Showing posts with label ကဗျာမဟုတ် တဲ့ ကဗျာလေးတွေပါ. Show all posts
Showing posts with label ကဗျာမဟုတ် တဲ့ ကဗျာလေးတွေပါ. Show all posts

Saturday, April 19, 2014

Am Your Friend

we are far away from each other
But you know that I am here.
You can feel me in your heart
As you enter each new day.

I will always be there for you
I am your friend.

Someone to share the good times
As well as the bad.
I make no judgments by what you say
I just listen with my heart and
Hope to be of help in anyway I can.

I will be there for you now and forever
And always please remember
 I am your friend!

မင်းသမီးလေး..သို့

အချစ်က
တစ်ဘ၀လုံးစာ
အရာရာကို ချိုမြိန်စေသတဲ့......

နူးညံ့နွေးထွေးတဲ့ ချစ်ခြင်းတွေနဲ့.
ငါတို့ တယောက်ကိုတယောက်
ပေးအပ် ထားကြမယ်....။

စိမ်းလန်းမှုတသီကြီးရှိတဲ့ ဥယျာဉ်ကြီးတစ်ခုထဲ
မင်း ပျော်နေသလိုမျိုးပေါ့.
ငါ့နှစ်လုံးသားနဲ့.......တကယ်ပါ
မင်း အနာဂတ်ကို ခမ်းနားစေမယ်...။

ဒါဏ်ရာတွေ မရှိစေရ
အကြင်နာ အဖူးအပွင့်တွေနဲ့
မင်း နှလုံးသားကို........ငါ
တယုတယနမ်းရှိုက်မယ်.......။

အကြည်လင်ဆုံး ပြုံးလိုက်ပါ ချစ်သူ
မင်း..နှုတ်ခမ်းဖူးဖူးလေးပေါ်က
အပြုံးတစ်ပွင့်ဟာ
ငါ့ ရင်ခွင်တစ်ခုလုံးကို  လင်းလက်စေတယ်....။

မင်းလက်တစ်ဖက်ဆုပ်ကိုင်ထားရတာ
ဟာ
ကမ္ဘာတစ်ခြမ်းကို ပိုင်ဆိုင်ရသလိုမျိုးပဲ..
မင်းဟာ ငါ့အတွက် ပထမဆုံးနဲ့နောက်ဆုံးချစ်သူ ပဲလေ..
အဆုံးမရှိ မေတ္တာနဲ့
မုသားမပါတဲ့
အနုအလှ သံယောဇဉ်တွေကို
အချစ်နှောင်ကြိုးတွေနဲ့ ရစ်သီလို့
နှင်းဝေတဲ့ ဆောင်းမနက်ခင်းမှာ
ငါတို့ အတူ   လက်တွဲလျှောက်ရအောင်
လက်ကမ်းကြိုတယ်..........ချစ်သူ

                                             လူငယ်

မညီမျှခြင်း

လူတစ်ယောက်ရဲ့
အလှဆုံးသောအချိန်ဟာ
ပျိုရွယ်သော ကာလတာမှာ
ဖြစ်တည်တယ် ... တဲ့

ဒီအဆိုကို ဆန့်ကျင်လို့
အများတကာအလယ်
အားငယ်စရာ ရုပ်သွင်ရှိသူမို့
သာမာန်လူတို့နည်းအတိုင်း
ဘယ်သူ့ကို အပြစ်တင်ရမလဲ ..

အကျည်းတန် မှန်ကြိုက်တယ် .. တဲ့
လာပြန်ပြီ
ချောတဲ့၊ လှတဲ့သူတွေလည်း
မှန်ကြည့်တတ်ကြတာပဲ
ဘယ့်နှယ်ကြောင့် ကိုယ့်တစ်ယောက်ကိုပဲ
အပြစ်ဖို့ချင်ကြရတာလဲ ..

လူငယ်သဘာဝ
ချောတာ၊ လှတာကို ချစ်တတ်ကြပေမယ့်
အချစ်မှာ မျက်စိမရှိဘူးဆိုတာတော့
ယုံမလားပဲ ..

မင်းကုသရဲ့နည်း
ထပ်ပြီးအသက်သွင်းဖို့အထိ
ကိုယ်တစ်ကယ် မရည်ရွယ်ပါဘူး ..

