Thursday, July 12, 2018

ရုံးတွင်းအင်္ဂလိပ်စာ (၆)

အလုပ်နောက်ကျခြင်း၊ ပျက်ကွက်ခြင်း Late or No Show

ရုံးတစ်ရုံးမှာလုပ်တဲ့အခါ အလုပ်နောက်ကျတာမျိုး၊ အစည်းအဝေးပျက်ကွက်တာမျိုးတစ်ခါတစ်ရံကြုံ ရနိုင်ပါတယ်။ နေမကောင်းဖြစ်တဲ့အခါ၊ ယာဉ်ကြောထဲပိတ်မိနေတဲ့အခါမျိုးပေါ့။ ဒါကြောင့် နောက်ကျကြောင်း၊ မလာနိုင်ကြောင်းပြောဆိုနည်းနမူနာဝါကျလေးတွေလေ့လာကြည့်ရအောင်ပါ။



နည်းနည်းနောက်ကျခြင်း A Little Late

အချို့သောအလုပ်များတွင် အလုပ်ရောက်ချိန်မှတ်သားရန် အချိန်မှတ်စက်ကိုနှိပ်ရတာမျိုးရှိနိုင်သည်။ အလုပ်ဝင်ချိန်နှိပ်ရခြင်းကို punch in ဟုခေါ်ကာ အလုပ်ထွက်ချိန်နှိပ်ခြင်းကို punch out ဟုခေါ်သည်။ ၎င်းသည် နာရီနှင့်တွက်ချက်ပေးချေသည့်အလုပ်မျိုးများတွင် ဤစနစ်ကိုသုံးလေ့ရှိသည်။ အကယ်၍ punch in မလုပ်ရသည့် လခစားဝန်ထမ်းအလုပ်မျိုးဖြစ်ပါက မိနစ်အနည်းငယ် နောက်ကျခြင်း အတွက်ဆင်ခြေပေးရတော့မည်ဖြစ်သည်။



"Sorry I'm late. Traffic was unusually bad today."

နောက်ကျလို့ ဝမ်းနည်းပါတယ်။ ဒီနေ့ကျမှ လမ်းတွေခါတိုင်းထက်ပိုပိတ်နေလို့။



"I apologize for being late. I had to drop off my wife at work. It took longer than I thought."

နောက်ကျသွားတာတောင်းပန်ပါတယ်။ မိန်းမကိုအလုပ်လိုက်ပို့ပေးရလို့။ ထင်ထားတာထက်ပိုကြာသွားတယ်။



* drop off = ဆင်းရန်ကားရပ်ပေးသည်။ ချပေးသည်။



"I had a dentist appointment this morning and it was longer than I expected."

ဒီမနက်သွားဆရာဝန်နဲ့ချိန်းထားတာရှိလို့။ ထင်ထားတာထက်ပိုကြာသွားတယ်။



"I'm sorry for being late. I got stuck in every light this morning."

နောက်ကျသွားတာတောင်းပန်ပါတယ်။ ဒီမနက် မီးပွိုင့်တိုင်းမိနေတယ်။



* got stuck = မလှုပ်နိုင်မရှားနိုင်ပိတ်မိသည်။ ရုန်းထွက်မရသည့်အခြေအနေ



မိမိသာအလုပ်မန်နေဂျာ၊ အလုပ်ရှင်ဖြစ်ပါက ဝန်ထမ်းတစ်ယောက်ဘာကြောင့်နောက်ကျ သည်ဆိုတာ ကို မေးချင်မှာဖြစ်သည်။ အောက်ပါဝ်ကျများလေ့လာကြည့်ပါ။



"Running late this morning?"

ဒီမနက်နောက်ကျတာလား။



"What held you up this morning?"

ဘာဖြစ်လို့နောက်ကျတာလဲ။ (ဘာက တားဆီးထားလို့လဲ)



"Do you have a reason for being late?"

နောက်ကျဖို့အကြောင်းတစ်ခုရှိလား။



"Why are you late?"

ဘာကြောင့်နောက်ကျတာလဲ။



တစ်ခါတစ်လေနောက်ကျရုံနှင့်တော့ အထက်အရာရှိကခွင့်လွှတ်နိုင်ပါတယ်။ သို့ရာတွင် မကြာခဏဆိုသလိုနောက်ကျနေပြီဆိုပါက စိတ်တိုမည်မှာသဘာဝပင်ဖြစ်သည်။



"You have been late three times in the last two weeks. Is this going to be a continual problem?"

ဒီနှစ်ပတ်အတွင်း နောက်ကျတာသုံးခါရှိပြီ။ ဒီပြဿသနာဆက်ဖြစ်နေဦးမှာလား။



"Your tardiness is getting out of hand. You had better start managing your morning time better."

မင်းနောက်ကျတာအကျင့်လိုဖြစ်နေပြီ။ (ထိန်းလို့သိမ်းလို့မရဖြစ်နေပြီ) မင်းရဲ့မနက်ခင်းအချိန်တွေကို စစီမံခန့်ခွဲဖို့ကောင်းမယ်။



"I expect you to be at your desk at eight o'clock. Do you have a problem with this?"

မင်းကို မင်းရဲ့စားပွဲမှာရှစ်နာရီထိုးတာနဲ့ရှိဖို့မျှော်လင့်တယ်။ ဘယ်လိုလဲ။(အဲဒီအတွက်ပြဿနာရှိလား)



မိမိအကြီးအကဲထံမှယခုလိုစကားမျိုးကြားရတဲ့အခါ သူ့ကိုချော့ဖို့တော့လိုပါလိမ့်မယ်။ ဒါမျိုးနောက်ထပ်တစ်ခါမဖြစ်အောင်ကျိုးစားမည့်အကြောင်း လေပြေထိုးရမှာပေါ့။ အောက်မှာလေ့လာကြည့်ပါဦး။



"I am terribly sorry. It won't happen again."

ကျွန်တော်အရမ်းဝမ်းနည်းပါတယ်။ ဒါမျိုးနောက်တစ်ခါမဖြစ်စေရပါဘူး။



"I had a lot of recent changes at home, but it's all taken care of. I will not be late again."

အခုတလော အိမ်မှာအပြောင်းအလဲတွေတွေတော်တော်များနေလို့ပါ။ အခုတော့အားလုံးရှင်းပြီးသွားပါပြီ။ နောက်ထပ်နောက်မကျတော့ပါဘူး။



"I'm really sorry. It's been one of those weeks. It won't happen again."

