Showing posts with label ဒဿန ပန်းခင်း. Show all posts
Showing posts with label ဒဿန ပန်းခင်း. Show all posts

Saturday, April 19, 2014

တစ်ကိုယ်တည်းလည်း ပျော်မှဖြစ်မယ်

Laugh and the world laugh with you;
ရယ်ပါ။ တစ်လောကလုံး သင်နှင့်အတူ လိုက်ရယ်လိမ့်မယ်။
Weep, and you weep alone.
ငိုရင်တော့ သင်တစ်ယောက်တည်းပဲ ငိုရလိမ့်မယ်။

For the sad old earth must borrow its mirth,
ဝမ်းနည်းပူဆွေးနေတဲ့ လောကကြီးက သင့်ဆီက ရယ်စရာလေးကို ငှားရမယ်။
But has trouble enough of its own.
ဒါပေမယ့် သူ.မှာလည်း သူ.ဒုက်ခနဲ.သူဘဲ။

Sing and the hills will answer;
သီချင်းဆိုလိုက်ပါ။ တောင်တန်းတွေက ပဲ့တင်သံ ပြန်လာလိမ့်မယ်။
Sigh, and it is lost on the air.
သက်ပြင်းချရင်တော့ လေထဲမှာ ပျောက်သွားလိမ့်မယ်။

The echoes bounce to a joyful sound.
ပျော်စရာအသံကို ပဲ့တင်သံက ပြန်ကန်ပေးပါတယ်။
But shrink from voicing care.
သောကတွေ ဒုက်ခတွေ ကိုတော့ သူပြန်ကန်မပေးဘူး။ တွန့်ဆုတ်သွားတယ်။

Rejoice, and men will seek you.
ပျော်ပျော်ရွှင်ရွှင်နေပါ။ လူတွေက သင့်ကိုတွေ့အောင် လိုက်ရှာလိမ့်မယ်။
Grieve, and they turn and go.
ဝမ်းနည်းနေရင်တော့ သူတို့လှည့်ပြီး တော့ ထွက်သွားလိမ့်မယ်။

They want full measure of all your pleasure,
သူတို့က သင့်ရဲ့ ပျော်ရွှင်မှုတွေ အားလုံးကို အပြည့်အ၀ လိုချင်တယ်။
But they do not need your woe.
ဒါပေမယ့် သင့်ရဲ့ဒုက်ခတွေကိုတော့ သူတို့မလိုအပ်ဘူး။

Be glad, and your friends are many;
ပျော်ပျော်နေပါ။ သင့်မှာ မိတ်ဆွေတွေ အများကြီး ရှိနေမယ်။
Be sad, and you lose them all.
စိတ်ဆင်းရဲနေရင်တော့ သင့်မိတ်ဆွေတွေ အားလုံးကို ဆုံးရှံးသွားလိမ့်မယ်။

*There are none to decline your nectared wine*,
ပန်းဝတ်ရည်နဲ့ လုပ်ထားတဲ့ဝိုင်ကို သင်ကပေးရင် ငြင်းမယ့်သူမရှိဘူး။
*But alone you must drink life’s gall*.
ဒါပေမယ့် ဘ၀သည်းခြေရည်ကိုတော့ သင်တစ်ယောက်တည်းဘဲ သောက်ရလိမ့်မယ်။

Feast, and your halls are crowded;
စားပွဲသောက်ပွဲကြီးလုပ်။ သင့်အခန်းမှာ လူတွေပြည့်ကြပ် နေလိမ့်မယ်။
Fast, and the world goes by.
ငတ်နေရင်တော့ ဘယ်သူကမှ လာမှာမဟုတ်တော့ဘူး။

