပဲ ပင်ပန်းနွမ်းနယ်နေပါစေ ညအိပ်ရာဝင်ရင်တော့ လိမ်းထားတဲ့ မိတ်ကပ်ကို ဖျက်ဖြစ်အောင် ဖျက်ပစ်သင့်ပါတယ်။ မှဲ့ခြောက်နဲ့ ချွေးပေါက်တွေ ပိတ်နေတဲ့ အသားအရေဟာ ဘယ်တော့မှ စိုပြေလှပမှာ မဟုတ်ပါဘူး ။

2. လိမ်းထားတဲ့ မိတ်ကပ်ကို တစ်နေကုန်တာနဲ့ ဖျက်ပစ်မယ်ဆိုရင် ဘယ်တော့မှ ချွေးပေါက်ဆို့တာမျိုး ဖြစ်မှာမဟုတ်ဘူး..။ သာမန် မျက်နှာသစ် သန့်စင်ရုံမဟုတ်ဘဲ မိတ်ကပ်ဖျက်ဆေးရည်ကို သုံးပြီး မျက်နှာပေါ်နဲ့ မျက်လုံးတစ်ဝိုက်ကို အဓိကထားပြီး သန့်စင်သင့်ပါတယ်။

3. မျက်နှာပေါ်မှာရှိတဲ့ ဝက်ခြံသေးငယ်သွားအောင် လုပ်ချင်ရင် ရေခဲတုံးကို အဝတ်သန့်သန့်နဲ့ပတ်ပြီး ဝက်ခြံပေါ်မှာ မိနစ်အနည်းငယ် တင်ထားပေးပါ။

4. ခရီးသွားရင် ဆောင်သွားသင့်တဲ့ အလှပြင်ပစ္စည်းတစ်မျိုးကတော့ နို့ပေါင်ဒါနို့မှုန့်ဖြစ်အပါတယ်
။ မျာနှာအတွက် mask အဖြစ်အသုံးပြုနိုင်တယ်လေ။ ဒီနို့မှုန့်ကို mask အဖြစ်လိမ်းထားပေးခြင်းဟာ မျက်နှာအသားအရေကို ရွှန်းစိုစေပြီး ဖြူဖွေးလာစေပါတယ်။ အသုံးပြုရတာလည်းလွယ်ပါတယ် ။

5. နို့မှုန့်ထဲကို ရေနွေးနွေးထည့်ပြီး ပျစ်လာတဲ့အထိမွှေပေးပါ။ အဲဒီနို့မှုန့်ကို မျက်နှာပေါ်မှာ မျက်နှာဖုံးအဖြစ်သုတ်လိမ်းပြီး မိနစ် ၃၀ခန့် ဒီအတိုင်းထားပါ။ မကြာခင် မိမိမျက်နှာဟာ ပိုလှပြီး အစိုဓါတ်ရွှန်းလဲ့လာပါလိမ့်မယ်။

6. မိမိရဲ့မျက်နှာအသားအရည်ကို နူးညံ့ချောမွေ့စေတဲ့ နောက်တစ်နည်းပါ။ ဂျုံစေ့အဆန် လက်ဖက်ရည် တစ်ဇွန်းကို ကြက်ဥတစ်လုံးနဲ့ရောပါ။ အဲဒီအရောအနှောကို မျက်နှာပေါ်မှာ မျက်နှာဖုံးအဖြစ် သုတ်လိမ်းပါ။ ၁၅မိနစ်လောက် ဒီအတိုင်းထားပြီး ရေနွေးနဲ့ စင်အောင်ဆေးပါ။

7.မိမိရဲ့ နဖူးပြင်ကို ပြေလျော့အောင်ထားပါတဲ့။ လူတိုင်းက အမှတ်မထင် နဖူးကြောတွန့်ရှုံ့တတ်ကြတယ်။ ဒီအတွက် နဖူးမှာ အရေးအတွန့်ပေါ်လာတတ်တယ်။ ဒါကြောင့် မျက်မှောင်မကြုံ့မိအောင် ဒါမှမဟုတ် နဖူးကြော မတွန့်အောင် သတိထားပါ။

8. နေ့စဉ်ရေးအေးအေးနဲ့ မျက်နှာဆေးကြောပေးခြင်းအားဖြင့် အရေအပြားမှာရှိတဲ့ အဆီဂလင်းကို ထန်းသိမ်းပေးရာ ရောက်ပါတယ်။

9. အိပ်ရာက နိုးလာလို့ မျက်နှာအသားအရေ ခြောက်သွေ့နေတာ၊ တချို့နေရာတွေမှာ အရေအပြားအဖတ်လိုက် ကွာနေတာတွေ့ရင် ၊ ညအိပ်ယာမဝင်မှီ မျက်နှာသန့်စင်ပြီး Petroleum Jelly လိမ်းပေပါ။

10. အသားအရေချောမွေ့စေဖို့အတွက် ခွဲစိတ်ခန်းသုံးတိပ်ကို အသုံးပြုနိုင်ပါတယ်။ နှာခေါင်းအထက် မျက်ခုံးနှစ်ခုကြားမှာ ကြက်ခြေခတ်ကပ်ပြီး အိပ်ရာဝင်ပါ။ မိမိ အိပ်ပျော်နေစဉ် အမှတ်မထင် မျက်မှောင်ကျုံ့တတ် တာကြောင့် အသားအရတွန့်ရှုံ့တတ်တဲ့အတွက် ကာကွယ်ခြင်းဖြစ်ပါတယ်။

11. ရေနွေးကြမ်းသောက်ပြီး လက်ဖက်စိမ်းအိတ် (tea bag) ကိုမျာက်လုံးတွေပေါ်မှာ ကပ်ပေးထားရင် မျက်လုံးရောင်ရမ်းမို့ဖောင်းေနတာကို ပြေလျော့စေပါတယ်။

