Showing posts with label @ Hninn Nu Phyoe. Show all posts
Showing posts with label @ Hninn Nu Phyoe. Show all posts

Thursday, November 25, 2021

ရောက်တတ်ရာရာ


 အရမ်းနာအောင်ပြောတတ်လွန်းလို့ ကိုယ့်ပါးစပ်ကိုယ် ထိန်းနေတာကို တချို့လူတွေက မပြောတတ်ဘူးလို့ ထင်တတ်ကြတယ် ...

အရမ်းအကြောတင်းတင်းနဲ့ မတူသလို မတန်သလိုအချိုးမျိုး လုပ်တတ်လွန်းလို့ ကိုယ့်ဘာသာကိုယ်စိတ်ထိန်းပြီး ပြုံးပြတတ်တော့ အချို့က ကိုယ့်ကိုယ်ကိုယ် ဘာကောင်ကြီးလို့ထင်ပြီး ဘဝင်မြောက်သွားပြန်ရော ...

ပေါက်ကွဲရင် သူများထက်ဆိုးလွန်းလို့ ကိုယ့်ကိုယ်ကိုယ်ထိန်းနေရတာကို လူတွေက အားနာတတ်တဲ့ကောင်ဆိုပြီး နိုင်လို့ရတယ်ထင်ပြန်ရော ...

နည်းနည်းလေးလိမ်လိုက်တာနဲ့ သိလွန်းအားကြီးလို့ မခံစားချင်လို့ ရူးချင်ယောင်ဆောင်ပေးထားပြန်တော့ အချို့က လိမ်လို့ကောင်းတယ်ထင်ပြီး ပျော်နေပြန်ရော ...

@HninnNuPhyoe

Sunday, June 10, 2018

ကိုယ့်ကိုကိုယ် ချစ်ပါ။

တစ်ယောက်ထဲ နေတာ ကြာလာတော့ ကိုယ့်ကိုကိုယ် ပိုချစ်တက်လာတယ်
ပိုလည်း ဂရုစိုက်တက်လာတယ်
တစ်ယောက်ထဲမို ့အထီးကျန်တယ် ဆိုတဲ့ အတွေးတွေလည်း မရှိတော့ဘူး
ဘာလို ့ဆို ကိုယ့်အတွက်ကိုယ် လုပ်ပေးစရာတွေ လုပ်နေရတာနဲ ့ပဲ အချိန်တွေ ကုန်လို ့ကုန်မှန်းမသိ ဖြစ်နေတာလေ

#lovemyself
@Hninn Nu Phyoe


Tuesday, April 15, 2014

အိမ် ≠ ရုံး

အိမ်ပြန် ရေချိုး

ယူနီဖောင်း လဲ

ဘုရား ရှိခိုး

မျက်လုံးလေးမှိတ်

အိပ်စက် အနားယူ

ဒါပေမယ့်

တာဝန်နဲ့ ဝတ္တရား

ဒါပေမယ့်

တက်သိနေတဲ့ အသိတရား

ဒါပေမယ့်

နေနေရတဲ့ အနေအထား

ဒါပေမယ့်လည်း

ဒီအချိန်မှာတော့ ...............

မွေရပ်မြေက အမေ့အိမ်ဖြစ်ဖြစ်

ခနတာနေနေရတဲ့ ခနအိမ်ဖြစ်ဖြစ်

တောင်းတရုံလေးပါ

တမ်းတမိလိုက်ရုံလေးပါ

နွေးထွေးသွားမယ်ထင်လို့ ပါ

ဒါပေမယ့် ................

...............................

...............................