တောင်းပန်ပါတယ်။ ဒီလထဲအဆင်မပြေတာလေးတွေများနေလို့ပါ။ ထပ်မဖြစ်စေရပါဘူး။




ဇာနည်(MyWay)

ရုံးတွင်းအင်္ဂလိပ်စာ (၇)

အလုပ်နောက်ကျခြင်း၊ ပျက်ကွက်ခြင်း Late or No Show

အလွန်နောက်ကျခြင်း very late

မိမိနောက်ကျတော့မည်ကိုကြိုတင်သိထားလျှင်၊ သို့မဟုတ် ၅ မိနစ်များစွာပိုနောက်ကျတော့မည်ဆိုလျှင် မန်နေဂျာထံကြိုတင်အကြောင်းကြားရှင်းပြထားသင့်သည်။ သူတို့ယဉ်ကျေးမှုတွင် မိမိထက်အကြီးအကဲအား နာမည်တပ်ခေါ်သည်မှာမထူးဆန်းသော်လည်း မြန်မာ့ယဉ်ကျေးမှုနှင့်ဆီလျော်အောင်ပြောကြားရမည်ကိုသတိပြုပါ။

"Hi Barbara, I'm going to be 30 minutes late today. My car is having trouble this morning, so I arranged for a ride with a friend."
ဟိုင်းဘာဘရာ။ ကျွန်တော်ဒီနေ့ နာရီဝက်လောက်နောက်ကျမယ်နော်။ ကျွန်တော့ကားဒီမနက်ပြဿနာရှာနေလို့။ သူငယ်ချင်းတစ်ယောက်ကားနဲ့လိုက်လာခဲ့ရတယ်။
"Hey Jack, I'm running a little late today. I just got out of my dentist appointment and it was longer than I expected."
ဟေးဂျက်။ ကျွန်တော်ဒီနေ့တော့နည်းနည်းနောက်ကျနေတယ်။ ကျွန်တော်သွားဆရာဝန်နဲ့ ချိန်းထားတာ အခုမှပြီးလို့ထွက်လာတယ်။ ထင်ထားတာထက်နည်းနည်းပိုကြာသွားတယ်။
"Mark? This is Pat. I'm stuck in traffic. I think there is an accident that is holding up traffic. I'm going to be a little late."
မာ့က်လား။ ပက်တ် ပါ။ တို့ယာဉ်ကြောထဲပိတ်မိနေလို့။ ရှေ့မှာ ယဉ်တိုက်မှုတစ်ခုဖြစ်ထားလို့ ကားတွေပိတ်နေတာထင်တယ်။ နည်းနည်းနောက်ကျမယ်နော်။

တစ်ခါတစ်လေမှာ နောက်ကျနေမှဖုန်းလှမ်းဆက်တာထက် တစ်ရက်ကြိုတင်ပြောထားခြင်းဖြင့် အချိန်မီရောက်ရန်သောကရောက်စရာမလိုတော့ပေ။ ဥပမာ ဆရာဝန်နှင့်ချိန်းထားသည်ဆိုလျှင် ၎င်းမတိုင်မီတစ်ရက်လောက်ကကြိုပြောထားခြင်းမျိုးသည်ပိုအဆင်ပြေနိုင်သည်။

"I have a doctor's appointment tomorrow morning. Remember I told you earlier this week? I'll come in right after my appointment."
မနက်ဖြန်မနက် ဆရာဝန်နဲ့ချိန်းထားတာရှိတယ်။ ကျွန်တော်ဒီတစ်ပတ်အစလောက်တုန်းကပြောထားတယ်လေမှတ်မိတယ်မဟုတ်လား။ ပြီးထားနဲ့ချက်ချင်းလာခဲ့ပါမယ်။
"My daughter has been sick, so I'm going to take her to see the doctor tomorrow morning. Is it ok if I'm a little late? My appointment is at seven in the morning, so I'll only be an hour late."
ကျွန်မသမီးလေးဖျားနေလို့ သူ့ကိုမနက်ဖြန်ဆရာဝန်ဆီသွားပြမလို့။ နည်းနည်းနောက်ကျရင်ရတယ်မဟုတ်လား။ ကျွန်မအလှည့်က မနက်ခုနှစ်နာရီမှဆိုတော့ တစ်နာရီလောက်နောက်ကျမယ်။
"I have to take my parents to the airport tomorrow. I shouldn't be too late, but wanted to tell you ahead of time."
မနက်ဖြန် ကျွန်တော့်မိဘတွေကို လေဆိပ်လိုက်ပို့ပေးရမှာမလို့။ သိပ်အများကြီးနောက်မကျပါဘူး။ ဒါပေမယ့်ခင်ဗျားကိုကြိုပြောထားချင်လို့။

အလုပ်မှစောစောပြန်ခြင်း Leaving Work Early

အလုပ်မှစောစောပြန်ခြင်းက အလုပ်နောက်ကျခြင်းထက်တော့ နည်းနည်းရှင်းပြဖို့အဆင်ပြေတတ်ပါတယ်။ ဆင်ခြေတစ်ခုတော့ကြိုတွေးထားဖို့လိုမည်။ အချိန်းအချက်တစ်ခုဖြစ်ဖြစ်ပေါ့။ အောက်ပါဆင်ခြေလေးများထဲက အသုံးတည့်တာလေးများယူသုံးနိုင်ပါသည်။

"I have to leave a little early today. Is it ok if I finish my work at home?"
ဒီနေ့နည်းနည်းစောစောပြန်ရမယ်။ အလုပ်တွေပြီးအောင်အိမ်မှာလုပ်ခဲ့လို့ရလား။
"I have a dentist appointment at four. I have to leave early today."
လေးနာရီမှာသွားဆရာဝန်နဲ့ချိန်းထားလို့။ နည်းနည်းစောပြန်မယ်နော်။
"I have to pick up my wife at the airport tomorrow. Is it ok if I leave at three?"
မနက်ဖြန်မိန်းမကိုလေဆိပ်မှာသွားကြိုရမှာမလို့။ သုံးနာရီလောက်ပြန်ရင်ဖြစ်မလား။
"I have a terrible headache. Is it ok if I leave early today?"
ခေါင်းတွေအရမ်းကိုက်နေလို့။ ဒီနေ့နည်းနည်းစောပြန်လို့ဖြစ်မလား။
"I think I might be coming down with the flu. I should get some rest and try to fight this thing off early. May I leave early today?"
တုပ်ကွေးမိလို့ဖျားချင်နေတယ်နဲ့တူတယ်။ ဒါလေးပျောက်သွားနောင် နည်းနည်းအနားယူလိုက်ချင်တယ်။ ဒီနေ့စောစောပြန်လို့ရမလား။

ဖျားနာနေ့ Sick day

အောက်ပါအပြောစကားလေးများကတော့ ဖျားနာ၍အလုပ်မသွားနိုင်သည့်အခါခွင့်တိုင်ကြား ပုံလေးများဖြစ်ပါတယ်။

"Martha? This is Jack. I have a fever and I will not be able to come in today."
မာသာလား။ ဂျက်ပါ။ ကျွန်တော်ဖျားနေလို့ ဒီနေ့တော့မလာနိုင်တော့ဘူး။
"Hi Mary, I have to use a sick day today. I'm feeling terrible right now."
ဟိုင်းမေရီ။ ကျွန်တော်ဒီနေ့တော့ ဖျားနာခွင့် ယူရလိမ့်မယ်။ အခုနေမကောင်းဘူး။
"Hi Sam, this is Jessica. I have some urgent personal matters I have to deal with. I won't be able to make it in."
ဟိုင်း ဆမ်။ ဂျက်စီကာပါ။ ကိုယ်ရေးကိုယ်တာအရေးပေါ်ကိစ္စလေးပေါ်လာလို့။ ဒီနေ့တော့မလာနိုင်တော့ဘူး။
"Mark? This is John. My dad went into the emergency room this morning. I'm not sure what the problem is, but I don't think I can make it in today. I'll send you an update later."
မာ့ခ်လား။ ဂျွန်ပါ။ ဒီမနက် ကျွန်တော့်အဖေအရေးပေါ်ဆေးရုံတင်ရလို့။ ဘာဖြစ်တာလဲမသေချာသေးဘူး။ ဒီနေ့တော့လာနိုင်မယ်မထင်တော့ဘူး။ နောက်မှ အသေးစိတ်ပြောပြမယ်။