Succeed and give, and it helps you to live,
အောင်မြင်အောင်လုပ်ပါ။ ပေးပါကမ်းပါ။ အဲဒါက သင့်ဘ၀ကို အဆင်ပြေဖို့ အထောက်အပံ့
ဖြစ်လိမ့်မယ်။
But no man can help you die.
ဒါပေမယ့် သေရမယ့်အရေးမှာ ဘယ်သူကမှ သင့်ကိုအကူအညီ မပေးနိုင်ဘူး။

There is room in the hall of pleasure
For a long and lordly train,
ပျော်ပွဲခန်းမကြီးထဲမှာ လူအုပ်ကြီး တခမ်းတနားသွားနိုင်ဖို့ အတွက်
နေရာအကျယ်ကြီးရှိပါတယ်။

But one by one we must all file on
Through the narrow aisles of pain.
ဒါပေမယ့် ဒုက်ခလမ်းကျဉ်းလေးမှာတော့ တစ်ယောက်ချင်း တန်းစီပြီးတော့
သွားရလိမ့်မယ်။
လက်တွဲသွားမယ့်သူမရှိဘူး။ အဖော်မရှိဘူး။

(Ella Wheeler Wilcox) (1857-1913)

{ဆရာတော် ဦးဇောတိကဧ။် “ တစ်ကိုယ်တည်းလည်း ပျော်မှဖြစ်မယ်”
မှကောက်နုတ်ဖော်ပြပါသည်။}

Friday, April 11, 2014

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာ

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…

၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။

၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။

၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။

၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။

၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။

၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။

၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။

၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။

၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။

၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။

၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။

၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။

၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။

၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။

၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။

၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။

၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။

၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။

၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။

၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

Tuesday, September 24, 2013

လူ့ဘ၀ရဲ့အရေးကြီးဆုံးသော (၁၄)ချက်

၁။ လူ့ဘ၀မှာ အကြီးဆုံးသော ရန်သူဟာ မိမိကိုယ်သာဖြစ်တယ်။

၂။ လူ့ဘ၀မှာ အကြီးဆုံးသော ဆုံးရှုံးမှုဟာ မိမိကိုယ်ကို အထင်ကြီးဘ၀င်မြင့်ခြင်းဖြစ်တယ်။

၃။ လူ့ဘ၀မှာ အကြီးဆုံးသော အသိတရားမရှိခြင်းဟာ လိမ်ညာခြင်းဖြစ်တယ်။

၎။ လူ့ဘ၀မှာ အကြီးဆုံးသော နာကြည်းမှုဟာ မနာလို ၀န်တိုခြင်းဖြစ်တယ်။

၅။ လူ့ဘ၀မှာ အကြီးဆုံးသော မှားယွင်းမှုဟာ မိမိကိုယ်ကို စွန့်လွတ်အရှုံးပေးခြင်းဖြစ်တယ်။

၆။ လူ့ဘ၀မှာ အားကျအတုယူဖွယ် အကောင်းဆုံးသောအရာမှာ ကောင်းမှုကုသိုလ်ဖြင့် မွေ့လျော်ခြင်းဖြစ်တယ်။

၇။ လူ့ဘ၀မှာ အကြီးဆုံးသော ပျက်စီးဆုံးရှုံးမှုဟာ မျှော်လင့်ချက် ကင်းမဲ့သွားခြင်းဖြစ်တယ်။

၈။ လူ့ဘ၀မှာ အကြီးဆုံးသော ချမ်းသာဥစ္စာဟာ ကျမ်းမာခြင်းဖြစ်တယ်။

၉။ လူ့ဘ၀မှာ အကြီးဆုံးသော လုပ်ဆောင်ရမယ့်တာဝန်ဟာ ကိုယ်ချင်းစာတရားဖြင့် ကူညီခြင်းဖြစ်တယ်။

၁၀။ လူ့ဘ၀မှာ အကောင်းဆုံးသော လက်ဆောင်ဟာ သဘောထားကြီးခွင့်လွတ်ခြင်းဖြစ်တယ်။

၁၁။ လူ့ဘ၀မှာ အကြီးဆုံးသော လစ်ဟာမှုဟာ မိမိကိုယ်ကို ထိန်းချုပ်မှုကင်းမဲ့ခြင်းဖြစ်တယ်။