ဒါပေမယ့်လေ
မင်းရဲ့အလှတရား
နှလုံးသားတစ်ခုလုံးကို စွဲညို့ယူသွား
အမုန်းစကား နေ့တိုင်းကြားနေရပေမယ့်
ထုံဆေးမိတဲ့ သူတစ်ယောက်လို
ကိုယ် ဘာမှမသိတော့ဘူးကွယ် ..

မင်းရဲ့အနီးအနား
အမြဲရှိနေခွင့်ပေးပါလား ..

မိုက်တီးရဲ့ ရိုက်ချက်တော့
မဟုတ်ပါဘူး
ဒါပေမယ့် တော်တော်ပြင်းတဲ့ ရိုက်ချက် ..

အမုန်းတရား ဒေါသများနဲ့စပ်ထားပြီး
သူ့လက်ဖ၀ါးလေးရဲ့ အမှတ်အသား
ကိုယ့်ပါးပြင်အား လက်ဆောင်များ
ပေးသနားလိုက်ပေမယ့်
ကိုယ် တစ်ကယ်မနာကျင်ပါဘူး ..

ဒါပေမယ့်လေ
ဘယ်ဘက် ရင်ခွင်အောက်က
နှလုံးသား တစ်ခုဟာ
တလှုပ်လှုပ်နဲ့ ပြုတ်ကျဖို့အတွက်
ဘယ့်နှယ်ကြောင့် တာစူနေရတာလဲ ..

မမှီတာနဲ့ပဲ
စပျစ်သီးချဉ်တယ်လို့
ရူးမိုက်စွာနဲ့ ကိုယ်မစွပ်စွဲတတ်ပါဘူး ..

မင်းရဲ့အချစ်
ကိုယ့်အတွက် မဖြစ်ပေမယ့်လည်း
မင်းအတွက် ကိုယ့်အချစ်
ရင်နဲ့ အပြည့်ပါပဲကွယ် ... ။

@ Annonymous  

ချစ်သူများနေ့ ...

ကောင်မလေးရယ် ...
ဆံနွယ်တွေ အရောင်မပြောင်းခင် ...
သွားတွေ အစီအရီ ရှိနေတုန်း ...
စောင့်နေတဲ့ အဖြေ တ၀က်လောက်ဖြစ်ဖြစ်
လိုချင်နေမိသူရဲ့ ခံစားချက်တွေ
ရင်ထဲမှာ ခံရခက်အောင် မွန်းကြပ်
နောက်လာမယ့် နေ၀င်ချိန်တွေကို
အတူ ထိုင်ကြည့်ခွင့် ရချင်တယ် ...

ချစ်သူတွေ ပျော်မြူးမယ့်
ဖေဖော်ဝါရီ ( ၁၄ )လည်း
တဖြေးဖြေး ချဉ်းကပ်လာလို့
အချစ်ရဲ့ အဝေး
ထွက်လို့ ပြေးမှာကို
တိတ်တိတ်လေး စိုးရိမ်တယ် ...

အွန်လိုင်းပေါ်မှာ တွေ့ပေမယ့်
မင်း ထင်တဲ့ အပေါစား ချစ်တဲ့သူတွေလို
ငါ့နှလုံးသားရဲ့ သံစဉ်လှိုင်းကို
အရောင်ခြယ်လို့ မရောလိုက်ပါနဲ့ ...
ချစ်တတ် သူတွေရဲ့
အဖြူရောင် အချစ်စစ်စစ်တွေ
အွန်လိုင်းကွန်ယက်မှာ ပျံသန်းနေပါသေးတယ် ... ကောင်မလေးရယ် ...

@ Annonymous  

ပိုင်ရှင်မဟုတ်ဘူး . . . ဒါပေမယ့်

ကိုယ့်ကိုကြည့်တဲ့
ရီဝေေ၀မျက်ဝန်းတစ်စုံ
ပိုင်ချင်ပေမယ့်
ပိုင်ရှင်ရှိတယ်တဲ့
ကိုယ့်ကိုပြုံးပြတဲ့အပြုံး
သူများကို ပြုံးပြမှာ
ကြောက်မိတယ်။
သူရဲ့ပိုင်ရှင်
ကိုယ်မဟုတ်ဘူး
ပိုင်ရှင်လုပ်ဖို့
မကြိုးစားမိပေမယ့်
ပိုင်ရှင်ပြောင်းသွားမှာကိုကြောက်မိတယ်
ပိုင်ရှင်တော့မဟုတ်ပါဘူး
ဒါပေမယ် . . . . .