ဇာနည်(MyWay)

ရုံးတွင်းအင်္ဂလိပ်စာ (၅)

Complaining about another co-worker to a co-worker (လုပ်ဖော်ကိုင်ဖက်အကြောင်း မကျေမနပ်ပြောခြင်း)


ရုံးတစ်ရုံးဟာလူတွေနဲ့ဖွဲ့စည်းထားတာဖြစ်လို့ လူမှုပြဿနာလေးများ အကြိတ်အခဲလေးများရှိ တတ်ပါတယ်။ တစ်ချို့လုပ်ဖော်ကိုင်ဖက်တွေနဲ့ပတ်သက်လို့ မကြေလည်တာလေးများ ရင်ဖွင့်ချင် တာလေးများရှိရင်စိတ်ချရတဲ့မိတ်ဆွေနဲ့ပြောနိုင်အောင် အောက်ကနမူနာဝါကျများကို လေ့လာ ကြည့်နိုင်ပါတယ်။ (တစ်ချို့ဝါကျများသည် စိတ်ထဲရှိသလိုပြောခြင်းဖြစ်သဖြင့် အရပ်သုံးဆန်ခြင်း၊ မယဉ်ကျေးခြင်းများဖြစ်တတ်သည်။)

"Have you worked with Ko Latt yet? He can't do anything right."
ခင်ဗျားကိုလတ်နဲ့အလုပ်လုပ်ဖူးပြီလား။ ဘာတစ်ခုမှအဆီငေါ်တည့်အောင်မလုပ်တတ်ဘူး။

"The problem with Min Min is that he doesn't know that he is an idiot."
မင်းမင်းရဲ့ပြဿနာက သူ့ကိုယ်သူငတုံးမှန်းမသိတာပဲ။

"I remember helping Mg Mg out so much, and then he stabs my back."
ငါမောင်မောင့်ကိုအများကြီးကူညီခဲ့ဖူးတာမမေ့သေးဘူး။ ပြီးတော့သူငါ့နောက်ကျော ကိုဓါးနဲ့ထိုးတယ်လေ။

"I don't think he does his own work. He goes around asking everyone to do a portion of his work and says he did it all."
သူ့အလုပ်သူကိုယ်တိုင်လုပ်တာမဟုတ်ဘူး။ လူတိုင်းကို သူ့အလုပ်တွေနည်းနည်းစီလိုက်လုပ်ခိုင်းပြီး နောက်တော့ သူ့အကုန်လုံးလုပ်တာလို့ပြောတယ်။

 "If you have to work with Ko Latt, remember the things I told you."
ကိုလတ်နဲ့အလုပ်လုပ်ရရင် ငါပြောတာတွေမှတ်ထားနော်။

 "Is management blind or am I being too sensitive about this?"
အုပ်ချုပ်ရေးပိုင်းကပဲကန်းနေတာလား ငါကပဲ သည်းသည်းလှုပ်နေတာလားမသိဘူး။

 "I think the manager likes him because he kisses her ass all day long."
သူကတစ်ချိန်လုံးဖားနေလို့ သူ့ကိုမန်နေဂျာကသဘောကျတယ်ထင်တယ်။


kiss somebody’s ass / brown noseing သည် တစ်ချိန်လုံးအကောင်းချည်းပြောသည်၊ လူကြီးရှေ့အတွင်အလုပ်ကျိုးစားချင်ယောင်ဆောင်တတ်သည်။ လူကြီးသဘောကျ အောင်နေထိုင်ပြသည်ဟုအဓိပ္ပါယ်ရသည်။

"The manager is blind because he is a total brown-noser."
သူကတစ်ချိန်လုံးအနားပြာလုပ်နေလို့မန်နေဂျာကမသိချင်ယောင်ဆောင်ထားတာ။

"I can't believe this company is paying ks 25,0000 a month for this fool."
ကုမ္ပဏီကဒီအရူးကို တစ်လ နှစ်သိန်းခွဲပေးထားတာ ရုံတောင်မယုံနိုင်ဘူး။


Complaining about the company (ကုမ္ပဏီအကြောင်း မကျေမနပ်ပြောခြင်း)


မိမိလုပ်နေတဲ့ကုမ္ပဏီနဲ့ပတ်သက်လို့ သဘောမတိုက်ဆိုင်တာ၊ မကျေနပ်တာတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီအကြောင်းမကျေနပ်တာပြောမယ်ဆိုရင်တော့ နံရံတိုင်းမှာ နားရှိတယ် walls have ears ဆိုတာလေးကို သတိထားရမှာဖြစ်ပါတယ်။

"This is a dead end job. I don't see much of a future here."
ဒီအလုပ်က လမ်းဆုံးအလုပ်ပဲ။ ဒီမှာအနာဂါတ်တက်လမ်းမမြင်ဘူး။

"I hate the redundancy. It's so boring."
လူပိုနေတာမုန်းတယ်။ ပျင်းစရာကြီး။

"Work isn't exciting for me anymore. I am doing the same thing over and over again."
အလုပ်ကငါ့အတွက်စိတ်ဝင်စားစရာမကောင်းတော့ဘူး။ ဒါကြီးပဲ ထပ်ကာထပ်ကာလုပ်နေရတယ်။

"This company doesn't care about employees that much. I haven't received a fair raise in 3 years."
ကုမ္ပဏီကဝန်ထမ်းတွေကိုဒီလောက်ဂရုမစိုက်ဘူး။ သုံးနှစ်အတွင်းမှာ ငါ့ကိုကောင်းကောင်းလစာ တိုးမပေးဘူး။

"I don't know if it is my manager or this company, but I'm really getting sick of my job."
ငါ့မန်နေဂျာလား ကုမ္ပဏီလားတော့မသိဘူး။ အလုပ်ကိုငြီးငွေ့လာပြီ။

"What do you think about all the politics in this company?"
ဒီကုမ္ပဏီရဲ့အတွင်းရေးအရှုပ်အထွေးနဲ့ပတ်သက်လို့ဘယ်လိုထင်လဲ။
"The politics suck here. But it is the same for any large corporation. The best way to deal with it is to take advantage of the rules."

 "I don't know how much longer I can take this job. I've been thinking about applying to a different company."
ဒီအလုပ်မှာဘယ်လောက်ဆက်မြဲမလဲတော့မသိဘူး။ တခြားကုမ္ပဏီတစ်ခုမှာအလုပ်လျှောက်ဖို့ စဉ်းစားနေတယ်။

 "Have you ever thought about leaving this company?"
ဒီကုမ္ပဏီကထွက်ဖို့စဉ်းစားမိဖူးလား။
"What company do you want to switch to?"

