Thursday, November 25, 2021

ရောက်တတ်ရာရာ


 အရမ်းနာအောင်ပြောတတ်လွန်းလို့ ကိုယ့်ပါးစပ်ကိုယ် ထိန်းနေတာကို တချို့လူတွေက မပြောတတ်ဘူးလို့ ထင်တတ်ကြတယ် ...

အရမ်းအကြောတင်းတင်းနဲ့ မတူသလို မတန်သလိုအချိုးမျိုး လုပ်တတ်လွန်းလို့ ကိုယ့်ဘာသာကိုယ်စိတ်ထိန်းပြီး ပြုံးပြတတ်တော့ အချို့က ကိုယ့်ကိုယ်ကိုယ် ဘာကောင်ကြီးလို့ထင်ပြီး ဘဝင်မြောက်သွားပြန်ရော ...

ပေါက်ကွဲရင် သူများထက်ဆိုးလွန်းလို့ ကိုယ့်ကိုယ်ကိုယ်ထိန်းနေရတာကို လူတွေက အားနာတတ်တဲ့ကောင်ဆိုပြီး နိုင်လို့ရတယ်ထင်ပြန်ရော ...

နည်းနည်းလေးလိမ်လိုက်တာနဲ့ သိလွန်းအားကြီးလို့ မခံစားချင်လို့ ရူးချင်ယောင်ဆောင်ပေးထားပြန်တော့ အချို့က လိမ်လို့ကောင်းတယ်ထင်ပြီး ပျော်နေပြန်ရော ...

@HninnNuPhyoe

သားဥအိမ် မှာရေအိတ်ဖြစ်ခြင်း


အမျိုးသမီးတွေရဲ့ သားအိမ်တစ်ဖက်တစ်ချက်စီမှာ သားဥအိမ်နှစ်လုံးရှိပါတယ်။ မျိုးဆက်ပွားနိုင်တဲ့  အရွယ်ရောက်လာတဲ့အခါ သားဥအိမ်က မမျိုးဥထုတ်ပေးပြီးတော့ ရင့်မှည့်လာတဲ့မမျိုးဥတွေက လစဉ်ဓမ္မတာ လာတဲ့အခါမှာ ကြွေကျသွားပါတယ်။                                                                                                                                                                                              သားဥအိမ်အတွင်းမှာ (သို့) သားဥအိမ်နံရံမှာ အရည်အိတ်လေးဖြစ်လာတာကို သားဥအိမ် မှာရေအိတ်ဖြစ်တယ်လို့ခေါ်ပါတယ်။ အမျိုးသမီးအများစုမှာ ရေအိတ်တွေရှိတတ်ပါတယ်။ ရေအိတ် အများစုက ရောဂါလက္ခဏာမပြသလို အန္တရာယ်လည်းမရှိပါဘူး။ ဒါ့အပြင် ကုသမှုခံယူစရာမလိုဘဲ လအနည်းငယ်အတွင်းမှာ သူ့အလိုလိုပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ရေအိတ်ပေါက်ထွက်သွားရင် ပြင်းထန်တဲ့ရောဂါလက္ခဏာတွေပြတတ်ပါတယ်။ ကာကွယ်နိုင်မယ့်အကောင်းဆုံးနည်းလမ်းကတော့ အန္တရာယ်ရှိတဲ့ရောဂါလက္ခဏာတွေကို သိထားပြီး ပုံမှန်စစ်ဆေးမှုတွေလုပ်နေဖို့ပဲဖြစ်ပါတယ်။

ရောဂါလက္ခဏာများ

      အများစုက ရောဂါလက္ခဏာမပြဘဲ သူ့အလိုလိုပြန်ပျောက်သွားတတ်ပါတယ်။ ရေအိတ်ကြီး ရင်တော့ အောက်ပါရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။

- ဗိုက်အောက်ပိုင်းအောင့်ခြင်း၊ နောက်ကျောနဲ့ ပေါင်တွေပါ နာတတ်ပါတယ်။

- ရာသီမလာမီ (သို့) ရာသီပြီးခါနီး အချိန်များတွင် ဗိုက်အောင့်ခြင်း

- လိင်ဆက်ဆံစဉ် ဗိုက်အောင့်ခြင်း

- ပျို့ခြင်း၊ အန်ခြင်း၊ ရင်သားများနာကျင်ခြင်း (ကိုယ်ဝန်ဆောင်စဉ်ကြုံတွေ့ရတတ်သော လက္ခဏာများကဲ့သို့)

- ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း

- ရေအိတ်ကဆီးအိမ်ကိုဖိမိခြင်းကြောင့် ဆီးမကြာခဏသွားချင်ခြင်း၊ ဆီးကျန်သလိုခံစားရခြင်း

ရေအိတ်ဖြစ်စေသောအကြောင်းအရင်းများ

        အများစုက ရာသီစက်ဝန်းရဲ့ပုံမှန်ဖြစ်စဉ်အရ ရေအိတ်ဖြစ်လာလေ့ရှိပါတယ်။ ဒါတွေကိုတော့ Functional cyst လို့ခေါ်ပါတယ်။

Functional Cyst

Functional Cyst နှစ်မျိုးရှိပါတယ်။

1️⃣ Follicular cyst

        ရာသီစက်ဝန်းရဲ့အလယ်လောက်မှာ follicle ပေါက်ကွဲပြီး အထဲက မမျိုးဥထွက်လာပါတယ်။ မမျိုးဥက သားဥပြွန်တစ်လျှောက်ဆင်းသွားပြီး သုတ်ပိုးနဲ့တွေ့ကာ သန္ဓေအောင်ခြင်းဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ပြဿနာတစ်စုံတစ်ခုကြောင့်ပုံမှန်အတိုင်း follicle မပေါက်ကွဲဘဲ ဆက်ကြီးထွားလာပြီး ရေအိတ်ဖြစ်သွားတတ်ပါတယ်။

2️⃣Corpus luteum cyst

        Follicle ထဲက မမျိုးဥထွက်လာပြီးချိန်မှာ သန္ဓေတည်ဖို့အတွက်လိုအပ်တဲ့ အီစရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေ အများကြီးထုတ်ပေးပါတယ်။ ဒါကို corpus luteum လို့ခေါ်ပါတယ်။ တစ်ခါတစ်လေမှာ မမျိုးဥထွက်သွားတဲ့အပေါက်က ပိတ်သွားပြီးတော့ follicle ထဲမှာ အရည်တွေပိတ်ပြီး ရေအိတ်အနေနဲ့ကြီးထွားလာပါတယ်။

