Showing posts with label နှစ်သက်မိသော. Show all posts
Showing posts with label နှစ်သက်မိသော. Show all posts

Wednesday, June 22, 2022

လိပ်ပုံပြင်

ဟိုးရှေးရှေးတုန်းက လိပ်မိသားစုတစ်စုဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်ကြပါတယ်။ သူတို့ သဘာဝကိုက နှေးကွေးတဲ့ လိပ်တွေဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်တာလည်း ၇ နှစ်တောင် ကြာပါတယ်တဲ့။ နောက်ဆုံးတော့ လိပ်မိသားစု အိမ်ကထွက်လာပြီး သင့်တော်တဲ့နေရာကို ရှာကြပါတယ်။ ထွက်လာပြီး ၂ နှစ် အကြာမှာတော့ သူတို့အတွက် အကောင်းဆုံးနေရာ တစ်ခုကို ရှာတွေ့သွားကြပါတယ်။ အဲဒီနေရာကို သန့်ရှင်းရေးလုပ်တာတို့ ပျော်ပွဲစားအတွက် စားစရာတွေကို ခြင်းတောင်းထဲက ထုတ်ပြီး ပြင်ဆင်တာတို့ကိုတော့ ၆ လအကြာမှာ ပြီးစီးသွားပါတယ်။ အဲဒီအခါကျမှ သူတို့ ဆားမေ့ကျန်ခဲ့တာကို သိလိုက်ရပါတယ်။ ဆားမပါတဲ့ ပျော်ပွဲစားက ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ဘူးလို့ သူတို့ထင်တယ်။ အဲဒီကိစ္စကို အကြာကြီး ဆွေးနွေးအပြီးမှာတော့ အငယ်ဆုံးလိပ်ကလေးကို အိမ်မှာ ဆားပြန်ယူဖို့ ရွေးချယ်ပြီး တာဝန်ပေးလိုက်ကြပါတယ်။ မိသားစုထဲမှာ အမြန်ဆုံးဖြစ်တဲ့ လိပ်ကလေးဟာ လူးလှိမ့်ပြီး ငိုယိုပါတော့တယ်။ နောက်တော့ ကတိတစ်ခုတောင်းပြီးမှ သွားမယ်လို့ သဘောတူပါတယ်။ ကတိကတော့ ဘယ်သူမှ သူပြန်မရောက်မချင်း အစားအသောက်တွေကို မစားပါဘူး ဆိုတဲ့ ကတိပါပဲ။ တမိသားစုလုံးက သဘောတူလိုက်တော့မှ လိပ်ကလေး ထွက်သွားပါတော့တယ်။ သုံးနှစ်ကြာတဲ့အထိ လိပ်ကလေး ပြန်ရောက်မလာပါဘူး။ ငါးနှစ်ခြောက်နှစ် ခုနစ်နှစ်မြောက် လာတဲ့အခါမှာတော့ အသက်အကြီးဆုံး လိပ်ကြီးက ဗိုက်ဆာတဲ့ဒဏ်ကို မခံနိုင်ရှာတော့ပါဘူး။ ဒါကြောင့် သူတော့စားတော့မယ်လို့ ပြောပြီး အသားညှပ်ပေါင်မုန့်ထုပ်ကို ဖွင့်လိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ လိပ်ကလေးက သစ်ပင်အနောက်ကနေ ရုတ်တရက်ထွက်လာပြီး အော်ပြောလိုက်ပါတယ်။တွေ့လား သားကို စောင့်ကြမှာ မဟုတ်ဘူးဆိုတာ သိသားပဲ။ တော်ပြီ ဆားသွားမယူတော့ဘူး။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

Tuesday, January 2, 2018

သင်ဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးဆိုတာ သေချာစေတဲ့အချက် (၉) ချက်

လူတိုင်းလိုလိုချမ်းသာချင်ကြပါတယ်။ ချမ်းသာအောင်လည်း အချိန်တိုင်းကြိုးစားနေကြပါတယ်။ ဒါပေမယ့် ဘာလို့ လူတိုင်းမချမ်းသာတာလဲ။ အချို့ကတော့ ဘဝပေးကုသိုလ်ဆိုပြီးပြောကြပါလိမ့်မယ်။ ဒါပေမယ့် တကယ်တော့မဟုတ် ပါဘူး။ မချမ်းသာရခြင်း အကြောင်းအရင်းကတော့ အခြေခံလိုအပ်ချက် လေးတွေကိုတောင် မပြုပြင်နိုင်လို့ပါ။ အောက် မှာပါ အချက်တွေထဲက တစ်ချက်ချက်ကို သင်လုပ်နေပြီဆိုရင်တော့ သင်ချမ်းသာဖို့ဆိုတာ အတော်လေးကိုဖြစ်နိုင်ချေ နည်းသွားပါပြီ။
(၁)သင်ဟာ ပိုက်ဆံ စုခြင်းကို အရမ်းဝါသနာပါပြီး ပိုက်ဆံပိုမရှာနိုင်ဘူး။ပိုက်ဆံ စုခြင်းက ချမ်းသာဖို့ကြိုးစားတဲ့နေရာမှာ အရေးကြီးပါတယ်။ ဒါပေမယ့် ပိုက်ဆံစုတာချည်းပဲ အာရုံစိုက်နေလို့ မရပါဘူး။ စုတာကိုပဲ အာရုံစိုက်နေရင် သင်လက်ရှိရနေတဲ့ ပိုက်ဆံထက်ဘယ်လို ထပ်ရှာရမလဲကို သင်စိတ်မဝင်စား နိုင်တော့ပါဘူး။ အကယ်၍ ချမ်းသာတဲ့သူတွေလိုတွေးမယ်ဆိုရင် သင်ပိုက်ဆံကုန်သွားမှာကို စိတ်မပူသင့်တော့ပါဘူး။ ပိုက်ဆံပိုရှာနိုင်အောင်ပဲ ဂရုစိုက်သင့်ပါတယ်။
(၂) သင်ရင်းနှီးမြုပ်နှံခြင်းမလုပ်သေးဘူး။ပျမ်းမျှအားဖြင့် ချမ်းသာသူတွေဟာ သူတို့ဝင်ငွေရဲ့ ၂၀%ကိုပြန်လည်ရင်းနှီးမြုပ်နှံပါတယ်။ တကယ်တော့ ဘဝမှာ စောစောရင်းနှီးမြုပ်နှံနိုင်လေ ကောင်းလေလေပါပဲ။ အများကြီးမရင်းနှီးနိုင်ရင်တောင် ဖြေးဖြေးချင်းကစလို့ရပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းတစ်ခုခုပေါ်မှာ ရင်းနှီးမမြပ်နှံနိုင်သေးရင် သင့်ကိုယ်သင်တိုးတက်အောင် အရင်ရင်းနှီး မြုပ်နှံပါ။ လစာထဲက အနည်းငယ်ကိုဖယ်ပြီး သင့်အရည်အချင်းတွေ တိုးတက်အောင် ပြုလုပ်တဲ့နေရာမှာ သုံးစွဲပါ။
(၃) တည်ငြိမ်တဲ့လစာဝင်ငွေပေါ်မှာ သင်သာယာနေတယ်။သာမန်လူတော်တော်များများဟာ သူတို့ရဲ့အချိန်အတွက် ငွေပေးချေခြင်းကို ခံယူလိုလေ့ရှိပါတယ်။ ဥပမာ တစ်လ ကို ဘယ်လောက်၊ တစ်ပတ်ကိုဘယ်လောက်၊တစ်နာရီကိုဘယ်လောက်စသဖြင့်ပေါ့။ ဒါပေမယ့် ချမ်းသာသူတွေက တော့ ဖြစ်ပေါ်လာတဲ့ရလဒ်ပေါ်မူတည်ပြီး ပိုက်ဆံ ရှာပါတယ်။ များသောအားဖြင့် သူများဆီမှာလည်း အလုပ်လုပ် လေ့မရှိပါဘူး။ သူတို့က Self-employedလို့ခေါ်တဲ့ ကိုယ့်ဘာသာကိုယ်အလုပ်ပြန်ခန့်ထားတာမျိုးပဲလုပ်ပါတယ်။ လစာအပေါ်သာယာနေခြင်းဟာ ချမ်းသာခြင်းဆီကိုသွားရာမှာ နှောင့်နှေးစေပါတယ်။
(၄) သင်ကသင်မတတ်နိုင်တဲ့ပစ္စည်းတွေဝယ်လေ့ရှိတယ်။သင့်ရဲ့လိုအပ်ချက်တိုင်းကို လိုက်လံဖြည့်ဆည်းနေရင် သင်ဘယ်တော့မှ ချမ်းသာမှာမဟုတ်ပါဘူး။ အကယ်၍ ပုံမှန်ထက် ဝင်ငွေတိုးတက်လာရင် သင့်ကိုယ်သင် ပိုမိုကောင်းမွန်တဲ့ Lifestyleတစ်ခုကို မပြောင်းလိုက်ပါနဲ့အုံး။ ဒါဟာ ခက်ခဲတဲ့ အချက်ဖြစ်ပြီးတော်တော်များများမလုပ်နိုင်ပါဘူး။ သန်းကြွယ် သူဌေးတစ်ယောက်ဖြစ်တဲ့ Grant Cardoneက”ရင်းနှီး မြုပ်နှံမှုတွေက ဝင်ငွေသေသေချာချာမဝင်သေးပဲနဲ့ ကျွန်တော်ကား အကောင်းစားမပြောနဲ့ နာရီအကောင်းစားတောင် မဝယ်ခဲ့ပါဘူး”လို့ဆိုခဲ့ပါတယ်။ သင်လည်း လစာတိုးတာနဲ့ iPhoneကောက်ပြီး မဝယ်ပါနဲ့အုံး။
(၅) သင်ဟာ သင့်အိမ်မက်နောက်ကိုလိုက်ရဲတဲ့ သတ္တိမရှိဘူး။အကယ်၍ ဘဝမှာ အောင်မြင်ချင်ရင် မိမိလုပ်နေတာကို အရင်ဆုံး ချစ်မြတ်နိုးဖို့လိုပါတယ်။ ဒါ့ကြောင့် သင်ဘာကိုချစ် မြတ်နိုးတယ်ဆိုတာလည်း သိဖို့လိုသလို အိမ်မက်တွေနောက်ကို လိုက်ရဲတဲ့ သတ္တိလည်းရှိဖု့ိလိုပါတယ်။ ဒါပေမယ့် လူ တော်တော်များများကတော့ မိဘရဲ့ရည်မှန်း ချက်နောက်ကိုလိုက်နေ တာများပါတယ်။
(၆) သင်ဟာ Comfort Zoneထဲက မထွက်ရဲဘူး။ကိုယ်ပိုင်စီးပွားရေးလုပ်ရင် လက်ရှိဝင်နေတဲ့ လစာလေး မဝင်တော့မှာ စိုးရိမ်ကြတာများပါတယ်။ ဒီလိုနဲ့ သူများအိမ် မက်တွေကိုပုံဖော်ပေးရင်းနဲ့ပဲ သင့်ဘဝကုန်ဆုံးသွားပါလိမ့်မယ်။ အကယ်၍ ဘဝမှာချမ်းသာချင်ရင် စွန့်စားရဲတဲ့သတ္တိ ရှိရပါတယ်။ သက်တောင်သက်သာ ရှိတဲ့နေရာမှာပဲ နေထိုင်နေရုံနဲ့တော့ မချမ်းသာလာပါဘူး။
(၇) သင့်ပိုက်ဆံတွေကို ဘယ်လိုအသုံးချမယ်ဆိုတာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘူး။အကယ်၍ ချမ်းသာချင်တယ်ဆိုရင် ပိုက်ဆံ ကို ဘယ်လိုအကျိုးရှိရှိအသုံးချရမယ်ဆိုတာ သိဖို့လိုပါတယ်။ သင်ရလာတဲ့ ဝင်ငွေကို ဘယ်နေရာတွေမှာသုံးမယ်။ ဘယ်လောက်ကိုစုမယ်၊ ဘယ်လောက်ကိုရင်းနှီးမြုပ်နှံရမှာသုံးမယ် စသဖြင့်သေ သေချာချာသိဖို့လိုပါတယ်။
(၈) သင်ကသုံးလို့ပိုတာကိုစုတယ်။သင်က လစာရတာနဲ့ ဘာတွေသုံးရမလဲ စစဉ်းစားပါတယ်။ ပြီးမှလကုန်လို့ ကျန်တာကိုစုတယ်ဆိုရင်တော့ သေချာပါ တယ်။ သင့်မှာ ဘာမှကျန်မှာမဟုတ်ပါဘူး။ ကျန်လည်း နည်းနည်းပါပဲ။ တကယ်တော့ အရင်စုပြီးမှ ပိုတာကို သုံးရမှာ ပါ။ ဝင်ငွေ၁၀%ကိုဖြစ်ဖြစ်စုပါ။ ပြီးမှပိုတာကို ဘာတွေသုံးမလဲ စဉ်းစားပါ။
(၉) သင်ကချမ်းသာခြင်းဆိုတာ မဖြစ်နိုင်ပါဘူးလို့ထင်နေတယ်။လူတော်တော်များများက ချမ်းသာခြင်းဆိုတာ ကံကောင်းတဲ့သူတွေဆီကိုပဲ ရောက်ရှိလေ့ရှိတဲ့အရာလို့ ခံယူထားပါ တယ်။ ဒါ့ကြောင့်လည်း အဲ့ဒိလူတော်တော်များများက ဘယ်တော့မှ မချမ်းသာပါဘူး။ မိမိကိုယ်ကိုမှ မယုံရင် ဘာမှ လုပ်လို့မရပါဘူး။ ကြိုးစားသူတိုင်း အတွက်နေရာ ရှိပါတယ်။ သင့်အတွက်လည်းနေရာရှိပါတယ်။အကယ်၍ အထက်ပါအချက်တွေထဲက တစ်ချက်ချက် သင့်မှာရှိနေပြီဆိုရင်တော့ သင်ပြင်ဆင်သင့်ပါပြီ။အကယ်၍ ချမ်းသာချင်တယ်ဆိုရင်ပေါ့။Ref : မိုးရှင်း (I.M.T)