@ Annonymous  

ငါချစ်တဲ့ နင် နင်မချစ်တဲ့ ငါ

ငါချစ်တဲ့ နင် နဲ့ နီးဖို့

ငါကိုယ်တိုင် လမ်းတွေဖောက်ဖူးတယ်။

ငါချစ်တဲ့ နင့်ကို

မစွန့်လွှတ်နိုင်လို့

ငါနားလည်မှု့တွေပေးခဲ့တယ်

ငါချစ်တဲ့ နင့် မျက်နှာအလိုကျ

အလိုက်သိမှု့တွေ ပေးခဲ့တယ်

ငါချစ်တဲ့ နင်နဲ့

မဝေးချင်လို့ နင်လိုသမျှ သည်းခံခဲ့တယ်

ဒါပေမယ့် ငါချစ်တဲ့ နင်က

ငါ့လက်ကိုဖြုတ်ချ ခဲ့တယ်

အခုတော့ ငါချစ်တဲ့ နင်က

ငါ မဟုတ်တဲ့ သူကို

တစ်ဘ၀ လုံးပုံပြီး ချစ်မယ်တဲ့ လား ချစ်သူရယ်...။

@ Annonymous  

ယုံပါလို့မပြောဘူး

ယုံပါလို့မပြောဘူး
ဘာဖြစ်လို့လဲဆိုတော့ ငါကသစ္စာမရှိလို့
နင်ချန်ထားခဲ့တဲ့ငါ
တစ်ယောက်ထဲကျန်ခဲ့တယ်ထင်လား
အထင်မကြီးနဲ့
နီးစပ်ရာတစ်ယောက်
ချစ်သူကောက်တော်လိုက်တာပေါ့
အချိန်တော်တော်ကြာ
နင်နဲ့ခပ်ဝေးဝေးရောက်တဲ့အချိန်မှာ
ငါတစ်စုံတစ်ခုပျောက်ဆုံးနေခဲ့တယ်
ငါကိုချစ်တဲ့သူကို
သူလိုချင်တဲ့ ငါ့ရင်ဘတ်
ပေးချင်ပေမယ်
ငါ့နှုတ်ခမ်းက နင့်စကား
အလိုလိုထွက်အံ့ကျ
အချစ်ဆိုတာ ဘ၀အတွက် အရေးမပါ ပါဘူးတဲ့
ယုံကြည်ပါလို့မပြောဘူး
ဘာဖြစ်လို့လဲဆိုတော့ ငါကနင့်ကိုနားမလည်ဘူး
နင်ပြောတဲ့စကား
``ငါ့ကိုနားလည်နိုင်တာနင်တစ်ယောက်ပဲရှိတယ်တဲ့´´
ငါနင့်ကိုနားမလည်ခဲ့ပါဘူး။
နင်ဘာလုပ်လုပ် အပြစ်မမြင်ခဲ့ဘူးလို့မထင်နဲ့
ဒါပေမယ့် ငါ့ရင်ဘတ်က နင့်ဆီကျပျောက်ခဲ့တော့
သည်းခံခြင်းအပြည့်နဲ့ နင့်ကို
ရိုကျိုးတယ်

