Showing posts with label မြစ်ကြီးနား GTU အမှတ်တရများ. Show all posts
Showing posts with label မြစ်ကြီးနား GTU အမှတ်တရများ. Show all posts

Saturday, April 19, 2014

မင်းသမီးလေး..သို့

အချစ်က
တစ်ဘ၀လုံးစာ
အရာရာကို ချိုမြိန်စေသတဲ့......

နူးညံ့နွေးထွေးတဲ့ ချစ်ခြင်းတွေနဲ့.
ငါတို့ တယောက်ကိုတယောက်
ပေးအပ် ထားကြမယ်....။

စိမ်းလန်းမှုတသီကြီးရှိတဲ့ ဥယျာဉ်ကြီးတစ်ခုထဲ
မင်း ပျော်နေသလိုမျိုးပေါ့.
ငါ့နှစ်လုံးသားနဲ့.......တကယ်ပါ
မင်း အနာဂတ်ကို ခမ်းနားစေမယ်...။

ဒါဏ်ရာတွေ မရှိစေရ
အကြင်နာ အဖူးအပွင့်တွေနဲ့
မင်း နှလုံးသားကို........ငါ
တယုတယနမ်းရှိုက်မယ်.......။

အကြည်လင်ဆုံး ပြုံးလိုက်ပါ ချစ်သူ
မင်း..နှုတ်ခမ်းဖူးဖူးလေးပေါ်က
အပြုံးတစ်ပွင့်ဟာ
ငါ့ ရင်ခွင်တစ်ခုလုံးကို  လင်းလက်စေတယ်....။

မင်းလက်တစ်ဖက်ဆုပ်ကိုင်ထားရတာ
ဟာ
ကမ္ဘာတစ်ခြမ်းကို ပိုင်ဆိုင်ရသလိုမျိုးပဲ..
မင်းဟာ ငါ့အတွက် ပထမဆုံးနဲ့နောက်ဆုံးချစ်သူ ပဲလေ..
အဆုံးမရှိ မေတ္တာနဲ့
မုသားမပါတဲ့
အနုအလှ သံယောဇဉ်တွေကို
အချစ်နှောင်ကြိုးတွေနဲ့ ရစ်သီလို့
နှင်းဝေတဲ့ ဆောင်းမနက်ခင်းမှာ
ငါတို့ အတူ   လက်တွဲလျှောက်ရအောင်
လက်ကမ်းကြိုတယ်..........ချစ်သူ

                                             လူငယ်

Wednesday, September 18, 2013

အလွမ်းပြေ

သူငယ်ချင်းရေ.........
မင်းနဲ့ တို့ ကငယ်ကပေါင်းသင်းငယ်သူငယ်ချင်းမဟုတ်သော်လည်း
ဆိုးတူကောင်းဘက်လည်ပင်းဖက်ကျောင်းတက်ခဲ့ တဲ့ သူငယ်ချင်းဆိုတာ
တို့ ကျောင်းတော်ကအသိဆုံးပါ

သူငယ်ချင်းရေ........
စက်မှုခေတ်ကိုရောက်နေပြီမို့ တို့ ပြည်မြန်မာကမ္ဘာမှာရင်ဘောင်တန်းအောင်
စိတ်ဓာတ်ပြုပြင်လုံးလ၀ီရိယစိုက်ကာထုတ်လို့ 
နည်းပညာကိုလေ့ လာဆည်းပူးမှတ်ယူပွားများ
လူတို့ လိုအင်အသုံးသင်လို့ တီထွင်နိုင်အောင်ကြိုးစားပါစို့ 

သူငယ်ချင်းရေ........
ကျောင်းကြီးပြီးလို့ အလုပ်ခွင်မှာကျရာတာဝန်ထမ်းဆောင်နေလည်း
ပန်းခရေပွင့် ချိန်ရောက်ရင်ကျောင်းမြေကိုသတိရပြီး
တို့ ဆီကိုလည်း........သတိရကြောင်းစာလွှာတစ်စောင်ရေးလိုက်ပါဦး