Saturday, April 19, 2014

မှတ်သားဖွယ်ရာများ

“အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘဝအတွက် အကောင်းဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁) ဘီလီယံကို ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett နဲ့ တစ်နာရီကြာ အင်တာဗျူးမှာ CNBC ကိုပြောသွားတဲ့ သူ့ရဲ့ ဘဝကို ရှု့မြင်သုံးသပ်ပုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်း လို့ ဘာသာ ပြန်ပြီးမျှဝေလိုက်ပါတယ်။

၁) သူ့အသက် (၁၁)နှစ်မှာသူ့ရဲ့ ပထမဆုံး ရှယ်ယာကို ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ဝယ်တာနောက်ကျလို့ အခု နောင်တ ရနေပါတယ်။ (အဲ့ဒီအချိန်တုန်းက အခုထက် အများကြီးဈေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း ရင်းနှီးမြုတ်နှံဖို့ တိုက်တွန်းအားပေးပါ။)
၂) သူအသက် (၁၄)နှစ်မှ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ယာမြေလေး တစ်ခုဝယ်ခဲ့ပါတယ်။ (စုဆောင်းထားတဲ့ ငွေ လေးတွေပေါင်းပြီး ပစ္စည်းအများကြီးဝယ်လို့ ရပါတယ်။ အဲ့ဒါကြောင့် ကိုယ့်သားသမီးကိုလည်း စီးပွါးရေးတစ်ခုခုလုပ်ဖို့ တိုက်တွန်းအားပေးပါ။)


၃) သူဟာအခု အချိန်အထိ လွန်ခဲ့တဲ့ အနှစ် (၅၀) မင်္ဂလာဦးတုန်းက ဝယ်ခဲ့တဲ့ Midtown Omaha က အခန်းသုံးခန်းပဲ ပါတဲ့ အိမ်ကလေးမှာနေတုန်း ပါပဲ။ သူလိုအပ်တာတွေအားလုံး အဲ့ဒီအိမ်လေး ထဲမှာရှိတယ်လို့ သူကပြောပါတယ်။ သူအိမ်မှာအကာအရံတွေ ခြံစည်းရိုးတွေလဲ မရှိပါဘူး။ (ကိုယ်တကယ်လိုအပ်တာထပ် ဘယ်တော့မှ ပိုပြီးတော့ မဝယ် ပါနဲ့၊ ကိုယ်သားသမီးတွေကိုလဲ အဲ့ဒီလို တွေးဖို့ လုပ်ဖို့ တိုက်တွန်း အားပေးပါ။)

၄) သူ ဘယ်သွားသွား ကားကို ကိုယ်တိုင်မောင်း သွားတတ်ပြီး သူ့မှာ ကားမောင်းသမားရော သက်တော်စောင့်ရော တစ်ယောက်မှ မရှိပါဘူး။ (သင်က သင်ပါပဲ)

၅) သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပုဂ္ဂလိက ဂျက်လေယာဉ် ကုမဏီကို ပိုင်ဆိုင်ပေမယ့် ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ ခရီးသွားလေ့ ဘယ်တော့မှမရှိပါဘူး။ (ကိုယ်လုပ်စရာရှိတာကို ခြိုးခြံချွေတာစွာနဲ့ ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆို တာအမြဲစဉ်းစားပါ။)
၆) သူ့ရဲ့ Berkshire Hathaway ကုမ္မဏီက ကုမ္မဏီပေါင်း (၆၃) ခုကို ပိုင်ဆိုင်ပါတယ်။ အဲ့ဒီကုမ္မဏီတွေက CEO တွေ ဆီကို သူက (၁)နှစ်ကို စာတစ်စောင်ပဲ ပို့ပါတယ်။ စာထဲမှာ လာမည့်နှစ်အတွက် ရည်းမှန်းချက်တွေကိုပဲ ရေးပေးလိုက် ပါတယ်။ အဲ့ဒါကလွဲလို့ သူတို့ဆီ ပုန်မှန်ဖုန်းဆက်ခြင်း၊ အစည်းအဝေးလုပ်ခြင်းတွေ ဘယ်တော့မှ သူမလုပ်ပါဘူး။
(သင့်တော်တဲ့ လူကိုသင့်တော်တဲ့ နေရာပေးပါ။)

၇) အဲ့ဒီ CEO တွေကိုစ စည်းကမ်းချက် (၂) ခုပဲထုတ်ထားပါတယ်။ စည်းကမ်းချက်(၁) သင့် ရှယ်ယာဝင်တွေရဲ့ ငွေ တွေကိုလုံး၀ မဆုံးရှုံးပါစေနဲ့။ စည်းကမ်းချက်(၂) စည်းကမ်းချက် (၁) ကို မမေ့ပါနဲ့။ (ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ် ပါ၊ ပြီးရင်အဲ့ဒီအပေါ် လူတွေ (လက်အောက်ငယ်သားတွေ၊) အာရုံစူးစိုက်တာ သေချာပါစေ။


၈) သူ အထက်တန်းလွှာက လူတွေနဲ့ ပေါင်းသင်းသွားလာခြင်း မရှိပါဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်မှာ သူ လုပ်လေ့ ရှိတာက ပြောင်ဖူးပေါက်ပေါက်တွေ ကိုယ်တိုင်လုပ်ပြီး TV ထိုင်ကြည့်တာပါပဲ။ (မကြွားဝါပါနဲ့ ကိုယ်နေတတ်သလိုသာ နေပါ။ ကိုယ်နှစ်သက်တာတွေ လုပ်ပါ။)
၉) သူဟာ ဆဲလ်ဖုန်း သယ်လေ့ မရှိသလို သူ့ အလုပ်စားပွဲပေါ်မှာလဲ ကွန်ပျူတာ မရှိပါဘူး။

၁၀) ကမ္ဘ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ Bill Gates က သူနဲ့ လွန်ခဲ့တဲ့ (၅)နှစ်ကမှ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ Bill Gates က သူနဲ့ Warren Buffett ဘာမှ တူညီတာသိပ်မရှိဘူး (ပြောစရာ သိပ်မရှိဘူးထင်တာနဲ့) နာရီဝက်ပဲတွေ့ ဆုံဖို့စီစဉ်ခဲ့ပါ တယ်။ တကယ်တမ်း တွေ့ဆုံတော့ တွေဆုံမှုဟာ (၁၀)နာရီအထိ ကြာမြင့်ပြီး Bill Gates ဟာ သူ့ကို အထူးချစ်ခင်လေး စားသူ တစ်ယောက်ဖြစ်သွား ပါတော့တယ်။

လူငယ်တွေအတွက် Warren Buffett ရဲ့ အကြံပေးချက်တွေကတော့....
Credit Card (ဘဏ်ချေးငွေ) တွေကို ဝေးဝေးကရှောင်ပြီး ကိုယ့်အတွက် ကိုယ်ရင်းနှီး မြှုတ်နှံပါ- မှတ်မိနေရမယ့်
အရာတွေကတော့ . . . . .
(၁) ငွေက လူကိုဖန်တီးခဲ့တာ မဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။
(၂) ဘဝကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ပါ။
(၃) သူများတွေပြောတိုင်း လိုက်မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာလုပ်ပါ။
(၄) အဝတ်အစားနဲ့ ပတ်သက်ရင်လဲ နံမည်ကြီးတံဆိပ်တွေနောက်ကို မလိုက်ပါနဲ့ ကိုယ်ဝတ်ရတာ သက်တောင့် သက်သာ ရှိတာတွေကိုပဲ ဝတ်ပါ။
(၅) မလိုအပ်တဲ့ အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့၊ တကယ်လိုအပ်နေတဲ့ သူတွေအတွက် သာသုံးပါ။
(၆) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ ဘဝပါပဲ။ ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။

အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး၊
သူတို့ရဲ့ ဘဝလမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထား နှစ်သက်ကြတာပါ။

ရေကန်ထဲကဆား

တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက်ဆီ ရောက်လာပါတယ်..  ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ ထိုလူငယ်ကို သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က  “ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်..

ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတစ်ဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်. မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း  အလွန် ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတစ်ကန်နား ရောက်လာကြပါတယ်.. ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်..

ပြီးတော့ လူငယ်ကို “ကဲ အခု ကန်ထဲကို ရေကို  သောက်ကြည့်ပါဦး” လို့ ခိုင်းလိုက်တဲ့အခါ ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်.. ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ “အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ” လို့ မေးလိုက်ပါတယ်.. ဒီတော့  လူငယ်က  “ လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့  နဂိုအရသာ အတိုင်းပါဘဲ” လို့ ပြန်ဖြေပါတယ်.. “စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား” လို့ ပြန်မေးပြန်တဲ့အခါ “ မငံတော့ပါဘူး.” လို့  လူငယ်က ပြန်ဖြေလိုက်ပါတယ်..

ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာပုတ်လိုက်ကာ “ငါတို့ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့တူပါတယ်.. ဘ၀မှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်..  . မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းထင်လိမ့်မယ်.. ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု မဟုတ်တော့ဘူးပေါ့…”

“ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ..  ကိုယ့်ကိုယ်ကို ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့.. ရေကန်တစ်ကန်အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ.. ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာသွားပါလိမ့်မယ်”  လို့ ပြောလိုက်ပါတယ်..