 "I started applying for other jobs. There are a lot of positions open."
အခြားအလုပ်တွေစလျှောက်နေပြီ။ ရာထူးနေရာတွေအများကြီးလွတ်နေတယ်။

 "I've been looking for jobs on monster.com. They have a lot of positions available."
monster.com မှာအလုပ်ရှာနေတယ်။ အဲဒီမှာ အလုပ်နေရာတွေအများကြီးရှိတယ်။

*office politics သည်ကုမ္ပဏီအတွင်း တစ်ဦးတစ်ယောက်ရာထူးအာဏာရရန် အုပ်စုဖွဲ့ခြေရှုပ်ကြခြင်း မျိုးဖြစ်သည်။



အချို့သောနိုင်ငံများတွင် ကုမ္ပဏီတစ်ခုမှတစ်ခုပြောင်းလုပ်ခြင်းကိုမလိုလားကြချေ။ ကုမ္ပဏီကောင်းတစ်ခုတွင် အလုပ်ကောင်းတစ်ခုရပါကမြဲမြံစွာလုပ်လေ့ရှိကြသည်။ သို့ရာတွင် အမေရိကန်နိုင်ငံတွင်တော့ အလုပ်ပြောင်းခြင်း၊ ကုမ္ပဏီပြောင်းခြင်းသည်မထူးဆန်းပါ။ ထိုအကြောင်းအရာသည် လုပ်ဖော်ကိုင်ဖက်များနှင့်ပြောဆိုစရာတစ်ခုဖြစ်ပါသည်။





ဇာနည်(MyWay)

ရုံးတွင်းအင်္ဂလိပ်စာ (၃)

I'm Busy


မိမိအလုပ်များနေသည့်အခါ၊ မိမိကိုအထက်လူကြီးကခိုင်းသည့်အခါ ဘယ်အချိန်အပြီးလုပ်ပေးရမည်၊ မိမိမှ လုပ်ပေးနိုင်၊ မလုပ်ပေးနိုင် စသည်တို့ကိုအလုပ်ခွင်အတွင်းမလွဲမသွေပြောဖို့ကြုံကြမှာပါ။ အောက်ပါဝါကျများကိုလေ့လာလေ့ကျင့်ထားလျှင် အဆင်ပြေပါလိမ့်မယ်။ ဒါပေမယ့် လူနဲ့အချိန်ကိုကြည့်ပြီးပြောသင့်မပြောသင့်ကတော့မိမိဘာသာချိန်ဆရမှာဖြစ်ပါတယ်။



"I'm busy with work."
ကျွန်တော်အလုပ်များနေတယ်။
"Can I do this later?"
ဒါကိုနောက်မှလုပ်လို့ရလား။
"Does this have to be done now?"
အခုပြီးအောင်လုပ်ရမှာလား။
 "When do you need this by?"
ဒါဘယ်အချိန်လိုတာလဲ။ (ဘယ်အချိန်ပြီးရင်ရမလဲ)
 "When is the deadline?"
နောက်ဆုံးရက်(အချိန်) ဘယ်တော့လဲ။
 "I'm not going to have time for any other assignment until Thursday."
နောက်ကြာသပတေးအထိ နောက်ထပ်အလုပ်လုပ်ပေးဖို့အတွက်အားချိန်မရှိတော့ဘူး။
 "I'll try to free up my schedule."
ကျွန်တော့်အစီအစဉ်ဇယားကို အားအောင်လုပ်လိုက်ပါမယ်။
 "I'm pretty sure I can meet the deadline."
သတ်မှတ်ရက်အတွင်းပြီးအောင်လုပ်နိုင်မယ်ဆိုတာသေချာပါတယ်။
 "If I don't get any help on this, I won't be able to complete it on time."
ကူပေးမယ့်လူမရရင် ဒါကိုအချိန်မီပြီးမှာမဟုတ်ဘူး။
 "I'll do whatever I can to make sure this is done on time."
အချိန်မီပြီးစီးအောင် အတတ်နိုင်ဆုံးကျိုးစားပါ့မယ်။
 "You can count on me."
ကျွန်တော့်အပေါ် စိတ်ချနိုင်ပါတယ်။ (အားထားနိုင်ပါတယ်)
 "Have I ever let you down?"
ဆရာ့ကို မျက်နှာအပျက်ခံရစေ ဖူးလို့လား။


Giving/Asking Business Cards


စီးပွားရေးသမားချင်းတွေ့သည်ဖြစ်စေ၊ မိမိကုမ္ပဏီကိုယ်စားပြု၍သူစိမ်းတို့နှင့်တွေ့သည်ဖြစ်စေ တစ်ယောက်နှင့်တစ်ယောက် လိပ်စာကတ်ပြားလေးများ အပြန်အလှန်ပေးကြရတာထုံးစံပါ။ ယခုခေတ်တွင် အီးမေးလ်လိပ်စာပါလိုအပ်လာတော့ တောင်းပုံတောင်းနည်း၊ ဖြေပုံဖြေနည်းတွေကိုသိထားရပါမယ်။ လိပ်စာကတ်ကို business card အပြင် visiting card, calling card, call card ဟုလည်းခေါ်ကြပါသေးတယ်။



"Do you have a business card?"
ခင်ဗျားမှာလိပ်စာကတ်ရှိသလား။
 "Could I have one of your business cards?"
ခင်ဗျားလိပ်စာကတ်တစ်ကတ်လောက်ရနိုင်မလား။

"Can I have your business card?"
ခင်ဗျားမှာလိပ်စာကတ်ရနိုင်မလား။

အဆိုပါအမေးများကိုလွယ်လွယ်ကူကူ 'sure' သို့မဟုတ် 'no problem' ဟုပြန်ဖြေနိုင်ပါသည်။
 "Can I get your phone number or email address?"
ခင်ဗျား ဖုန်းနံပါတ် ဒါမှမဟုတ် အီးမေးလိပ်စာ ရနိုင်မလား။
 "What is the best way to contact you?"
ခင်ဗျားကိုဘယ်နည်းနဲ့ အဆင်အပြေဆုံးဆက်သွယ်လို့ရမလဲ။
 "Can I get your contact information?"
ခင်ဗျားကိုဆက်သွယ်လို့ရမယ့်လိပ်စာ ရနိုင်မလား။
 "My contact information is on my business card. Let me give you one."
ကျွန်တော့်လိပ်စာကတ်မှာ ကျွန်တော့်ကိုဆက်သွယ်လို့ရမယ့်နေရာပါပါတယ်။ ကျွန်တော်တစ်ခုပေးပါ့မယ်။
 "You can reach me by calling the number on my business card."
ကျွန်တော့်လိပ်စာကတ်ကဖုံးနံပတ်ကိုဆက်ရင် ကျွန်တော့်ကိုဆက်သွယ်နိုင်ပါတယ်။
 "My email address is on my business card."
ကျွန်တော့်အီးမေးလ်လိပ်စာ လိပ်စာကတ်မှာပါပါတယ်။


Requesting information through email


အီးမေးလ်မှတစ်ဆင့်သတင်းအချက်အလက်ရယူတဲ့အခါ အောက်ပါမေးခွန်းများကအသုံးဝင်နိုင်ပါတယ်။



"Can you send it to my email address?" "Can you email it to me?"
ကျွန်တော့်အီးမေးလ်ကိုပို့လိုက်လို့ရမလား
 "You can send it to me through email."
ကျွန်တော့်ဆီကို အီးမေးလ်ကတစ်ဆင့်ပို့နိုင်တယ်။
 "Can I email it to you?"
ခင်ဗျားဆီကိုအီးမေးလ်ပို့လို့ရမလား။
 "Can I send you the information through email?"
အီးမေးလ်ကတစ်ဆင့် သတင်းတွေပို့လို့ရလား။