ယုံပါလို့မပြောဘူး
ဘာဖြစ်လို့လဲဆိုတော့ ငါကသစ္စာမရှိလို့
နင်ချန်ထားခဲ့တဲ့ငါ
တစ်ယောက်ထဲကျန်ခဲ့တယ်ထင်လား
အထင်မကြီးနဲ့
နီးစပ်ရာတစ်ယောက်
ချစ်သူကောက်တော်လိုက်တာပေါ့
အချိန်တော်တော်ကြာ
နင်နဲ့ခပ်ဝေးဝေးရောက်တဲ့အချိန်မှာ
ငါတစ်စုံတစ်ခုပျောက်ဆုံးနေခဲ့တယ်
ငါကိုချစ်တဲ့သူကို
သူလိုချင်တဲ့ ငါ့ရင်ဘတ်
ပေးချင်ပေမယ်
ငါ့နှုတ်ခမ်းက နင့်စကား
အလိုလိုထွက်အံ့ကျ
အချစ်ဆိုတာ ဘ၀အတွက် အရေးမပါ ပါဘူးတဲ့
ယုံကြည်ပါလို့မပြောဘူး
ဘာဖြစ်လို့လဲဆိုတော့ ငါကနင့်ကိုနားမလည်ဘူး
နင်ပြောတဲ့စကား
``ငါ့ကိုနားလည်နိုင်တာနင်တစ်ယောက်ပဲရှိတယ်တဲ့´´
ငါနင့်ကိုနားမလည်ခဲ့ပါဘူး။
နင်ဘာလုပ်လုပ် အပြစ်မမြင်ခဲ့ဘူးလို့မထင်နဲ့
ဒါပေမယ့် ငါ့ရင်ဘတ်က နင့်ဆီကျပျောက်ခဲ့တော့
သည်းခံခြင်းအပြည့်နဲ့ နင့်ကို
ရိုကျိုးတယ်

ယုံပါလို့မပြောဘူး
ဘာဖြစ်လို့လဲဆိုတော့ ငါကသစ္စာမရှိလို့
နင်ချန်ထားခဲ့တဲ့ငါ
တစ်ယောက်ထဲကျန်ခဲ့တယ်ထင်လား
အထင်မကြီးနဲ့
နီးစပ်ရာတစ်ယောက်
ချစ်သူကောက်တော်လိုက်တာပေါ့
အချိန်တော်တော်ကြာ
နင်နဲ့ခပ်ဝေးဝေးရောက်တဲ့အချိန်မှာ
ငါတစ်စုံတစ်ခုပျောက်ဆုံးနေခဲ့တယ်
ငါကိုချစ်တဲ့သူကို
သူလိုချင်တဲ့ ငါ့ရင်ဘတ်
ပေးချင်ပေမယ်
ငါ့နှုတ်ခမ်းက နင့်စကား
အလိုလိုထွက်အံ့ကျ
အချစ်ဆိုတာ ဘ၀အတွက် အရေးမပါ ပါဘူးတဲ့
ယုံကြည်ပါလို့မပြောဘူး
ဘာဖြစ်လို့လဲဆိုတော့ ငါကနင့်ကိုနားမလည်ဘူး
နင်ပြောတဲ့စကား
``ငါ့ကိုနားလည်နိုင်တာနင်တစ်ယောက်ပဲရှိတယ်တဲ့´´
ငါနင့်ကိုနားမလည်ခဲ့ပါဘူး။
နင်ဘာလုပ်လုပ် အပြစ်မမြင်ခဲ့ဘူးလို့မထင်နဲ့
ဒါပေမယ့် ငါ့ရင်ဘတ်က နင့်ဆီကျပျောက်ခဲ့တော့
သည်းခံခြင်းအပြည့်နဲ့ နင့်ကို
ရိုကျိုးတယ်

@ Annonymous     

အချစ်ပါသလား...

တစ်ခုခုကို တောင့်တလို့

တစ်ခုခုကို တပ်မက်လို့

(ဆိုကြပါစို့)

တစ်ခုခုကို လိုချင်လို့

တစ်ခုခုကို

ပေးဆပ်လိုက်ရတယ်..

အဲဒီထဲမှာ

အချစ်ပါသလား...။

လောကကြီးက

ကိုယ်တောင်းသလောက်ပေးတာဆိုရင်

အဲဒီထဲမှာ

အချစ်ပါသလား...။

သက်ရောက်မှုတိုင်းမှာ

တန်ပြန်သက်ရောက်မှု ရှိတယ်ဆို

အဲဒီထဲမှာ

အချစ်ပါသလား...။

ချစ်ရသူကိုမေးတယ်

လူတွေကိုမေးတယ်

လောကကြီးကိုမေးတယ်

နယူတန်ကို မေးတယ်

............မေးတယ်

............မေးတယ်

သိချင်မိလို့ပါ

ဒါပေမယ့်

အားလုံးက

တွေဝေနေကြတယ်လေ............။

အရှုံး....