“Stop being a glass. Become a lake.”


ဒီဥပမာလေးကို သဘောကျလို့  ပြန်လည်ဝေမျှပါတယ် ကျွန်တော်တို့လဲ ဘ၀မှာ ကြုံလာတဲ့ ခါးသီးနာကျင်မှုတွေကို ရေဖန်ခွက်လေးနဲ့ မခံယူဘဲ ရေကန်ကြီးနဲ့  ခံယူနိုင်အောင် ကြိုးစားသင့်တယ် မဟုတ်ပါလား..


The taste of life ( Unknown Author)  ကို ဘာသာပြန်ဆိုပါသည်။


ချော( အစိမ်းရောင်လွင်ပြင်)မှ တစ်ဆင့် ကူး ယူ ဖော်ပြ ပါသည်။

အပျိုကြီး

အပျိုကြီးပဲလုပ်တော့မှာလား

ငါသိတယ်၊ နင်က အိမ်ထောင်ကျချင်တယ်၊ ဒါပေမဲ့ ၀န်မခံချင်သေးဘူးပေါ့။
ဒီလိုနဲ့ မွေးနေ့တစ်ခါရောက်လာပြန်ပြီ ဒါမှမဟုတ် နင့်မောင်လေးတစ်ယောက်က
အိမ်ထောင်ကျဖို့ အချိန်ရောက်လာပြန်ပြီပေါ့။ မောင်လေးနဲ့ လက်ထပ်ရမဲ့
မိန်းကလေးက မင်္ဂလာပွဲမှာ သတို့သမီးအရံလုပ်ပေးဖို့ နင့်ကိုမေးလာမယ်။
အဲဒီတော့မှ နင်သတိလည်လာပြီး “အမလေး…အသက် ၃၆ နှစ်ရှိနေပြီ၊ အခုထိ
ငါအိမ်ထောင်မကျသေးပါလား” ဆိုပြီး အလန့်တကြား ကိုယ့်ကိုယ်ကို မေးမိမယ်။
အဲဒီအခါ သတို့သမီးကိုလည်း နင်မုန်းလာမယ်၊ တဆက်တည်းမှာပဲ ငါဘာလို့
အိမ်ထောင်မကျသေးတာလဲဆိုတာ စဉ်းစားလာမယ် ဒါသေချာတယ်။ အရင်တုန်းကတော့
ယောက်ျားယူဖို့ လုံးဝဂရုမစိုက်ဘူး၊ အခုတော့ နင်ကောင်းကောင်း
စဉ်းစားလာပြီပေါ့။

ငါသိပါတယ် ဘာကြောင့်လဲဆိုတာ၊ ပြဿနာက ယောက်ျားလေးတွေမှာ မဟုတ်ဘူး၊ နင့်ဆီမှာ။

၁။ နင်ကဒေါသထွက်နေတယ်၊ ဒေါသထွက်နေမှန်း ကိုယ့်ကိုယ်ကို မသိဘူး။
နင့်ကိုနင် အလွန်စမတ်ဖြစ်တယ် ယောက်ျားတွေထက် တော်တယ်ထက်တယ်လို့ ထင်နေတာဟာ
နင့်ကို ဘောင်ခတ်လိုက်သလို ဖြစ်နေတယ်။ အမှန်တော့ ယောက်ျားအများစုဟာ
သူတို့အပေါ် သဘောကောင်းမဲ့ မိန်းမကိုပဲ လက်ထပ်ချင်ကြတယ်လေ။
မိန်းမတွေရဲ့ဒေါသမာနဟာ ယောက်ျားလေးတွေကို ကြောက်စေတယ်။ ဟုတ်ပါတယ်
ငါပြောနေတဲ့ပုံစံက မိန်းမတစ်ယောက် ယောက်ျားရဖို့အတွက်
ကိုယ့်အပေါ်ကြောက်စိတ်တွေ မရှိအောင် ကြိုးစားပြီးနေရမလို ဖြစ်နေတယ်။
တကယ်လည်း အဲဒီလိုကြိုးစားပြီး နေရတာဟာ အိမ်ရှင်မတစ်ယောက်ရဲ့
အဓိကလုပ်ဆောင်ချက် တစ်ခုပါပဲ။

၂။ အိမ်ထောင်ပြုဖို့ ရွေးချယ်တဲ့အခါ ဘယ်လိုပုံစံမျိုး
ယောက်ျားကိုရွေးမယ်ဆိုတာ နင်စဉ်းစားမှာပေါ့။ နင်လိုချင်တာက
အရပ်မြင့်မြင့်၊ ရုပ်ဖြောင့်ဖြောင့် သို့မဟုတ် အလွန်ချမ်းသာတဲ့လူပေါ့
မဟုတ်လား။ တကယ်တော့ ဒီအတွေးက ဆယ်ကျော်သက် မိန်းကလေးတွေ့ရဲ့ အတွေးပါ။
ယောက်ျားတွေက ကလေးလိုမိန်းကလေးကို လက်မထပ်ချင်ဘူး။ ဘာလို့လဲဆိုတော့
ကလေးလို မိန်းကလေးတွေက အမြဲတန်း အလိုမကျ ဖြစ်နေတတ်တယ်၊ နောက်ပြီး
ထမင်းဟင်းလည်း မချက်ချင်ဘူး။ ဆိုတော့ ဘယ်လိုယောက်ျားကို ရွေးချယ်ရမှာလဲ။
အိမ်ထောင်ပြုဖို့ အခိုင်အမာ ဆုံးဖြတ်ထားတဲ့ ယောက်ျားလေးဖြစ်ဖို့
အဓိကပါပဲ။

၃။ ဥပမာ ဆိုပါစို့၊ ခပ်ဖြောင့်ဖြောင့် ယောက်ျားတစ်ယောက်ကို တွေ့တယ်၊
သူကလည်း နင့်ကို သဘောကျတယ်။ ဒါပေမဲ့ သူကနင်နဲ့တွဲဖို့ မဖြစ်နိုင်တဲ့
အခြေအနေမှာရှိမယ်၊ သူ့မှာ အိမ်ထောင်ရှိတယ် ဆိုပါတော့။ နင်ကတော့
အိမ်ထောင်ပြုချင်နေတယ်၊ သူ့ကိုတော့ မပြောဘူး၊ အပျော်သက်သက်ပဲဆိုရင်
ကျေနပ်ပြီလို့ ပြောလိုက်မယ်။ ဒီလိုနဲ့ နင်ကသူနဲ့ တစ်ညတာကုန်ဆုံးခဲ့တယ်။
ဒါပေမဲ့ နောက်ထပ်ရက်တွေမှာ သူနဲ့ထပ်တွေ့ချင်တယ်၊ တွေ့လည်းတွေ့လိုက်တယ်။
တချိန်ချိန်မှာ အဲဒီယောက်ျားဟာ နင်မရှိရင် မနေနိုင်အောင်
စွဲလမ်းနေမယ်လို့ နင်ထင်နေမယ်။ ငါပြောပြမယ် နားထောင်။ အမှန်မှာတော့
နင်မရှိလည်း နင့်ကိုမတွေ့ရလည်း သူက နေနိုင်တယ် အေးအေးဆေးဆေးပဲ။
နင်ကသာခံစားပြီး ကျန်နေခဲ့မယ်။ ဒီလိုအခြေအနေကို ဝေးဝေးကရှောင်။

၎။ နင်ကအိမ်ထောင်မပြုသေးဘူးဆိုတာ နင်က နင့်အတွက်သိပ်စဉ်းစားတာ
ဖြစ်ဖို့များတယ်။ နင့်ရဲ့ အလှအပ၊ အ၀တ်အစား၊ အလုပ်အကိုင်၊ ယောဂသင်တန်း၊
နောက်ပြီး ပြဿနာအားလုံး ဖြေရှင်းနိုင်ဖို့ ပိုက်ဆံရှိတဲ့ယောက်ျားကို
ဘယ်လိုရအောင် ယူရမှာလဲ ဆိုတာတွေ စဉ်းစားနေမယ်။ ဒါပေမဲ့
အိမ်ထောင်ရှင်မကောင်း တစ်ယောက်ဟာ သူ့အတွက်သူစဉ်းစားဖို့
အချိန်မပေးနိုင်ဘူး။ သူ့မှာလုပ်စရာ သိပ်များနေလွန်းတယ်၊ အထူးသဖြင့်
ကလေးတွေရှိတဲ့ အခါမှာပေါ့။

၅။ အကြောင်းအရင်း နောက်တစ်ခုက နင်က ကိုယ်နဲ့တန်းတူ အခြေအနေတူတဲ့
ယောက်ျားကို မလိုချင်ဘူး။ နင်လိုချင်တာက ကိုယ့်ထက်သာတဲ့ ရုပ်ရည်၊
မိသားစုအသိုင်းအ၀ိုင်း၊ အလုပ်အကိုင် တွေရှိတဲ့ ယောက်ျား မဟုတ်လား။
အဲဒီလိုအတွေးက ယောက်ျားရှာမရနိုင်တဲ့ အတားအဆီး ဖြစ်နေတယ်။
ဘာလို့လဲဆိုတော့ နင့်ကိုယ်နင် ဘယ်လိုအဆင့်အတန်း
ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ မသိဘူး ဖြစ်နေတယ်။ ခဏတော့ ဟန်ဆောင်ပြီး
နေချင်နေလို့ရမယ်၊ မကြာခင်မှာ နင်ကနင့်အတွက်ချည်းပဲ စဉ်းစားနေတာဆိုတာ
ပါးနပ်တဲ့ ယောက်ျားတွေတော့ သိသွားကြမယ်။

ကောင်းပြီ အခြေအနေ မကောင်းဘူးပေါ့၊ ကြားလိုက်ရတာတွေက နင့်အတွက်
သတင်းဆိုးတွေချည်းပဲ။ ဒါပေမဲ့ သတင်းကောင်းတစ်ခုက အိမ်ထောင်ပြုချင်တဲ့
မိန်းကလေးတိုင်း ကောင်းတဲ့ ဘ၀လက်တွဲဖော်ကို ရှာတွေ့နိုင်ပါတယ်။
နင့်ရဲ့ခေါင်းထဲက အိမ်ထောင်ပြုလိုက်ရင် ပျော်ရွှင်မှုတွေကိုရရှိမယ်ဆိုတဲ့
အတွေးကိုတော့ စွန့်ပစ်လိုက်ပါနော်။ ပျော်ရွှင်မှုမပေးနိုင်ဘူး။
အိမ်ထောင်ပြုပြီး မျှော်လင့်ချက်တွေ တဖြည်းဖြည်း မှေးမှိန်သွားတဲ့အခါ
နင်ဟာနင်ပါပဲ။ အေး … လျှော်ရမဲ့အ၀တ်တွေကတော့ နှစ်ဆဖြစ်လာမယ်။