12. မျက်လုံးတွေ နီရဲနေရင် ရေတစ်ဖန်ခွက်ထဲကို ဆားလက်ဖက်ရည်ဇွန်ုး ၂ ဇွန်းထည့်မွှေပြီး အဲဒီရေနဲ့မျက်လုံးဆေးပါ။

13. Facial လုပ်ရာမှာသုံးတဲ့ဂွမ်းစ ( cotton pad ) တွေဟာ Toner နဲ့အခြား အသားအရေးထိန်း လိမ်းဆေးကို စုပ်ယူကြတယ်။ ဒါကြောင့် အဲဒီလိမ်းဆေးတွေကို လက်ဖဝါးထဲထည့်ပြီး မျက်နှာပေါ်ကို တိုက်ရိုက်လိမ်းပေးပါ။ ဒီလို လုပ်ခြင်းအားဖြင့် မျက်နှာကဆေးရဲ့အာနိသင်ကို အပြည့်အဝရပြီး ဂွမ်းစအမျှင်လေးတွေ မျက်နှာမှာ ကပ်နေတာမျိုး မဖြစ်တော့ဘူးပေါ့။

14. moisturiser နဲ့ မျက်လုံးလိမ်ဆေးကရင်မ်တွေကို ရာသီဥတု ပူအိုက်တဲ့အခါ ရေခဲသတ္တာထဲထည့်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

15. အနည်းငယ်အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဟာ glycolic acid ပါတဲ့ မျက်နှာသန့်စင်ဆေး သုံးသင့်ပါတယ်။ glycolic acid ပါတဲ့ မျက်နှာသန့်စင်ဆေးလိမ်းပြီး တစ်မိနစ်ခန့် နှိပ်နယ်ပေးပါ။ သေနေတဲ့ ဆဲလ်တွေကိုဖယ်ပေးပြီး အသားအရေစိုပြေစေရာမှာ အထောက်အကူပြုပါတယ်။

16. အကြောင်းတစ်ခုခုကြောင့် စိတ်ညစ်ရင် မျက်နှာပေါ်မှာပေါ်အောင်မနေပါနဲ့။ ရှုံ့မဲ့မနေပါနဲ့။ မျက်နှာမှာရှိတဲ့ အရေးအကြောင်းပိုပြီးထင်စေပါတယ်။ ဒီတော့ ရှုံ့မဲ့နေမယ့်အစား အားရပါးရသာ ပြုံးလိုက်ပါလို့ အကြံပေးပါရစေ။
စိတ်ဖိစီးမှုဒဏ် ခံစားရတဲ့ခါ ညာဘက် နှာခေါင်းပေါက်ကိုပိတ်ပြီး ဘယ်ဘက်နှာခေါင်းပေါက်နဲ့ အားရပါးရ ငါးမိနစ်လောက်ရှူပေးလိုက်ပါ။ ပြီးတော့ ဖြည်းဖြည်းခြင်း အသက်ရှူထုတ်လိုက်တာနဲ့ တည်ငြိမ်မှုရလာပါလိမ့်မယ်။

17. မျက်နှာမှာတင် moisturiser လိမ်းရုံမဟုတ်ဘူး၊ လည်ပင်း၊ လက်နဲခြေထောက်တွေကိုလည်း လိမ်းဖို့မမေ့ပါနဲ့။

18. ဆံပင်အဆီပြန်ခြင်းဟာ မိန်းကလေးတွေအတွက်ကတော့ ပြဿနာပါပဲ။ ဆံပင်အဆီပြန်တတ်တဲ့ အမျိုးသမီးများအနေနဲ့ ဆံပင်အလှပြင်ဆိုင်သွားပြီး တိုတိုသာညှပ်လိုက်ပါ။ ဆံပင်အတိုပုံစံက အရှည်ထက် ပိုပြီးကြည့်ရတာ သန့်သန့်ှ ရှင်းရှင်းရှိပြီး ပျော့ဖတ်ဖတ်လည်းဖြစ်မနေတော့ဘူးေပါ့။

19. ဆံပင်ကို မိမိဘာသာအိမ်မှာ ဆိုးမယ်ဆိုရင် ဆံပင်ဆိုဆေးကို အညွှန်းထဲမှာပါတဲ့ အချိန်ထက်ပိုပြီး လိမ်းမထားပါနဲ့။ မိနစ်၄၀ ထက်ပိုပြီးထားမယ်ဆိုရင် အရောင်က မွဲခြောက်ခြောက် ဖြစ်တတ်ပါတယ်။

20. အာဟာရချို့တဲ့ခြင်းဟာ ဆံပင်တွေကို ပျက်စီးစေပါတယ်။ ဒါ့အပြင် အရွယ်မတိုင်မီ ဆံပင်တွေကိုဖြူစေပါတယ်။ ဒါကြောင့် အစာအဟာရကို မျှတအောင်စားပြီး ကောင်းကောင်း အနားယူပါလို့ပြောချင်ပါတယ်။
 
#credit- မူရင်းတင်သူ
 
  

မျက်မှာပေါ်က အမဲစက် ပျောက်နည်း

ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ်မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မလုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။

အိပ်ယာဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ မဲ့ခြောက်၊ တင်းတိပ် ရှိနေသူတွေ အတွက် အဆင်ပြေ မယ့် နည်းလမ်း ကောင်းလေးပါ။ ဖရဲသီးမှာပါတဲ့ ရေဓာတ်က မဲ့ခြောက်၊ တင်းတိပ်တို့ကို ပျောက်ကင်း
အောင် ပြုလုပ်ပေးနိုင်တဲ့ ဓာတုဆေးဝါးတွေမပါတဲ့ နည်းလမ်းကောင်းလေးတစ်ခုပါ။