ဒါပေမယ့်တွေရဲ့ ကြားမှာ

သေချာတာတစ်ခုတော့ ရှိနေတယ်

အိမ် ≠ ရုံး

@ Hninn Nu Phyoe 

ပျောက်ဆုံးနေတဲ့သူ


မင်းခိုက်စိုးစန် ရဲ့  လွမ်းလို့ သေသွားတဲ့ သစ်ပင် စာအုပ် ကိုဖတ်နေပြီး

လွမ်းလို့ သေသွားနိုင်တဲ့ ကျနော်

ရေဒီယိုကသံစဉ်တွေ နားထောင်နေတဲ့ကြားက

သံစဉ်တွေ မဲ့နေတဲ့ ကျနော်

ညတွေကို တွေ့ နေပါလျှက်နဲ့ 

အိမ်မက်တွေ ပျောက်နေတဲ့ ကျနော်

ဟုတ်မှာပါ

ကျနော် ဆိုတာက

မင်းနဲ့ တွေ့ နေတာတောင်

အချစ်ကို ပျောက်နေတက်သေးတာပဲ

ဟုတ်မှာပေါ့

ဘာလို့ ဆို

ကျနော့အချစ်တွေအားလုံး ပျောက်ဆုံးနေသူတစ်ဦးထံ အပ်နှံမိခဲ့တာကို

အဲ့ဒါတွေကြောင့်

မင်းခိုက်စိုးစန် ရဲ့  လွမ်းလို့ သေသွားတဲ့ သစ်ပင် စာအုပ် ကိုဖတ်နေပြီး

လွမ်းလို့ သေသွားနိုင်တဲ့ ကျနော် ဖြစ်နေတာပေါ့

ရေဒီယိုကသံစဉ်တွေ နားထောင်နေတဲ့ကြားက

သံစဉ်တွေ မဲ့နေတဲ့ ကျနော် ဖြစ်နေတာပေါ့

ညတွေကို တွေ့ နေပါလျှက်နဲ့ 

အိမ်မက်တွေ ပျောက်နေတဲ့ ကျနော် ဖြစ်နေတာပေါ့

..............................................

..............................................

အရာအားလုံး ပျောက်ဆုံးနေပါလျှက်နဲ့ 

ပျောက်ဆုံးနေသူကို ပျောက်ဆုံးနေတဲ့ ကျနော်လေ

တစ်သက်မှာတစ်ခါသာ ဖြစ်တည်ခဲ့တဲ့

ကျနော့ရဲ့ အချစ်တွေကတော့

ပျောက်ဆုံးနေသူတစ်ဦးထံသို့  ပျောက်ဆုံးနေလျှက်နဲ့ 

ပျောက်ဆုံးနေခဲ့ပေါ့

@ Hninn Nu Phyoe 

မင်းမရှိတဲ့ ငါ့ရဲ့ ညတွေ

မင်း မရှိတဲ့ ငါ့ညတွေမှာ

စာ တစ်ကြောင်း

ကဗျာ တပိုဒ်

သီချင်း တစ်ပုဒ်

ဝတ္ထု တစ်အုပ်

...................

...................

...................

စသည် စသည် တို့ နှင့်အတူ

အချိုး ညီညီ ရောစပ်ကာ

အလွမ်းတွေက အချိန်မှန်စွာ ဖူးပွင့် ဝေဆာ လျှက်

ရှိကြလေသတည်း ...... ။

@ Hninn Nu Phyoe 

ကော်ဖီ နဲ့ အတိတ်

ကော်ဖီ ခါးခါးကို ကြိုက်တယ်
ဒါပေမယ့်
ဆေး ခါးခါးတွေကိုတော့ မုန်းတယ်

အချစ်ချိုချို ကို ကြိုက်တယ်
ဒါပေမယ့်
အလွမ်းခါးခါး တွေကို မုန်းတယ်

မင်းကိုတော့ ဘယ်လိုနေနေ ကြိုက်တယ်
ဒါပေမယ့်
ငါမပါတဲ့ မင်းရဲ့ အတိတ်ချိုချို ခါးခါးတွေကိုတော့ မုန်းတယ်

@ Hninn Nu Phyoe 

Thursday, December 19, 2013

မင်းကိုငါ ...........

မင်းနဲ့ အတူတူ နားထောင်ခဲ့ဖူးတဲ့
သီချင်း အဟောင်းတွေ နားထောင်မိပြီး
အတိတ်အဟောင်းတွေဆီ အလည်ရောက်သွားတော့
ရင်ဘက်ထောင့်တနေရာမှာ တချက်တချက် အောင့်သွားတက်သလို
မျက်ဝန်ထောင့်မှာလည်း အရည်တချို့ က တွဲခိုလျှက်
အဲ့ဒါ
မင်းကိုငါ သတိရမိသွားတာလား ??
မင်းကိုငါ လွတ်ဆွတ်မိသွားတာလား ??
မင်းကိုငါ တမ်းတမိသွားတာလား ??
မင်းကိုငါ မမေ့နိုင်သေးတာလား ??
မင်းကိုငါ ချစ်နေဆဲပဲလား ??
သေချာတာ တစ်ခုကတော့
မရေရာေ၀၀ါးခြင်းတွေရဲ့ ကြားမှာ
ကျန်နေခဲ့တာက
ဝေးကွာခြင်းရဲ့ အစွန်းတစ်ဖက်စီမှာ မင်းနဲ့ ငါ !!