အမှန်တော့ အိမ်ထောင်ပြုတယ်ဆိုတာ တစ်ခုခုရယူဖို့ မဟုတ်ပါဘူး၊ ပေးဆပ်ရတာပါ။
နောက်တစ်ခုက မိန်းကလေးတစ်ယောက်အတွက် အိမ်ထောင်ပြုတယ်ဆိုတာ
အချစ်မခံသင့်တဲ့သူကို ချစ်နိုင်အောင် ရေရှည်လေ့ကျင့်သွားရမဲ့
အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အများအားဖြင့်
ပေပေတေတေနေပြီး၊ အီးတွေတဘွတ်ဘွတ်ပေါက်၊ ဗိုက်ရွှဲရွှဲနဲ့ ယောက်ျားတွေက
သူတို့ရဲု့မိန်းမ လိုချင်တာတွေကို လုပ်မပေးနိုင်ဘူး ဆိုတာပါပဲ။ ဒါပေမဲ့
နင်က စိတ်ဆုံးဖြတ်ထားမယ်၊ ကိုယ့်ယောက်ျားကို စိတ်ရှည်ရှည်နဲ့
ဂရုစိုက်မယ်၊ ကြင်နာမယ်၊ ချစ်နေမယ်ဆိုရင် တစ်နေ့မှာ
နင်အမြဲတန်းလိုချင်နေတဲ့ “အချစ်” ဆိုတာကို ရလာပါလိမ့်မယ်။

(Source: Tracy McMillan ရဲ့ Why You’re Not Married ကို
ကောက်နုတ်ပြန်ဆိုထားပါတယ်။)

ဘဝ မီးပွိုင့်

ကလေးဘဝကနေ ကြီးလာတဲ့အထိ ကံကြမ္မာဆိုးကြီးက မိုက်ကယ်အပါးမှာ အရိပ်လိုလိုက်နေခဲ့တယ်။ မိုက်ကယ် ၄နှစ်အရွယ်မှာ မတော်တဆ  ယာဉ်တိုက်မှုကြောင့် မိဘနှစ်ပါးဆုံးခဲ့ရတယ်။ သူ့ကိုခေါ်ယူ စောင့်ရှောက်တဲ့ ဦးလေးကလည်း သူ့အပေါ် မကောင်းရှာဘူး။ ဒါကြောင့် တစ်ခြားကလေးတွေထက် မိုက်ကယ် ပိုသိတတ်နားလည်ခဲ့တယ်။ ပိုကြိုးစားခဲ့တယ်။ နာမည်ကြီး တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရအောင် သူသင်ယူခဲ့တယ်။

သူကျောင်းပြီးတဲ့နှစ်မှာပဲ သူတို့နိုင်ငံတစ်နိုင်ငံလုံး စီးပွားရေးကပ်ဆိုက်ခဲ့တယ်။ အလုပ်တစ်ခုကို ပင်ပင်ပန်းပန်း ရှာခဲ့ပေမယ့် အရာမရောက်ခဲ့ဘူး။ မိုက်ကယ်စိတ်ပျက် အားငယ်နေချိန်မှာ မိုက်ကယ်အပေါ် ကောင်းတဲ့လူဆိုလို့ ဆံပင်ဖွေးဖွေးဖြူနေတဲ့ အသက်၆ဝကျော် အိမ်ရှင်အဘွားကြီးပဲ ရှိခဲ့တယ်။ အဘွားအိုဟာ မိုက်ကယ် အိမ်ပြန်လာတိုင်း ခေါ်ပြောနှုတ်ဆက်တတ်တဲ့အပြင် သော့ကိုယ်စီရှိရက်နဲ့ မိုက်ကယ်အတွက် တံခါးထဖွင့်ပေးတတ်တယ်။

မိုက်ကယ် စိတ်မချမ်းမသာဖြစ်တိုင်း အဘွားအိုက "ကိစ္စက ထင်သလိုမဆိုးနိုင်ပါဘူး။ အရာအားလုံး ကောင်းသွားမှာပါ" လို့ အမြဲနှစ်သိမ့်တတ်တယ်။ အဘွားအိုနှစ်သိမ့်တာတွေကို မိုက်ကယ်ခံစားမိပေမယ့် အခြေအနေဆိုးတဲ့ ကိုယ့်အဖြစ်ကို အဘွားအို သိနိုင်မှာ မဟုတ်ဘူးလို့ မိုက်ကယ်တွေးမိတယ်။ နေ့တိုင်း အဘွားအိုလို ဘာမှမလုပ်ဘဲ လမ်းမဘက်က ယာဉ်သွားယာဉ်လာတွေကို ထိုင်ငေးနေရရင် ကောင်းမယ်လို့လည်း တွေးမိပြန်တယ်။ ဆူညံလှုပ်ရှားနေတဲ့ လူတွေကို ထိုင်ငေးရရင် ပျော်စရာကောင်းမယ်လို့ မိုက်ကယ်ထင်ခဲ့တယ်။

တစ်နေ့မှာ လမ်းဘက်ကို အာရုံစိုက်ပြီး ကြည့်နေတဲ့ အဘွားအိုကို မိုက်ကယ်တွေ့တော့ "သူဘာတွေ ကြည့်နေပါလိမ့်? သူ့အတွေးထဲမှာ ဘာတွေထည့်ထားပါလိမ့်? ယာဉ်သွားယာဉ်လာကလွဲလို့ ဘာထူးခြားချက်မှ မရှိတဲ့လမ်းကို ဘာဖြစ်လို့ ကြည့်နေပါလိမ့်" လို့ တွေးမိပြီး အဘွားအိုကို မေးလိုက်တယ်။

"အဘွား.. လမ်းမဘက်ကို နေ့တိုင်း အဘွားဘာတွေကြည့်နေတာလဲ? ဘာအဓိပ္ပါယ်တွေ ရှိလို့လဲ"

"အဓိပ္ပါယ်ရှိတာပေါ့ လူလေး.. ဟောဟို မီးပွိုင့်က နေ့တိုင်း လူတွေဖြတ်သန်းကြတဲ့ မရေမတွက်နိုင်တဲ့ ဘဝခရီးစဉ်တွေကို ရေးမှတ်ခဲ့တယ်လေ"

"ဒါပေမယ့် မီးပွိုင့်ပဲလေ.. ဘာများ ကြည့်စရာရှိလို့လဲ"

"အဘွားပြောတာကို လူလေး သဘောမပေါက်သေးဘူး။ လူ့ဘဝဟာလည်း မီးပွိုင့်တစ်ခုလိုပါပဲ။ နီလိုက်၊ ဝါလိုက်၊ စိမ်းလိုက်နဲ့။ နီတဲ့အချိန်ဆိုရင် လှုပ်လို့မရတော့ဘူး။ လှုပ်လိုက်တာနဲ့ မတော်တဆမှုတွေဖြစ်တော့တာပဲ။ စိမ်းတဲ့အခါကျတော့လည်း ဘာအတားအဆီးမှ မရှိဘူးဘဲ အဆင်ပြေနေရော"

"အဝေးကနေကြည့်ရင် စိမ်းနေတဲ့မီးက အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ကားတစ်စီး အနီးနား ရောက်လာရင် ရုတ်တရက် နီသွားနိုင်တယ်။ အဝေးက ကြည့်ရင် မီးနီပဲ ဒါပေမယ့် အနီးနားရောက်လာရင် စိမ်းသွားနိုင်တယ်။ တစ်ချို့ကားက လမ်းဆုံတိုင်းမှာ မီးနီမိနိုင်တယ်။ တစ်ချို့ကားက လမ်းဆုံတိုင်းမှာ မီးစိမ်းနဲ့တိုးနိုင်တယ်။ မီးနီပဲမိမိ၊ မီးစိမ်းပဲတိုးတိုး လူတွေက အဲဒီနေရာကို ကျော်ဖြတ်ပြီး ကိုယ်လိုရာကို ခရီးဆက်ကြတာချည်းပဲ မဟုတ်လား..? ဒီလိုပြောင်းနေတဲ့ မီးစိမ်း၊ မီးနီတွေရှိလို့ လူတွေဟာ ဘဝရဲ့ခြေလှမ်း အနှေးအမြန်ကို လိုက်ညှိကြတယ်။ ဒါမှ အရောင်စုံတဲ့ ဘဝရဲ့ အရသာကို ခံစားလို့ရမှာ... မီးနီတစ်ခါမိရုံနဲ့ ဘာဖြစ်လို့ စိတ်မချမ်းမသာဖြစ်ရမလဲ? မီးစိမ်းတစ်ခါကြုံရုံနဲ့ ဘာဖြစ်လို့ စိတ်လှုပ်ရှားပျော်ရွှင်ရမလဲ? "

အဘွားအိုရဲ့ စိတ်ရှည်လက်ရှည် ရှင်းပြတဲ့ စကားကို မိုက်ကယ်တဖြေးဖြေး သဘောပေါက် နားလည်လာခဲ့တယ်။ အခုချိန်မှာ သူ့ဘဝဟာ မီးနီမိနေတဲ့အချိန်၊ မီးစိမ်းမယ့်အချိန်လည်း ရှိနိုင်သေးတယ်လို့ တွေးပြီး အသစ်တစ်ဖန် ပြန်ကြိုးစားခဲ့တယ်။

မိုက်ကယ် အသက် ၄ဝမှာ အမေရိကားက နာမည်ကြီး ကွန်ပြူတာ ကုမ္ပဏီတစ်ခုကို တည်ထောင်နိုင်ခဲ့တယ်။ သူ့ရဲ့ ဟားဗတ်တက္ကသိုလ် ဟောပြောပွဲမှာ မိုးခြိမ်းသံအလား လက်ခုပ်သံကြားက အိမ်ရှင်အဘွားကြီးရဲ့ စကားတွေကို သူမမေ့ခဲ့ဘူး။ "ကျွန်တော့်ဘဝ မီးစိမ်းနဲ့ ကြုံခဲ့ပါတယ်" လို့ သူညင်ညင်သာသာပြောခဲ့တယ်။

အောင်မြင်ချိန်မှာ ဘဝလမ်းမှာ မီးနီရှိနိုင်သေးတယ်ဆိုတာ မမေ့နဲ့။
ရှုံးနိမ့်ချိန်မှာ ဘဝလမ်းရဲ့ရှေ့မှာ မီးစိမ်းရှိနိုင်သေးတယ်ဆိုတာ မမေ့နဲ။

ရည်စား ချစ်သူ

ချစ်သူ .....

လူတစ်ယောက်ကဘယ်လောက်ပဲ ရည်းစားထားခဲ့ပါစေ......
နောက်ဆုံးတော့သူတစ်ကယ်ချစ်တာ ချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်...
.....
ချစ်သူကိုတော့တစ်ဘဝလုံးအတွက် ပုံအပ်ပြီးလက်တွဲရမယ့်သူလို့
ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို့ ဘာသာပြန်ပါရစေ........
ရင်ထဲကအချစ်စစ်....၊အချစ်မှန်.....၊မြတ်နိုးတွယ်တာမူတွေနဲ့
တည်ဆောက်ထားတယ်........သူ့မှာတော့ရည်ရွယ်ချက်ရှိလာပြီ.....
အနာဂတ်ရှိလာပြီ........သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ.......
ဘယ်လိုနေမှာလဲ.......အများကြီးပေါ့...........
သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိုင်တယ်.......
ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်............
ချစ်သူမှာလှတာမလှတာမရှိဘူး.......ဂုဏ်မရှိဘူး.....မာန်မာနကင်းမဲ့တယ်........
တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်........
ဘာဆိုဘာမှမရှိဘူး.......သူ့ကိုချစ်နေရရင်ပဲကျေနပ်နိုင်တယ်......
သူကိုလည်းပြန်ချစ်စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့.........
သံယောဇဉ်တွေမေတ္တာတွေတွယ်တာမူတွေတမ်းတမူတွေ
သတိရမူတွေအားလုံးပါဝင်နေတယ်..........
ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့
သူနဲ့ပတ်သတ်ရင်အရာရာကိုရင်ဆိုင်နိုင်ရမယ်..........
သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ခွင့်လွှတ်နိုင်ရမယ်......
ခွင့်လွှတ်နိုင်လောက်တဲ့အတိုင်းအတာထိပေါ့ဗျာ.........
သူကိုပျော်ရွင်မူတွေပေးရမယ်.......သူနဲ့တွေ့ရင်ရင်တွေခုန်နေတာပေါ့.......
သူ့ကိုတန်ဖိုးထားတတ်ရမယ်........တစ်ချို့ဆိုချစ်သူနဲ့ပတ်သတ်တဲ့
အရာအားလုံးကိုအချိန်...နာရီ....မိနစ်.....စက္ကန့်တောင်မလွဲအောင်
တန်ဖိုးထားတတ်ကြတယ်......နောက်ဆုံးတော့
ချစ်သူအဖြစ်ကနေလက်တွဲပြီးဘဝကိုတည်ဆောက်ကြတာပေါ့.......