 @ လမင်းသန်း



မြစ်ကြီးနားမှသူငယ်ချင်းများသို့  သတိရကြောင်း ဆုမွန်တောင်းရင်း အလွမ်းပြေ


Engineering ချစ်ခြင်း

တို့ နှစ်ယောက်ရဲ့ ချစ်ခြင်းတွေကို

ခိုင်ခံ့အောင်လို့  အုတ်မြစ်ချ

R.C တိုက်ကြီးလို

တည်ဆောက်ချင်လို့ 

မင်းနဲ့ ကိုယ့်ရဲ့ ကြား

သံယောဇဉ် Communication

အများကြီး supplied လုပ်ခဲ့ဖူးပါတယ်

သြော် အခုတော့လဲ

Shock ဖြစ်သွားတဲ့

Circut  ပတ်လမ်းတစ်ခုလို့ 

အားလုံးပြတ်တောက်သွားပြီးနော်

တခါတလေတော့လည်း

Motor တစ်ခုရဲ့  coils အစတွေလို

တစ်ကနေ စလို့ 

ပြန်ပတ်ကြမလားလို့ ပေါ့

ဒီလိုဆိုရင်တော့

Bio-Tech ရဲ့ နည်းပညာသစ်နဲ့ 

ပြန်လည် အသက်သွင်းမဲ့

ကိုယ်တို့ ရဲ့ တဖန်ချစ်ခြင်းတွေကို

ထာဝရရယ် အတည်ဖြစ်ဖို့   

CNC နဲ့ control လုပ်ရမယ်

@ ဆောင်းသခင် (Electrical)

မျက်ဝန်းသံစဉ်

ချစ်သူရယ်......

အကြည့်ချင်း ဆုံမိရုံနဲ့ တင်

မမြင်ရတဲ့ ချစ်ခြင်းရဲ့  ခမ်းနားမှုတွေနဲ့ 

ငါ့နှလုံးသွေးထဲ စီးဆင်းစေတယ်

အပြစ်ဆိုစရာမရှိတဲ့ အကြည့်လေးတချက်နဲ့ တင်

ငါ့နှလုံးသားဟာ လောင်ကျွမ်းခဲ့ရပေါ့

ငါ့ရင်ခွင်တစ်စုံဟာ မင်းအတွက်ခိုနားဖို့ ပါ

မဖိတ်ဘဲလာပြီး မနှင်ဘဲပြေးမသွားပါနဲ့ ကွယ်


ချစ်သူရယ်.....

မမျှော်လင့်ပဲဆုံခဲ့ခြင်းဟာ

ငါ့အတွက်တော့ကြေကွဲဖို့ လေလား

လွမ်းဆိပ်တက်နေတဲ့ ငါ့ရင်ခွင်

မင်းမြင်နိုင်ပါ့မလား


ချစ်သူအတွက်

အမြတ်နိုးဆုံးချစ်တဲ့အကြောင်းကို

ပြောမထွက်ခဲ့ပါဘူး
ရင်မှာဖြစ်တဲ့ စကားတစ်ပွင့် သိမ်းဆည်းထားတယ်

 နှလုံးသွေးတစ်စက်နှင့်

 ပွင့်ခဲ့တဲ့ ပန်းတစ်ပွင့်အတွက်

 ငါ့ရင်ခွင်တစ်ခုလုံးကြေလုပြီ

ချစ်သူ....

မျက်ဝန်းချင်း တကြိမ်လောက်ဆုံမိရုံနဲ့ 

ချစ်ခြင်းအကြောင်းကို ဆုံးခန်းတိုင်

နားလည်သွားစေနိုင်သတဲ့လား
သေချာတာကတော့

မင်းရဲ့ အကြည့် တချက်နဲ့ တင်

ငါဟာ ကျဆုံးခဲ့ရသူပါကွယ်.......


@ လွမ်းအိမ်

ချစ်သူဖတ်ဖို့ 

အတောက်ပဆုံး နံနက်ခင်းတစ်ခုမှာ
သွေးထဲထိ ရှတဲ့ နင့်စကားလုံးတွေကို
ငါ့ဒဏ်ရာတွေ ထဲပေါင်းထည့်
ပြီးတော့ ငါးနှစ်သားသံယောဇဉ်နဲ့  အချိုးကျ ရောစပ်ပြီး
အလှဆုံးပန်းတပွင့် ငါဖန်ဆင်းမယ်
နင်ပန်ဆင်ဖို့ .....

အကြည်လင်ဆုံး ညနေခင်းတစ်ခုမှာ
ငါ့နှလုံးသားကို ထုချေ
မာန်မာနတွေ ထိုးသိပ်
ကြေမွသွားတဲ့ မျှော်လင့်ခြင်းတွေ ဖြန့် ခင်း
ရနံ့ သင်းတဲ့တံတားတစ်စင်း ငါဖန်ဆင်းမယ်
နင် နင်းလျှောက်ဖို့ ....