နာကျင်မှုမပါတဲ့
အရှုံးများစွာနဲ့
လမ်းခွဲစကားကို စပြောခဲ့ရပေမဲ့
စပြောခဲ့တဲ့ ငါကိုယ်တိုင်ကပဲ
ရှုံးခဲ့တာပါ...
ချစ်ခဲ့ရတာလည်း ငါပဲ
နောက်ဆုံးသစ္စာမဲ့
ခေါင်းစဉ်အတပ်ခံရသူဟာလည်း ငါပဲ
သစ္စာတွေလည်း စူးချက်အဖြစ်
ဒဏ်တွေခံရမရ်ဆိုလဲ ငါပဲ
ဒါကြောင့် အတ္တမဲ့ခဲ့တာ ငါဆို
မင်းက အတ္တကြီးခဲ့သူပေါ့
အရာအားလုံးအတွက်
ခံစားရသူဟာလည်း
ငါပါပဲ...။

@ Annonymous    

ချစ်သူဖတ်မိပါစေ

ဘ၀ကို Time Table ဆွဲထားလို့မရဘူး
ငါက Robot ဆိုရင် မင်းကြိုက်သလို
Remote Control နဲ့ထိန်းချုပ်နိုင်ပေမယ့်
ငါဟာတစ်ကယ်တော့ အသည်းနှလုံးပါတဲ့
လူသားစစ်စစ်ပါ.....

ပန်းသီးတစ်လုံးကိုထုတ်ပြပြီး စားမလားလို့မေးတယ်
အင်း ဆိုတော့ ဘုရားဆွမ်းတော်ကပ်လိုက်ဦးမယ်တဲ
ပြီးတော့ပြောသေးတယ်ဆွမ်းတော်စွန့်ပြိးကျွေးမယ်တဲ့
လူဆိုတာတ်ခါလိမ်ခံရရင် သေထိအောင်စွဲတတ်တယ်
ဒါကိုမင်းသိထားပါ....

ဘာတဲ့....... မှတ်မိသေးတယ်
ဖြစ်နိုင်ရင် ညီမနဲ့အတူနေချင်တယ်
ဒါပေမယ့် အိပ်မက်လို့သာ သဘောထားလိုက်ပါတဲ့
ခေါက်ဆွဲကြော်တစ်ပွဲကိုကျွေးမယ်လုပ်ပြီး ပါးစပ်နားရောက်မှ ပူလို့မကျွေးတော့ဘူးတဲ့
ကောင်းရောကွာ....

ကဗျာရေးလိုက်တိုင်းသတိရတယ်
သတိရတိုင်းငိုမိတယ်..
ဘ၀အတွက်ပညာရှာရင်း
ခဏနဲ့ပဲဖယ်ခွာရှောင်ခဲ့တာ
အိပ်နေတာကိုလှုပ်နှိုး
မျက်နှာသစ်ပြီးမှ
မနက်စာမစားရတဲ့လူတစ်ယောက်လို
ငတ်လျှက်နဲ့ပဲ ဟက်တက်ကွဲခဲ့တာ
နှုတ်ဆက်စကားတောင်မဆိုနိုင်ရှာဘူး.......
ချစ်သူဖတ်မိပါစေ...................

@ Annonymous    

I Will Love U Forever

I Love you so deeply,
I Love you so much,
I Love the sound of your voice.
And the way that we touch,
I Love your warm smile.
And your kind, thoughtful away,
The joy that you bring.
To my life everyday.
As I have from the start,
And I'll Love you forever
with all of my heart.

@ Annonymous    

When I'm with You

When I'm with You,
    eternity is a step away,
    my love continuous to grow,
    with each passing day.

This treasure of love,
    I cherish within my soul,
    how much I love You
    you'll never really know.

You Bring a joy to my heart,
    I've never felt forever,
    with each touch of your hand,
    I Love You more and more.

Whenever we say "Goodbye",
    whenever we part,
    know I hold you dearly,
    deep inside my heart.