ရည်းစား .....

ရည်းစားဆိုတာတစ်ခဏတာလက်တွဲရတဲ့သူ...........လို့
ဘာသာပြန်ချင်တယ်......
ဘာလို့လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး.......
တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်းသူမရှိဘူး......
ကိုယ့်အနာဂတ်မှာလည်းသူလုံးဝမရှိပါဘူး........
သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်.....အတားအဆီးမရှိဘူး........
ရည်းစားထားတယ်ဆိုတာသူငယ်ချင်းတွေရှေ့မှာမော်ကြွားရုံ........
ပန်းခြံတွေလျှောက်လည်ရုံလောက်နဲ့တင်အဆုံးသတ်သွားပါပြီ............
ပြောရရင်သူနဲ့ကိုယ်အတွယ်အတာဘာမှမရှိပါဘူး........
ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ........
တစ်ချို့ဆိုရည်းစားဘဝမှာတင်ဘဝကိုစတေးလိုက်ရတာတွေရှိပါတယ်......
အင်း.......ရည်းစားထားပြီဆိုရင်တော့ရည်းစားကို
ရည်းစားနဲ့တူအောင်ထားဖို့တော့လိုအပ်တာပေါ့နော်...........
ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ့တော့ဘဝကို
တည်ဆောက်လို့မရတာတော့သေချာတယ်.......
ရည်းစားမှာအဆုံးသတ်မရှိဘူး......ကြိုက်သလောက်ထားကြတယ်.......

တစ်သက်မှာတစ်ခါ

ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်
နေထိုင်နိုင်ဖို့ ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။

ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။
သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။

ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။

ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။
သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။

ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။

ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။

ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။

တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။

တန်ဖိုးကို သိချင်ရင်

ဆယ်နှစ်တာရဲ့တန်ဖိုးကို သိချင်ရင်
အခုမှပူပူနွေးနွေး ကွာရှင်းပြီးခါစ
ဇနီးမောင်နှံကို မေးကြည့်လိုက်ပါ။

လေးနှစ်တာရဲ့တန်ဖိုးကို သိချင်ရင်
ဘွဲ့ရတစ်သောက်ကို
မေးကြည့်လိုက်ပါ။

တစ်နှစ်တာရဲ့တန်ဖိုးကို သိချင်ရင်
အတန်းတင်စာမေးပွဲကျထားတဲ့
ကျောင်းသားတစ်ယောက်ကို
မေးကြည့်လိုက်ပါ။

တစ်လတာရဲ့တန်ဖိုးကို သိချင်ရင်
နေ့မစေ့လမစေ့ကလေးကို မီးဖွားထားတဲ့
သားသည်မအေတစ်ယောက်ကို
မေးကြည့်လိုက်ပါ။

ရက်သတ္တပတ်ရဲ့တန်ဖိုးကို သိချင်ရင်
အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်က စာတည်းကို
မေးကြည့်လိုက်ပါ။

တစ်နာရီရဲ့တန်ဖိုးကို သိချင်ရင်
တွေ့ကြဖို့ချိန်းထားလေတဲ့ ချစ်သူနှစ်ဦးကို
မေးကြည့်လိုက်ပါ။

တစ်မိနစ်တန်ဖိုးကို သိချင်ရင်
ရထားဖြစ်စေ၊ ဘတ်စကားဖြစ်စေ၊ လေယာဉ်ဖြစ်စေ
မမီလိုက်တဲ့ သူတစ်ယောက်ကို
မေးကြည့်လိုက်ပါ။

တစ်စက္ကန့်ရဲ့တန်ဖိုးကို သိချင်ရင်
မတော်တဆထိခိုက်မှု တစ်ခုခုမှာ
အသက်ရှင်ကျန်ရစ်ခဲ့သူကို
မေးကြည့်လိုက်ပါ။

တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံတစ်ပုံတန်ဖိုးကို သိချင်ရင်
အိုလံပစ်ပြေးပွဲမှာ ဒုတိယငွေတံဆိပ်ကိုသာ ရလိုက်သူကို
မေးကြည့်လိုက်ပါ။

အချိန်က လူကိုမစောင့်ဘူးနော်။
ကိုယ့်မှာရှိတဲ့အချိန်တိုင်း၊ အချိန်တိုင်းကို တန်ဖိုးထားကြပါလားရှင်။
အထူးသဖြင့် အဲဒီကိုယ့်မှာရှိနေတဲ့ အချိန်လေးကို
ကိုယ်ချစ်ခင်တဲ့သူနဲ့အတူနေခွင့် ရမယ်ဆိုရင်
ပိုတောင်တန်ဖိုးထားသင့်ပါတယ်။
အဲ....မိတ်ဆွေတစ်ယောက်ရဲ့တန်ဖို
းကိုသိချင်ရင်တော့
တစ်ယောက်လောက်အဆုံးရှုးခံကြည့်လိုက်ရုံပေါ့ရှင်။

" ငွေကို ငွေနဲ့လျော်လို့ရတယ်။
အချစ်ကို အချစ်နဲ့လျော်လို့ရတယ်။
ဒါပေမယ့် ကုန်ဆုံးသွားတဲ့ အချိန်တွေကိုတော့ ဘာနဲ့မှလျော်လို့မရတော့ဘူး "

ယောင်္ကျားလေးတစ်ယောက်ရဲ့ ..ချစ်တယ်ဆိုတဲ့ စကားကိုယုံပြီလား.

ယောင်္ကျားလေးတစ်ယောက်ရဲ့ ..ချစ်တယ်ဆိုတဲ့ စကားကိုယုံပြီလား..
သင့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကိုမေ့ လိုက်ပါ..
သူ့ ကိုအချိန်မပေးတာနဲ့..သင်စိတ်
ညစ်ညူးရအောင်ပြသာနာရှာပါတော့မယ်

သူ့ ရဲ့ ချစ်တယ်ဆိုတာကိုယုံပေးလိုက်ပြီလား
သင့်ရဲ့ မျက်ရည်တွေကို အသင့်ပြင်ထားလိုက်ပါ
စိတ်ဆင်းရဲမှု ခေါင်းစဉ်အမျိုးမျိုးအတွက်...ကျေနပ်လောက်စရာမရှိတဲ့ ဆင်ခြေတွေအတွက် ပေးဆပ်ရပါတော့မယ်

ချစ်တယ်ဆိုတာယုံနေပြီလား
သင့်ရဲ့ လွတ်လပ်မှုဆိုတာကို အဝေးမှာထားလိုက်ပါ
သူငယ်ချင်းများနဲ့လွတ်လပ်စွာသွားလာခွင့်ကို..သူ့ ရဲ့ မယုံသင်္ကာအမေးစကားတွေမကြားရရေး..စတေးရပါတော့မယ်
ခင်မင်စရာကောင်းတဲ့..ကူညီတတ်တဲ့ယောင်္ကျားလေးသူငယ်ချင်းတွေကိုတောင်...သူ့ ရဲ့ မျက်မှောင်ကြုတ်အကြည့်
တချက်အောက်မှာ ..ခေါက်ပစ်ရပါတော့မယ်
ကိစ္စရပ်အားလုံးကို ..သူမသိတာမရှိလိုက်နဲ့..အလိုမကျတဲ့အပြစ်တင်စကားသံတွေကြောင့်..အကြောင်းအမျိုးမျိုးနဲ့လူမှုရေးကိစ္စတွေပါ
ပျက်ကွက်ဖို့သာပြင်ထားလိုက်ပါ..

ချစ်တယ်တဲ့...ယုံဖို့ကောင်းလား
ကြင်နာချင်တာလား..အခွင့်အရေးယူချင်တာလား
ယုံကြည်ချင်တာလား..စစ်ဆေးချင်နေတာလား
သစ္စာရှိတာလား..အကြောင်းပြချက်ပေးချင်နေတာလား
အားပေးချင်တာလား..အပြစ်တင်ချင်နေတာလား
အဖော်ပြုပေးချင်တာလား..ချုပ်ချယ်ချင်နေတာလား
သတိပေးနေတာလား..စော်ကားနေတာလား
နားလည်မှုရှိချင်တာလား...စွက်ဖက်ချင်တာလား

ချစ်ချင်တာလား....အပျော်ရှာချင်တာလား

ချစ်တယ်တဲ့လား.................
ဘယ်နှယောက်ကိုပြောထားတာလဲ.......မေးလိုက်ပါ........

မင်းတယောက်သော သူကိုမချစ်တော့ဘူးဆိုရင်

အကယ်ရွေ့ မင်းတယောက်သော သူကိုမချစ်တော့ဘူးဆိုရင် လမ်းခွဲလိုက်ပါ .....
သူများကသူ့ကို ချစ်ဖို့ အခွင့်အရေးပေးလိုက်ပါ .....

အကယ်ရွေ့ မင်းချစ်သူကမင်းကို ထားသွားရင် စိတ်လျှော့လိုက်ပါ .....
တခြားတယောက်ကို ချစ်ဖို့ မင်းအခွင့်အရေးရသွားတာပေါ့ .....

တချို့ပစ္စည်းကို မင်းဘယ်လောက်ကြိုက်ကြိုက် မင်းအတွက်ဖြစ်ချင်မှဖြစ်မှာ
တချို့ပစ္စည်းကို မင်းကြိုက်နေလည်းစွန့်လွှတ်ချင်
စွန့်လွှတ်ရမယ် .... လူ့ဘ၀မှာ အမျိုးမျိုး ကြုံတွေ့ရနိုင်တယ်
တခါတရံမှာ သူများအတွက်ကြောင့် ကိုယ့်မှာ ထိခိုက်ရနိုင်တယ်...
တချို့တွေမှာ ရေစက်ဆုံရတယ်ဆိုတာမျိုး
ရှိပေမယ့် အကြောင်းမတိုင်ဆိုင်ရင် ရေစက်ဆိုတာလည်း
ဆုံးရှုံးသွားတတ်တာမျိုးပဲ ... တချို့ကျတော့ဘယ်တော့မှ
ရလာဘ်ကောင်းမျိုးနဲ့ မကြုံဆုံရဘူး ... တယောက်သောသူကို
ချစ်ခွင့်ရနိုင်ပေမယ့် ပိုင်ဆိုင်ရဖို့ကျတော့ မသေချာ
တတ်ဘူး ... ဒါပေမဲ့ တယောက်ယောက်ကို ပိုင်ဆိုင်ခွင့်ရပြီးရင်တော့
ကောင်ကောင်းလေးသူကိုပြန်ချစ်ပါ .....

ယောက်က်ျားလေးတွေငိုတာ တကယ်ချစ်လို့ ငိုတာ .....
မိန်းကလေးတွေငိုတာ တကယ်စွန့်လွှတ်ရလို့ ငိုတာ .....