@ Hninn Nu Phyoe 

Tuesday, October 22, 2013

အကျည်းတန် တယောက်ရဲ့ မျှော်လင့်ချက်

အိပ်မပျော်တာတွေ တွေးတိုင်း သံစဉ်တွေ ကြွေမွခဲ့ရတယ်
ယောင်လို့  အော်မိတိုင်း မင်းနာမည်ပဲ ဖြစ်ဖြစ်နေတယ်
ဘာလိုလိုနဲ့  သိမ်းထားရတာတွေက ရင်နဲ့ အပြည့်လေ ...

အရည်ဖြစ်သွားခဲ့တဲ့ နှင်းစက်တချို့ မှာ
ကြေကွဲဝမ်းနည်းမှုတွေ ရှိမယ် ...
နေလောင်းပန်းတစ်ပွင့်ရဲ့  အတိတ်သမိုင်းမှာ
တချိန်က စွတ်စို စိမ်းလန်းမှုတွေ ရှိမယ် ...
ကိုယ်လို အကျည်းတန် တစ်ယောက်ရဲ့ ရင်ခွင်မှာ
မင်းလို ရွှေမင်းသာလေး ရှိနေတာ
ဆန်းတော့မဆန်းပါဘူးနော် ...

ဒါပေမယ့်လည်း
မင်းနဲ့  ခွဲရမှာကိုတော့ အရမ်းကို ကြောက်ရွံ့ နေမိတယ်
မရေရာလှတဲ့ ငါ့ဘ၀မှာ မင်းကို မျှော်လင့်ချက် အဖြစ်
လှပစွာ ပုံဖော်ကာ ရင်ခွင်မှာ သိမ်းပြီး
စောင့်မျှော်နေမှာပါ ...


@Hninn Nu Phyoe

ကျဆုံးခြင်း

ချစ်သူ ~~

ဝေါဟာရ ကြွယ်တဲ့ လောကကြီးမှာ
ရင်ထဲက ခံစားချက်ကို ဖော်ပြနိုင်ဖို့ 
စကားတခွန်းတောင် မရှာနိုင်ခဲ့တာ
ငါ့ အဘိဓာန်ဟာ နုနယ်လွန်းလို့ ပါ ...

ကျောခိုင်းစရာ မလိုပါဘူးကွာ
မျက်လုံးချင်းတောင် မဆုံချင်တော့ဘူးဆို
ငါ့အဝေးမှာ ရှောင်နေပေးပါ့မယ် ...

မင်းမရှိတဲ့အခါ ငါ့ညဟာ ကြယ်တွေကြွေ
မိုးသံမတိတ် ဆောင်းဒဏ်နဲ့ အိပ်နေရပေမဲ့
ငါမပါမဲ့ မင်းညတွေမှာတော့ ကြယ်တွေကကြိုးသီ
မိုးသံ စည်းချက်ညီလို့  ဆောင်းလေအေးနွေးမယ်ဆိုရင် ...

နောက်ဆုံးအခွင့်အရေး မင်းအရိပ်တွေ
ခိုးခိုးနမ်းရင်း ငါလေ ဘ၀တသက်စာလုံး
ကျဆုံးနေပါ့မယ် ... ။