၁၂။ လူ့ဘ၀မှာ အကောင်းဆုံး ကြည့်ရှုအတုယူဖွယ်ရာမှာ ပေးကမ်းလှူဒန်းခြင်းဖြစ်တယ်။

၁၃။ လူ့ဘ၀မှာ သနားစရာ အကောင်းဆုံးသောသူမှာ မိမိကိုယ်ကို အားငယ်သော စိတ်ဓာတ်ဖြစ်တယ်။

၁၄။ လူ့ဘ၀မှာ အကြီးဆုံးသောကျူးလွန်မူ အမှားဟာ မိမိကိုယ်ကိုလိမ်ညာခြင်း၊သူတပါးကိုလိမ်ညာခြင်းဖြစ်တယ်။

Sunday, September 22, 2013

အရာရာ အဆင်ပြေချင်ရင်

စားဝတ်နေရေးနဲ့ ပတ်သတ်လို့ 
အစစအရာရာ အဆင်ပြေချင်ရင်
ဒါနကောင်းမှုမှာ သဒ္ဓါတရားအားကောင်းရပါမယ် ..။
ကျန်းမာရေးနဲ့ ပတ်သတ်လို့ 
အစစအရာရာ အဆင်ပြေချင်ရင်
သီလကောင်းမှုမှာ သဒ္ဓါတရားအားကောင်းရပါမယ် ..။
စိတ်ဓာတ်ရေးရာမှာ
အစစအရာရာ အဆင်ပြေချင်ရင်
သမထကောင်းမှုမှာ သဒ္ဓါတရားအားကောင်းရပါမယ် ..။
အသိဥာဏ်ပညာမှာ
အစစအရာရာ အဆင်ပြေချင်ရင်
ဝိပဿနာကောင်းမှုမှာ သဒ္ဓါတရားအားကောင်းရပါမယ် ..။

@ Annonymous

ဖွင့်ပြောတိုင်ပင်လို့ ရတဲ့သူငယ်ချင်းကောင်းရှိပါသလား …… သူ့ ကိုရောသတိပြုမိလား …..

ကိုယ့်ဘ၀မှာ စိတ်တူကိုယ်တူ အမြဲပေါင်းသင်းတဲ့ သူငယ်ချင်း ဘယ်နှစ်ယောက်
ရှိလဲလို့ လက်ချိုး ရေတွက်ကြည့်ဖူးပါသလား.. ? ကိုယ်နဲ့ အခုမှ
ခင်မင်ရင်းနှီးပေမဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်းလို ဘာမဆို
ဖွင့်ပြော တိုင်ပင် မျှဝေလို့ ရနိုင်တဲ့ သူငယ်ချင်းကော ရှိဖူးလား…?
ရှိတယ်ဆိုရင် တန်ဖိုးထား မြတ်နိုးပါ။
ကံတရားက ဆန်းကြယ်တယ်။
ကိုယ်မထင်မှတ်၊ မမျှော်လင့်တဲ့ အချိန်မှာ လူတစ်ယောက်ကို ကိုယ်ဆီ
အရောက်ပို့လိုက်တယ်။ အဲဒီလူက ကိုယ်မျှော်လင့်နေတဲ့ အချိန်မှာ
ရောက်မလာတတ်ဘဲ ရောက်လာတဲ့အချိန်မှာတော့ ကိုယ်က တန်ဖိုးထားရ ကောင်းမှန်း
မသိခဲ့ဘူး။ ဒါကြောင့် ကိုယ်ဘေးပတ်ဝန်းကျင်က လူတွေကို တန်ဖိုးထားပါ။
သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ ချစ်သူရီးစားပဲ ဖြစ်ဖြစ်၊ မိသားစုပဲဖြစ်ဖြစ်
တွေ့တုန်း၊ ဆုံတုန်း သူတို့ကို တန်ဖိုးထား မြတ်နိုးတတ်ဖို့
လိုပါလိမ့်မယ်။
ကံပါလို့ ငါတို့ တွေ့ဆုံကြတယ်။
ကံပါလို့ ငါတို့ ခင်မင်ကြတယ်။
ကံပါလို့ ငါတို့ စိတ်ကို ဖလှယ်ကြတယ်။
အတူနေတဲ့ တစ်စက္ကန့်လေးကို ငါတို့ တန်ဖိုးထားသင့်တယ်။
အခုလက်ရှိ အခြေအနေကို ပိုမြတ်နိုးသင့်တယ်။
ဒါမှ ဘ၀မှာ နောင်တဆိုတာ မရှိမှာ…
သူငယ်ချင်းဆိုတာ…
ချီးကျူး အားပေးစကား ပြောနိုင်တဲ့သူ ဖြစ်တယ်။
ဝေဖန် နှစ်သိမ့်မှုကိုလည်း ပေးတတ်တဲ့သူ ဖြစ်တယ်။