အကယ်ရွေ့ ရိုးသားခြင်းဟာထိခိုက်စေနိုင်
တယ်ဆိုရင် မုသားကိုရွေးတာက ပိုကောင်းတယ်
...
အကယ်ရွေ့ မုသားဟာထိခိုက်စေမယ်ဆိုရင် ဆိတ်ဆိတ်နေခြင်းကို ရွေးချယ်သင့်တယ် ...
အကယ်ရွေ့ ဆိတ်ဆိတ်နေခြင်းကထိခိုက်စေမယ်ဆိုရင် ခွဲခွာခြင်းကို
ပိုရွေးချင်သင့်တယ် ...

အကယ်ရွေ့ဆုံးရှုံးခြင်းကိုဒုက္ခလို့ဆိုရင် ပေးဆပ်ရမှာကို ကြောက်နေသင့်သလား ...
အကယ်ရွေ့စွဲလမ်းခြင်းကဒုက္ခလို့ဆိုရင် ပြီးဆုံးခြင်းကိုရွေးချယ်ရမလား ...
အကယ်ရွေ့ရရှိအောင်ကြိုးစားခြင်းကို ဒုက္ခဆိုရင်
တယူသန်ဖြစ်ခြင်းကိုရွေးချယ်မလား..
အကယ်ရွေ့ ခွဲခွာခြင်းဟာ ဒုက္ခဆိုရင် ဘယ်သူ့ကို ရင်ဖွင့်တိုင်ပင်မလဲ .....

ကိစ္စတော်တော်များဟာ ပြီးသွားမှ ရှင်းရှင်းလင်းလင်း သိရတတ်တယ် ...
ကိစ္စတော်တော်များဟာ ဖြစ်နေချိန်မှာ ဖြစ်နေတာကလွဲပြီးကျန်တာတွေကို
ဘာမှမခံစားမိတတ်ဘူး .....
 
ချစ်ခြင်းနဲ့ ရေစက်ဆုံခြင်း ဆိုတာ .....
၁။ သူမပျင်းနေချိန်မှာ အဖော်ပြုပေးပါ
၂။ သူမ၀မ်းနည်းနေချိန်မှာ နှစ်သိမ့်ပေးပါ
၃။ ယောက်က်ျားလေးက တက်ကြွစွာ ဦးဆောင်ပါ
၎။ မိန်းကလေးကို ချိန်းဆိုပြီး အပြင်ထွက်လည်ပါ
၅။ မိန်းကလေးမှ ဦးဆောင်ဆောင်ရွက်မှုမလုပ်ပါစေနဲ့
၆။ သူမကို နေ့တိုင်း ပျော်ရွှင်နေစေဖို့ ဂရုစိုက်ပါ
၇။ ချစ်သူကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ
၈။ ချစ်သူဆန္ဒကို လိုက်လျောပါ
၉။ သူမကို စိတ်ထိခိုက် ၀မ်းနည်းရတာမျိုး မဖြစ်ပါစေနဲ့
၁၀။ သူမအနိုင်ကျင့်ခံရချိန်မှာ ချက်ချင်း သူမကို ကာကွယ်စောင့်ရှောက်ပါ
၁၁။ ချစ်သူအကြောင်းကို ကွယ်ဝှက်မထားပါနဲ့
၁၂။ ချစ်သူကိုသစ္စာမဖောက်ပါနဲ့

Thursday, April 17, 2014

သမီးဖတ်ဖို့ >> ကြောင်ပန်းရွက် ခူးကြသူများ

သမီးရေ... အဲသည့်နေ့မနက်က ဖေဖေတို့
အိမ်ရှေ့နားမှာ လာပြီး မတ်တတ်ရပ်နေပြန် တာက အမျိုးသမီး ခပ်ရွယ်ရွယ်တစ်ယောက်
ပဲသမီးရဲ့။ အသက် ၄ဝ နဲ့ ၅ဝ ကြားလောက် လို့ ခန့်မှန်းရပါရဲ့။ သူက ဖေဖေတို့
အိမ်ခြံ ဝင်းအတွင်းဘက်ကို နည်းနည်းကလေး ကဲ ကြည့်လိုက် ခြံအပြင်ဘက်တစ်နေရာက
အပင်ကလေးတစ်ပင်ရှိရာဆီ ကြည့်လိုက်နဲ့ ပေါ့။ ဖေဖေသိပါတယ်။ ကြောင်ပန်းပင်ပဲနေ
မှာပေါ့။ ဖေဖေတို့အိမ်ရှေ့နားမှာ ကြောင် ပန်းပင်ကလေးတစ်ပင် ရှိတယ်လေ သမီး ရဲ့။
သည်အိမ်နဲ့သည်ခြံပေါက်စနကလေး ကို ဖေဖေတို့ဝယ်ဖြစ်လိုက်ကတည်းက ပါ လာတဲ့
ကြောင်ပန်းပင်ကလေးပေါ့။ ဘယ် သူစိုက်ခဲ့မှန်းလည်း မသိပါဘူးလေ။ အိမ် ရှေ့
ရေမြောင်းရဲ့အပြင်ဘက် နှုတ်ခမ်းစပ် မှာ ကပ်ပေါက်နေတာ။ ရေနဲ့နီးလို့ထင်ပါ ရဲ့။
သန်လိုက်တဲ့ ကြောင်ပန်းပင်ကလေး။ ဖေဖေတို့ကခုတ်ချထားလိုက် သူကပြန်ထွက်
လာလိုက်နဲ့။ အစကတော့ ဒီကြောင်ပန်းပင် ကလေးကို တိုးလျှိုပေါက် လှမ်းမြင်နေရတာ
သမီးရဲ့။ ဖေဖေတို့ခြံစည်းရိုးက သံဆန်ခါ မဟုတ်လား။ နောက်တော့ အုတ်တံတိုင်း
ကလေးလည်းကာလိုက်ရော ကြောင်ပန်း ပင်ကလေးက ကွယ်သွားရော။ အုတ်တံတိုင်း ပေါ်ကနေ
ကျော်ပြီးထွက်နေတဲ့ ထိပ်ဖျား ကလေးတွေကိုပဲ မြင်နေရတော့တယ်။ ကြောင်ပန်းပင်တွေက
မလှပါ ဘူးသမီးရယ်။ သူက ချစ်စရာကောင်းတဲ့ အမျိုးအစားထဲမှာလည်း မပါ,ပါဘူး။ ပြီး
တော့ သူ့အပွင့်က လူတွေအမြတ်တနိုးနဲ့ ပန်း အိုးထိုးကြ ပန်ဆင်ကြ လုပ်တဲ့
အပွင့်မျိုးမှ မဟုတ်တာ။ နည်းနည်းတောင် အနံ့စူးသ လားလို့။ ဒါပေမဲ့
ဒီကြောင်ပန်းပင်က ဆေး ဖက်တော့အဝင်သားသမီးရဲ့။ ကလေးတွေ ဖျားတဲ့နာတဲ့အခါ
သူ့အရွက်ကို ကြိတ်ပြီး ထွက်လာတဲ့အရည်နဲ့လိမ်းပေးရင် အညှော် ခံနိုင်တယ်တို့
ဘာတို့ ပြောကြတာပါပဲလေ။ ဒါကြောင့်မို့ထင်ပါရဲ့။ ဆေးမြီး တို အစွဲကြီးတဲ့
အမျိုးသမီးတချို့က သည် ကြောင်ပန်းရွက်ကလေးတွေကို လာလာပြီး ခူးတတ်ကြတယ်။
ခွင့်တောင်းသူလည်းရှိ၊ ခွင့်မတောင်းသူလည်း ရှိပေါ့။ ခြံအပြင်တစ် နေရာမှာ
ပေါက်နေတဲ့အပင်မို့ ခွင့်မတောင်း တော့လည်း ဘာမှမဖြစ်လောက်တဲ့ ကိစ္စလို့
ဆိုပါတော့ သမီးရယ်။ အဲသည့်မနက်မှာ လာရပ်နေတဲ့ မိန်းမကတော့ ခွင့်တောင်းတဲ့
မိန်းမတစ် ယောက်ပေါ့။ ကြောင်ပန်းရွက် နည်းနည်းခူး ချင်လို့တဲ့။ သြော်...
အံ့သြမိပါရဲ့။ ဖေဖေ ကလည်း ခူးပါခူးပါပေါ့။ သူက ကျေးဇူးပဲ နော်လို့ဆိုကာ
ကြောင်ပန်းရွက်လေး ငါး ခက်ကို ခူးနေပါလေရဲ့။ ဘာပဲဖြစ်ဖြစ် ခွင့်
တောင်းတဲ့အပေါ်မှာ ဖေဖေ ကျေနပ်မိတာ ကတော့ အမှန်ပဲသမီးရဲ့။ လူတွေ ခပ်ကြာကြာ
အချိန်ယူ ပြီး ထိုင်လေ့ရှိကြတဲ့ လက်ဖက်ရည်ဆိုင်မျိုး၊ စားသောက်ဆိုင်လိုမျိုး
နေရာတွေကို ဝင် သွားကြတဲ့အခါ တစ်ခါတစ်ရံ ထိုင်ခုံကိစ္စ ကလေးတွေက အဆင်မပြေတာ
ရှိတတ် တယ်သမီးရဲ့။ ဆိုကြပါစို့ ကိုယ်က လူငါး ယောက်၊ စားပွဲမှာခင်းထားတာက
ထိုင်ခုံ လေးလုံး။ အဲသည့်အခါ ဘေးစားပွဲခုံ တစ် ခုခုကနေ
ဖေဖေတို့ထိုင်ခုံတစ်လုံးလုံးကို လှမ်း ယူရတော့မှာပဲလေ။ အဲသည့်အခါမျိုးတွေ မှာ
သမီး သတိထားကြည့်လိုက်။ လူတော် တော်များများက ဆတ်ခနဲဆိုသလို ဆွဲယူ ပြီး
ထိုင်လိုက်ကြတာပါပဲ။ တချို့တလေက သာ အဲဒီစားပွဲခုံမှာရှိနေတဲ့ တစ်ယောက်
ယောက်ကို အသိအမှတ်ပြုတဲ့ပုံစံနဲ့ 'လူရှိ လား မသိဘူးဗျာ'တို့၊ 'ခုံတစ်ခုံလောက်
ယူ လိုက်မယ်နော်'တို့ဆိုပြီး ခွင့်တောင်းတတ် ကြတယ်။ ဆိုင်က စားပွဲခုံပဲ
ကိုယ်ပိုင်ဝယ် ထားတဲ့ခုံတွေ မဟုတ်ဘူးလို့ဆိုပေမယ့် သူ ထိုင်နေတဲ့အချိန်မှာ
သူ့ရဲ့ပိုင်ခွင့်လို့ နားလည် ထားပြီး ခွင့်တောင်းတာဟာ သိပ်ကိုယဉ်ကျေး
တဲ့ဓလေ့လို့ ဖေဖေတော့ထင်မိတာပဲ။ တချို့ များဆိုရင် ဘယ်မှာမှ
ထိုင်စရာမရှိတော့တဲ့ အခါ လွတ်နေတဲ့ထိုင်ခုံကလေးမှာ ထိုင်ဖို့
ရောက်နှင့်နေတဲ့လူဆီမှာ ခွင့်တောင်းနေလိုက် တာများ ကြည်နူးဖို့ကောင်းလိုက်တာ။
သည်လိုပါပဲသမီးရယ်။ ဆေးရုံတို့ ဆေးခန်းတို့ကို သွားတဲ့အခါ ဆရာဝန်ကို
စောင့်ရင်းနဲ့ လွတ်နေတဲ့ ခုံတန်းတစ်နေရာ မှာ ဝင်ထိုင်ဖို့အတွက် မူလက
ထိုင်နှင့်နေ သူကို ''ထိုင်မယ်နော်''လို့ ခွင့်တောင်းတာ ကိုလည်း
သမီးတွေ့ဖူးမှာပါပဲ။ မီးရထားဘူ တာရုံတို့ ဘတ်စ်ကားမှတ်တိုင်တို့လိုနေရာ တွေက
အများပြည်သူထိုင်ဖို့ လုပ်ထားတဲ့ နေရာတစ်နေရာရာမှာ ဝင်ထိုင်ဖို့ ထိုင်နှင့်
သူကို အပြုံးနဲ့ခွင့်တောင်းတာကိုလည်း သမီး မြင်ဖူးမှာပါပဲ။ ဖေဖေကတော့ ဒါကို
ယဉ် ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ ပြယုဂ်အဖြစ် သဘောကျမိတာ အမှန်ပဲ။
အခုလည်းကြည့်... ဒီကြောင်ပန်းပင်ကလေးဟာ ဖေဖေတို့အိမ်ရှေ့မှာပေါက်နေတဲ့ အပင်
လေးလို့ဆိုပေမယ့် ခြံစည်းရိုးရဲ့ အပြင်ဘက် မှာလေ သမီးရဲ့။ ဘာမပြော ညာမပြောနဲ့
ခူးသွားတော့လည်း ကြည့်နေလိုက်ရုံပေါ့။ အဲဒီနေ့ရဲ့ အမျိုးသမီးကကျတော့ ခြံတံခါး
အဝမှာ အသာကလေးရပ်လို့။ ကြောင်ပန်း ရွက် နည်းနည်းခူးမယ်နော်တဲ့။ လှမ်းပြီးခွင့်
တောင်းနေလိုက်တာများ...။ လောကကြီးမှာ ဖျိုးခနဲ၊ ဖျတ်ခနဲ လက်ရဲ ဇက်ရဲမဟုတ်ဘဲနဲ့
ကိုယ့်ကိုယ်ပိုင် မဟုတ်တဲ့ အရာဝတ္ထုတစ်ခုခု၊ နေရာတစ်နေ ရာကအစ
ခွင့်တောင်းဦးမှလို့ စဉ်းစားတတ် သူတွေလည်း ရှိတတ်ကြတယ်နော်။ လမ်း ပေါ်က
ကြောင်ပန်းပင်ကလေး ခူးဆွတ်ပါ ရစေတဲ့။ သြော်...ခူးလိုက်စမ်းပါတော့ လား...။ ။