So these seven words,
    I pray you hold true,
"FOREVER AND ALWAYS
     I WILL LOVE YOU"

@ Annonymous   

နင့်ချစ်သူ ဖြစ်ပ့ါရစေ

မကြည့်ပါနဲ့ အရင်လို မျက်ဝန်းစိမ်းစိမ်းတွေကို

ငါ ရင်မဆိုင်ရဲတော့လို့ပါ

မင်းမုန်းတယ်ဆိုတာကိုလည်း ငါသိပါတယ်

ဒါပေမယ့် နှုတ်ဆိတ်နေပေးပါ

မင်းဆီက မုန်းတယ်ဆိုတာကို မကြားဝံ့လို့ပေါ့

ရင်မဆိုင်ချင်လို့ ထွက်သွားခဲ့တာမဟုတ်ပါဘူး

မင်းစိတ်ညစ်မှာဆိုးလို့ ရှောင်ဖယ်ပေးခဲ့သူပါ

လွမ်းဆွတ်မှုတွေ . . . ကြေကွဲစရာတွေ . . ရင်နာစ၇ာတွေကို

ရင်မှာထွေးပိုက်ရင်း မင်းပျော်ဖို့ကို လမ်းညွှန်ပေးခဲ့ရသူမို့

ဒီဘ၀ကို ဒီမျှနဲ့သာ ကျေနပ်ပါတော့လာ

နောင်ဘ၀မှာသာ အခွင့်ကြုံခဲ့ရင်

ကောင်လေး . . .

ငါ နင့် ချစ်တဲ့သူ ဖြစ်ပရစေဟာ . . .


@ Annonymous    

အချစ်ခွန်အား

မာနတွေခ၀ါချ
မင်းရှေ့မှာ ဒူးထောက်လျှက်ပါ
မင်းကြိုက်တာ ယူသွားနိင်ပါတယ်
တချိန်ကကြည်နှုးခဲ့တဲ့
အချိန်တွေကိုတော့
ပြန်ပေးပါလို့ တောင်ဆိုပါရစေ......

မျက်လွှာပေါ်နေရောင်ခြည်
ကျရောက်မှ မိုးလင်းမှန်းသိတဲ့
ညတွေရဲ့ အတွေးတွေထဲမှာ
မင်းအကြောင်းတွေပါ

တကယ်ဆိုဝေးဖို့အကြောင်းမရှိပါဘူ
နှစ်ယောက်လုံးချစ်နေလျှက်
ဘာလို့ များ အချစ်ကို
စတေးခိုင်းရတာလဲ
ရင်ဆိုင်လိုက်ပါချစ်သူ
အချစ်မှာ ခွန်အားတွေအပြည့်ရှိနေတယ်........။

@ Annonymous    

ချစ်သူအတွက်ဆို


လမင်းမဟုတ်ခဲ့ရင်တောင်
ကြယ်လေးတွေကို သိပ်အားကျမိတယ်
လမင်းကြီးလောက် မတောက်ပပေမယ့်
အမြဲတမ်း အလင်းရောင်ကို
ဆောင်ညဉ်းပေးနိုင်တယ်..........


လူတွေက တန်ဖိုးမထားကြပေမယ့်
တိမ်စိုင်မိုးမှောင် မိုးဒေ၀ါလာသည့်နေ့မှအပ
တာဝန်သိတတ်စွာနဲ့ မညိုမညင်
သူအလင်းဆင်၏

ချစ်သူအတွက်ဆို
ကိုယ်က လမင်းမဖြစ်ချင်ပေမယ့်
အမြဲတမ်း ချစ်သူကို ထာဝရ
တစ်ရက်မပျက် အလင်းဆင်မယ့်
ကြယ်လေးတစ်ပွင့်လောက်တော့
ဖြစ်နေချင်တယ်....

အချစ်ဆိုတာ
စွန့်လွှတ်အနစ်နာခံခြင်းတဲ့ တချို့တွေက ပြောသလို
ရယူပိုင်ဆိုင်လိုခြင်းလို့လည်း ဆိုကြပြန်တယ်

ချစ်သူအတွက်ဆိုရင်တော့
ချစ်သူ ချစ်နေသရွေ့ ရယူပိုင်ဆိုင်လိုပြီး
ချစ်သူပျော်ဖို့အတွက်ဆိုရင်တော့
စွန့်လွှတ်အနစ်နာခံခြင်းသည်သာ ဖြစ်နေချင်တယ်......... 
@ Annonymous   

Friday, April 18, 2014

လမ်းခွဲ


လမ်းခွဲ
စကားတစ်ခွန်း အကြွေ

အပြုံးတစ်ချက် ၀င့်လိုက်တိုင်း

မင်းကို ပိုပြီးချစ်လာတယ်....