ဘယ်လိုအကြောင်းတရားတွေက
နင့်အမုန်းတွေကို ကြေပျက်စေနိုင်မှာလဲ
အမှန်ပြင်ဖို့ ကြိုးစားရင်း ငါအထပ်ထပ်မှားနေမိ
တစ်လမ်းသွားဖြစ်နေရတဲ့ ငါ့အချစ်နဲ့ 
ရင်ဘက်ထဲက ထွက်ကျလာတဲ့ ရှိုက်သံ
ဒါတွေနဲ့  ထိုက်တန်တာဟာ
နင့်ရဲ့  ဥ ပေက္ခာလား...

T-shirt အနီနဲ့  ကောင်မလေးရေ
ပင်လုံးကျွတ် ပြည့်နေတဲ့ နင့်အမုန်းတွေ
ထပ်ပြီး ဝေမပြပါနဲ့ တော့
နင့်အမုန်းတွေ ငါတယုတယ ထုပ်ပိုးလို့ 
မုဆိုးတစယောက်ရဲ့ ရှေ့ က သားကောင်လို
ငါ့နှလုံးသားကိုငါ အဆုံးစီရင်ပစ်လိုက်မယ်
နင် ကျေနပ်ဖို့ ....

@ လူငယ်

သက္ကရာဇ် ၅-ခု အလွန်

အိမ်အပြင် ခြေတစ်လှမ်းအစ
နုဖတ်ဖတ် ဦးနှောက်တစ်စုံနဲ့ 
လည်ထောင် မော့မော့
ကြွကြွလေး ခြေချခဲ့ဖူးတယ်....

ခြေအစိုအောက်မှာ
၄၇၆ ပေအထက်က ကုန်းကွကွမြစ်ကြီးနား
အရောင်သစ်တို့ နဲ့  ဆက်စလူးခါနေရဲ့ 
ဒါပေမယ့် ဖါလူဒါဝယ်မသောက်ခဲ့ပါဘူး....

မျှော်လင့်ချက် လှေတစ်စီးစာနဲ့ 
ကျွန်တော့ ခေါင်းကို ပုံအပ်ခဲ့တာ
ဒီကျောင်းမှာပေါ့
ဆံပင်တစ်ချောင်းတောင် ဖြူခဲ့သေး.....

နယူတန်နဲ့ အပေါင်းပါတို့ 
သိမ်းပိုက် သွေးစုတ်လို့ 
ကျွန်တော့ ဦးနှောက်လည်း
အရည်ခပ်ကျဲကျဲသာ ကျန်တော့တယ်....

ရှေ့ သွားလူက စမ်းတ၀ါးဝါး
အလယ်လူက မှိတ်တုတ်မှိတ်တုတ်
နောက်လူကျတော့ တကယ့်ဗရုတ်
ကျွန်တော်ကဘဲ လေထဲရဲတိုက်ဆောက်ခဲ့မိလေသလား....

ဒီလိုနဲ့ ....အခန်းထောင့်က သက္ကရာဇ် ၅-ခု
တစ်ခုပေါ်တစ်ခု ဖင်ခုထိုင်ရင်း
အမေ့ ပိုက်ဆံအိတ်လည်း
အာဟာရပျက်လို့  ပိန်ခြောက်ခြောက်ရယ်သာ....

မပူပါနဲ့ အမေ
သားအလိမ္မာ ပညာတက်ကြီးက
အမေ့ပိုက်ဆံအိတ် လူလုံးလှဖို့ တာဝန်ယူပါ့မယ်လို့ 
ပြောရဲတဲ့အစွမ်း ကျွန်တော့မှာ ရှိချင်လိုက်တာ......။

@ ရှတာ

အရောင်မှိန်သွားတဲ့ ကြယ်တစ်ပွင့်

ရထားတစ်စင်း ဖြတ်သွားတိုင်း

အလွမ်းတွေ လှိုင်းထ ကျန်ရစ်တယ်

အတိတ်ကို ပြန်မတွေးချင်ဘူး

အချစ်တစ်ခုအတွက် ရည်ရွယ်ချက်ကို စတေး

ငါ မမိုက်မဲရဲဘူးလေ...