(မောင်သာချို)

--

 

အစာအိမ်တော်လှန်ရေး

အစာအိမ်တော်လှန်ရေး တစ်ခါတော့ လူတစ်ယောက်အိပ်နေတဲ့အချိန်မှာ
သူတို့ရဲ့ လက်တွေ၊ခြေထောက်တွေ၊ပါးစပ်နဲ့ ဦးနှောက်တို့က အစာအိမ်ကို
အပြစ်မြင်ကြတယ်။ အစာအိမ်က ဘာမှမလုပ်ပဲနဲ့ အစာတွေကို
ချည်းစားနေတယ်လို့ထင်တယ်လေ။ အဲဒါကြောင့် အစာအိမ်တော်လှန်ရေးလုပ်ကြတယ်။
အစာအိမ်ဆီကို လက်က ပြောတယ် " ငါတို့လက်တွေက တစ်နေ့လုံး
အလုပ်လုပ်ရတယ်။လွှတွေတိုက်ရ တူတွေထုရ၊တစ်ခါတလေဆို အလေးအပင်တွေလဲသယ်ရ ဖုန်တွေပေ
သဲတွေပေနဲ့ အသားမာတွေနဲ့ ဒဏ်ရာတွေလဲရကြတယ်။ လက်အဆစ်တွေလဲ ကိုက်ခဲတယ် မင်းကတော့
တစ်နေ့လုံး ထိုင်စားနေတာချည်းပဲ " အဲဒီစကားကို ခြေထောက်က ထောက်ခံတယ်။ "
ငါဆိုတစ်နေ့လုံး တစ်ညလုံး ဟိုသွားဒီသွား၊ဖုန်တွေပေ သဲတွေပေတယ်။ တစ်ခါတလေဆို
မစင်တွေတောင်ပေနဲ့ မင်းကတော့ ၀က်လိုပဲစားနေတာပဲဟေ့ " ပါးစပ်ကလဲ "
မင်းဆီရောက်ဖို့ အစာတွေကို ငါကအကုန်ချေဖျက်ပေးရတယ်။ မာတဲ့အစာတွေလဲ ၀ါးစား။
အရိုးတွေဖယ်ပေးနဲ့ နုနုဖတ်ဖတ်လေးတွေကိုမှ မင်းကစားတယ် ငါမကျေနပ်ဘူးကွ "
ဦးနှောက်ကလဲ " ငါ့မှာ မနက်စာပြီးရင် ညစာကို ဘယ်လိုရှာရမလဲ။
ဘယ်လိုဗိုက်ဖြည့်ရမလဲဆိုတာကိုတွေးပြီးတော့ မင်းကတော့
ငါရှာထားတာတွေအကုန်လုံးကို လုစားနေတယ် တရားရဲ့လား" ဒီလိုနဲ့ ဦးနှောက်က
အကြံပေးတယ်။ ဒီအစာအိမ်ကို တော်လှန်ကြမယ်ပေါ့။ ပြီးတော့
အခြားအဂါင်္အစိတ်အပိုင်းတွေနဲ့ပါ ပေါင်းပြီးတော့ တော်လှန်ကြတယ်။ အစာအိမ်ကို
လှုပ်မရအောင် ချုပ်ထားလိုက်ကြတယ်။ ပြီးတော့ လက်တွေ ခြေတွေကလဲ
သူတို့အလုပ်တွေမလုပ်တော့ဘူး သပိတ်မှောက်တယ်ပေါ့ ထိုလူမှာ
လက်တွေခြေတွေလဲလှုပ်မရတော့။စဉ်းစားလို့လဲမရတော့။ဒီလိုနဲ့တစ်ရက်လောက်ကြာတော့
ထိုလူဆာလောင်နေပြီ။ဒီအချိန်မှာ ထိုလူရဲ့ နှလုံးက အော်ပြောတယ် "
မင်းတို့တွေမှားနေပြီ အစာအိမ်မလှုပ်ရင် မင်းတို့တွေအားလုံးလဲ
လှုပ်လို့ရမှာမဟုတ်ဘူးတဲ့" အဲဒီအချိန်မှာ လက်ကလှုပ်ကြည့်တယ်။ ရတယ်။ဒါပေမယ့်
အရာဝတ္တုတွေကို မကိုင်နိုင်တော့ဘူး။ ခြေထောက်ကလဲ မရပ်နိုင်တော့ဘူး။ အားလုံး
စိတ်မကောင်းဖြစ်ကြတယ်။ ပြီးတော့ အစာအိမ်ကိုပြန်လွှတ်ပေးလိုက်ပြီးတော့
ကိုယ့်တာဝန်ကိုယ်ပြန်လုပ်ကြတယ်။ အဲဒီတော့မှ ထိုလူ့ရဲ့ လက်တွေ ခြေတွေလဲ
အစာအိမ်ကလှုပ်ရှားပြီး စွမ်းအင်ထုတ်နေတာကြောင့် အေးအေးဆေးဆေးဖြစ်သွားပြီး
နောက်တစ်ခါ တော်လှန်ဖို့ မစဉ်းစားတော့ဘူးတဲ့ ပုံပြင်လေးကတော့ ကလေးဆန်ပါတယ်။
ဒါပေမယ့် လူတိုင်း သူ့နေရာနဲ့သူ ကိုယ့်တာဝန်တွေကိုယ်လုပ်နေတဲ့အချိန်မှာ
အခြားလူတွေနဲ့ လိုက်တိုင်းနေရင်တော့ အားလုံးအလုပ်ပျက်ဖြစ်မယ်ဆိုတာကို
မြင်နိုင်ပါတယ်

 မောင်စိုင်း]

--

 

ပုဆိန်သွေးချိန် ပေးပါ

ပုဆိန်သွေးချိန် ပေးပါ တစ်ခါက အလွန်သန်မာတဲ့ သစ်ခုတ်သမားတစ်ဦးက
သစ်ကုန်သည်တစ်ဦးထံ အလုပ်တောင်းရာ အလုပ်ရရှိခဲ့ပါတယ်။ အခကြေးငွေလည်း
ကောင်းမွန်သလို အလုပ်ခွင်အခြေအနေလည်း ကောင်းမွန်ခဲ့ပါတယ်။ ဒါကြောင့်လည်း
သစ်ခုတ်သမားက အလုပ်ရှင်ကို အကောင်းဆုံးဆောင်ရွက်ပေးဖို့
ဆုံးဖြတ်ချက်ချလိုက်တယ်။ သူရဲ့သူဌေးက ပုဆိန်တစ်လက်ပေးကာ အလုပ်လုပ်ရမည့်နေရာကို
ညွှန်ပြပါတယ်။ ပထမဆုံးရက်မှာ သစ်ခုတ်သမားဟာ သစ်ပင်(၁၈)ပင် ခုတ်လှဲနိုင်ခဲ့တယ်။
"ဂုဏ်ယူပါတယ်ဗျာ။ ဒီလိုပဲ ဆက်လက်လုပ်ဆောင်နိင်ပါစေ…"လို့ သူဌေးက ပြောဆိုတယ်။
သူဌေးရဲ့စကားကြောင့် အားတက်သွားရတဲ့ သစ်ခုတ်သမားဟာ နောက်တစ်နေ့မှာ ပိုပြီး
ကြိုးစားပါတော့တယ်။ ဒါပေမဲ့ သူဟာ တစ်ပင်(၁၅)ပင်သာ ခုတ်လှဲနိုင်ခဲ့တယ်။
တတိယမြောက်နေ့မှာလည်း သူကြိုးစားပေမဲ့ သစ်ပင်(၁၀)ပင်သာ ခုတ်လှဲနိုင်တော့တယ်။
တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားလေ သူခုတ်လှဲနိုင်တဲ့ သစ်ပင်အရေအတွက်ဟာလည်း
လျော့နည်းကျဆင်းလေပါပဲ။ "ငါ့မှာ အင်အားတွေ ကုန်ခမ်းလာလို့ပဲ ဖြစ်ရမယ်"လို့
သစ်ခုတ်သမားက တွေးလိုက်မိတယ်။ သူဟာ သူဌေးဆီသွားကာ သူဘာမှားနေသလဲလို့
တောင်းပန်မေးမြန်းခဲ့ပါတယ်။ "ခင်ဗျားရဲ့ပုဆိန်ကို နောက်ဆုံးအကြိမ်သွေးခဲ့တာ
ဘယ်အချိန်လဲ"လို့ သူဌေးက မေးတယ်။ "ပုဆိန်သွေးချိန်ကို မေးတာလားဗျ။
ကျွန်တော့်မှာ ပုဆိန်သွေးချိန် မရှိပါဘူး။ သစ်ပင်ခုတ်တာနဲ့ပဲ
အချိန်ကုန်နေရတာလေ" စဉ်းစားဆင်ခြင်စရာ ကျွန်တော်တို့ဘဝကလည်း ဒီလိုပါပဲ။
ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ ပုဆိန်သွေးချိန်မရှိလောက်အောင်
အလွန်အလုပ်များနေတတ်ကြတယ်။ ယနေ့ခေတ်မှာတော့ လူတိုင်းဟာ ယခင်ခေတ်ကထက်ပိုပြီး
အလုပ်များလာပေမဲ့ ပျော်ရွှင်ချိန်မှာတော့ ပိုပြီး လျော့နည်းလာပါတယ်။
ဘာကြောင့်လဲ။ ပါးနပ်လိမ္မာစွာ ရှင်သန်နေထိုင်ဖို့ မေ့နေတဲ့အတွက်ကြောင့်
မဖြစ်နိုင်ဘူးလား။ တက်တက်ကြွကြွနဲ့ အလုပ်ကြိုးစားတယ်ဆိုတာ
ကောင်းတော့ကောင်းပါတယ်။ ဘဝမှာ တကယ်အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို
လျစ်လျူရူရလောက်အောင်တော့ အလုပ်မလုပ်သင့်ပါ။ ဘုရားသခင်နဲ့ နီးနီးကပ်ကပ်နေဖို့၊
မိသားစုအတွက် အချိန်ပိုပေးဖို့၊ စာဖတ်ချိန်ပေးဖို့လိုပါတယ်။ အနားယူဖို့၊
စဉ်းစားတွေးခေါ်ဖို့၊ တရားထိုင်ဖို့၊ သင်ယူဖို့၊ ကြီးထွားဖို့အတွက်
ကျွန်တော်တို့အားလုံးမှာ အချိန်လိုအပ်ပါတယ်။ ပုဆိန်သွေးဖို့
အချိန်မပေးနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ဟာ နှေးကွေးလေးလံပြီး ထိရောက်စွာ
လုပ်ဆောင်နိုင်မှုတွေ ဆုံးရှုံးသွားပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့ကစပြီး
သင့်ရဲ့အလုပ်ကို ပိုပြီးထိရောက်စေမဲ့ နည်းလမ်းများကိုစဉ်းစားကာ
တန်ဖိုးတက်လာအောင် ပြုလုပ်လိုက်ပါတော့…။ နေလင်းအောင် ဘာသာပြန်ဆိုသည်။