တစ်ခါတစ်လေမှာ အီးမေးလ်လိပ်စာမှားရိုက်လို့ပဲဖြစ်ဖြစ်၊ သူပေးတာကမှားလို့ပဲဖြစ်ဖြစ် မိမိပို့လိုက်တဲ့မေးဟာ လက်ခံတဲ့လူမရှိဘူးဆိုတဲ့အကြောင်း automated email ပြန်ပို့လာတာကြုံဖူးကြမယ်ထင်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ တစ်ဖက်သားကို အောက်ပါအတိုင်းအတည်ပြုမေးမြန်းနိုင်ပါတယ်။



"Can I verify your email address? The address I have on file appears to be incorrect."
ခင်ဗျားအီးမေးလ်လိပ်စာ ပြန်စစ်လို့ရမလား။ ကျွန်တော့်မှာရှိတဲ့လိပ်စာမှားနေတယ်။
"I am unable to email it to you. Can you tell me your email address again?"
ကျွန်တော် ခင်ဗျားဆီအီးမေးလ်ပို့လို့မရဘူးဖြစ်နေတယ်။ ခင်ဗျားလိပ်စာလေးထပ်ပြောနိုင်မလား။
"I am getting a mail saying it is undeliverable. I might have misspelled it. Can I double check your email address?"
အီးမေးလ်မထွက်ဘူးဆိုတာပဲပြနေတယ်။ ကျွန်တော်စာလုံးပေါင်းမှားတာဖြစ်ကောင်းဖြစ်မယ်။ ခင်ဗျားလိပ်စာ သေချာအောင်ပြန်စစ်လို့ရမလား။
"Did you get my email?"
ကျွန်တော့်အီးမေးလ်ရလား။
Ref; Zarni (My Way)

ရုံးတွင်းအင်္ဂလိပ်စာ (၄)

Talking to Co-Workers


ဘယ်ကုမ္ပဏီမှာပဲလုပ်လုပ် မိမိမှာ အကြီးအကဲ၊ မန်နေဂျာတစ်ယောက်တော့ရှိပါလိမ့်မယ်။ မိမိက မန်နေဂျာတစ်ယောက်ဆိုရင် ကိုယ့်ဆီကို တင်ပြချက်တွေကိုနားထောင်ရမယ်။ ကိုယ်ကပြန်လည် ညွှန်းကြား ချက်တွေပေးရမယ်။ အလုပ်ခွင်အတွင်းမှာမိမိစကားပြောရမယ့်လူအများစုကတော့ မိမိနဲ့ အဆင့်တူ လုပ်ဖော်ကိုင်ဖက်တွေပဲဖြစ်ပါလိမ့်မယ်။ ဒီမှာတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပြောတဲ့အခါ အသုံးဝင်မယ့်စကားများ ကိုဖော်ပြပေးထားပါတယ်။ အထက်အရာရှိတွေ၊ လက်အောက်ငယ်သား တွေနဲ့ပြောရမယ့်စကားတွေကို တော့ သီးသန့်ဖော်ပြပါမယ်။



co-worker/colleague = လုပ်ဖော်ကိုင်ဖက်



မိမိက အစည်းအဝေးတစ်ခုလွတ်သွားတယ်ဆိုရင် အစည်းအဝေးအတွင်းပြောဆိုခဲ့သည့် အကြောင်းအရာများကို သိချင်မှာဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ လုပ်ဖော်ကိုင်ဖက်ကိုမေးရတော့ မှာပေါ့။



"I missed the meeting. Can you fill me in?"
ကျွန်တော်အစည်းအဝေးလွတ်သွားတယ်။ ခင်ဗျား ပြောပြပေးပါလား။

"I had a doctor's appointment so I missed the meeting. What happened?
ဆရာဝန်နဲ့ချိန်းထားလို့အစည်းအဝေးလွတ်သွားတယ်။ ဘာတွေဖြစ်သေးလဲ။

"I couldn't make it to the meeting today. Anything interesting I should know about?"
ဒီနေ့အစည်းအဝေးမတက်နိုင်ဘူး။ ကျွန်တော်သိစရာလိုတာများတစ်ခုခုရှိသလား။

"I missed the meeting. Was there anything new?"
အစည်းအဝေးမမီလိုက်ဘူး။ တစ်ခုခုထူးသေးလား။


အလုပ်ထဲမှာပြောစရာနောက်တစ်ခုကတော့ သူဌေး/အကြီးအကဲ စိတ်ဆိုးနေမနေ အရိပ်အကဲခတ်ရတာ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာလည်း အထက်ကလူတွေကိုအတင်းတွေဘာတွေ ပြောကြမှာပေါ့။ သေချာတာတစ်ခုက မကောင်းတဲ့အကြောင်း တစ်ခုခုပြောမယ်ဆိုရင် စိတ်ချရတဲ့မိတ်ဆွေကိုသာသတိနဲ့ပြောပါ။



"Matt looks pretty upset right now. Do you know what's going on?"
Matt ကြည့်ရတာ အခုတလောတော်တော်စိတ်အနှောင့်အယှက်ဖြစ်နေပုံပဲ။ ဘာဖြစ်နေလဲသိလား။

"Did something happen recently? Matt looks pissed off."
တစ်ခုခုဖြစ်ထားသလား။ Matt ပုံစံကဘဝင်မကျနေသလိုပဲ။

"I think Matt is mad about something. Do you know what it could be?"
Matt တော့ရမ်းမီးပုံကျနေတယ်ထင်တယ်။ ဘာဖြစ်တာလို့မင်းထင်လဲ။


upset = စိတ်မကောင်းဖြစ်၊ ဝမ်းနည်း၊ အနှောင့်အယှက်ဖြစ်
pissed off = စိတ်ကုန်သည်။ ဘဝင်မကျ၊
mad about = အရူးအမူးစွဲလမ်းသည်။ ဒေါသအကြီးအကျယ်ထွက်သည်။


မန်နေဂျာတစ်ယောက်က ကိုယ့်ကိုကောင်းကောင်းမဆက်ဆံလျှင် တခြားကိုယ့်လိုဘဝတူတွေကိုကော ဒီလိုပဲဆက်ဆံသလား၊ ဒါမှမဟုတ် တစ်မျိုးဆက်ဆံသလားဆိုတာသိချင်မည်ဖြစ်သည်။



"Matt talks to me like he is mad all the time. Does he do that to you?"
Matt ကတစ်ချိန်လုံးဒေါသထွက်နေသလိုပဲငါ့ကိုပြောတယ်။ မင်းကိုကောအဲဒီလိုပဲပြောလား။

"Does Matt talk to you like he is upset? Or is it just me?"
Matt ကမင်းကို သူစိတ်အနှောက်အယှက်ဖြစ်နေတဲ့ပုံစံနဲ့ပြောလား။ ဒါမှမဟုတ် ငါ့တစ်ယောက်ထဲကိုပဲ ဒီလိုပြောတာလား။

"It's not you at all. He talks to me that way too."
မင်းတစ်ယောက်ထဲမှမဟုတ်ပါဘူး။ ငါ့ကိုလဲဒီလိုပဲပြောတာပဲ။