တွေဝေတက်တဲ့ ငါ့အတွက်

မင်းရဲ့ စွပ်စွဲချက်က "အတ္တကြီးသူ" တဲ့လား

ဆုံးဖြတ်ပြီးမှတော့ နောက်မလှည့်ကြေးချစ်သူ

ချစ်ခဲ့တုန်းကတော့ တစ်ဘ၀စာလက်တွဲဖို့ ပဲ

လမ်းခွဲဖို့ ဆိုတာ ဟိုးအဝေးကြီးမှာပေါ့

အခုတော့.....

မင်းကိုလွမ်းလို့  ငါငိုနေတယ်

သက်ပြင်းတွေ အကြိမ်ကြိမ်ချရင်း

မိုးလင်းခဲ့ရတဲ့ ငါ့မနက်ဖြန်တွေမှာတော့

မျှော်လင့်ခြင်းတွေ ပျောက်ဆုံးနေလေရဲ့ .......

@ ကောင်မလေး

ဆန္ဒ

ချစ်သူရယ်.....

မာယာမသုံးပါနဲ့ ကွယ်

ကံတရားလေပင့်လို့ 

ခွဲခါရချိန်

မင်းနှုတ်ဖျားက

ပျားရည်တစ်စက်ထက်

မင်းရင်တွင်းက

အပြစ်ကင်းတဲ့

ချစ်ခြင်းကိုသာ

လိုအပ်တာပါ.......

@ အဖြူရောင်လေး

မုန်တိုင်းထဲက ဘဝ

မှုန်ရီေ၀၀ါး ရည်မှန်းချက်များ

လွင့်စင်ပျောက်ကွယ် ခဏတွင်းဝယ်

ကြမ္မာဂြိုလ်ဆိုး မခေါ်ဘဲလဲ

ဧည့်သည်အလား တည့်တည့်ဝင်တိုး

ငါ့စိတ်ဓာတ်များ ခြောက်ခြားတုန်လှုပ်

ဘုန်းဘုန်းကျလျှက် သက်ပြင်းရှည်များ

ရှူးရှူးရှဲရှဲ မှုတ်ကာထုတ်ရင်း

ဘ၀ဆိုသည့် လူ့ ဘ၀၀ယ်

ရှင်သန်သက်သက် ပြန်လည်အားတင်း

ယောင်္ကျားမာန လွင့်ကာထူလျှက်

ပန်းတိုင်ဆိုသည့် ရည်မှန်းချက်ဆီ

မဆုတ်မနစ် ကြိုးစားလျှောက်လှမ်း

ရွှေရောင်အိမ်မက် တစ်နေ့ ခါဝယ်

ပိုင်ဆိုင်ရမည် သံဓိဌာန်ချ

ကျေနပ်အားရ ပီတိဖြစ်ရင်း

ဆက်ကာလျှောက်လှမ်းတော့မည်

@ Ever.S.Kyi.B

နောင်တ

ပန်းတစ်ပွင့်
နမ်းခွင့်ရယ်ကြုံလာတော့လည်း
မ၀ံ့မရဲ ရင်ထဲ...

အခြားသူ
လှမ်းယူကာ ဆွတ်တော့မှ
တမှိုင်မှိုင်တွေ
ငါ့အသဲတွေ ကြွေရပေါ့...

ဝေဒနာ
ဒဏ်ရာတွေ အစိတ်စိတ်
တိတ်တဆိတ်ကြေကွဲ
ငါ့တစ်ယောက်တည်း

အခုတော့
ခေါင်းမော့ကြည့်ခွင့် တခဏနဲ့ 
ပြန်မရနိုင်တော့တဲ့ ပန်းကလေး
ငါ့တဘ၀စာ အလှမ်းဝေးပြီ ။

@ လူငယ်

လွင့်

..................ဂရုမစိုက်ဘူး
ငါ့စိတ်နဲ့ ငါ့ကိုယ် ဟာမိုနီဖြစ်ရင်တော်ပြီ
တခါတလေ
               ကိုယ့် ကိုစိတ်ကမောင်းလိုက်
တခါတလေ
               စိတ်ကို ကိုယ်ကမောင်းလိုက်

မကျေလည်မှုတွေကို စုပုံထုပ်သိမ်းထားဖို့ 
ဒီရင်ဘက်ကြီးက ဂိုထောင်စုတ်မဟုတ်ဘူး
ဖွင့်ချလိုက်မယ် သွန်ချလိုက်မယ်
ခါထုပ် သုတ်သင်ပစ်မယ်
ဘယ်သူ့ ကိုမှ ..................ဂရုမစိုက်ဘူး