ဒီ နည်းကို မလုပ်ချင်သူတွေအတွက်ကတော့ ဖရဲသီးစားတဲ့ အခါတိုင်း အောက်ခံ အဖြူသားထိ စားနိုင်ပါ တယ်။ ဖရဲသီး ကို စားခြင်းဖြင့် ကျန်းမာရေး အတွက်ပါ ကောင်းမွန်ပြီး ကျောက်ကပ်၊ ဆီး၊ အသဲ၊ အဆုတ် စတဲ့ ရောဂါရှိသူတွေ အတွက် လည်း ကောင်းမွန်တဲ့ နည်းလမ်းကောင်းလေးပါဘဲ။ အားလုံး ဖရဲသီးစားတိုင်း
အောက်ခံ အဖြူသားပါအောင် စားလိုက်ကြရအောင်နော်။



မျက်နှာပေါ်မှာ အမည်း စက် ရှိလို စိတ်ညစ်နေတဲ့ ပျိုရွယ်သူတွေအတွက် နည်းလမ်း ကောင်းလေး တစ်ခု ကို ထပ်ပေးပါမယ်။

တချို့ ဝက်ခြံရှိတဲ့ ပျိုရွယ်သူတွေမှာ ဖြစ်တတ်တာက ဝက်ခြံကို မမှည့်ခင် ညစ်ထုတ်တဲ့သူတွေရှိပါတယ်။ အဲဒီလို လုပ်တာ ကြောင့် မျက်နှာပေါ်တွင် အမာရွတ်(သို) အမည်းစက်များ ကျန်ရှိတတ်ကြပါတယ်။ ထိုသို့ အမည်းစက်များရှိနေတာကို ဒီ က နေ့ ခေတ်မှာတော့ ခေတ်မီဆေးဝါးတွေ ပေါလာသော်လည်းဘဲ သဘာ၀ ဆေးနည်ကောင်းလေး တစ်ခုရှိပါတယ်။

သိတာလေးတွေကို ဖော်ပြပေးလိုက်ပါမယ်။ စာဖတ်ပရိတ်သတ်တွေ အတွက်အဆင်ပြေမယ့် နည်းလမ်း
ကောင်း လေးမို့ပါ။ လုပ်ကြည့်နိုင်ပါတယ်နော်။
လုပ်နည်းလေးကတော့ လွယ်ကူတဲ့ နည်းလမ်းပါ။ အိမ်ရှင်မများ ဟင်းချို ချက်တဲ့ အခါမှာ ထည့်ခတ်တဲ့ ငရုတ်ကောင်းမှုန့် လေး အနည်းငယ်နဲ့ ဒိန်ချည် ကို ရောသမပြီး အမည်း စက်ရှိတဲ့ မျက်နှာပြင်ကို လိမ်းပေး ပါ။

နာရီဝက်(သို့) ၄၅ မိနစ်ခန့် ကြာ အောင် ထားပေးပြီး မျက်နှာကို သန့်စင်အောင် သစ်ပေးလိုက်ပါ။ ဒီလို နည်း အတိုင်း နေ့စဉ် လုပ်ပေးပါက တစ်ပတ်အတွင်း သိသာသိသာ ပျောက်ကင်းနိုင်တဲ့သဘာ၀
ဆေးနည်းကောင်း လေးပါ။

ပိုက်ဆံမကုန်မယ့် နည်းလမ်းလေးပါ။ မျက်နှာမှာရှိတဲ့ အမည်းစက်တွေကို ဈေးကြီးပေးပြီး ကုသစရာမလို တဲ့ နည်းလမ်း ကောင်းလေးမို့ ပြန်လည် မျှဝေပေးလိုက်တာပါ။

#credit- မူရင်းတင်သူ

Thursday, July 12, 2018

ရုံးတွင်းအင်္ဂလိပ်စာ (၆)

အလုပ်နောက်ကျခြင်း၊ ပျက်ကွက်ခြင်း Late or No Show

ရုံးတစ်ရုံးမှာလုပ်တဲ့အခါ အလုပ်နောက်ကျတာမျိုး၊ အစည်းအဝေးပျက်ကွက်တာမျိုးတစ်ခါတစ်ရံကြုံ ရနိုင်ပါတယ်။ နေမကောင်းဖြစ်တဲ့အခါ၊ ယာဉ်ကြောထဲပိတ်မိနေတဲ့အခါမျိုးပေါ့။ ဒါကြောင့် နောက်ကျကြောင်း၊ မလာနိုင်ကြောင်းပြောဆိုနည်းနမူနာဝါကျလေးတွေလေ့လာကြည့်ရအောင်ပါ။



နည်းနည်းနောက်ကျခြင်း A Little Late

အချို့သောအလုပ်များတွင် အလုပ်ရောက်ချိန်မှတ်သားရန် အချိန်မှတ်စက်ကိုနှိပ်ရတာမျိုးရှိနိုင်သည်။ အလုပ်ဝင်ချိန်နှိပ်ရခြင်းကို punch in ဟုခေါ်ကာ အလုပ်ထွက်ချိန်နှိပ်ခြင်းကို punch out ဟုခေါ်သည်။ ၎င်းသည် နာရီနှင့်တွက်ချက်ပေးချေသည့်အလုပ်မျိုးများတွင် ဤစနစ်ကိုသုံးလေ့ရှိသည်။ အကယ်၍ punch in မလုပ်ရသည့် လခစားဝန်ထမ်းအလုပ်မျိုးဖြစ်ပါက မိနစ်အနည်းငယ် နောက်ကျခြင်း အတွက်ဆင်ခြေပေးရတော့မည်ဖြစ်သည်။



"Sorry I'm late. Traffic was unusually bad today."

နောက်ကျလို့ ဝမ်းနည်းပါတယ်။ ဒီနေ့ကျမှ လမ်းတွေခါတိုင်းထက်ပိုပိတ်နေလို့။



"I apologize for being late. I had to drop off my wife at work. It took longer than I thought."