"Matt is way too moody."
Matt ကတော့ စိတ်မမှန်ဘူး။


moody = စိတ်အပြောင်းအလဲမြန်သော။



"If he knew what he was doing, we wouldn't be in this mess."
သူ့ကိုယ်သူဘာလုပ်နေတယ်ဆိုတာသိရင် ငါတို့ဒီလိုကမောက်ကမဖြစ်မှာမဟုတ်ဘူး။

"What is wrong with Matt these days?"
Matt ကအခုတလောဘာဖြစ်နေတာလဲ။

"He is having one of those days again. I think his manager just gave him a hard time."
ဒီတလောပြန်ဖြစ်နေပြန်ပြီ။ သူ့မန်နေဂျာသူ့ကို ကြပ် လိုက်တယ်နဲ့တူတယ်။

"What do you think about our manager?"
ငါတို့မန်နေဂျာကိုဘယ်လိုထင်လဲ။

"He gets too mad easily and he doesn't really help us out that much. What do you think?"
သူကအရမ်းစိတ်တိုလွယ်တယ်။ ငါတို့ကိုလည်းသိပ်ကူပေးတာမဟုတ်ဘူး။ မင်းဘယ်လိုထင်လဲ။


Asking for help or offering help


လုပ်ဖော်ကိုင်ဖက်တွေကို သူတို့ရဲ့အလုပ်တွေကူလုပ်ပေးဖို့ ကမ်းလှမ်းတဲ့အခါအောက်ပါအတိုင်းပြောနိုင်ပါတယ်။



"I finished my project already so I have extra bandwidth. Let me know if you need help with anything."
ငါ့ပရောဂျက်ခုလေးတင်ပြီးသွားလို့အားနေတယ်။ မင်းအကူအညီလိုရင်ငါ့ကိုပြောပါ။


Bandwidth သည်သာမာန်အားဖြင့် networking terminology ဖြစ်သည်။ သို့ရာတွင် ယခုဝါကျတွင် အားလပ်နေသည်။ အချိန်ပိုနေသည်ဟုအဓိပ္ပါယ်ရသည်။



"You're doing the analysis on ABC Company? I did that last year. If you need any help, just let me know."
ခင်ဗျား ABC ကုမ္ပဏီအကြောင်း သုံးသပ်ချက်လုပ်နေတာလား။ ကျွန်တော်မနှစ်ကလုပ်ခဲ့ပြီးပြီ။ ခင်ဗျားအကူအညီလိုရင် ပြောသာပြောပါ။
"I'm pretty familiar with your project so if you have any questions, feel free to ask me."
ကျွန်တော်ခင်ဗျားပရောဂျက်နဲ့ပတ်သက်လို့တော်တော်လေးရင်းနှီးနေတယ်။ ကျွန်တော့်ကိုအားမနာပါနဲ့။


သူများအကူအညီတောင်းတာကတော့ နည်းနည်းခက်ပါတယ်။ အလုပ်ခွင်ရဲ့အနေအထားနဲ့ မိမိနဲ့လုပ်ဖော်ကိုင်ဖက်တွေကြားက ဆက်ဆံရေးအပေါ်မူတည်ပြီးမှတောင်းသင့်ပါတယ်။



"I'm having trouble implementing Plan A on ABC Company. Can you look at my work and see if I am missing a step?"
ကျွန်တော် ABC ကုမ္ပဏီနဲ့ပါတ်သက်လို့ စီမံကိန်းအေ ကိုဆောင်ရွက်နေတာအခက်အခဲတစ်ချို့ရှိနေတယ်။ ကျွန်တော်လုပ်ထားတာ နည်းနည်းလောက်ကြည့်ပြီး တစ်ခုခုလိုအပ်နေသလားကြည့်ပေးနိုင်မလား။

"Can you help me analyze the finance data? This is my first time and I don't want to screw it up."
ဒီဘဏ္ဍာရေးကိန်းဂဏန်းတွေနဲ့ပတ်သက်လို့သုံးသပ်ပေးနိုင်မလား။ ကျွန်တော့်အတွက်တော့ပထမဦးဆုံးလုပ်တာဖြစ်လို့ အမှားအယွင်းမလုပ်ချင်ဘူး။


screw something up = အမှားအယွင်းလုပ်သည်။ ဆုံးရှုံးစေသည်။



"Do you have a few minutes to help me with the data migration tool? I can't figure it out."
ဒီဒေတာပေါင်းစည်းတာလေးနဲ့ပတ်သက်လို့ ခဏလောက်အချိန်ပေးနိုင်မလား။ ကျွန်တော်မလုပ်တတ်လို့။


ကဲ ဒါလေးတွေလေ့လာပြီး ယနေ့ပဲမိမိရုံးထဲမှာလေ့ကျင့်ပြောဆိုကြည့်လိုက်ကြပါစို့။





ဇာနည်(MyWay)

ရုံးတွင်းအင်္ဂလိပ်စာ (၂)

General Office

ရုံးတွင်းအထွေထွေစကားစမည်ပြောစရာတွေဟာတကယ်တော့ မိမိသိပြီးသားစကားလုံးတွေ အပေါ်မှာပဲအခြေခံပါတယ်။ ဒါပေမယ့် တကယ်ပြောဖို့လိုအပ်တဲ့အခါ ဝါကျအဖြစ် ထွက်မလာတာ၊ ပြောတတ်တဲ့သူပြောတဲ့အခါမှ “သြော် ဒါလေးများ သိတာပေါ့” ဖြစ်တတ်ပါတယ်။ ဒါဟာ input နည်းလို့ဖြစ်ရတာပါ။ မြင်ဖူး၊ ကြားထူးထားတဲ့ဝါကျလေးတွေကို အထပ်ထပ်လေ့ကျင့်လိုက်ရင် အလွယ်တကူပြောလာနိုင်မှာပါ။



ရုံးတစ်ခုမှာ မလွဲမသွေထားရှိရမည့်ပစ္စည်းတစ်ခုကတော့ ဖိုင် ပဲဖြစ်ပါတယ်။



"Do you know where the ABC file is at?"
ABC ဖိုင်ဘယ်မှာရှိလဲသိလား။

"Do you have the ABC file?"
ABC ဖိုင်ခင်ဗျားဆီမှာ ရှိလား။

"Is anybody using the ABC file right now?"
တစ်ယောက်ယောက်များ ABC ဖိုင်ကိုသုံးနေလား။

"Did you check the file cabinet? It should be there."
ဖိုင်ထားတဲ့ဗီရိုထဲမှာ စစ်ကြည့်ပြီးပြီလား။ အဲဒီမှာရှိနိုင်တယ်။

"Check the bin. Sometimes people throw it in there after they are done."
အမှိုက်ပုံးထဲစစ်ကြည့်လိုက်ဦး။ တစ်ခါတစ်လေလူတွေကသူတို့သုံးပြီးရင် အဲဒီထဲလွှင့်ပစ်ထားတတ်တယ်။

"Oh... it's on my desk. I forgot to put it back."
အိုး ငါ့စားပွဲပေါ်မှာ။  ပြန်ထားဖို့မေ့သွားတယ်။

"It's in my office. I'll get it for you."
ငါ့ရုံးခန်းထဲမှာ။ ငါယူပေးမယ်။


ရုံးထဲမှာ မိမိသုံးလိုတဲ့ ဖိုင်တစ်ခု၊ စာအုပ်တစ်အုပ်ကို သူများစားပွဲပေါ်မြင်တဲ့အခါ ငှားယူတောင်းရမ်း ရပါမယ်။ အောက်မှာနမူနာပြောစရာအမေးအဖြေလေးတွေပေးထားပါတယ်။