ငါ့စိတ်ရဲ့ ဖြစ်တည်မှု ငါ့မျက်နှာမှာ အဖျားခတ်လိမ့်မယ်
ဒါပေမယ့်
              ပင်ပန်းမယ်ထင်ရင် စွေကြည့်မနေပါနဲ့ 
ငါ့ကိုဂရုမစိုက်တာလောက်တော့ ငါဂရုမစိုက်ဘူး

တိုင်မှာ နှောင်ပြီး လွင့်လူးရတဲ့ အလံထက်
ရင်ဘက်ကြိုးသိုင်းနဲ့ စွန်လို လွင့်ပျံရခြင်းထက်
ငါ့စိတ်ကို ပိုပြီး လွတ်လပ်လွင့်ပျံခွင့် ငါပေးတယ်

စည်းတွေအားလုံးရဲ့ အ့ပင်ဘက်အဆုံးမှာ
ငါကျောပေးရပ်မယ်
ငါ့ကိုယ်ပိုင်ယဉ်ကျေးမှုနယ်မှေ ငါကျင်လည်ကျက်စားမယ်
ငါ့စိတ်နဲ့ ငါ့ကိုယ် ဟာမိုနီ ဖြစ်ရင်တော်ပြီ...................။   ။

@ ရှတာ

ကွဲရှခဲ့တဲ့ အိမ်မက်များ

သူငယ်ချင်း

တို့ တွေ တွေ့ ခဲ့ ချိန်က ၂၀၀၂ နှစ်ကာလများအလွန်

ခင်မင်မှုနှင့် ပျော်ရွင်ခဲ့ကြဖူးနေ့ ရက်တွေ

တွေ့ ဆုံခြင်းဟာ ခွဲခွါဖို့ လား

ချစ်ခြင်းတွေဟာ ပေးဆပ်ခဲ့ဖို့ လား

လွမ်းလို့ မကုန်နိုင်တဲ့ အတိတ်က ဖြစ်ရက်တွေက

ကြာခဲ့ပြီဆိုပေမယ့် မနေ့ တနေ့ ကလို

လွမ်းလို့ ကောင်းနေတုန်းပါဘဲကွယ်

ငါတို့ တွေ ဖြတ်လျှောက်ဖူးတဲ့ 

မြေနီလမ်းလေးလည်း

အရင်လို လှနေတုန်းပါပဲကွယ်

ထင်ကျန်ရစ်တဲ့ အမှတ်တရတွေတွေ့ တိုင်း

လွမ်းမိတယ်

နှင်းတွေဝေတိုင်း လွမ်းတယ်

ခွဲခွါခြင်းရဲ့ မှတ်တိုင်တွေက

တံတိုင်းတွေလို

ငါတို့ တတွေကို တားဆီးနေအုံးမှာလား.....

လာပါ သူငယ်ချင်း

မျှော်လင့်ခြင်းရဲ့ မနက်ဖြန်တွေမှာ ငါတို့ ရှိမယ်

မာယာများတဲ့လောကအလယ်မှာ

ငါတို့ အတူတူ လက်တွဲလျှောက်ရအောင်

@ လွမ်းအိမ်

( ငါတို့ ၏ ခင်မင်မှုများသည် ၂၀၀၂ အလွန်မှ
  နောင်နှစ်ပေါင်းများစွာတိုင်အောင် )

နေရာ

မင်းသောက်တက်တဲ့
ဘီယာတစ်ခွက်လို
အမှုးပြေသွားရင် မသိတော့သလိုမျိုး

မင်းရှိုက်တဲ့
စီးကရက်တစ်လိပ်လို
ခြွေချခံရတဲ့ပြာမှုန်လေးတွေမျိုး

မင်းဝါးထွေးမဲ့
ကွမ်းသွေးတစ်စက်လို
လမ်းဘေးတစ်နေရာ
စွန်းထင်ကျန်ရစ်မဲ့ အဖြစ်မျိုးလိုပေါ့

အစကတည်းက
သိနှင့်နေပါတယ်......ရင်ထဲမှာမရှိမှန်း
အဖြစ်အပျက်အားလုံး အတွက်
ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့ရင်
မင်းကတော့ ပုံပြောသူပါ
ကိုယ်ကတော့
ပုံပြင်ထဲက မင်းသမီး မဟုတ်ခဲ့ရပါဘူး