နောက်ကျသွားတာတောင်းပန်ပါတယ်။ မိန်းမကိုအလုပ်လိုက်ပို့ပေးရလို့။ ထင်ထားတာထက်ပိုကြာသွားတယ်။



* drop off = ဆင်းရန်ကားရပ်ပေးသည်။ ချပေးသည်။



"I had a dentist appointment this morning and it was longer than I expected."

ဒီမနက်သွားဆရာဝန်နဲ့ချိန်းထားတာရှိလို့။ ထင်ထားတာထက်ပိုကြာသွားတယ်။



"I'm sorry for being late. I got stuck in every light this morning."

နောက်ကျသွားတာတောင်းပန်ပါတယ်။ ဒီမနက် မီးပွိုင့်တိုင်းမိနေတယ်။



* got stuck = မလှုပ်နိုင်မရှားနိုင်ပိတ်မိသည်။ ရုန်းထွက်မရသည့်အခြေအနေ



မိမိသာအလုပ်မန်နေဂျာ၊ အလုပ်ရှင်ဖြစ်ပါက ဝန်ထမ်းတစ်ယောက်ဘာကြောင့်နောက်ကျ သည်ဆိုတာ ကို မေးချင်မှာဖြစ်သည်။ အောက်ပါဝ်ကျများလေ့လာကြည့်ပါ။



"Running late this morning?"

ဒီမနက်နောက်ကျတာလား။



"What held you up this morning?"

ဘာဖြစ်လို့နောက်ကျတာလဲ။ (ဘာက တားဆီးထားလို့လဲ)



"Do you have a reason for being late?"

နောက်ကျဖို့အကြောင်းတစ်ခုရှိလား။



"Why are you late?"

ဘာကြောင့်နောက်ကျတာလဲ။



တစ်ခါတစ်လေနောက်ကျရုံနှင့်တော့ အထက်အရာရှိကခွင့်လွှတ်နိုင်ပါတယ်။ သို့ရာတွင် မကြာခဏဆိုသလိုနောက်ကျနေပြီဆိုပါက စိတ်တိုမည်မှာသဘာဝပင်ဖြစ်သည်။



"You have been late three times in the last two weeks. Is this going to be a continual problem?"

ဒီနှစ်ပတ်အတွင်း နောက်ကျတာသုံးခါရှိပြီ။ ဒီပြဿသနာဆက်ဖြစ်နေဦးမှာလား။



"Your tardiness is getting out of hand. You had better start managing your morning time better."

မင်းနောက်ကျတာအကျင့်လိုဖြစ်နေပြီ။ (ထိန်းလို့သိမ်းလို့မရဖြစ်နေပြီ) မင်းရဲ့မနက်ခင်းအချိန်တွေကို စစီမံခန့်ခွဲဖို့ကောင်းမယ်။



"I expect you to be at your desk at eight o'clock. Do you have a problem with this?"

မင်းကို မင်းရဲ့စားပွဲမှာရှစ်နာရီထိုးတာနဲ့ရှိဖို့မျှော်လင့်တယ်။ ဘယ်လိုလဲ။(အဲဒီအတွက်ပြဿနာရှိလား)



မိမိအကြီးအကဲထံမှယခုလိုစကားမျိုးကြားရတဲ့အခါ သူ့ကိုချော့ဖို့တော့လိုပါလိမ့်မယ်။ ဒါမျိုးနောက်ထပ်တစ်ခါမဖြစ်အောင်ကျိုးစားမည့်အကြောင်း လေပြေထိုးရမှာပေါ့။ အောက်မှာလေ့လာကြည့်ပါဦး။



"I am terribly sorry. It won't happen again."

ကျွန်တော်အရမ်းဝမ်းနည်းပါတယ်။ ဒါမျိုးနောက်တစ်ခါမဖြစ်စေရပါဘူး။



"I had a lot of recent changes at home, but it's all taken care of. I will not be late again."

အခုတလော အိမ်မှာအပြောင်းအလဲတွေတွေတော်တော်များနေလို့ပါ။ အခုတော့အားလုံးရှင်းပြီးသွားပါပြီ။ နောက်ထပ်နောက်မကျတော့ပါဘူး။



"I'm really sorry. It's been one of those weeks. It won't happen again."

တောင်းပန်ပါတယ်။ ဒီလထဲအဆင်မပြေတာလေးတွေများနေလို့ပါ။ ထပ်မဖြစ်စေရပါဘူး။




ဇာနည်(MyWay)

ရုံးတွင်းအင်္ဂလိပ်စာ (၇)

အလုပ်နောက်ကျခြင်း၊ ပျက်ကွက်ခြင်း Late or No Show

အလွန်နောက်ကျခြင်း very late

မိမိနောက်ကျတော့မည်ကိုကြိုတင်သိထားလျှင်၊ သို့မဟုတ် ၅ မိနစ်များစွာပိုနောက်ကျတော့မည်ဆိုလျှင် မန်နေဂျာထံကြိုတင်အကြောင်းကြားရှင်းပြထားသင့်သည်။ သူတို့ယဉ်ကျေးမှုတွင် မိမိထက်အကြီးအကဲအား နာမည်တပ်ခေါ်သည်မှာမထူးဆန်းသော်လည်း မြန်မာ့ယဉ်ကျေးမှုနှင့်ဆီလျော်အောင်ပြောကြားရမည်ကိုသတိပြုပါ။