Functional cyst တွေက နာကျင်ခြင်းမရှိ၊ အန္တရာယ်မပေးဘဲ ရာသီစက်ဝန်း 2 ခါ 3 ခါလောက်အတွင်း သူ့အလိုလိုပြန်ပျောက် သွားတတ်ပါတယ်။

အခြားအိတ်များ

Dermoid cyst - ဆံပင်၊ အရေပြား၊ သွား စတဲ့တစ်သျှူးအပိုင်းအစလေးတွေပါဝင်ပါတယ်။ ကင်ဆာဖြစ်ခဲပါတယ်။

Cystadenomas - သားဥအိမ်တစ်သျှူးတွေကနေဖြစ်လာပြီးတော့ အရည်ကျဲကျဲ (သို့) အချွဲရည်တွေပါဝင်ပါတယ်။

Endometriomas - သားအိမ်ဆဲလ်တွေပြင်ပကို ပျံ့နှံ့ကြီးထွားလာခြင်းကြောင့်ဖြစ်တဲ့ အိတ်တစ်မျိုးဖြစ်ပါတယ်။

Dermoid cyst နဲ့ Cystadenomas တွေက ကြီးထွားလာတတ်ပြီး သားဥအိမ်ကို သူ့ရဲ့မူလနေရာကနေ တွန်းထုတ်လိုက်နိုင်ပါတယ်။ ဒီအခါ သားဥအိမ်လိမ်သွားနိုင်ပြီး ဗိုက်အောင့်စေနိုင်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

        အမျိုးသမီးအချို့မှာ ရောဂါလက္ခဏာပြသခြင်းမရှိဘဲ စမ်းသပ်စစ်ဆေးကြည့်မှသာ ရေအိတ် ကိုတွေ့ရတတ်ပါတယ်။ သွေးဆုံးပြီးချိန်မှ ဗိုက်မှာအလုံးတွေ့ရင်တော့ ကင်ဆာဖြစ်နိုင်ချေများပါတယ်။ ဒါကြောင့် ပုံမှန်စစ်ဆေးမှုခံယူဖို့အရေးကြီးပါတယ်။

အဖြစ်နည်းသော ဆိုးကျိုးများ

❇️သားဥအိမ်လိမ်သွားခြင်း - ရေအိတ်က အရမ်းကြီးလာတဲ့အခါမှာ သားဥအိမ်က မူလနေရာကနေရွေ့သွားပြီးတော့ လိမ်သွားနိုင်ပါတယ်။

❇️ပေါက်ထွက်ခြင်း - ပေါက်ထွက်သွားရင် ပြင်းထန်စွာဗိုက်အောင့်ခြင်း၊ သွေးယိုစီးခြင်းတွေဖြစ်နိုင်ပါတယ်။

စမ်းသပ်စစ်ဆေးခြင်း

        ဆရာဝန်က စမ်းသပ်ကြည့်တဲ့အခါမှာ ရေအိတ်ရှိတယ်လို့သံသယရှိရင် အောက်ပါအချက်တွေကို စမ်းစစ်ပြီး ရောဂါဖော်ထုတ်ပါလိမ့်မယ်။

အရွယ်အစား - ဘယ်လောက်ကြီးလဲ

ပါဝင်မှု - အရည်၊ အစိုင်အခဲ၊ အရော? အရည်တွေပဲပါရင် ကင်ဆာဖြစ်နိုင်ချေနည်းပါတယ်။ အစိုင်အခဲ (သို့) အရောဆိုရင်တော့ ကင်ဆာဟုတ်မဟုတ်ထပ်ပြီး စစ်ဆေးမှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်။

ကိုယ်ဝန်ရှိ/မရှိစစ်ဆေးခြင်း - ကိုယ်ဝန်ရှိ/မရှိဆီးစစ်ကြည့်လို့ ကိုယ်ဝန်ရှိတယ်လို့ထွက်ရင် Corpus luteum cyst ဖြစ်နိုင်ပါတယ်။

Pelvic ultrasound - မိန်းမကိုယ်ကို အာထရာဆောင်းရိုက်ကြည့်ပြီး သားအိမ်၊ သားဥအိမ်တွေကိုကြည့်နိုင်ပါတယ်။ ရေအိတ်ရှိ/မရှိ၊ ရေအိတ်ရှိပါက နေရာ၊ ပါဝင်မှုတွေကို ကြည့်နိုင်ပါတယ်။

Laparoscopy - ဝမ်းဗိုက်တွင် အပေါက်သေးသေးလေးဖောက်ပြီး မှန်ပြောင်းထည့်ကာ သားဥအိမ်တွေကိုကြည့်နိုင်သလို ရေအိတ်ကိုလည်း ထုတ်နိုင်ပါတယ်။

CA 125 blood test - သွေးတွင်းရှိ ကင်ဆာကိုညွှန်ပြတဲ့ဓာတ်တစ်မျိုးဖြစ်တဲ့ CA 125 ပမာဏကို တိုင်းတာနိ်ုင်ပါတယ်။ ကင်ဆာရောဂါများတွင် CA 125 ပမာဏမြင့်တက်လေ့ရှိသော်လည်း အချို့သောရောဂါများတွင် ကင်ဆာမဟုတ်သော်လည်း CA125 များနေတတ်ပါတယ်။

ကုထုံးများ

        လူနာရဲ့ အသက်၊ ရေအိတ်အရွယ်အစား၊ ရောဂါလက္ခဏာတွေအပေါ်မူတည်ပြီး ကုထုံးအမျိုးမျိုးရှိပါတယ်။

စောင့်ကြည့်ခြင်း - အများအားဖြင့် ရေအိတ်သူ့အလိုလိုပျောက်သွားမှုရှိမရှိ လအနည်းငယ်စောင့်ကြည့်ပြီးမှ ပြန်လည်စစ်ဆေးနိုင်ပါတယ်။ ဘယ်အသက်အရွယ်မဆို ရောဂါလက္ခဏာလည်းမပြ အာထရာဆောင်း(Ultrasound)မှာလည်း ရေအိတ်သေးသေးပဲဆိုရင် စောင့်ကြည့်ဖို့ညွှန်ကြားပါလိမ့်မယ်။