ကျေနပ်နေပါတယ်လေ
ဒါပေမယ့်....ချစ်သူ
ကိုယ့်ရင်ထဲက
အဖြူရောင်ချစ်ခြင်းတွေ တွက်တော့
မင်းရဲ့ နှလုံးသား တစ်နေရာ
အသိမှတ်ပြု လက်ခံပေးပါ

@ ဆောင်းသခင် (Electrical)

အို .......ကျောင်းတော်ကြီး

အို...........ကျောင်းတော်ကြီး
Engineer ဆိုတဲ့ရည်မှန်းချက်တွေနဲ့ 
နေသာတဲ့နေ့ တစ်နေ့ မှာ စတွေ့ ခဲ့တယ်
ခရေပန်းရနံ့ လေးတွေ မွှေးပျံ့ စွာနဲ့ 
နွေးထွေးစွာ ကြိုဆိုခဲ့တယ်နော်...

အို.............ကျောင်းတော်ကြီး
စေတနာ၊ ၀ါသနာ၊ အနစ်နာ ဆိုတဲ့ နာသုံးနာရှေ့ ထား
မြတ်ဆရာ၊ဆရာမတွေနဲ့  တွေ့ ဆုံခွင့်
ပျော်ရွင်စွာ စာသင်ကြားခွင့် ပေးခဲ့တယ်နော်...

အို...........ကျောင်းတော်ကြီး
သာယာတဲ့ဒီဇင်ဘာနံနက်ခင်းမှာ
ဖြူဖွေးတဲ့နှင်းမှုန်လေးတွေ ကျနေချိန်ပေါ့
ချစ်ခင်စရာကောင်းတဲ့ သူငယ်ချင်းတွေနဲ့ 
ခင်မင်ခွင့် နှစ်စဉ်ပေးခဲ့တယ်နော်..

အို.........ကျောင်းတော်ကြီး
ပူလောင်တဲ့ နွေရာသီနေ့ ရက်တွေမှာ
ဥသြကလေးတွေ  ငိုနေချိန်မှာပေါ့
သနားစရာကောင်းတဲ့ သူငယ်ချင်းတွေကို
AGTI ပေးပြီး နှင်ပစ်ခဲ့တယ်နော်...

အို.......ကျောင်းတော်ကြီး
စိမ်းလန်းတဲ့ မြတ်ခင်းတွေနဲ့ 
ညိုမှိုင်းတဲ့ တောင်တန်းပြာ်တွေကြားမှာ
အရောင်းတွေပြောင်းနေရာက နန့် ကွေ့ ချောင်းမှာ
သူငယ်ချင်းဟောင်းတွေကို ပြောင်းပစ်ခဲ့တယ်နော်...

အို.........ကျောင်းတော်ကြီး
ပျော်စရာကောင်းတဲ့ May ကျောင်းရက်မှာ
သူငယ်ချင်းတွေနဲ့  တတွဲတွဲပေါ့
ခွဲခွါသွားရတဲ့ သူငယ်ချင်းတွေကို
ပက်ပက်စက်စက် လွမ်းခွင့်ပေးခဲ့တယ်နော်.....

အို......ကျောင်းတော်ကြီး
တိမ်တိုက်တွေညိုတဲ့ မိုးရာသီနေ့ ရက်တွေမှာ
မိုးဖွဲကလေးတွေ ရွာနေချိန်ပေါ့
B-Tech ပန်းကုံးတွေပေးပြီး သူငယ်ချင်းတွေကို
လက်ဆွဲနှုတ်ဆက်ရင်မှာ ၀ှက်ခိုင်းနေပြီနော်.....

အို......ကျောင်းတော်ကြီး
ရာသီတွေပြောင်း နေ့ ရက်တွေဟောင်းလို့ 
မေတ္တာတွေ ခိုင်မြဲနေချိန်မှာပေါ့
BE ဆိုတဲ့ အထုပ်ကိုပိုး အချင်းချင်းရှိုးလို့ 
တစ်ဆို့ တဲ့ ရင်နဲ့ ဒိုးခိုင်းနေပြီနော်....