မင်းနဲ့ မတွေ့ရင် နွေ

မင်းကိုလွမ်းရင် မီး

ငါ့ ဘ၀ကြီးက

ဘယ်အထိ ပူလောင်ရမှာလဲ?.....


ဒါပေမယ့်လည်း

သိနှင့်နေတဲ့ အနာဂါတ်မှာ

နေရစ်ရမယ့် တစ်နေ့ကို

ရင်ဆိုင်နိုင်စွမ်းမရှိလို့

ငါကို အရင်ဆုံး

နှုတ်ဆက် ခွင့်ပြုပါ.
@ Annonymous   

တစ်ခါတစ်ရံဆိုတော်သေးတယ်........

တစ်ခါတစ်ရံဆိုတော်သေးတယ်....
ဒီရင်ဘတ်ကြီးကို ...... အလွမ်းတွေလာလာမှန်တာလေ.....

တစ်ခါတစ်ရံဆိုတော်သေးတယ် .......
ဒီလိုညတွေမှာ ...... မိုးလင်းခဲ့ရတာလေ......

တစ်ခါတစ်ရံဆိုတော်တသေးတယ်.......
တွယ်တာရစ်မူးမိတဲ့ ...... ငါ့စိတ်တွေမူမမှန်တာလေ.......

တစ်ခါတစ်ရံဆိုတော်သေးတယ်......
အရင်ကအကြောင်းတွေ....... ခေါင်းထဲဝင်ဝင်လာတာလေ.....

ဒါပေမယ့် ................ဖြစ်နေတာကတစ်ခါတစ်ရံမဟုတ်တော့.....

ငါ့မှာ...

အိပ်ရေးတွေပျက် ........

စိတ်တွေချောက်ခြားပြီ.....

ဦးနှောက်တွေတောင်မမှန်ချင်တော့ဘူး......

မင်းသိနိုင်မလား .... အဲဒီအဖြစ်အပျက်တွေ ......

@ Annonymous 

သူသိပါစေ

ကောင်လေးရေ.......
ရင်ထဲမှာမျိုသိပ်တိတ်တဆိတ်ချစ်ရတဲ့ ဝေဒနာတွေကိုနင့်ကိုငါပြောပြချင်လိုက်တာ
 ဒါပေမဲ့.............တကယ်တမ်းကျတော့
 ဒီဝေဒနာကိုနင်မမြင်နိုင်အောင် ဖုံးကွယ်ခဲ့ရတာ
 ငါ့အတွက် ပင်ပမ်းလှပါတယ်ဟာ
 တည်ကြည်ရိုးသားပြီးချစ်ဖို့ ကောင်းတဲ့နင့်ကို
ငါအရမ်းသ၀န်တိုမိတယ်
ငါ့ထက်ပိုခင်၇မဲ့သူ တွေ့သွားမှာစိုးတဲ့အတ္တစိတ်လေးနဲ့ပေါ့
 သံယောဇဉ်ဆိုတာ တဖြည်းဖြည်းချည်နှောင်တတ်တာ သဘာဝမို့ 
နင့်ကိုသံယောဇဉ် တဖြည်းဖြည်းများလာတာ မဆန်းပါဘူးနော်
 နင်နဲ့ငါနဲ့ကြားမှာ ပေါင်စပ်လို့မရတဲ့ စည်းတစ်ခုရှိနေတာ
 သိသိချင်းပဲငါအရမ်းခံစားခဲ့ရတာပါ
 နင့်မှာအရမ်းချစ်ရတဲ့ကောင်မလေးရှိနေတယ်ဆိုတာ သိရက်နဲ့ 
ငါရင်ထဲကငိုကြွေးခဲ့ရတဲ့ မျက်ရည်တွေကို နင်မမြင်နိုင်ခဲ့ဘူးနော်
 ရင်ထဲကငါ့အချစ်တွေကို နင်မမြင်နိုင်အောင်
ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ ဖုံးကွယ်ခဲ့ရတယ်ဟာ
 နင်ချစ်တဲ့သူကနင့်အပေါ် စစ်မှန်တဲ့ ချစ်ခြင်းတရားနဲ့နားလည်ပေးနိုင်မဲ့
 ပါရမီဖြည့်ဘက်တစ်ယောက် ဖြစ်ပါစေလို့
ငါဆုတောင်းပေးနေပါတယ်
စည်းတစ်ကြောင်းရဲ့ကန့်သတ်ချက်အောက်မှာ
 ငါ့နှလုံးသားကနာလန်ထူမရအောင် ပြိုလဲခဲ့ရပြီ
 နင့်ဘေးနားမှာ စစ်မှန်တဲ့ အဖြူရောင်သူငယ်ချင်းအဖြစ် အမြဲရပ်တည်ပေးခွင့်ရရုံနဲ့ 
 ကျေနပ်နေမယ်ဆိုတာကငါ့ရဲ့နောက်ဆုံးရင်ဖွင့်စာတမ်းလေးပါပဲ
 ကောင်လေးရေ........နင်ပျော်နေပါစေ
@ Annonymous  