@ Annonymous

လောကကြီးတွင်လူတစ်မျိုးရှိသည်..

တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။
ကိုယ်စာမရသောအချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှား လုပ်မိသောအချိန်တွင်
ကိုယ့်ဘက်မှရပ်တည်ပြီး ၀န်ခံပေးတတ်သည်။ အားငယ်သောအချိန်တွင်
အားပေးတတ်ပြီး ၀မ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။
ကိုယ်အဆင်ပြေလျှင် သူ့ကိုမေ့နေတတ်ပြီး အဆင်မပြေသောအချိန်များတွင်
ကိုယ့်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးတတ်သည်။
ကိုယ်နှင့်အတူ ရှိနေမည့် အချိန်များက ချစ်သူတစ်ယောက်ထက်ပင်
ကြာရှည်ခိုင်မြဲတတ်သည်။ ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။

 @ Annonymous

ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ

ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်နေထိုင်နိုင်ဖို့ ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။

ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။
သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။

ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။

ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။
သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။

ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။

ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။

ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။

အလွန်ရုပ်ဆိုးသူနဲ့တွေ့ရင်နှုတ်ဆက်လိုက်ပါ။
ကိုယ့်ကြောင့်အားရှိလာပြီးသူပျော်ရွှင်လာရင်ကိုဟာလူတွေအတွက်အသုံးဝင်နေလိုပါ။

တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။
@ Annonymous

မေ့ တက်တယ်

ငါးအရိုးစူးတဲ့ အခါ ငါးအသားစားရတဲ့ အရသာကိုမေ့ တတ်တယ်
လမ်းကောင်းသွားရချိန်မှာအမေ့ ကိုသတိရဖို့ မေ့ တတ်တယ်
ကျန်းမာနေချိန်မှာရောဂါတွေကိုမေ့ တတ်တယ်
ကိုယ်ကိုစော်ကားသူကိုအပြစ်ပြောနေချိန်မှာ
မစော်ကားခဲ့ ဘူးသူကို  ကျေးဇူးစကားဆိုဖို မေ့ နေတတ်တယ်၊

@ Annonymous

Friday, September 20, 2013

Don't


လူအများ ချစ်ခင်အောင် ပြောထွက်စေတာလဲ ဒီပါစပ်ပဲ
လူအများ မုန်းတီးအောင် ပြောထွက်စေတာလဲ ဒီပါစပ်ပဲ
ချိုသာယဉ်ကျေးစွာ ပြောလဲ ဒီစကားပဲ
ကြမ်းကြမ်းတမ်းတမ်း ပြောလဲ ဒီစကားပဲ
စိတ်ချမ်းသာစေတာလဲ ဒီအသံပဲ
စိတ်ရှုပ်စေတာလဲ ဒီအသံပဲ