အို.......ကျောင်းတော်ကြီး
ကြိုးစားခဲ့တဲ့ ရည်မှန်းချက်နဲ့ 
Engineer ဘ၀အသက်ဆက်ဖို့ ပေါ့
ရေးခဲ့တဲ့ သမိုင်းအတွက် ပျော်ခဲ့တဲ့ရက်တွေကို
တမ်းတရင်းနဲ့  လွမ်းနေရတော့မှာပေါ့..... ။    ။

@ဇေယျ (ဆားမှော်)

အဝေးရောက်သူငယ်ချင်းသို့ 

တွေ့ ဆုံရတာ တခဏ

မေ့မရတဲ့အဖြစ်တွေက

ရင်မှာချုပ်ထိန်းမရ

ဘယ်အရာနှင့်အစားထိုးထိုး

လုံးဝမရ နိုးနိုး

သည်အတိုင်းသာ ဆက်သွားလျှင်

ငါလေ ရူးမယ်ထင်

@ ရွှေဥ (တချိန်ခါက)

" အမေ " သို့ ........

တစ်နေ့ နဲ့ တစ်ည
အမေ့အကြောင်းတွေး
ကာရန်တွေ ရွေးရင်း
မိုးလင်းခဲ့ပြန်ပေါ့
အတ္တကင်းတဲ့ ချစ်ခြင်းနဲ့ 
ဖြူစင်လွန်းတဲ့ အမေ့ရင်ထဲက
သောကတွေ မြင်နေရတယ်
အမေ.....

ဒေါသကြီးသူတွေ၊ လောဘကြီးသူတွေ
အထီးကျန်သူတွေ၊ အကျည်းတန်သူတွေ
ဟန်ဆောင်တက်သူတွေ၊ လှောင်ပြောင်တက်သူတွေ
လူနပ်တွေ၊ လူတတ်တွေ
ဖြတ်ခုတ်သူတွေ၊ အမြတ်ထုတ်သူတွေ
ဒီလိုလူတွေကြား
အနေမနား ရုန်းကန်ရလို့ 
အမေ မောပန်းနေပြီလား
အမေ ဘယ်သွားသွား
သယ်ဆောင်ပေးတဲ့ စက်ဘီးနီလေး
အဆောင်ထဲက အထီးကျန်စွာနဲ့ 
ပိုင်ရှင်ပြန်အလာ မျှော်နေတယ်
အမေ....

ကာရန်မပါတဲ့ မော်ဒန်ကဗျာနဲ့ 
ရင်ထဲက ၀န်ခံစကား
ရိုးရိုးနဲ့ တိုးတိုးလေးပြောပြမယ်
" အမေ့ကို သမီး အရမ်း.......ချစ်တယ် "

@ ကောင်မလေး

အဘိဓာန်

တနယ်တကျေး အဖော်ဝေး
ဒီကျောင်းတော်ဆီ ငါတို့ ရောက်ခဲ့ပြီ
ငါတို့ မျှော်မှန်း အနာဂတ်လမ်း
မယွင်းမပျက် ငါချီတက်မယ်
ရည်မှန်းချက်ကြီး အသံကုန်ဟီး
ငါတို့ အနာဂတ်ေ၀၀ါးကြ
ကျောင်းဟောင်းမကောင်း ကျောင်းသစ်ပြောင်း
ငါတို့ ဘ၀မှာ အကြွေးတွေထောင်းပေါ့
ကားခဈေးကြီး တို့ တွေညည်း
ကားထဲကိုကြည့် ငါ့ရင်ထိ
ဘီလူးကျွန်းနဲ့  မှားသွားတယ်
ကျောင်းထဲကိုရောက် ငါတို့ ကြောက်
စာသင်ရမှာ ညည်းငွေ့ ဖွယ်
ဘွဲ့ က BE ဆရာမကြီး
ရည်းစားမရှိလို့  ဆွေးကြတယ်
ကျောင်းက Canteen အရသာဖျင်း
ဈေးကြီးပေးပြီး စားခဲ့တယ်
ဒီ ကျောင်းအတွေ့ အကြုံ စာဖွဲ့ မကုန်
ပြောပြရမှာ ရှက်လှတယ်
ကျောင်းစာကြည့်တိုက် Go ကြည့်လိုက်
Ever close တဲ့ တံဆိတ်နှိပ်တယ်
Computer ခန်း တို့ လျှောက်လှမ်း
မျက်စိတမှိတ်လျှောက် ငမ်းပါရစေ
ကျောင်းကြီးအသစ်ဆောက် အိမ်သာတစ်ပေါက်
ငရဲရှစ်ထပ်နဲ့ ညီမျှတယ်
ဒီကျောင်းဂုဏ်ဆောင် ဒို့ ဖြစ်အောင်
ကြိုးစားကြဖို့ တိုက်တွန်းလိုက်မယ်
အနာဂတ်အရေး ဒို့ မျှော်တွေး
ဝေေ၀၀ါးမို့ တွေးမရတယ်
ငါကွ BE အလုပ်ရှာနည်း
ကွမ်းယာရောင်းဖို့  ဆုံးဖြတ်တယ် ။       ။