သန္ဓေတားဆေးများ - နောက်ထပ် ရာသီလာတဲ့အခါမှာ ရေအိတ်တွေထပ်မဖြစ်အောင်ကာကွယ်ဖို့အတွက် သန္ဓေတားဆေးသောက်ဖို့ညွှန်ကြားပါလိမ့်မယ်။ သန္ဓေတားဆေးတွေက သားဥအိမ်ကင်ဆာဖြစ်နိုင်ချေကိုလည်း လျော့ကျစေပါတယ်။


ခွဲစိတ်မှု - ရေအိတ်အရွယ်အစားကြီးပြီး functional cyst မဟုတ်ဘဲ အရွယ်ကဆက်ပြီးကြီးနေမယ် (သို့) ရာသီ 2-3 ခါလောက်လာပြီးတဲ့အထိ ဆက်ရှိနေမယ်ဆိုရင်တော့ ခွဲစိတ်ပြီးထုတ်ပစ်ဖို့ညွှန်ကြားပါလိမ့်မယ်။

ကာကွယ်ခြင်း

         ကာကွယ်နိုင်မယ့်နည်းလမ်း တိတိကျကျမရှိပေမယ့် ပုံမှန်စစ်ဆေးခြင်းဖြင့် ရောဂါ ကိုစောစောသိနိုင်ပါတယ်။ မိမိရဲ့ ဓမ္မတာလာချိန် အပြောင်းအလဲတွေကို သတိထားကြည့်ပါ။ ရာသီလာချိန်တွင်ဖြစ်လေ့ဖြစ်ထမရှိသော လက္ခဏာများခံစားရပြီး လအတန်ကြာခံစားရခြင်းတွေကို သတိထားမိရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

Credit- မူရင်းရေးသားသူ

Tuesday, June 30, 2020

ဓာရဏ ပရိတ်

***ဓာရဏ ပရိတ်တော်***
(မြန်မာပြန်)
 

၁။ မြတ်စွာဘုရားရှင်တို့၏ အသက်၏ ဘေးအန္တရယ်ကို တစ်စုံတစ်ယောက်သော သူသည် ပြုခြင်းငှာ မတတ်နိုင်။ ထို့အတူ အကြှနျုပျ အား ဖြစ်ပါစေသတည်း။

၂။ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား လွန်လေပြီးသော အတိတ်အဖို့၌ /နောင်လာလတ္တံသော အနာဂတ်အဖို့ ၌ / ပစ္စုပ္ပန် မျက်မှောက်အဖို့၌ အတားအဆီးအပိတ်အပင် မရှိသော ဥာဏ်တော်သည် ဖြစ်၏။

၃။ သုံးပါးကုန်သော ဤဂုဏ်ကျေးဇူးတော်တို့နှင့် ပြည့်စုံတော်မူ သော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား အလုံးစုံသော ကိုယ် / နှုတ် / နှလုံး ဖြင့်ပြုလုပ်အပ်သော အမှုသည် ဥာဏ်တော်ပြဋ္ဌာန်းခြင်း ရှိသည်။ ဥာဏ်တော်၏ နောက်သို့ အစဉ်လိုက်သည် ဖြစ်၏။

၄။ ခြောက်ပါးကုန်သော ဤ ဂုဏ်ကျေးဇူးတော်တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား သတ္တဝါတို့၏ အကျိုးစီးပွားကိုပြုလိုသော ဆန္ဒတော်၏ ဆုတ်ယုတ်ခြင်းသည် မရှိ။ တရားတော်ကို ဟောပြောခြင်း၏ ဆုတ်ယုတ်ခြင်းသည် မရှိ။ သူတစ်ပါးတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်း ၌ လုံ့လဝီရိယတော်၏ ဆုတ်ယုတ်ခြင်းသည် မရှိ။ သင်္ခါရတရားတို့ကို အနိစ္စ အစရှိသော လက္ခဏာ သုံးပါးဖြင့် ရှုမှု ဥာဏ်တော်၏ ဆုတ်ယုတ်ခြင်းသည် မရှိ။ စိတ်တည်ကြည်မှု သမာဓိတော်၏ ဆုတ်ယုတ်ခြင်းသည် မရှိ။ အရဟတ္တဖိုလ်ကို ၀ငစြားတောြ မူခြင်း၏ ဆုတ်ယုတ်ခြင်းသည် မရှိ။

၅။ တစ်ဆယ့်နှစ်ပါးကုန်သော ဤဂုဏ်ကျေးဇူးတော်တို့နှင့် ပြည့်စုံတော်မူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ရယ်မြူးးလို၍ ပြုမူပြောဆိုခြင်းသည် မရှိ။ သတိလွတ်၍ ချွတ်ယွင်းပြောဆို ခြင်းသည် မရှိ။ ဥာဏ်တော်ဖြင့်မတွေ့မထိ မသိ အပ်သောတရားသည် မရှိ။ ဥာဏ်ဖြင့် မဆင်မခြင် အဆောတလျင် ပြုသောအမှုသည် မရှိ။ သူတစ်ပါးတို့အတွက် ကြောင့်ကြမဲ့ဖြစ်သော စိတ်နှလုံးတော်သည် မရှိ။ ဥာဏ်ဖြင့် မဆင်မခြင် လျစ်လျူ ရှုသောအမှုသည် မရှိ။ တစ်ဆယ့် ရှစ်ပါးကုန်သော ဤ ဂုဏ်ကျေးဇူးတော်တို့နှင့် ပြည့်စုံတော် မူသော ဘုန်းတော်ခြောက် ပါးနှင့့်ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏ ။ခုနှစ်ဆူကုန်သော မြတ်စွာဘုရားရှင်တို့အားလည်း ရှိခိုးပါ၏။

၆။ ဝိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားအား ကိုယ်ဖြင့်ပြုလုပ်အပ်သောမကောင်းမှု ကာယဒုစရိုက် /နှုတ်ဖြင့်ပြုလုပ်အပ်သော ၀စီဒုစရိုကြ / စိတ်ဖြင့် ပြုလုပ်အပ်သော မနောဒုစရိုက် / သည် မရှိ။ လွန်လေပြီးသော အဖို့ကာလ/နောင်လာလတ္တံသော အဖို့ကာလ /မျက်မှောက်သော အဖို့ကာလ၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား ဆီးတားပိတ်ပင်ခြင်းရှိသော ဥာဏ်တော်သည် မရှိ။ မြတ်စွာဘုရားအား အလုံးစုံသော ကိုယ်/ နှုတ် /စိတ် သုံးပါး ဖြင့်ပြုလုပ်သောအမှုသည် ဥာဏ်တော်လျှင် ရှေ့သွားမရှိခြင်းသည် မရှိ။ ဥာဏ်တော်သို့ အစဉ်မလိုက်ခြင်းသည် မရှိ။ ဤဆောင်ထားအပ်သော ဓာရဏပရိတ်တော်သည် မနှိုင်းယှဉ်အပ် ။ တူမျှခြင်းလည်းမရှိ။ ခပ်သိမ်းသော သတ္တဝါအပေါင်းတို့၏ မိုခိုကိုးကွယ်ရာလည်းဖြစ်၏။ ပုန်းအောင်းလဲလျောင်းရာလည်း ဖြစ်၏၊ သံသရာဘေးကိုကြောက်ရွံသော သူတို့၏ အလွန်မြတ်သော အရံအ တားလည်း ဖြစ်၏။ ကြီးသော တန်ခိုးရှိန်စော် အာနုဘော်ရှိသော အရံ အတားလည်း ဖြစ်၏။