မုန်းခွင့် ရှိသူသို့ ...

ဟိုတစ်ချိန်တုန်းကတော့
********
ရင်နှင့်မက ချစ်ခဲ့ပါတယ်နော်
*********
နင်စိတ်ဆိုးမှာ ကို မလိုလားခဲ့သလို
နင့် မျက်နှာလေး ညှိုးသွားမှာ ငါ စိုးရိမ်ခဲ့တာပါ
နင်ကတော့ ငါ ဘာပဲဖြစ်နေနေ အပြုံးမပျက်ခဲ့ပါဘူးဟာ
ငါ က နင့် ကို အပြုံးမပျက်စေခဲ့ သလို ...........
နင် ကလည်း ငါ့ ကို အငို မရပ်စေခဲ့ပါဘူး
ငါ က အမြဲထာဝရ နင့် အတွက် ဖြစ်နေခဲ့ပေမဲ့
နင့် ကတော့ အမြဲထာဝရ သူများအတွက် ဖြစ်နေခဲ့တယ်နော်
ငါ အမြဲ နင့် ကို ခွင့်လွှတ်ချစ်နဲ့ ချစ်နေပေမဲ့ ..........
နင်ပြောခဲ့တဲ့ စကားတစ်ခွန်း က ငါ့ ကို နာကျင်စေရုံ မက
ငါ့ရင်ဘက်ကြီးတခုလုံးကိုပါ ထိခိုက်စေခဲ့တယ်နော်
နင့် ကို ဘယ်လောက်ပဲ ချစ်ခဲ့ပါစေ
ငါ့ သိက္ခာတော့ အစွန်းထင်းမခံနိုင်ဘူး
"မကောင်းတက်လို "့ဆိုတဲ့ 
နင့် ရဲ့ စကားတွေ ကို ငါ ကြားယောင်တိုင်း .............
ငါ့ အသည်းထဲ က တစ်မြေ့မြေ့ နဲ့ နာကြည်း မုန်းတီးနေတယ်

@ Annonymous  

မုန်းတယ်

နှုတ်ခမ်းဖျားကချစ်တယ်ချစ်တယ်ဆိုပြီး
မင်းလိမ်နေတာသိရက်နဲ့ 
ယုံကြည်ချင်နေမိတဲ့ 

ငါ့ကိုယ်ငါ...မုန်းတယ်...။


ငါ့ကိုဘေးမှာထားပြီး
တခြားတယောက်ကို
တမ်းတနေတာကိုသိရက်နဲ့ 
ခွင့်လွှတ်ချင်နေမိတဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

မင်းပေးတဲ့ အရာတွေအားလုံး
အတုတွေမှန်းသိရက်နဲ့ 
အစစ်တွေလိုတန်ဖိုးထားချင်တဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

မင့်းအရင်တယောက်လောက်
ငါ့ကိုတန်ဖိုးမထားတာ
သိရက်နဲ့ 
မင်းအနားနေနေချင်သေးတဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

မင်းရင်ထဲမှာ
ငါမရှိမှန်းသိရက်နဲ့ 
မင်းကိုအတိုင်းထက်အလွန်
ချစ်နေမိတဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

@ Annonymous   

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...