@Hninn Nu Phyoe

Sunday, September 22, 2013

ဘာလို့ များ

ဘာလို့ ငါ မေလ်အဟောင်းတွေ ပြန်ဖွင့်နေရတာလဲ
ဘာလို့ ငါ ချက်မေလ်အဟောင်း တွေပြန်ဖတ်နေရတာလဲ
ဘာလို့ ငါ ဓာတ်ပုံအဟောင်းတွေ ပြန်ကြည့်နေရတာလဲ
ဘာလို့ ငါ ဘာလို့ များ မင်းနဲ့ ပတ်သတ်ခဲ့သမျှ ပြန်တူးဆွနေတာလဲ
ငါကိုယ်တိုင်မြုပ်နှံပစ်မှ ရမယ့် အရာတွေလေ
ဘာလို့ များ ဆက်သိမ်းထားချင်ရတာလဲ
ငါ့မေလ်ထဲမှာ ဘာလို့ နင်အကြောင်းကြီးပဲ ဖြစ်နေရတာလဲ
ငါ့မေလ်နာမည် ငါ့ပတ်ဝတ် ဘာလို့ နင်ပဲ ဖြစ်နေရတာလဲ
ငါ့ ပိုက်ဆံအိတ် ငါ့အိပ်ယာဘေးမှာဘာလို့ နင့်ဓာတ်ပုံတွေရှိနေရတာလဲ
ဘာလို့  ငါ ဘာလို့ များ မင်နဲ့ ပတ်သတ်တာတွေကို မက်မောနေရတာလဲ
ဘာလို့ ငါ့လက်တွေတုန်ပြီး ငါ့မျက်ရည်တွေ ၀ဲလို့ ငါ့ရင်ဘက်တွေအောင့်လာရတာလဲ
နင့်အကြောင်းစဉ်းစားလိုက်မိတဲ့အခါတိုင်း ဘာလို့ များငါ အသိမဲ့သွားရတာလဲ
ငါဘယ်လို ဖျောက်ဖျက်ပစ်မှနင်ကပျောက်သွားမှာလဲ
ဒါမှမဟုတ် ငါကိုယ်တိုင်သဂြိုလ်ပစ်မှရမယ့် မင်း မင်း မင်းနဲ့ ပတ်သက်သမျှ တွေကို ဘယ်မှာမြုတ်နှံရမလဲ

 @Hninn Nu Phyoe
  (10.6.2013)
  
 

ဘာကြောင့်လဲ

ဘာကြောင့်မှန်းလဲ မသိတော့ဘူး
နင့်ကို အခုတလောအရမ်း လွမ်းတယ်

ဘာကြောင့်လဲတော့ မသိဘူး
နင့်ကြိုက်တဲ့ သီချင်းတွေကြားတိုင်း
နင့်အကြောင်းတွေ တွေ့မိတိုင်း

ငါ ရင်ထဲနာကျင်မှုတွေနဲ့ အတူ
နင့်ကိုသတိရမိတယ်

ဘာကြောင့်လဲ မသိတော့ဘူး
ငါမျက်ရည်တွေ ကျနေမိတယ်

မချစ်တော့ဘူးဆိုမှ
ရှုးလောက်အောင်ကို သတိရမိတယ်

 @Hninn Nu Phyoe
 

Friday, September 20, 2013

real friends

ငါ့ ရယ်သံတွေခြောက်သွေ့ နေခဲ့မိတာကြာပေါ့ဟာ
နှစ်ပေါင်းများစွာကြာအောင် အဆက်သွယ်တွေပြတ်တောက်နေပေမယ့်လည်း
မနေ့ တနေ့ ကလို ခံစားရမြဲ စကားတွေ ရေပတ်မ၀င်ပြောနေကြဆဲ ရယ်သံတွေ ကျယ်လောင်စွာနဲ့  ငြင်းခုန်ကြဆဲ
ဒါတွေဟာ ငါတို့ ရဲ့ သူငယ်တန်းမှ စလို့ ယနေ့ ထက်တိုင် ခင်မင်လာခဲ့တဲ့ ခင်မင်မှု အစစ်အမှန်တွေပေါ့ဟ
ဒီနေ့  မင်းတို့ နှစ်ကောင် နဲ့  (အေး မင်းကတော့ အကောင်နဲ့ မနှိုင်ပါနဲ့ အုံး ငါတို့ တွေ အသက်ကြီးလာပြီလို့ ပြောခဲ့ပေမယ့်) ဖုန်း ပြောဖြစ်ခဲ့တဲ့ ငါ့ရဲ့ ပျော်ရွင်မှုများ


@Hninn Nu Phyoe
 <20.6.2013>

 







just waiting

သတိရစေချင်တဲ့သူက ဘယ်ပျောက်နေမှန်းမသိပေမယ့်

မတမ်းတမိတဲ့သူကတော့ အရမ်းသတိရလွန်းလို့ ပါတဲ့


မဖြစ်သင့်တော့မှန်း မချစ်သင့်တော့မှန်းသိပေမယ့်လည်း


စောင့်မျှော်နေလျှက်ပါ တချိန်ကချစ်တဲ့သူ


 @Hninn Nu Phyoe

 