၇။ ချစ်သားအာနန္ဒာ ဤတန်ခိုးတေဇော် အာနုဘော်ကြီးမြတ်သော ဓာရဏပရိတ်တော်ကို ရွတ်ဆောင်လော့။ မှတ်သားလော့။ မေးမြန်းစူးစမ်း ဆင်ခြင်လော့။ ထိုသို့ ရွတ်ဆောင်မှတ်သား မေးမြန်း စူးစမ်းဆင်ခြင်သော သူ၏ ကိုယ်၌ 
* မြွေနဂါး စသည်တို့၏ အဆိပ်သည် မကျရောက်နိုင်။
* ရေ၌ မငြိတွယ် မနစ်မွန်းရာ။ 
* မီးသည် မလောင်ကျွမ်းရာ။ 
* အထူးထူးအပြားပြား များစွာသော ဘေးရန်တို့သည် 
မထိရောက်နိုင်ရာ။ 
* မကောင်းကြံသောသူသည်လည်း မကြံစည်နိုင်ရာ။ 
* ရူးသွပ် ပျံ့လွင့်သော အနာလည်းမဖြစ်နိုင်ရာ။ 
* တွေဝေမိုက်မဲသောအနာလည်းမဖြစ်နိုင်ရာ။ 
* လူတို့သည် လည်းကောင်း၊ 
* ဘီလူးတို့သည် လည်းကောင်း 
မညှဉ်းဆဲ မဖျက်ဆီး မနှိပ်စက်နိုင်ရာ ။

၈။ ထိုဓာရဏပရိတ်တော်သည် အဘယ်သို့နည်း ဟူမူကား စကြ၀ဠာ ကမ္ဘာတစ်သောင်းကို လောင်ကျွမ်းစေသော နေခုနှစ်စင်း၏ အရှိန်အစော်ကဲ့သို့ ဘေးရန် အန္တရာယ်အပေါင်းတို့ကို လောင်ကျွမ်းပယ်ဖျောက်နိုင်သည့် တန်ခိုးရှိန်စော် အာနုဘော်ရှိ၏။ 
* နတ် ၊ သိကြား ၊ နဂါး ၊ ဂဠုန် ၊ ကုမ္ဘဏ် ၊ ဘီလူး ၊ ရက္ခိုသ် အစရှိသည်တို့ကို တားမြစ်နိုင်သော သံကွန်ရက်နဲ့တူသော ဘုန်းတန်းခိုးရှိန်စော် အာနုဘော်ရှိ၏။ 
* ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်လိုသော သူဟုဆိုအပ်သော ရန်သူအန္တရာယ်အပေ ါင်းတို့ကိုလည်း ပယ်ရှားတားမြစ်နိုင်၏။ ကပ်သုံးပါးတို့မှ ကင်းလွတ်စေနိုင်၏။ 
* အမိ၀မ်းတွင်း၌ ပဋိသန္ဓေ နေသော်လည်း အ,ခြင်း ၊ ဆွံ့ခြင်း၊ နားပင်းခြင်း၊ ရှုးသွပ်ပျံ့လွင့်ခြင်း အနာမျိုးတို့မှ လွတ်စေနိုင်၏။ 
* သစ်ပင် တောင်ကမ်း ချောက်ကမ်းပါးတို့မှ ကျငြားသော်လည်း မသေနိုင်ရာ။ 
* မရသေးသော စည်းစိမ်ချမ်းသာ ၊ ဥစ္စာရတနာ အပေါင်းတို့ကိုလည်း ရစေနိုင်၏။ ရပြီးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာအပေါင်း တို့ကိုလည်း ကြီးကျယ်ပြန့်ပွားများစေ၏။ ဟုတ်မှန်သောအားဖြင့် အမိုက်ပျောက်၍ အလင်းရောက်နိုင်၏။

၉။ ချစ်သားအာနန္ဒာ စင်စစ်မူကား ဤဓာရဏပရိတ်တော်ကို ကိုးဆယ့်ကိုးကုဋေ ကုန်သော ဘုရားရှင်တို့သည် ဟောတော်မူအပ်ပြီ ။ 
* မကောင်းသဖြင့် ကြံသော သူတို့၏ အကြံအစည်ကိုလည်း သိမြင်နိုင်၏။ 
* ဓား ၊ လှံ ၊ လေး ၊ မြှား ၊ လက်နက် မီးပေါက်အမြှောက် အစရှိသော ဘေးတို့သည်လည်း မထိရောက်စေနိုင် ။ 
* မန္တန်၊ မန္တရာဂါထာ၊ အင်းအိုင် တို့သည်လည်း ထက်မြက်စေနိုင်၏။ 
* ရောဂါအန္တရာယ်မျိ ုးတို့ကိုလည်း ပယ်ဖျောက်စေနိုင်၏။ ကြမ်းတမ်းခက်မာသော အနာရောဂါမျိုး တို့သည်လည်း မထိရောက်နိုင်။
* ကြိုး၊ ထိပ်၊ သံခြေကျင်း ၊ ကပ်ဖိ၊ တွင်းလှောင်၊ ပင်းသကား၊ လည်ထောက် ကိုလည်း လွတ်စေနိုင်၏။ ဤမှန်သော သစ္စာစကားကြောင့် အခါခပ်သိမ်း အကြှနျုပျအား ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း။