"Hi Barbara, I'm going to be 30 minutes late today. My car is having trouble this morning, so I arranged for a ride with a friend."
ဟိုင်းဘာဘရာ။ ကျွန်တော်ဒီနေ့ နာရီဝက်လောက်နောက်ကျမယ်နော်။ ကျွန်တော့ကားဒီမနက်ပြဿနာရှာနေလို့။ သူငယ်ချင်းတစ်ယောက်ကားနဲ့လိုက်လာခဲ့ရတယ်။
"Hey Jack, I'm running a little late today. I just got out of my dentist appointment and it was longer than I expected."
ဟေးဂျက်။ ကျွန်တော်ဒီနေ့တော့နည်းနည်းနောက်ကျနေတယ်။ ကျွန်တော်သွားဆရာဝန်နဲ့ ချိန်းထားတာ အခုမှပြီးလို့ထွက်လာတယ်။ ထင်ထားတာထက်နည်းနည်းပိုကြာသွားတယ်။
"Mark? This is Pat. I'm stuck in traffic. I think there is an accident that is holding up traffic. I'm going to be a little late."
မာ့က်လား။ ပက်တ် ပါ။ တို့ယာဉ်ကြောထဲပိတ်မိနေလို့။ ရှေ့မှာ ယဉ်တိုက်မှုတစ်ခုဖြစ်ထားလို့ ကားတွေပိတ်နေတာထင်တယ်။ နည်းနည်းနောက်ကျမယ်နော်။

တစ်ခါတစ်လေမှာ နောက်ကျနေမှဖုန်းလှမ်းဆက်တာထက် တစ်ရက်ကြိုတင်ပြောထားခြင်းဖြင့် အချိန်မီရောက်ရန်သောကရောက်စရာမလိုတော့ပေ။ ဥပမာ ဆရာဝန်နှင့်ချိန်းထားသည်ဆိုလျှင် ၎င်းမတိုင်မီတစ်ရက်လောက်ကကြိုပြောထားခြင်းမျိုးသည်ပိုအဆင်ပြေနိုင်သည်။

"I have a doctor's appointment tomorrow morning. Remember I told you earlier this week? I'll come in right after my appointment."
မနက်ဖြန်မနက် ဆရာဝန်နဲ့ချိန်းထားတာရှိတယ်။ ကျွန်တော်ဒီတစ်ပတ်အစလောက်တုန်းကပြောထားတယ်လေမှတ်မိတယ်မဟုတ်လား။ ပြီးထားနဲ့ချက်ချင်းလာခဲ့ပါမယ်။
"My daughter has been sick, so I'm going to take her to see the doctor tomorrow morning. Is it ok if I'm a little late? My appointment is at seven in the morning, so I'll only be an hour late."
ကျွန်မသမီးလေးဖျားနေလို့ သူ့ကိုမနက်ဖြန်ဆရာဝန်ဆီသွားပြမလို့။ နည်းနည်းနောက်ကျရင်ရတယ်မဟုတ်လား။ ကျွန်မအလှည့်က မနက်ခုနှစ်နာရီမှဆိုတော့ တစ်နာရီလောက်နောက်ကျမယ်။
"I have to take my parents to the airport tomorrow. I shouldn't be too late, but wanted to tell you ahead of time."
မနက်ဖြန် ကျွန်တော့်မိဘတွေကို လေဆိပ်လိုက်ပို့ပေးရမှာမလို့။ သိပ်အများကြီးနောက်မကျပါဘူး။ ဒါပေမယ့်ခင်ဗျားကိုကြိုပြောထားချင်လို့။

အလုပ်မှစောစောပြန်ခြင်း Leaving Work Early

အလုပ်မှစောစောပြန်ခြင်းက အလုပ်နောက်ကျခြင်းထက်တော့ နည်းနည်းရှင်းပြဖို့အဆင်ပြေတတ်ပါတယ်။ ဆင်ခြေတစ်ခုတော့ကြိုတွေးထားဖို့လိုမည်။ အချိန်းအချက်တစ်ခုဖြစ်ဖြစ်ပေါ့။ အောက်ပါဆင်ခြေလေးများထဲက အသုံးတည့်တာလေးများယူသုံးနိုင်ပါသည်။

"I have to leave a little early today. Is it ok if I finish my work at home?"
ဒီနေ့နည်းနည်းစောစောပြန်ရမယ်။ အလုပ်တွေပြီးအောင်အိမ်မှာလုပ်ခဲ့လို့ရလား။
"I have a dentist appointment at four. I have to leave early today."
လေးနာရီမှာသွားဆရာဝန်နဲ့ချိန်းထားလို့။ နည်းနည်းစောပြန်မယ်နော်။
"I have to pick up my wife at the airport tomorrow. Is it ok if I leave at three?"
မနက်ဖြန်မိန်းမကိုလေဆိပ်မှာသွားကြိုရမှာမလို့။ သုံးနာရီလောက်ပြန်ရင်ဖြစ်မလား။
"I have a terrible headache. Is it ok if I leave early today?"
ခေါင်းတွေအရမ်းကိုက်နေလို့။ ဒီနေ့နည်းနည်းစောပြန်လို့ဖြစ်မလား။
"I think I might be coming down with the flu. I should get some rest and try to fight this thing off early. May I leave early today?"
တုပ်ကွေးမိလို့ဖျားချင်နေတယ်နဲ့တူတယ်။ ဒါလေးပျောက်သွားနောင် နည်းနည်းအနားယူလိုက်ချင်တယ်။ ဒီနေ့စောစောပြန်လို့ရမလား။

ဖျားနာနေ့ Sick day

အောက်ပါအပြောစကားလေးများကတော့ ဖျားနာ၍အလုပ်မသွားနိုင်သည့်အခါခွင့်တိုင်ကြား ပုံလေးများဖြစ်ပါတယ်။