@HERO

ဒဿန

"အချစ်မှာ မျက်စိမရှိ" တဲ့

ဘယ်သူကများ ထွင်လိုက်တယ် မသိ

ရှိပါတယ်ဗျာ....

အသားလေးမည်း သွားလေးကျဲလို့ 

ပညာတွေ ဝေးတဲ့အပြင်

ရင်ခုန်စရာ ဗလာနတ္တိ

လူမြင်ရင် ဟိုကြည့် ဒီကြည့်နဲ့ 

ခန္ဓာမှာ အော်ဒီ အနံ့ ပြင်းခဲ့ရင်

အသင်လူ ကြိုက်နိုင်ပါဦးမလား.........


@ အဖြူရောင်လေး 
6.9.2007


ကျောက်ရိုင်းများ

မနက်ဖြန် သဘက်ခါကို ဥပေက္ခာပြု
ရည်မှန်းချက်တွေ တစ်လုံးတစ်ထွေးကြီးနှင့်
နည်းပညာတက္ကသိုလ်ဆီကို
တန်ဖိုးဖြတ်မရတဲ့
ကျောက်ရိုင်းလေးတွေ ရောက်ခဲ့ကြပေါ့

ပထမနှစ်ဆိုတဲ့အချိန်
မျှော်လင့်ချက်တွေစုစည်း
ချစ်သူရည်းစား ဘေးချိတ်ထား
ပျော်ပျော်ကြီးနှင့်
ငါတို့ တွေ ကျော်ဖြတ်ခဲ့ကြပေါ့

ဒုတိယနှစ်ဆိုတဲ့ ခရောင်းလမ်း
မျှော်လင့်ချက်တွေ အနည်းငယ်ပဲ့ကြွေ
ဟေ့ သူငယ်ချင်းဘာတွေငေး
ဝေးမနေခဲ့ဖို့ 
ငါတို့ တွေ ကျော်ဖြတ်ခဲ့ကြပေါ့


တတိယနှစ်နဲ့ စတုတ္ထနှစ်
မျှော်လင့်ချက်တွေနှင့် လုံးပါးပါး
ခေါက်ရိုးကျိုးနေပြီ ဖြစ်တဲ့
ကျောင်းသွားကျောင်းပြန်လမ်းက
ဟာတိုက်နေကြပေမယ့်
ငါတို့ တွေ ခရီးဆက်ခဲ့ကြပေါ့

နောက်ဆုံးနှစ်ဆိုတဲ့ ပန်းခင်းလမ်း
မျှော်လင့်ချက်တွေ နလံထူခဲ့
ငါးနှစ်တာ သွေးခဲ့တဲ့ကျောက်ရိုင်းများ
ငါတို့ ရဲ့ အနာဂတ်ပန်း
အမြဲမွှေးကြိုင်လန်းဆန်းဖို့ 
ငါတို့ ရဲ့ နည်းပညာတွေနဲ့ 
ဒီကမ္ဘာကြီးကို အလှဆင်ကြစို့ ........ ။              ။

@ G . ဇုန်း

ရင်ဝှက်ပန်း

အိပ်စက်နေတဲ့
ငါ့နှလုံးသားရဲ့  ရင်ခုန်းမှုက
နင့်ကို စတွေ့ ချိန်မှာတော့
နေရောင်ထိတဲ့ပန်းပွင့်လို
မိုးစက်ထိတဲ့ မြတ်ပင်လို
နိုးထလာခဲ့တယ်....

တကယ်လို့ သာ
နင့်ရဲ့ အချစ်သာ
ငါ့အပေါ်မှာမရှိခဲ့ရင်
နေရောင်မရတဲ့ ပန်းပွင့်လို
မိုးစက်မထိတဲ့မြတ်ပင်လို
နွမ်းကြေသွားမှာပါ.....

@Valenchi
(civil) 

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...