ဓာရဏပရိတ်တော် (ရွတ်ဖတ်ခြင်း၏အကျိုးကျေးဇူး) ဓာရဏသုတ်တော်ကို နေ့စဉ်မပြတ် ရွတ်ဖတ်ပွားများ သရဇ္စျာယ်ပါက ဘေးရန် ကင်းရှင်းပါသည်။ အခြားသော ရန်သူ၊ မနာလိုသူများက ရန်ပြုခြင်း၊ ဆေးပါးခပ်ခြင်း အဆိပ်ခပ်ခြင်းတို့မှ ကင်းဝေးစေပါသည်။







Monday, May 25, 2020

အလှအပဆိုင်ရာ သိသင့်သိထိုက်သော အချက်များနှင့် အကြံပြုချက်များ

ခေါင်းမှာ ဆံပင်ပုံသွင်းဆေးတို့၊ အလှဆီတို့လိမ်းထားတဲ့အခါမှာ ဆံပင်ကောက်တံကို သိပ်မသုံးပါနဲ့ ၊ ဆံပင်တွေ ကပ်တတ်ပါတယ်။ ဆံပင် အပူလောက်စေတဲ့ flat iron တွေကိုလည်း မသုံးဘူးလို့ J.Lo ရဲ့ hairstylist Oribe က ပြောပါတယ်။
ဆားဝက်ခြံတွေ အတွက်ကတော့ ကြက်ဥ အကာထဲမှာ Cotton Pad နှစ်ပြီး အဲဒီ cotton pad ကိုဆာားဝက်ခြံပေါ်မှာ အုပ်ထားပါ။ ကြက်ဥအကာရည် ခြောက်သွားရင် ပြန်ခွာထုတ်လိုက်ပါ။ ဒီလိုမျိုးနှစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် ချွေးပေါက်တွေ ပိတ်နေတဲ့အခါတိုင်းမှာ လုပ်ပေးပါ။
မိမိမျက်တောင်မွှေးတွေကို Vaseline လိမ်းပေးပါ။ တစ်နှစ်လောက် လိမ်းပေးပြီးရင်တော့ မျက်တောင်မွှေးတွေ ရှည်ထွက်လာတာကိုတွေ့ပါလိမ့်မယ်။
ဆံပင်အုံထူစေချင်ရင် မိမိရဲ့ဆံပင် ခွဲကြောင်းကို မကြာခဏပြောင်းပေးဖို့ပါပဲ။ နောက်ပြီး ဆံပင်ကို ခြောက်သွေ့အောင် လေမှုတ်တဲ့အခါ ခေါင်းကိုငိုက်ထားပြီး ခေါင်းနောက် ကနေလေမှုတ်ပေးပါ။
ဆံပင်တွေ ရှင်းသန့်တောက်ပြောင်စေချင်ရင် ဆော်ဒါမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း နဲ့ ခေါင်းလျှော်ရည် ၂ ကော်စာကို လက်ဖဝါးပေါ်မှာ ရောပြီး အမြုှပ်ထွက်လာတဲ့အထိ ခေါင်းမှာပွတ်လိမ်းပါ။ ဆံပင်သားထူးထူးခြားခြား တောက်ပြောင်လာပါလိမ့်မယ်။
ဈေးကြီးတဲ့ အင်္ကျီနဲ့ ပိုက်ဆံအိတ်တွေကို ဝယ်ပြီးငွေဖြုန်းမယ့်အစား လူတွေအရင်ဆုံးတွေ့မြင်နေတဲ့ မိမိရဲ့ အသားအရေအတွက် အရည်အသွေးကောင်းတဲ့ အရေပြား ထိန်းသိမ်းဆေးတွေသာ ဝယ်လိုက်ပါလို့ SKII training manager Angeline Yap ကဆိုပါတယ်။
ရုပ်ရှင်မင်းသမီး စကားလက်ဂျိုဟန်ဆင်ကတော့ တခြားဟာတွေ မလိုချင်ဘူး အသားအရေအတွက် အလှဆီနဲ့ နှုတ်ခမ်းနီ အနီရောင်ပဲလိုချင်ပါသတဲ့၊ သူစိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အခါမျိုးမှာ နှုတ်ခမ်းနီ အနီရောင်ဆိုးလိုက်ရင် နေသာထိုင်သာရှိသွားပြီး လူလည်းပိုကြည့်ကောင်းလာသတဲ့။
ဝက်ခြံနီရဲနေရင် မျက်စဉ်းဆေးကို ဂွမ်းစပေါ်မှာ အစက်ချပြီး အဲဒီဝါဂွမ်းစကို ဝက်ခြံပေါ်မှာ ၁၀စက္ကန့် ၁၅ စက္ကန့်လောက်ဖိထားပေးပါ။ မကြာခင် ဝက်ခြံနီရဲနေတာ အရောင်ကျသွားပါလိမ့်မယ်။
ခြောက်သွေ့တဲ့နှုတ်ခမ်းတွေအတွက် Vaseline နဲ့ပျားရည် အရောအနှောကို နှုတ်ခမ်းမှာ လိမ်းပေးပါတဲ့။ တစ်ပတ်ကို သုံးကြိမ်လောက် လိမ်းပေးရင် နှုတ်ခမ်းတွေ အက်ကွဲ ခြောက်သွေ့တာကို ကာကွယ်နိုင်ပါတယ်။
နှုတ်ခမ်းပေါ်က ခြောက်သွေ့နေတဲ့ အဖတ်ကို ခွာချဖို့ မကြိုးစားပါနဲ့ ။ ဒဏ်ရာဖြစ်တတ်ပါတယ်။ အကောင်းဆုံးက အဝတ်စသန့်သန့်နဲ့ ပွတ်တိုက်ပေးပါ။
ဆံပင်တွေရှုပ်ထွေးနေတာကို ပြေပျောက်စေပြီး ရွှ့န်းလဲ့တောက်ပြောင်စေချငရင် ဒန်ခွက်တစ်ခွက်ထဲမှာ သံပုရာသီး ၂လုံးစာ အရည်ညှစ်ထည့်းပြီး ရေနွေးရောပါ။ ခေါင်းလျှော်ပြီးတဲ့အခါ ဒီသံပုရာရည်နွေးနွေးကို ခေါင်းပေါ်လောင်းချပါ။ ပြီးရင် ဘီးနဲ့ဖီးပြီးရေလောင်းချပါ။    
အစားအသောက်ကလည်း အလှအပမှာ တစ်ခန်းတစ်ကဏ္ဍကပါဝင်ပါတယ်။ မျက်နှာပေါ်မှာ အစက်ပြောက်တွေ မြန်မြန်ပျောက်ချင်ရင်တော့ ပုဇွန်ဟင်းက အကောင်းဆုံးပါတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပုဇွန်မှာ ဇင့်သတ္တုဓါတ် အများဆုံးပါဝင်တယလေ။ ဇင့်က အသားအရေ ရောင်ရမ်းခြင်းကို လျော့ပါးစေတယ်။ ကိုယ်ခံအားကောင်းစေတဲ့အပြင် အသားအရေပေါ်က အစက်အပြောက်ကို စဖြစ်တဲ့ နေရာမှာတင် ရပ်တန့်စေပါတယ်။
 အိပ်ယာမဝင်ခင် ၃နာရီလောက်အတွင်းမှာ ကဖင်းဓါတ်ပါတဲ့အရည်နဲ့ အရက်ကို မသောက်သုံးသင့်ပါဘူး။ အိပ်တဲ့အခါမှာလည်း ခေါင်းအုံးမြင့်မြင့်ကြီးကိုအုံးပါ။ ဒါမှနိုးလာတဲ့အခါ မျက်လုံးမို့ဖောင်းဖောင်းကြီးဖြစ်မနေမှာပါ။
ဖန်ခွက်သောက်ပါ။အချိုကြိုက်ခြင်းဟာ အိုမင်းရင့်ရော်ခြင်းကို မြန်မြန်ဖြစ်စေပါတယ်။ အချိုဓါတ်ကို အာသာပြင်းပြတာကို ထိန်းချုပ်ဟန့်တားဖို့အတွက် အဆီမပါတဲ့အသားစားပေးပြီး ပရိုတင်းနဲ့ အမျှင်သော ဟင်းသီးဟင်းရွက်နှင့် တစ်နေ့ကို ရေရှစ်ဖန်ခွက်လောက် သောက်သင့်ပါတယ်။
မျက်ခုံးမွှေးတိညှိထားတာ သေးမျှင်နေတယ်လို့ ထင်ပေမယ့်၊ ဒါဟာ ပြဿနာ မဟုတ်ပါဘူး။ အရေးကြီးတာက သပ်သပ်ရပ်ရပ်နဲ့ နက်မှောင်နေဖို့ပါပဲ။ ပြီးတော့ မျက်ခုံးမွှေးဆွဲရတာလည်း လွယ်တယ်လေ။
မိမိတို့ရဲ့ မျက်နှာကလေး ပိုပြီးနုပျိုလာအောင် အနည်းဆုံး တစ်ပတ်တစ်ခါ လောက် facial လုပ်ပေးသင့်ပါတယ်။ လုပ်ရမှာကတော့ မျက်နှာသန့်စင်မယ်၊ ချီးချွတ်မယ်၊ ပေါင်းတင်မယ်၊ ပြီးရင် အစိုဓါတ်ထိန်း moisturiser လေးလိမ်းပေးရုံပါပဲ။
မျက်နှာမှာ သုံးပြီးတဲ့ ပေါင်းတင်ဆေးကပ်ခွာ mask မှာ အာနိသင်တွေ ကျန်နေပါသေးတယ်။ အဲဒီ mask တွေကို လွှင့်မပစ်သေးဘဲ ခြေထောက်နဲ့ လက်တွေမှာ အသုံးပြုနိုင်ပါတယ်။
အသားအရေဟာ ဆီပြန်တဲ့အသားအရေ ဖြစ်ပေမယ့် နေ့တိုင်းညတိုင်း Moisturiser လိမ်းပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသားအရေပေါ်က အစိုဓါတ်ဟာ နာရီနဲ့အမျှ ခန်းခြောက်တတ်လို့ပါ။
တစ်နေကုန် မောပန်းနွမ်းနယ်နေတဲ့အခါ မိမိရုပ်ရည်က အကျည်းတန်အရုပ်ဆိုးနေသလို ခံစားရတတ်တယ်။ အဲဒီလိုဖြစ်ရင် လန်းဆန်း လတ်ဆတ်စေပြီး အစိုဓါတ်ပါတဲ့ Mask လိမ်းပြီး တစ်မှေးလောက်အိပ်လိုက်ပါ။ အိပ်ရာကနိုးလာရင်တော့ မိမိရဲ့ အသားအရေက ရွှန်းစိုဝင်းပလာပါလိမ့်မယ်။
1. မိမိအနေနဲ့ ဘယ်လောက်ပဲ ပင်ပန်းနွမ်းနယ်နေပါစေ ညအိပ်ရာဝင်ရင်တော့ လိမ်းထားတဲ့ မိတ်ကပ်ကို ဖျက်ဖြစ်အောင် ဖျက်ပစ်သင့်ပါတယ်။ မှဲ့ခြောက်နဲ့ ချွေးပေါက်တွေ ပိတ်နေတဲ့ အသားအရေဟာ ဘယ်တော့မှ စိုပြေလှပမှာ မဟုတ်ပါဘူး ။