"Are you using this book right now?"
ခင်ဗျားဒီစာအုပ်အခုသုံးနေလား။

"Can I borrow this book?"
ဒီစာအုပ်ကျွန်တော်ငှားလို့ရမလား။

"Are you finished with this file?"
ဒီဖိုင်သုံးပြီးသွားပြီလား။

"Are you done with this report?"
ဒီအစီရင်ခံစာပြီးသွားပြီလား။

"Can I use this file?"
ဒီဖိုင်သုံးလို့ရမလား။


တစ်ခုခုလိုအပ်လျှင် ရုံးထဲက တစ်ယောက်ပြီးတစ်ယောက်လိုက်မေးရတတ်တာဓမ္မတာပင်ဖြစ်သည်။ ၎င်းကို ask round ဟုခေါ်သည်။ အောက်တွင်မေးခွန်းနမူနာများပေးထားပါသည်။



"Do you have an extra mouse? Mine broke."
မောက်စ်အပိုတစ်ခုလောက်ရှိလား။ ငါ့ဟာပျက်သွားလို့။

"Do you have another network cable? The one I have is too short.
ခင်ဗျားမှာတခြားနက်ဝပ်ကြိုးရှိလား။ ကျွန်တော့်ဟာကတိုလွန်းနေလို့။

"Do you have a blank DVD I can have?"
ခင်ဗျားမှာ ဒီဗွီဒီအခွေလွတ်တစ်ချပ်လောက်ရှိရင်ရနိုင်မလား။

"I ran out of labels. Do you have any I can have?"
လိပ်စာကတ်(တံဆိပ်) ကုန်သွားပြီ။ ခင်ဗျားမှာရှိရင်နည်းနည်းရနိုင်မလား။

"Can I borrow your stapler?"
ခင်ဗျား စာရွက်ချုပ်စက်ခဏလောက်ငှားနိုင်မလား။

"Do you have a hole puncher?"
အပေါက်ဖောက်စက်ရှိလား။

"Do you have a staple remover by any chance?"
စာရွက်ချုပ်ပင်အပ်ခွာတဲ့ဟာများရှိလားမသိဘူးနော်။


Company Policies


ကုမ္ပဏီတိုင်းမှာ သူ့ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေရှိတတ်ပါတယ်။ ဝတ်စားဆင်ယင်မှု၊ ခဏအနားယူချိန်၊ အားလပ်ရက်ခွင့် စသည့် မူဝါဒများ သီးခြားရှိနိုင်ပါတယ်။ လူသစ်တစ်ယောက်ဆိုရင် အဆိုပါ ပေါ်လစီများကို သိလိုတဲ့အခါ ကိုယ့်ထက်ဝါရင့်တဲ့သူတွေကို ဒီလိုမျိုးတွေမေးနိုင်ပါတယ်။



"How long are we allowed for lunch?"
နေ့လည်စာစားချိန်ဘယ်လောက်ခွင့်ပြုပေးထားသလဲ။

"How long is our lunch break?"
နေ့လည်စာစားချိန်ဘယ်လောက်ကြာလဲ။

"If I only take a 30 minute lunch, can I leave 30 minutes earlier?"
နေ့လည်စာစားချိန် နာရီဝက်ပဲယူရင် ညနေ နာရီဝက်စောပြန်လို့ရမလား။

"What time should I report to work?"
အလုပ်ကိုဘယ်အချိန်ဝင်ရမှာလဲ။

"Is there a strict policy on working hours?"
အလုပ်ချိန်နဲ့ပတ်သက်လို့ တင်းကျပ်တဲ့စည်းကမ်းရှိလား။ (အလုပ်နောက်ကျရင်အရေးယူတဲ့မူ)

"Are we allowed to start work an hour later if we work an hour more?"
တစ်နာရီပိုလုပ်ရင် တစ်နာရီနောက်ကျမှအလုပ်ဝင်ဖို့ ခွင့်ပြုထားလား။

"What is the dress code here?"
ဒီမှာ အဝတ်အစားဝတ်တာနဲ့ပတ်သက်တဲ့စည်းကမ်းကဘာလဲ။

"Are we allowed to wear casual clothes on Friday?"
သောကြာနေ့တွေမှာ ထသွားထလာအဝတ် ဝတ်ခွင့်ပြုလား။

"Does this company have the casual Friday thing?"
ဒီကုမ္ပဏီမှာ သောကြာနေ့မှာ ပေါ့ပေါ့ပါးပါးအဝတ်အစား ဝတ်ခွင့်ပြုတာမျိုးရှိလား။

"If I have ten vacation days, am I allowed to use them all at once?"
အားလပ်ခွင့်ဆယ်ရက်ရရင် တစ်ခါတည်းတစ်ဆက်တည်းသုံးခွင့်ရှိလား။

"What holidays do we have off?"
ဘယ်ရုံးပိတ်ရက်တွေ နားခွင့်ရလဲ။

"Do our vacation days expire?"
အားလပ်ရက်နေ့တွေကုန်သွားပြီလား။

"Does this company allow telecommuting?"
ဒီကုမ္ပဏီမှာ အိမ်ကနေအင်တာနက်နဲ့အလုပ်လုပ်ခွင့်ပြုလား။

"Are we allowed to work from home?"
အိမ်ကနေအလုပ်လုပ်ခွင့်ပြုထားလား။




ကဲ ဒါလေးတွေလေ့လာပြီး ယနေ့ပဲမိမိရုံးထဲမှာလေ့ကျင့်ပြောဆိုကြည့်လိုက်ကြပါစို့။

ဇာနည်(MyWay)

ရုံးတွင်းအင်္ဂလိပ်စကား (၁)

ရုံးတွေမှာအလုပ်လုပ်ကြတဲ့အခါအချင်းချင်းပြောဆိုဆက်ဆံရတာတွေအများကြီးရှိပါတယ်။ ဘယ်ပစ္စည်းဘယ်မှာရှိတာ၊ အသုံးအဆောင်ပစ္စည်းလေးတွေငှားတာကအစ ပရင်တာအလုပ်မလုပ်တာမျိုး၊ ကိုယ်မှာထားတဲ့ပစ္စည်းဒီနေ့ဘာကြောင့်မရောက်တာလဲစိတ်ပူတာမျိုးတွေကအစ ပြောစရာတွေတပုံကြီးပါ။ ဒီတော့ အင်္ဂလိပ်စကားကိုရုံးတွင်းပြောဆိုရမယ့်အခြေအနေအတွင်းမှာအခြေခံထားတဲ့ သင်ခန်းစာတစ်ချို့တင်ပြသွားပါမယ်။



စက်ပစ္စည်းပြဿနာများ Machine Problems


ခေတ်သစ်ရုံးခန်းတွေဟာ ရုံးသုံးစက်ပစ္စည်းတွေ office automation  တွေနဲ့တန်ဆာဆင်ထားကြပါတယ်။ စက်ပစ္စည်းဖြစ်လေတော့ အချိန်တန်တဲ့အခါ၊ လူများလက်များတဲ့အခါ၊ မှားယွင်းအသုံးပြုမိတဲ့အခါ ပျက်တတ်ပါတယ်။ “ပရင်တာပျက်တယ်။ စာရွက်ညပ်တယ်။ ပြင်ရမယ်။ စာရွက်ကုန်သွားပြီ။ ထပ်မှာရမယ်” စတာတွေကို အောက်ပါအတိုင်းပြောနိုင်တယ်။