"Martha? This is Jack. I have a fever and I will not be able to come in today."
မာသာလား။ ဂျက်ပါ။ ကျွန်တော်ဖျားနေလို့ ဒီနေ့တော့မလာနိုင်တော့ဘူး။
"Hi Mary, I have to use a sick day today. I'm feeling terrible right now."
ဟိုင်းမေရီ။ ကျွန်တော်ဒီနေ့တော့ ဖျားနာခွင့် ယူရလိမ့်မယ်။ အခုနေမကောင်းဘူး။
"Hi Sam, this is Jessica. I have some urgent personal matters I have to deal with. I won't be able to make it in."
ဟိုင်း ဆမ်။ ဂျက်စီကာပါ။ ကိုယ်ရေးကိုယ်တာအရေးပေါ်ကိစ္စလေးပေါ်လာလို့။ ဒီနေ့တော့မလာနိုင်တော့ဘူး။
"Mark? This is John. My dad went into the emergency room this morning. I'm not sure what the problem is, but I don't think I can make it in today. I'll send you an update later."
မာ့ခ်လား။ ဂျွန်ပါ။ ဒီမနက် ကျွန်တော့်အဖေအရေးပေါ်ဆေးရုံတင်ရလို့။ ဘာဖြစ်တာလဲမသေချာသေးဘူး။ ဒီနေ့တော့လာနိုင်မယ်မထင်တော့ဘူး။ နောက်မှ အသေးစိတ်ပြောပြမယ်။

ဇာနည်(MyWay)

ရုံးတွင်းအင်္ဂလိပ်စာ (၅)

Complaining about another co-worker to a co-worker (လုပ်ဖော်ကိုင်ဖက်အကြောင်း မကျေမနပ်ပြောခြင်း)


ရုံးတစ်ရုံးဟာလူတွေနဲ့ဖွဲ့စည်းထားတာဖြစ်လို့ လူမှုပြဿနာလေးများ အကြိတ်အခဲလေးများရှိ တတ်ပါတယ်။ တစ်ချို့လုပ်ဖော်ကိုင်ဖက်တွေနဲ့ပတ်သက်လို့ မကြေလည်တာလေးများ ရင်ဖွင့်ချင် တာလေးများရှိရင်စိတ်ချရတဲ့မိတ်ဆွေနဲ့ပြောနိုင်အောင် အောက်ကနမူနာဝါကျများကို လေ့လာ ကြည့်နိုင်ပါတယ်။ (တစ်ချို့ဝါကျများသည် စိတ်ထဲရှိသလိုပြောခြင်းဖြစ်သဖြင့် အရပ်သုံးဆန်ခြင်း၊ မယဉ်ကျေးခြင်းများဖြစ်တတ်သည်။)

"Have you worked with Ko Latt yet? He can't do anything right."
ခင်ဗျားကိုလတ်နဲ့အလုပ်လုပ်ဖူးပြီလား။ ဘာတစ်ခုမှအဆီငေါ်တည့်အောင်မလုပ်တတ်ဘူး။

"The problem with Min Min is that he doesn't know that he is an idiot."
မင်းမင်းရဲ့ပြဿနာက သူ့ကိုယ်သူငတုံးမှန်းမသိတာပဲ။

"I remember helping Mg Mg out so much, and then he stabs my back."
ငါမောင်မောင့်ကိုအများကြီးကူညီခဲ့ဖူးတာမမေ့သေးဘူး။ ပြီးတော့သူငါ့နောက်ကျော ကိုဓါးနဲ့ထိုးတယ်လေ။

"I don't think he does his own work. He goes around asking everyone to do a portion of his work and says he did it all."
သူ့အလုပ်သူကိုယ်တိုင်လုပ်တာမဟုတ်ဘူး။ လူတိုင်းကို သူ့အလုပ်တွေနည်းနည်းစီလိုက်လုပ်ခိုင်းပြီး နောက်တော့ သူ့အကုန်လုံးလုပ်တာလို့ပြောတယ်။

 "If you have to work with Ko Latt, remember the things I told you."
ကိုလတ်နဲ့အလုပ်လုပ်ရရင် ငါပြောတာတွေမှတ်ထားနော်။

 "Is management blind or am I being too sensitive about this?"
အုပ်ချုပ်ရေးပိုင်းကပဲကန်းနေတာလား ငါကပဲ သည်းသည်းလှုပ်နေတာလားမသိဘူး။

 "I think the manager likes him because he kisses her ass all day long."
သူကတစ်ချိန်လုံးဖားနေလို့ သူ့ကိုမန်နေဂျာကသဘောကျတယ်ထင်တယ်။


kiss somebody’s ass / brown noseing သည် တစ်ချိန်လုံးအကောင်းချည်းပြောသည်၊ လူကြီးရှေ့အတွင်အလုပ်ကျိုးစားချင်ယောင်ဆောင်တတ်သည်။ လူကြီးသဘောကျ အောင်နေထိုင်ပြသည်ဟုအဓိပ္ပါယ်ရသည်။

"The manager is blind because he is a total brown-noser."
သူကတစ်ချိန်လုံးအနားပြာလုပ်နေလို့မန်နေဂျာကမသိချင်ယောင်ဆောင်ထားတာ။

"I can't believe this company is paying ks 25,0000 a month for this fool."
ကုမ္ပဏီကဒီအရူးကို တစ်လ နှစ်သိန်းခွဲပေးထားတာ ရုံတောင်မယုံနိုင်ဘူး။


Complaining about the company (ကုမ္ပဏီအကြောင်း မကျေမနပ်ပြောခြင်း)


မိမိလုပ်နေတဲ့ကုမ္ပဏီနဲ့ပတ်သက်လို့ သဘောမတိုက်ဆိုင်တာ၊ မကျေနပ်တာတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီအကြောင်းမကျေနပ်တာပြောမယ်ဆိုရင်တော့ နံရံတိုင်းမှာ နားရှိတယ် walls have ears ဆိုတာလေးကို သတိထားရမှာဖြစ်ပါတယ်။