2. လိမ်းထားတဲ့ မိတ်ကပ်ကို တစ်နေကုန်တာနဲ့ ဖျက်ပစ်မယ်ဆိုရင် ဘယ်တော့မှ ချွေးပေါက်ဆို့တာမျိုး ဖြစ်မှာမဟုတ်ဘူး..။ သာမန် မျက်နှာသစ် သန့်စင်ရုံမဟုတ်ဘဲ မိတ်ကပ်ဖျက်ဆေးရည်ကို သုံးပြီး မျက်နှာပေါ်နဲ့ မျက်လုံးတစ်ဝိုက်ကို အဓိကထားပြီး သန့်စင်သင့်ပါတယ်။

3. မျက်နှာပေါ်မှာရှိတဲ့ ဝက်ခြံသေးငယ်သွားအောင် လုပ်ချင်ရင် ရေခဲတုံးကို အဝတ်သန့်သန့်နဲ့ပတ်ပြီး ဝက်ခြံပေါ်မှာ မိနစ်အနည်းငယ် တင်ထားပေးပါ။

4. ခရီးသွားရင် ဆောင်သွားသင့်တဲ့ အလှပြင်ပစ္စည်းတစ်မျိုးကတော့ နို့ပေါင်ဒါနို့မှုန့်ဖြစ်အပါတယ်
။ မျာနှာအတွက် mask အဖြစ်အသုံးပြုနိုင်တယ်လေ။ ဒီနို့မှုန့်ကို mask အဖြစ်လိမ်းထားပေးခြင်းဟာ မျက်နှာအသားအရေကို ရွှန်းစိုစေပြီး ဖြူဖွေးလာစေပါတယ်။ အသုံးပြုရတာလည်းလွယ်ပါတယ် ။