* သင့်ကြောင့် လေထု မညစ်နွမ်းပါစေနှင့် *
 
@ Hninn Nu Phyoe
 
 

Wednesday, September 18, 2013

5ting 5ting

ဟုတ်ကဲ့
လဲကျသွားတယ်ဆိုတာ တခဏပါ
အချိန်ပြည့် လဲနေတဲ့ နေရာမှာတော့ ထိုင်မနေသင့်ပါဘူး
ပြန်ထလိုက်လို့ အဝေးကိုမျှော်ကြည့်လိုက်ရင်
ရှေ့ မှာ လှပတဲ့ အနာဂတ်က စောင့်ကြိုနေမှာပါ
လဲကျသွားချိန် ပြန်ထနိုင်ဖို့ စိတ်ဓာတ်ခွန်အားလေးတော့လိုအပ်တာပေါ့
အဲ့ဒါလေးကို တသက်လုံးစာအတွက် သင်ခန်းစာယူသွားပြီး
နောက်ထပ် တစ်ကြိမ်ပြန်မလဲကျနိုင်အောင် ကိုယ့်ကိုယ်ကို အားတင်းလို့ ရှေ့ ဆက်လျှောက်လှမ်းလိုက်စမ်းပါ...............


@ Hninn Nu Phyoe


 

မျှော်လင့်ချက်

မိုးအုံ့တယ်ဆိုတိုင်း မိုးရွာတာမဟုတ်ဘူး။
လမ်းခွဲတယ်ဆိုတိုင်း ရင်ကွဲသွားတာမဟုတ်ဘူး။
မုန်းတယ်ဆိုတိုင်း တစ်သက်လုံးအတွက်မဟုတ်ဘူး။
စိတ်ပျက်တယ်ဆိုတိုင်း မျှော်လင့်ချက်မဲ့သွားတာမဟုတ်ဘူး။
ရင်ဆိုင်ရတယ်ဆိုတိုင်း ခက်ခဲတာမဟုတ်ဘူး။
အထီးကျန်တယ်ဆိုတိုင်း မပျော်ရွှင်တာမဟုတ်ဘူး။
ပိုင်ဆိုင်ရတယ်ဆိုတိုင်း မဆုံးရှုံးနိုင်တာမဟုတ်ဘူး။
နှုတ်ဆိတ်တယ်ဆိုတိုင်း ဥပေက္ခာပြုတာမဟုတ်ဘူး။
ဆုံးရှုံးတယ်ဆိုတိုင်း မပိုင်ဆိုင်နိုင်တော့တာမဟုတ်ဘူး။
လဲကျသွားတယ်ဆိုတိုင်း ထပ်မရပ်နိုင်တော့တာမဟုတ်ဘူး။
ရှုံးသွားတယ်ဆိုတိုင်း လက်လွတ်လိုက်တာမဟုတ်ဘူး။
ထူးဆန်းအံ့သြဖွယ်ဖြစ်ရပ် ထပ်မပေါ်နိုင်တာမဟုတ်ပါဘူး။
ဒီ တစ်စက္ကန့်မှာသာ အလျော့မပေးရင် နောက်တစ်စက္ကန့်မှာ
မျှော်လင့်ချက်ဆိုတာရှိနိုင်ပါတယ်။

@ Annonymous

ငြိမ်းချမ်းမှု

တစ်ယောက်တည်းရဲ့ကမ္ဘာက ငြိမ်သက်အေးဆေးလွန်းတယ်။
ငြိမ်သက်လွန်းလို့ ကိုယ့်အသံရှုသံ၊ ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားနေရတယ်။