ခုလိုအချိန်ဆိုရင်လေ

ပြန်လာမယ့်နေ့ ကို လေဆိပ်မှာ သွားကြိုဖို့ အတွက် ရင်ခုန်နေရတဲ့အချိန်

ပြန်လာမယ့်နေ့ မှာ တွေ့ ရမယ့် သူ့ ပုံရိပ်ကို မှန်မျှော် ရင်ခုန်နေရတဲ့အချိန်


ပြန်လာလို့ တွေ့ ကြတဲ့အခါ ပြောမယ့်စကားလေးတွေကို ရင်ခုန်နေရတဲ့အချိန်


ပြန်လာလို့  တာဝန်တွေအားလပ်ရင် လျှောက်လည်ဖို့  ရင်ခုန်နေရတဲ့အချိန်


ပြန်လာလို့  တာဝန်တွေနဲ့ တမြို့ တနယ်စီ ဝေးသွားတဲ့အခါလည်း အခုလိုလေးပဲ လွမ်းနေရအုံးမယ့်အချိန်

* လွန်ခဲ့သော နှစ်များဆီသို့ ပြန်လည် ရင်ခုန်မိပါသေးတယ် အခုလိုအချိန်ရယ် *


@Hninn Nu Phyoe
< 1.7.2013 >

 

ready made lover

ကော်ဖီများ မဖျော်ဖြစ်တာ တပတ်လောက်ပဲကြာသွားတယ်

ရေများရတာနဲ့ သကြားနည်းရတာနဲ့ အချိုးကိုမပြေဘူး 


ဒါတောင် ရယ်ဒီမိတ်မို့ လို့ သာပဲ


မင်းနဲ့ မတွေ့ ဖြစ်တာ တလလောက်သာကြာသွားတယ်


လွမ်းရတာနဲ့  သတိရတာနဲ့  တမ်းတရတာနဲ့ 


ဒီကြားထဲ ဖုန်းခလုတ်ကိုခနခနနှိပ်မိတာကပါသေး


ဒါတောင် အလွမ်းစိတ်ကပြေဘူး


ဘယ်တူပါ့မလဲ မင်းနဲ့ ငါရဲ့ အချစ်က ရယ်ဒီမိတ်မှ မဟုတ်ခဲ့တာပဲကို



@ Hninn Nu Phyoe






WHY ??

ဘာလို့ ငါ မေလ်အဟောင်းတွေ ပြန်ဖွင့်နေရတာလဲ
ဘာလို့ ငါ ချက်မေလ်အဟောင်း တွေပြန်ဖတ်နေရတာလဲ
ဘာလို့ ငါ ဓာတ်ပုံအဟောင်းတွေ ပြန်ကြည့်နေရတာလဲ
ဘာလို့ ငါ ဘာလို့ များ မင်းနဲ့ ပတ်သတ်ခဲ့သမျှ ပြန်တူးဆွနေတာလဲ
ငါကိုယ်တိုင်မြုပ်နှံပစ်မှ ရမယ့် အရာတွေလေ
ဘာလို့ များ ဆက်သိမ်းထားချင်ရတာလဲ
ငါ့မေလ်ထဲမှာ ဘာလို့ နင်အကြောင်းကြီးပဲ ဖြစ်နေရတာလဲ
ငါ့မေလ်နာမည် ငါ့ပတ်ဝတ် ဘာလို့ နင်ပဲ ဖြစ်နေရတာလဲ
ငါ့ ပိုက်ဆံအိတ် ငါ့အိပ်ယာဘေးမှာဘာလို့ နင့်ဓာတ်ပုံတွေရှိနေရတာလဲ
ဘာလို့  ငါ ဘာလို့ များ မင်နဲ့ ပတ်သတ်တာတွေကို မက်မောနေရတာလဲ
ဘာလို့ ငါ့လက်တွေတုန်ပြီး ငါ့မျက်ရည်တွေ ၀ဲလို့ ငါ့ရင်ဘက်တွေအောင့်လာရတာလဲ
နင့်အကြောင်းစဉ်းစားလိုက်မိတဲ့အခါတိုင်း ဘာလို့ များငါ အသိမဲ့သွားရတာလဲ
ငါဘယ်လို ဖျောက်ဖျက်ပစ်မှနင်ကပျောက်သွားမှာလဲ
ဒါမှမဟုတ် ငါကိုယ်တိုင်သဂြိုလ်ပစ်မှရမယ့် မင်း မင်း မင်းနဲ့ ပတ်သက်သမျှ တွေကို ဘယ်မှာမြုတ်နှံရမလဲ