"This is a dead end job. I don't see much of a future here."
ဒီအလုပ်က လမ်းဆုံးအလုပ်ပဲ။ ဒီမှာအနာဂါတ်တက်လမ်းမမြင်ဘူး။

"I hate the redundancy. It's so boring."
လူပိုနေတာမုန်းတယ်။ ပျင်းစရာကြီး။

"Work isn't exciting for me anymore. I am doing the same thing over and over again."
အလုပ်ကငါ့အတွက်စိတ်ဝင်စားစရာမကောင်းတော့ဘူး။ ဒါကြီးပဲ ထပ်ကာထပ်ကာလုပ်နေရတယ်။

"This company doesn't care about employees that much. I haven't received a fair raise in 3 years."
ကုမ္ပဏီကဝန်ထမ်းတွေကိုဒီလောက်ဂရုမစိုက်ဘူး။ သုံးနှစ်အတွင်းမှာ ငါ့ကိုကောင်းကောင်းလစာ တိုးမပေးဘူး။

"I don't know if it is my manager or this company, but I'm really getting sick of my job."
ငါ့မန်နေဂျာလား ကုမ္ပဏီလားတော့မသိဘူး။ အလုပ်ကိုငြီးငွေ့လာပြီ။

"What do you think about all the politics in this company?"
ဒီကုမ္ပဏီရဲ့အတွင်းရေးအရှုပ်အထွေးနဲ့ပတ်သက်လို့ဘယ်လိုထင်လဲ။
"The politics suck here. But it is the same for any large corporation. The best way to deal with it is to take advantage of the rules."

 "I don't know how much longer I can take this job. I've been thinking about applying to a different company."
ဒီအလုပ်မှာဘယ်လောက်ဆက်မြဲမလဲတော့မသိဘူး။ တခြားကုမ္ပဏီတစ်ခုမှာအလုပ်လျှောက်ဖို့ စဉ်းစားနေတယ်။

 "Have you ever thought about leaving this company?"
ဒီကုမ္ပဏီကထွက်ဖို့စဉ်းစားမိဖူးလား။
"What company do you want to switch to?"

 "I started applying for other jobs. There are a lot of positions open."
အခြားအလုပ်တွေစလျှောက်နေပြီ။ ရာထူးနေရာတွေအများကြီးလွတ်နေတယ်။

 "I've been looking for jobs on monster.com. They have a lot of positions available."
monster.com မှာအလုပ်ရှာနေတယ်။ အဲဒီမှာ အလုပ်နေရာတွေအများကြီးရှိတယ်။

*office politics သည်ကုမ္ပဏီအတွင်း တစ်ဦးတစ်ယောက်ရာထူးအာဏာရရန် အုပ်စုဖွဲ့ခြေရှုပ်ကြခြင်း မျိုးဖြစ်သည်။



အချို့သောနိုင်ငံများတွင် ကုမ္ပဏီတစ်ခုမှတစ်ခုပြောင်းလုပ်ခြင်းကိုမလိုလားကြချေ။ ကုမ္ပဏီကောင်းတစ်ခုတွင် အလုပ်ကောင်းတစ်ခုရပါကမြဲမြံစွာလုပ်လေ့ရှိကြသည်။ သို့ရာတွင် အမေရိကန်နိုင်ငံတွင်တော့ အလုပ်ပြောင်းခြင်း၊ ကုမ္ပဏီပြောင်းခြင်းသည်မထူးဆန်းပါ။ ထိုအကြောင်းအရာသည် လုပ်ဖော်ကိုင်ဖက်များနှင့်ပြောဆိုစရာတစ်ခုဖြစ်ပါသည်။





ဇာနည်(MyWay)

ရုံးတွင်းအင်္ဂလိပ်စာ (၃)

I'm Busy


မိမိအလုပ်များနေသည့်အခါ၊ မိမိကိုအထက်လူကြီးကခိုင်းသည့်အခါ ဘယ်အချိန်အပြီးလုပ်ပေးရမည်၊ မိမိမှ လုပ်ပေးနိုင်၊ မလုပ်ပေးနိုင် စသည်တို့ကိုအလုပ်ခွင်အတွင်းမလွဲမသွေပြောဖို့ကြုံကြမှာပါ။ အောက်ပါဝါကျများကိုလေ့လာလေ့ကျင့်ထားလျှင် အဆင်ပြေပါလိမ့်မယ်။ ဒါပေမယ့် လူနဲ့အချိန်ကိုကြည့်ပြီးပြောသင့်မပြောသင့်ကတော့မိမိဘာသာချိန်ဆရမှာဖြစ်ပါတယ်။



"I'm busy with work."
ကျွန်တော်အလုပ်များနေတယ်။
"Can I do this later?"
ဒါကိုနောက်မှလုပ်လို့ရလား။
"Does this have to be done now?"
အခုပြီးအောင်လုပ်ရမှာလား။
 "When do you need this by?"
ဒါဘယ်အချိန်လိုတာလဲ။ (ဘယ်အချိန်ပြီးရင်ရမလဲ)
 "When is the deadline?"
နောက်ဆုံးရက်(အချိန်) ဘယ်တော့လဲ။
 "I'm not going to have time for any other assignment until Thursday."
နောက်ကြာသပတေးအထိ နောက်ထပ်အလုပ်လုပ်ပေးဖို့အတွက်အားချိန်မရှိတော့ဘူး။
 "I'll try to free up my schedule."
ကျွန်တော့်အစီအစဉ်ဇယားကို အားအောင်လုပ်လိုက်ပါမယ်။
 "I'm pretty sure I can meet the deadline."
သတ်မှတ်ရက်အတွင်းပြီးအောင်လုပ်နိုင်မယ်ဆိုတာသေချာပါတယ်။
 "If I don't get any help on this, I won't be able to complete it on time."
ကူပေးမယ့်လူမရရင် ဒါကိုအချိန်မီပြီးမှာမဟုတ်ဘူး။
 "I'll do whatever I can to make sure this is done on time."
အချိန်မီပြီးစီးအောင် အတတ်နိုင်ဆုံးကျိုးစားပါ့မယ်။
 "You can count on me."
ကျွန်တော့်အပေါ် စိတ်ချနိုင်ပါတယ်။ (အားထားနိုင်ပါတယ်)
 "Have I ever let you down?"
ဆရာ့ကို မျက်နှာအပျက်ခံရစေ ဖူးလို့လား။