"Do you know what's wrong with the printer?"
ပရင်တာဘာဖြစ်လဲသိလားဟင်။

"Who do we call to report a problem with the printer?"
ပရင်တာဖြစ်တာ ဘယ်သူ့ကိုခေါ်ရမှာလဲ။

"When is the printer going to be fixed?"
ပရင်တာဘယ်တော့ပြင်ပြီးမှာလဲ။

"The printer next to the break room is broken. Where is the other printer?"
နားနေခန်းဘေးကပရင်တာပျက်နေတယ်။ တခြားပရင်တာဘယ်မှာလဲ။

"The copy machine is jammed again."
မိတ္တူကူးစက် စာရွက်ညပ်ပြန်ပြီ။

"The copy machine is broken."
မိတ္တူကူးစက်ပျက်နေတယ်။

"We need to get the copy machine fixed."
မိတ္တူကူးစက်ကိုပြင်ခိုင်းရမယ်။

"A technician is coming this afternoon to fix the copy machine."
ဒီနေ့လယ် မိတ္တူကူးစက်ပြင်ဖို့ စက်ပြင်ဆရာလာလိမ့်မယ်။

"Where is the paper for the copy machine?"
မိတ္တူကူးစက်နဲ့သုံးတဲ့စာရွက်ဘယ်မှာလဲ။

"We need to order more paper. We're running low."
စာရွက်ပိုမှာရမယ်။ ကုန်တော့မယ်။


စာပို့ခန်း Mail Room


ကုမ္ပဏီကြီးများမှာတော့ mail room ဆိုတာရှိပါတယ်။ ဝန်ထမ်းတစ်ယောက်ချင်းအတွက် ကိုယ်ပိုင် mail box ကလေးတွေထားပေးထားတယ်။ အသုံးဝင်မယ့်စာကြောင်းတစ်ချို့ပါ။ mail အစားယခုခေတ် email အတွက်လည်းအသုံးဝင်ပါတယ်။



"Where is the mail room?"
စာပို့ခန်း ဘယ်မှာလဲ။

"I don't have a mail box. Who should I contact to get one?"
ကျွန်တော့်မှာ စာတိုက်ပုံးမရှိသေးဘူး။ ဘယ်သူနဲ့ဆက်သွယ်ပြီးရအောင်လုပ်ရမလဲ။

"Your mail box was pretty full. You should go pick them up."
ခင်ဗျားစာတိုက်ပုံးပြည့်နေပြီ။ သွားယူလိုက်ဦး။

"I haven't checked my mail in 2 weeks."
စာတွေမစစ်တာ နှစ်ပတ်ရှိပြီ။

"What time does the delivery person usually come?"
စာပို့သမားဘယ်အချိန်လာလေ့ရှိလဲ။


ကုမ္ပဏီကြီးပြီဆိုလျှင်  အဆောက်အဦးကလည်းကြီး အခန်းတွေကလည်းများနဲ့ ရုံးတွင်းမှာတင် စာပို့ စာယူလုပ်ရတာသဘာဝပါ။ ဥပမာ စာရင်းစစ်ဌာနကို စာရင်းဇယားတွေပို့ချင်တယ်ဆိုရင် Inter Office mail service ရုံးတွင်းစာပို့စံနစ် (IO) ကိုသုံးရပါတယ်။



အသုံးအဆောင်ပစ္စည်းများတောင်းခံခြင်း Requesting Equipment


လုပ်ငန်းကြီးလျှင်ကြီးသလို လုပ်ငန်း၏အသုံးအဆောင်၊ ကိရိယာတန်ဆာပလာ တွေများလာသည့်အခါ store, warehouse လိုသီးသန့်ဌာနတစ်ခုကနေ ထုတ်ယူသုံးစွဲရပါတယ်။ အဲဒီအခါမှာအောက်ပါစကားတို့ကို ပြောဖို့လိုအပ်လာပါမယ်။



"I'm out of staples. Do we have any more in the supply room?"
စာအုပ်ချုပ်အပ် ကုန်နေပြီ။ စတိုခန်းထဲမှာ ရှိသေးလား။

"The supply room is running low on pens. I think we should get more."
စတိုခန်းမှာ ဘောပင်ကုန်ကာနီးနေပြီ။ ထပ်မှာရမယ်ထင်တယ်။

"My monitor is very old. It's a little blurry and it gives me a headache when I look at it for a long duration. Could I get a new monitor?"
ကျွန်တော့်မော်နီတာကအရမ်းဟောင်းနေပြီ။ နည်းနည်းမှုန်ဝါးဝါးဖြစ်နေတော့ ကြာကြာကြည့်လိုက်ရင် ခေါင်းမူးလာတယ်။ မော်နီတာအသစ်ရနိုင်မလား။

"My computer is too slow. It slows down my work. I would like a faster computer. It will increase my efficiency on many of my tasks."
ကျွန်တော့်ကွန်ပျူတာကအရမ်းလေးနေတယ်။ အလုပ်ဖင့်တယ်။ ကွန်ပျူတာအသစ်တစ်လုံး လောက်လိုချင်တယ်။ ကျွန်တော့်ရဲ့လုပ်ငန်းဆောင်တာတွေမှာပိုတွင်ကျယ်လာပါလိမ့်မယ်။

"I would like an ergonomic keyboard. I can type much faster with those."
ergonomic keyboard တစ်ခုလောက်လိုချင်တယ်။ အဲဒါနဲ့ဆိုပိုမြန်မြန်ရိုက်နိုင်မယ်။

*** ergonomic (adj) လုပ်ငန်းခွင်နှင့်လုပ်အားစွမ်းရည်မြှင့်တင်ရေး။ (၎င်းစံအရထုတ်လုပ်ထားသောအသုံးအဆောင်ပစ္စည်း)

"Can I get a new chair? This one is so uncomfortable."
လားထိုင်အသစ်တစ်လုံးလောက်ရနိုင်မလား။ ဒီတစ်လုံးကထိုင်ရတာအဆင်မပြေဘူး။

"Can you get me a headset for the telephone? I'm on the phone most of the day and I would like to free up my hands."
တယ်လီဖုန်းအတွက်နားကြပ်တစ်ခုလောက်ပေးနိုင်မလား။ တစ်နေကုန်ဖုန်းပြောနေရတော့ လက်နဲ့မကိုင်ဘဲထားချင်တယ်။ (လက်နဲ့အလုပ်လုပ်နိုင်အောင်)
Ref: Zarni (myway)

Featured Post

ပြည်ပသွားရောက်မည့် မြန်မာခရီးသွားများအတွက် သတိမူရမည့် အချက်အလက်များ

ယခုအခါ မြန်မာနိုင်ငံသားများသည် နိုင်ငံရပ်ခြားဒေသများသို့ စီးပွားရေးအခွင့်အလမ်းများ ရှာဖွေခြင်း၊ အလည်အပတ်ခရီး၊ ဘုရားဖူးခရီး အစရှိသည့် ပြည်ပ...