@ Hninn Nu Phyoe




မရှိမကောင်း ရှိမကောင်း

လူဆိုတာ ဘာလို့ များ တစ်ဦးတစ်ယောက်ထဲ နေလို့ မရတာလဲ
"ပတ်ဝန်းကျင်"ဆိုတဲ့ စကားလုံးကို ဘယ်သူတွေကများ စထွက်ခဲ့တာပါလိမ့်
သူတို့ စိတ်နဲ့ လိုက်ပြီး နေပေးရမှာလား
ကိုယ့်စိတ် ကိုယ့်အလိုကျ နေနေရမှာလား
သူတို့ က ငါ့ကို စိတ်ချမ်းသာစေမှာလား
ငါက သူတို့ ကို စိတ်ကျေနပ်စေမှာလား
ငါငိုနေချိန် သူတို့ ပျော်နေရင် ငါလိုက်ပျော်ပေးရမှာလား
ငါပျော်နေချိန် သူတို့ ဝမ်းနည်းနေရင် ငါလိုက်ငိုပေးရမှာလား
ရင်ထဲက မပါတဲ့ အပေါ်ယံ နှစ်သိမ့်စကားတွေနဲ့ 
ဟန်ဆောင်အပြုံးတွေနဲ့ ကျေနပ်နေရမှာလား
နောက်ဆုံးတော့ ဒါတွေဟာ လောကသဘာဝလေလား
သြော်......
လူ့ လောကထဲမှာနေထိုင်နေတဲ့ လူတစ်ယောက်အဖို့ 
လူထဲကလူတစ်ယောက်ဖြစ်အောင်
မနေထိုင်တက်သေးတဲ့ ငါပါလား

@ Hninn Nu Phyoe
<20.9.2013>

 

Wednesday, September 18, 2013

ကော်ဖီ နှင့် အချစ်

အရင်က ကော်ဖီဆိုတာ မကြိုက်တက်တဲ့ ငါ
ကော်ဖီ တထုပ်သောက်ပြီးရင် အိပ်လို့ မပျော်ဖြစ်တက်တဲ့ ငါ
ခုဆို ကော်ဖီကို နှစ်ထုပ်ပေါင်းဖျော်သောက်မှ အရသာရှိတက်ပြီး အိပ်လို့ ကောင်းနေတဲ့ ငါ ~_~

အရင်က အချစ်ဆိုတာ မသိတက်တဲ့ငါ
ချစ်တဲ့သူတစ်ယောက်ကို ချစ်ပြီးရင် မုန်းလို့ မရ ဖြစ်တက်တဲ့ ငါ
ခုဆို ချစ်တဲ့သူကို နှစ်ယောက်လောက် ချစ်ကြည့်တက်ပြီး လွမ်းလို့ ကောင်းနေတဲ့ ငါ ~_~

@ Hninn Nu Phyoe

 

အချစ်တဲ့လား

ရင်တွေခုန်လို့ ကြည်နူး

စိတ်ကစားတက်တော့တဲ့အရွယ်လည်း

မဟုတ်ရတော့ပါပဲနဲ့ 

မျက်လုံးတွေမှိတ်လိုက်တိုင်း

နင့်ပုံရိပ်တွေစိုးမိုးနေသလို

ငါ့အတွေးတွေထဲမှာလဲ

ဘာလို့ နင့်အကြောင်းတွေပဲ

ဖြစ်နေရတာလဲကွာ........

with KoKo (new bf;)

@Hninn Nu Phyoe
< 3.2.2013 - 10.00 PM > 

 

Monday, September 16, 2013

ကိုယ်ပိုင် အမှတ်အသား

မင်းနဲ့ ငါနဲ့ 

ငါနဲ့ မင်းနဲ့ 

ထာဝရအဆုံးထိ

သက်ဆုံးတိုင်

ဘယ်တော့ မှ

"ချစ်သူ "..

မဖြစ်ကြေးနော် ကောင်လေး

@Hninn Nu Phyoe

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...