Giving/Asking Business Cards


စီးပွားရေးသမားချင်းတွေ့သည်ဖြစ်စေ၊ မိမိကုမ္ပဏီကိုယ်စားပြု၍သူစိမ်းတို့နှင့်တွေ့သည်ဖြစ်စေ တစ်ယောက်နှင့်တစ်ယောက် လိပ်စာကတ်ပြားလေးများ အပြန်အလှန်ပေးကြရတာထုံးစံပါ။ ယခုခေတ်တွင် အီးမေးလ်လိပ်စာပါလိုအပ်လာတော့ တောင်းပုံတောင်းနည်း၊ ဖြေပုံဖြေနည်းတွေကိုသိထားရပါမယ်။ လိပ်စာကတ်ကို business card အပြင် visiting card, calling card, call card ဟုလည်းခေါ်ကြပါသေးတယ်။



"Do you have a business card?"
ခင်ဗျားမှာလိပ်စာကတ်ရှိသလား။
 "Could I have one of your business cards?"
ခင်ဗျားလိပ်စာကတ်တစ်ကတ်လောက်ရနိုင်မလား။

"Can I have your business card?"
ခင်ဗျားမှာလိပ်စာကတ်ရနိုင်မလား။

အဆိုပါအမေးများကိုလွယ်လွယ်ကူကူ 'sure' သို့မဟုတ် 'no problem' ဟုပြန်ဖြေနိုင်ပါသည်။
 "Can I get your phone number or email address?"
ခင်ဗျား ဖုန်းနံပါတ် ဒါမှမဟုတ် အီးမေးလိပ်စာ ရနိုင်မလား။
 "What is the best way to contact you?"
ခင်ဗျားကိုဘယ်နည်းနဲ့ အဆင်အပြေဆုံးဆက်သွယ်လို့ရမလဲ။
 "Can I get your contact information?"
ခင်ဗျားကိုဆက်သွယ်လို့ရမယ့်လိပ်စာ ရနိုင်မလား။
 "My contact information is on my business card. Let me give you one."
ကျွန်တော့်လိပ်စာကတ်မှာ ကျွန်တော့်ကိုဆက်သွယ်လို့ရမယ့်နေရာပါပါတယ်။ ကျွန်တော်တစ်ခုပေးပါ့မယ်။
 "You can reach me by calling the number on my business card."
ကျွန်တော့်လိပ်စာကတ်ကဖုံးနံပတ်ကိုဆက်ရင် ကျွန်တော့်ကိုဆက်သွယ်နိုင်ပါတယ်။
 "My email address is on my business card."
ကျွန်တော့်အီးမေးလ်လိပ်စာ လိပ်စာကတ်မှာပါပါတယ်။


Requesting information through email


အီးမေးလ်မှတစ်ဆင့်သတင်းအချက်အလက်ရယူတဲ့အခါ အောက်ပါမေးခွန်းများကအသုံးဝင်နိုင်ပါတယ်။



"Can you send it to my email address?" "Can you email it to me?"
ကျွန်တော့်အီးမေးလ်ကိုပို့လိုက်လို့ရမလား
 "You can send it to me through email."
ကျွန်တော့်ဆီကို အီးမေးလ်ကတစ်ဆင့်ပို့နိုင်တယ်။
 "Can I email it to you?"
ခင်ဗျားဆီကိုအီးမေးလ်ပို့လို့ရမလား။
 "Can I send you the information through email?"
အီးမေးလ်ကတစ်ဆင့် သတင်းတွေပို့လို့ရလား။


တစ်ခါတစ်လေမှာ အီးမေးလ်လိပ်စာမှားရိုက်လို့ပဲဖြစ်ဖြစ်၊ သူပေးတာကမှားလို့ပဲဖြစ်ဖြစ် မိမိပို့လိုက်တဲ့မေးဟာ လက်ခံတဲ့လူမရှိဘူးဆိုတဲ့အကြောင်း automated email ပြန်ပို့လာတာကြုံဖူးကြမယ်ထင်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ တစ်ဖက်သားကို အောက်ပါအတိုင်းအတည်ပြုမေးမြန်းနိုင်ပါတယ်။



"Can I verify your email address? The address I have on file appears to be incorrect."
ခင်ဗျားအီးမေးလ်လိပ်စာ ပြန်စစ်လို့ရမလား။ ကျွန်တော့်မှာရှိတဲ့လိပ်စာမှားနေတယ်။
"I am unable to email it to you. Can you tell me your email address again?"
ကျွန်တော် ခင်ဗျားဆီအီးမေးလ်ပို့လို့မရဘူးဖြစ်နေတယ်။ ခင်ဗျားလိပ်စာလေးထပ်ပြောနိုင်မလား။
"I am getting a mail saying it is undeliverable. I might have misspelled it. Can I double check your email address?"
အီးမေးလ်မထွက်ဘူးဆိုတာပဲပြနေတယ်။ ကျွန်တော်စာလုံးပေါင်းမှားတာဖြစ်ကောင်းဖြစ်မယ်။ ခင်ဗျားလိပ်စာ သေချာအောင်ပြန်စစ်လို့ရမလား။
"Did you get my email?"
ကျွန်တော့်အီးမေးလ်ရလား။
Ref; Zarni (My Way)

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...