အေးပြီဆို ကိုယ့်ကိုယ်ကို အနွေးထည်ထပ်ဖို့မမေ့ပါနဲ့!
ဆာပြီဆို ကိုယ့်အတွက် ပေါင်မုန့်တစ်လုံးဝယ်ဖို့မမေ့ပါနဲ့!
ဖျားပြီဆို ကိုယ့်ကိုယ်ကို ဆေးသောက်ဖို့မမေ့ပါနဲ့!
ဆုံးရှုံးပြီဆို ကိုယ့်ကိုယ်ကို အားပေးဖို့မမေ့ပါနဲ့!
စိတ်ဓာတ်ကျပြီဆို ကိုယ့်ကိုယ်ကို ကြံ့ခိုင်ဖို့မမေ့ပါနဲ့!
လဲကျပြီဆို နာကျင်မှုထဲကနေရုန်းထပြီး ကိုယ့်ကိုယ်ကို အပြုံးတစ်ပွင့်ပေးဖို့မမေ့ပါနဲ့....!
တစ်ယောက်တည်းဆိုပေမယ့်လည်း တစ်ယောက်တည်းရဲ့လွတ်လပ်ငြိမ်းချမ်းမှုတွေရှိခဲ့ပါတယ်။

@ Annonymous

ယုံကြည်မှု

သင့်မှာ ကံကောင်းခြင်းတွေရှိတယ်ဆိုတာကို ယုံပါ။
ဒါပေမဲ့ တမင်တကာမစောင့်မျှော်ပါနဲ့။
သင့်မှာ ကြံ့ခိုင်မှုတွေရှိတယ်ဆိုတာကို ယုံပါ။
 ဒါပေမဲ့ မျက်ရည်ကျဖို့မငြင်းဆန်ပါနဲ့။
လောကမှာ သူတော်ကောင်းရှိတယ်ဆိုတာကို ယုံပါ။
ဒါပေမဲ့ သူတော်ကောင်းဟန်ဆောင်သူရန်က ကာကွယ်ဖို့ မမေ့ပါနဲ့။
ငွေကြေးက ပျော်ရွှင်ခြင်းတွေကို သယ်လာနိုင်တယ်ဆိုတာကို ယုံပါ။
ဒါပေမဲ့ တစ်ဘဝစာအတွက် မတောင့်တပါနဲ့။
ရိုးသားခြင်းကို ယုံပါ။
ဒါပေမဲ့ စေတနာကောင်းထားဟန်ဆောင်ခြင်းကိုအပြစ်မဆိုပါနဲ့။
အောင်မြင်ခြင်းကို ယုံပါ။ ဒါပေမဲ့ ကျရှုံးခြင်းကို မျက်ကွယ်မပြုပါနဲ့။
ဖူးစာကို ယုံပါ။ ဒါပေမဲ့ ရူးရူးမိုက်မိုက် မစောင့်စားပါနဲ့။
အချစ်ကို ယုံပါ။ ဒါပေမဲ့ အပြစ်အနာအဆာကင်းဖို့ မတောင်းဆိုပါနဲ့။
လူ့ဘဝမှာ တန်ဖိုးအရှိဆုံးက မိမိကိုယ်ကိုယုံကြည်တာပဲဖြစ်တယ်

@ Annonymous

ယုံကြည်ချက်

လူတိုင်းရဲ့ကိုယ်မှာ တမူထူးခြားတဲ့ ကိုယ်ပိုင်အလင်းတစ်မျိုးရှိတယ်၊
 ကိုယ်ပိုင်ဆွဲဆောင်မှုတစ်မျိုးရှိတယ်။ ဒါတွေဟာ တခြားလူ အတုခိုးလို့ မရနိုင်သလို
တခြားလူမှာလည်း မရှိနိုင်ပါဘူး။ လူတိုင်းလူတိုင်းမှာ ကိုယ့်ကိုယ်ကို
ဂုဏ်ယူထိုက်တဲ့ အရာတွေရှိတယ်။ သင့်ရဲ့ မိမိကိုယ်ကိုယုံကြည်မှုကို
သင်ကိုယ်တိုင်ပဲ မှတ်ချက်ပြုနိုင်တယ်။ တလောကလုံးက သင့်အပေါ်
မျှော်လင့်ချက်မဲ့ခဲ့ရင်တောင် သင့်ကိုယ်သင် ယုံကြည်ရတယ်။