5. နို့မှုန့်ထဲကို ရေနွေးနွေးထည့်ပြီး ပျစ်လာတဲ့အထိမွှေပေးပါ။ အဲဒီနို့မှုန့်ကို မျက်နှာပေါ်မှာ မျက်နှာဖုံးအဖြစ်သုတ်လိမ်းပြီး မိနစ် ၃၀ခန့် ဒီအတိုင်းထားပါ။ မကြာခင် မိမိမျက်နှာဟာ ပိုလှပြီး အစိုဓါတ်ရွှန်းလဲ့လာပါလိမ့်မယ်။

6. မိမိရဲ့မျက်နှာအသားအရည်ကို နူးညံ့ချောမွေ့စေတဲ့ နောက်တစ်နည်းပါ။ ဂျုံစေ့အဆန် လက်ဖက်ရည် တစ်ဇွန်းကို ကြက်ဥတစ်လုံးနဲ့ရောပါ။ အဲဒီအရောအနှောကို မျက်နှာပေါ်မှာ မျက်နှာဖုံးအဖြစ် သုတ်လိမ်းပါ။ ၁၅မိနစ်လောက် ဒီအတိုင်းထားပြီး ရေနွေးနဲ့ စင်အောင်ဆေးပါ။

7.မိမိရဲ့ နဖူးပြင်ကို ပြေလျော့အောင်ထားပါတဲ့။ လူတိုင်းက အမှတ်မထင် နဖူးကြောတွန့်ရှုံ့တတ်ကြတယ်။ ဒီအတွက် နဖူးမှာ အရေးအတွန့်ပေါ်လာတတ်တယ်။ ဒါကြောင့် မျက်မှောင်မကြုံ့မိအောင် ဒါမှမဟုတ် နဖူးကြော မတွန့်အောင် သတိထားပါ။

8. နေ့စဉ်ရေးအေးအေးနဲ့ မျက်နှာဆေးကြောပေးခြင်းအားဖြင့် အရေအပြားမှာရှိတဲ့ အဆီဂလင်းကို ထန်းသိမ်းပေးရာ ရောက်ပါတယ်။

9. အိပ်ရာက နိုးလာလို့ မျက်နှာအသားအရေ ခြောက်သွေ့နေတာ၊ တချို့နေရာတွေမှာ အရေအပြားအဖတ်လိုက် ကွာနေတာတွေ့ရင် ၊ ညအိပ်ယာမဝင်မှီ မျက်နှာသန့်စင်ပြီး Petroleum Jelly လိမ်းပေပါ။

10. အသားအရေချောမွေ့စေဖို့အတွက် ခွဲစိတ်ခန်းသုံးတိပ်ကို အသုံးပြုနိုင်ပါတယ်။ နှာခေါင်းအထက် မျက်ခုံးနှစ်ခုကြားမှာ ကြက်ခြေခတ်ကပ်ပြီး အိပ်ရာဝင်ပါ။ မိမိ အိပ်ပျော်နေစဉ် အမှတ်မထင် မျက်မှောင်ကျုံ့တတ် တာကြောင့် အသားအရတွန့်ရှုံ့တတ်တဲ့အတွက် ကာကွယ်ခြင်းဖြစ်ပါတယ်။

11. ရေနွေးကြမ်းသောက်ပြီး လက်ဖက်စိမ်းအိတ် (tea bag) ကိုမျာက်လုံးတွေပေါ်မှာ ကပ်ပေးထားရင် မျက်လုံးရောင်ရမ်းမို့ဖောင်းေနတာကို ပြေလျော့စေပါတယ်။

12. မျက်လုံးတွေ နီရဲနေရင် ရေတစ်ဖန်ခွက်ထဲကို ဆားလက်ဖက်ရည်ဇွန်ုး ၂ ဇွန်းထည့်မွှေပြီး အဲဒီရေနဲ့မျက်လုံးဆေးပါ။

13. Facial လုပ်ရာမှာသုံးတဲ့ဂွမ်းစ ( cotton pad ) တွေဟာ Toner နဲ့အခြား အသားအရေးထိန်း လိမ်းဆေးကို စုပ်ယူကြတယ်။ ဒါကြောင့် အဲဒီလိမ်းဆေးတွေကို လက်ဖဝါးထဲထည့်ပြီး မျက်နှာပေါ်ကို တိုက်ရိုက်လိမ်းပေးပါ။ ဒီလို လုပ်ခြင်းအားဖြင့် မျက်နှာကဆေးရဲ့အာနိသင်ကို အပြည့်အဝရပြီး ဂွမ်းစအမျှင်လေးတွေ မျက်နှာမှာ ကပ်နေတာမျိုး မဖြစ်တော့ဘူးပေါ့။

14. moisturiser နဲ့ မျက်လုံးလိမ်ဆေးကရင်မ်တွေကို ရာသီဥတု ပူအိုက်တဲ့အခါ ရေခဲသတ္တာထဲထည့်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

15. အနည်းငယ်အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဟာ glycolic acid ပါတဲ့ မျက်နှာသန့်စင်ဆေး သုံးသင့်ပါတယ်။ glycolic acid ပါတဲ့ မျက်နှာသန့်စင်ဆေးလိမ်းပြီး တစ်မိနစ်ခန့် နှိပ်နယ်ပေးပါ။ သေနေတဲ့ ဆဲလ်တွေကိုဖယ်ပေးပြီး အသားအရေစိုပြေစေရာမှာ အထောက်အကူပြုပါတယ်။

16. အကြောင်းတစ်ခုခုကြောင့် စိတ်ညစ်ရင် မျက်နှာပေါ်မှာပေါ်အောင်မနေပါနဲ့။ ရှုံ့မဲ့မနေပါနဲ့။ မျက်နှာမှာရှိတဲ့ အရေးအကြောင်းပိုပြီးထင်စေပါတယ်။ ဒီတော့ ရှုံ့မဲ့နေမယ့်အစား အားရပါးရသာ ပြုံးလိုက်ပါလို့ အကြံပေးပါရစေ။
စိတ်ဖိစီးမှုဒဏ် ခံစားရတဲ့ခါ ညာဘက် နှာခေါင်းပေါက်ကိုပိတ်ပြီး ဘယ်ဘက်နှာခေါင်းပေါက်နဲ့ အားရပါးရ ငါးမိနစ်လောက်ရှူပေးလိုက်ပါ။ ပြီးတော့ ဖြည်းဖြည်းခြင်း အသက်ရှူထုတ်လိုက်တာနဲ့ တည်ငြိမ်မှုရလာပါလိမ့်မယ်။

17. မျက်နှာမှာတင် moisturiser လိမ်းရုံမဟုတ်ဘူး၊ လည်ပင်း၊ လက်နဲခြေထောက်တွေကိုလည်း လိမ်းဖို့မမေ့ပါနဲ့။

18. ဆံပင်အဆီပြန်ခြင်းဟာ မိန်းကလေးတွေအတွက်ကတော့ ပြဿနာပါပဲ။ ဆံပင်အဆီပြန်တတ်တဲ့ အမျိုးသမီးများအနေနဲ့ ဆံပင်အလှပြင်ဆိုင်သွားပြီး တိုတိုသာညှပ်လိုက်ပါ။ ဆံပင်အတိုပုံစံက အရှည်ထက် ပိုပြီးကြည့်ရတာ သန့်သန့်ှ ရှင်းရှင်းရှိပြီး ပျော့ဖတ်ဖတ်လည်းဖြစ်မနေတော့ဘူးေပါ့။

19. ဆံပင်ကို မိမိဘာသာအိမ်မှာ ဆိုးမယ်ဆိုရင် ဆံပင်ဆိုဆေးကို အညွှန်းထဲမှာပါတဲ့ အချိန်ထက်ပိုပြီး လိမ်းမထားပါနဲ့။ မိနစ်၄၀ ထက်ပိုပြီးထားမယ်ဆိုရင် အရောင်က မွဲခြောက်ခြောက် ဖြစ်တတ်ပါတယ်။

20. အာဟာရချို့တဲ့ခြင်းဟာ ဆံပင်တွေကို ပျက်စီးစေပါတယ်။ ဒါ့အပြင် အရွယ်မတိုင်မီ ဆံပင်တွေကိုဖြူစေပါတယ်။ ဒါကြောင့် အစာအဟာရကို မျှတအောင်စားပြီး ကောင်းကောင်း အနားယူပါလို့ပြောချင်ပါတယ်။
 
#credit- မူရင်းတင်သူ
 
  

မျက်မှာပေါ်က အမဲစက် ပျောက်နည်း

ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ်မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မလုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။

အိပ်ယာဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ မဲ့ခြောက်၊ တင်းတိပ် ရှိနေသူတွေ အတွက် အဆင်ပြေ မယ့် နည်းလမ်း ကောင်းလေးပါ။ ဖရဲသီးမှာပါတဲ့ ရေဓာတ်က မဲ့ခြောက်၊ တင်းတိပ်တို့ကို ပျောက်ကင်း
အောင် ပြုလုပ်ပေးနိုင်တဲ့ ဓာတုဆေးဝါးတွေမပါတဲ့ နည်းလမ်းကောင်းလေးတစ်ခုပါ။

ဒီ နည်းကို မလုပ်ချင်သူတွေအတွက်ကတော့ ဖရဲသီးစားတဲ့ အခါတိုင်း အောက်ခံ အဖြူသားထိ စားနိုင်ပါ တယ်။ ဖရဲသီး ကို စားခြင်းဖြင့် ကျန်းမာရေး အတွက်ပါ ကောင်းမွန်ပြီး ကျောက်ကပ်၊ ဆီး၊ အသဲ၊ အဆုတ် စတဲ့ ရောဂါရှိသူတွေ အတွက် လည်း ကောင်းမွန်တဲ့ နည်းလမ်းကောင်းလေးပါဘဲ။ အားလုံး ဖရဲသီးစားတိုင်း
အောက်ခံ အဖြူသားပါအောင် စားလိုက်ကြရအောင်နော်။



မျက်နှာပေါ်မှာ အမည်း စက် ရှိလို စိတ်ညစ်နေတဲ့ ပျိုရွယ်သူတွေအတွက် နည်းလမ်း ကောင်းလေး တစ်ခု ကို ထပ်ပေးပါမယ်။

တချို့ ဝက်ခြံရှိတဲ့ ပျိုရွယ်သူတွေမှာ ဖြစ်တတ်တာက ဝက်ခြံကို မမှည့်ခင် ညစ်ထုတ်တဲ့သူတွေရှိပါတယ်။ အဲဒီလို လုပ်တာ ကြောင့် မျက်နှာပေါ်တွင် အမာရွတ်(သို) အမည်းစက်များ ကျန်ရှိတတ်ကြပါတယ်။ ထိုသို့ အမည်းစက်များရှိနေတာကို ဒီ က နေ့ ခေတ်မှာတော့ ခေတ်မီဆေးဝါးတွေ ပေါလာသော်လည်းဘဲ သဘာ၀ ဆေးနည်ကောင်းလေး တစ်ခုရှိပါတယ်။

သိတာလေးတွေကို ဖော်ပြပေးလိုက်ပါမယ်။ စာဖတ်ပရိတ်သတ်တွေ အတွက်အဆင်ပြေမယ့် နည်းလမ်း
ကောင်း လေးမို့ပါ။ လုပ်ကြည့်နိုင်ပါတယ်နော်။
လုပ်နည်းလေးကတော့ လွယ်ကူတဲ့ နည်းလမ်းပါ။ အိမ်ရှင်မများ ဟင်းချို ချက်တဲ့ အခါမှာ ထည့်ခတ်တဲ့ ငရုတ်ကောင်းမှုန့် လေး အနည်းငယ်နဲ့ ဒိန်ချည် ကို ရောသမပြီး အမည်း စက်ရှိတဲ့ မျက်နှာပြင်ကို လိမ်းပေး ပါ။

နာရီဝက်(သို့) ၄၅ မိနစ်ခန့် ကြာ အောင် ထားပေးပြီး မျက်နှာကို သန့်စင်အောင် သစ်ပေးလိုက်ပါ။ ဒီလို နည်း အတိုင်း နေ့စဉ် လုပ်ပေးပါက တစ်ပတ်အတွင်း သိသာသိသာ ပျောက်ကင်းနိုင်တဲ့သဘာ၀
ဆေးနည်းကောင်း လေးပါ။

ပိုက်ဆံမကုန်မယ့် နည်းလမ်းလေးပါ။ မျက်နှာမှာရှိတဲ့ အမည်းစက်တွေကို ဈေးကြီးပေးပြီး ကုသစရာမလို တဲ့ နည်းလမ်း ကောင်းလေးမို့ ပြန်လည် မျှဝေပေးလိုက်တာပါ။

#credit- မူရင်းတင်သူ

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...