နာကျင်ကြေကွဲချိန်မှာ ငိုနိုင်ပါတယ်... ရှိုက်ကြီးတငင် ငိုနိုင်ပါတယ်။
ငိုပြီးခဲ့ရင် လှလှပပ ရယ်နိုင်ရမယ်၊ လှလှပပ ပြုံးနိုင်ရမယ်။
သင့်ကိုယ်သင် ယုံကြည်ပါ... သင်ဟာ သင်ကိုယ်တိုင်ပါ၊
သင်ဟာပြိုင်ဘက်ကင်းသူတစ်ယောက်ပါ။

@ Annonymous

Monday, September 16, 2013

နိုဘယ်ဆုရှင်မာသာထရီဆာ၏ မိဘမဲ့ဂေဟာတစ်ခုတွင်ချိတ်ဆွဲထားသော ကဗျာ

ဘယ်လိုပဲဖြစ်စေ
လူတွေဟာမကြာခဏအကျိုးသင့်အကြောင်း
သင့်မဟုတ်တာတွေလုပ်တတ်သလို
ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ်
ဘယ်လိုပဲဖြစ်စေ……….သူတို့ကိုခွင့်လွှတ်လိုက်ပါ။

သင်ကသနားကြင်နာတတ်ရင်
လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….သနားကြင်နာမြဲသနားကြင်နာပါ။

သင့်ဘ၀မှာအောင်မြင်နေပြီဆိုရင်
မိတ်ဆွေတုတွေရလာနိုင်သလိုရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….အောင်မြင်အောင်ဆက်ကြိုးစားပါ။

လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ရိုးသားဖြောင့်မတ်ပါ။

သင်နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ဘ၀တစ်ခုကို
တစ်ဦးတစ်ယောက်ကနေ့ချင်းညချင်းဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….တည်ဆောက်မြဲတည်ဆောက်ပါ။

သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကိုရှာဖွေတွေ့ရှိပြီဆိုရင်
သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….စိတ်အေးချမ်းအောင်နေပါ။

သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို
လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ကောင်းတာကိုပဲဆက်လုပ်ပါ။

လောကကြီးကိုသင်အပေးနိုင်ဆုံးအကောင်းဆုံးတွေပေးဝေလိုက်ပါ
ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး
ဘယ်လိုပဲဖြစ်စေ……….လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ။

နောက်ဆုံးခွဲခြမ်းစိတ်ဖြာလိုက်တော့သင်မြင်တဲ့အတိုင်းပါဘဲ
သင်နဲ့တရားသာအတူရှိတော့တာပါ
ငါ ၊မင်း ၊သူတစ်ပါးအကြားမှာဘာမှမရှိပါဘူး။ ။

@FWD mail

Saturday, September 14, 2013

Favorite Quotations

I Shall Pass Through This Life but once
Any good; therefore, that I can do
or any kindness I can show to any
fellow creature,
let me do it now
for I shall not pass this way again.

< Elienne de grellet >

ငါသည်
သည်ဘ၀ကိုတစ်ကြိမ်သာဖြတ်သန်းရပေမည်
ဒါကြောင့် ငါနဲ့ ဘ၀တူလူသားတွေအတွက်
ငါလုပ်ပေးနိုင်တဲ ကောင်းမှုမှန်သမျှ
ငါပေးနိုင်တဲ့ကြင်နာမှုမှန်သမျှ
...ယခု ငါလုပ်ပေးပါရစေ
အချိန်မရွေ့ မိပါစေနဲ့ 
မျက်ကွယ်မပြုမိပါစေနဲ့ 
သည်လမ်းကိုနောက်တဖန်
ငါမလျောက်လမ်းတော့ ပြီ ဖြစ်သောကြောင့်

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...