Ref;Busy by Stephen

--

 

Sunday, April 13, 2014

မျောက်တစ်ကောင်နှင့် သစ်သားပန်းသီး

တစ်ခါတုန်းက တောအုပ်ထဲမှာ ပျော်နေတဲ့ မျောက်တစ်ကောင်ရှိတယ် ။ သူ ဗိုက်ဆာလာတဲ့အခါ အရသာရှိတဲ့ သစ်သီးတွေစားလို့ သူ မောလာတဲ့အခါ အနားယူလို့ အဲဒီတောအုပ်ထဲမှာ ပဲ ပျော်မွေ့နေခဲ့တယ် ။ တစ်နေ့မှာတော့ သူဟာ မျက်စိလည်လမ်းမှားရင်း အိမ်တစ်လုံးဆီရောက်လာခဲ့တယ်
။ အဲဒီမှာ သူမြင်လိုက်ရတာက အရမ်းကို လှပတဲ့ ပန်းသီးတွေထည့်ထားတဲ့ ပန်းကန်လုံးကြီးကိုပေါ့ ။ သူက လက်တစ်ဖက်စီမှာ ပန်းသီးတစ်လုံးစီ ယူပြီး တောအုပ်ထဲ ပြန်ပြေးလာခဲ့တယ် ။

မျောက်က ပန်းသီးကို နှာခေါင်းရှုံ့ပြီးအနံ့ခံတယ် ။ ဒါပေမယ့် ဘာအနံ့မှ မရဘူး ။ ပြီးတော့ ပန်းသီးကိုစားဖို့ကြိုးစားတယ် ။ ဒါပေမယ့် သူ့သွားတွေ နာကျင်ပြီး စားမရလောက်အောင်မာကြောနေတယ် ။ ပန်းသီးတွေဟာ တကယ်တော့ သစ်သားနဲ့ပြုလုပ်ထားတာဖြစ်တယ် ။ ဒါပေမယ့် သူတို့က အရမ်းလှတယ် ။ တခြားမျောက်လည်း အဲဒီပန်းသီးတွေမြင်တဲ့အခါ အလုအယက်ပြေးယူဖို့လာကြတယ် ။ အဲဒီအခါ ပန်းသီးပိုင်ရှင် မျောက်က သူ့ပန်းသီးတွေကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်တယ် ။ ပြီးတော့ သူဟာ ဒီတောထဲမှာ သူ့ရဲ့ ပန်းသီးပိုင်ဆိုင်မှုအတွက် ဂုဏ်ယူဝင့်ကြွားစွာနဲ့ သဘောတွေကျနေခဲ့တယ် ။ ပန်းသီးတွေက နေရောင်နဲ့ကြည့်တဲ့အခါ နီရဲတောက်ပြောင်နေပြီး သူ့ကို ပြည့်စုံအောင်လုပ်ပေးနေတယ်လို့ မျောက်ကခံစားနေရတယ် ။ ပန်းသီတွေကိုပဲ သူဂရုတစိုက်ကြည့်နေပြီး ပထမဆုံး သူ ဆာလောင်နေတာကိုတောင် မေ့လျော့သွားခဲ့တယ် ။

သစ်သီးပင်တစ်ပင်က မျောက်ကို သတိပေးတယ် ။ ဒါပေမယ့် သူ့လက်ထဲကပန်းသီးတွေက လွဲလို့ မျောက်က ဘာကိုမှ ဂရုမစိုက်ဘူး ။ သူစားဖို့ သစ်သီးခူးဖို့ အတွက်သူ့လက်ထဲက ပန်းသီးတွေကို မြေပြင်ပေါ် ခဏချရမှာကိုတောင် သူမချနိုင်ဖြစ်နေခဲ့တယ် ။ တကယ်တော့ သူ နားလည်း မနားရသလို သူ့ ပန်းသီးတွေကို တခြားမျောက်တွေလာလုယူမှာစိုးတဲ့အတွက် အချိန်တိုင်းကာကွယ်နေရတယ် ။ ဂုဏ်ယူဝင့်ကြွားမှုတစ်ခုအတွက် အရင်က ပျော်ရွှင်နေတဲ့မျောက်ဟာ ပျော်ရွှင်မှုတွေနည်းလာပြီး သစ်တောတလျှောက်မှာ လျှောက်သွားနေခဲ့ရတယ် ။

ပန်းသီးတွေဟာ တဖြည်းဖြည်း လေးပင်လာသလို ခံစားလာရတယ် ။ သနားစရာကောင်းတဲ့မျောက်ဟာ ပန်းသီးတွေကို လွှတ်ချလိုက်ဖို့ အတွက်စဉ်းစားတယ် ။ သူ မောနေပြီ -- သူ ဆာနေပြီ နောက်ဆုံး သစ်သီးပင်ပေါ်တက်လို့ သစ်သီးတွေ သူ မခူးနိုင်တော့ဘူး သူ့လက်ထဲမှာ စားလို့မရတဲ့ ပန်းသီးတွေနဲ့ပဲပြည့်နေခဲ့တယ် ။ အကယ်၍ သူ့လက်ထဲက ပန်းသီးတွေကို လွှတ်ချလိုက်ရင် သူ ဘာဆက်ဖြစ်မလဲ ?

သူ့လက်ထဲ သယ်ဆောင်ထားတဲ့ပန်းသီးတွေက ရူးသွပ်မှုတွေပဲလို့ သူမြင်လာတယ် ။ သူ အရမ်းလည်း ပင်ပန်းနေခဲ့ပြီး နောက်ဆုံး အသီးပင် ရောက်တဲ့အခါ အဲဒီအပင်က သစ်သီးရနံ့တွေကို သူ ရှုရှိုက်ရင်း သူအရာရာကို နားလည်သဘောပေါက်သွားတယ် ။ သူ့လက်ထဲက သစ်သားနဲ့လုပ်ထားတဲ့ပန်းသီးတွေကို သူ မြေပြင်ပေါ်ပစ်ချလိုက်လို့ သူ့အစာအတွက် သစ်သီးပင်ပေါ်တက်သွားတယ် ။ သူ အခု ပြန်ပြီးပြုံးပျော်နိုင်ပါပြီ ။

----------------------------------------------------

မျောက်ကလေးလိုပဲ ကျွန်တော်တို့ဟာ တန်ဖိုးရှိတယ်လို့ ထင်မိတဲ့ အရာတွေကို ကျွန်တော်တို့ ဘ၀တလျှောက်လုံး သယ်ဆောင်ထားကြတယ် ။ ပုံပြင်လေးရဲ့အဆုံးက ၂ ခုဖြစ်နိုင်တယ် ။ မျောက်ဟာ နောက်ဆုံး သစ်သီးပင်အောက်မှာ သူ့ပန်းသီးတွေကို မစွန့်ပယ်နိုင်လို့ ရင်မှာ ပိုက်ရင်း သေပွဲ ၀င်သွားခဲ့တယ် ။ နောက်တစ်ခုကတော့ ကျွန်တော်အပေါ် မှာရေးခဲ့သလို ပန်းသီးတွေကို လွှတ်ချလို့ ကိုယ့်ရဲ့ ရှင်သန်မှုနဲ့ပျော်ရွှင်မှုကို ရွေးချယ်လိုက်တယ် ။ ကဲ ကိုယ်မစားနိုင်တဲ့ ကိုယ်တဲ့အသုံးမ၀င်တဲ့ သစ်သားပန်းသီးကို ရင်မှာ ပိုက်ပြီး တကယ်စားနိုင်တဲ့ သစ်သီးပင်အောက်မှာ သေပွဲ ၀င်တယ်ဆိုတာ တကယ်တော့မဖြစ်သင့်ဘူးမဟုတ်လား ။

ဒါဆို ကျွန်တော်တို့ဘ၀မှာရော မျောက်ကလေးလိုပဲ ဘာတွေကို သယ်ဆောင်ထားမိကြပါလိမ့် ။ စည်းစိမ်ဥစ္စာ တွေလား ၊ စိုးရိမ်ကြောင့်ကျမှုတွေလား ၊ စိတ်ပျက် ၀မ်းနည်းစရာတွေလား ၊ မာန်မာနတွေလား ၊ ဘွဲ့ထူးဂုဏ်သိမ်တွေလား တစ်ခုခုကိုတော့ သယ်ဆောင်ပြီး တောအုပ်ထဲ ကျွန်တော်တို့ေ လျှာက်သွားနေမိကြတယ် ။

“ လွှတ်ချသင့်တဲ့အရာကို လွှတ်ချသင့်တဲ့အချိန်မှာ လွှတ်ချနိုင်မှသာလျှင် တကယ့်ပျော်ရွှင်မှုကို ကျွန်တော်တို့ ခံစားနိုင်လိမ့်မယ် ”

by/ သက်တန့်ချို

The Monkey With The Wooden Apples အားဘာသာပြန်ခံစားသည် ။
(credit to သက်တန့်ချို)

မောင်ရိုး

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်..
ရွာတစ်ရွာမှာ..ရိုးလွန်း..အလွန်း..တုံးလွန်းတဲ့.. ``မောင်ရိုး´´ဆိုတဲ့ သူငယ်လေးတစ်ယောက် ဟာ သူ့မိခင် မုဆိုးမကြီးနဲ့အတူတူ..နေထိုင်သတဲ့..။ တစ်နေ့တော့.. သူ့အမေက..
``သားရေ..တောထဲမှာ..ဟင်းစားသွားရှာခဲ့ကွယ်´´
ဆိုပြီး..``မောင်ရိုး´´လေးကို တောထဲကိုလွှတ်လိုက်သတဲ့..။ အဲဒီတော့ မောင်ရိုးလဲ ယောင်လည်လည်နဲ့ တောထဲကိုထွက်လာခဲ့တာပေါ့။ တောထဲကိုရောက်တော့.. ထောင်ချောက်မှာမိနေတဲ့ ပျိုင်းတစ်ကောင်ကိုတွေ့သတဲ့..။
မောင်ရိုးက..ပျိုင်းရဲ့ အနားကိုကပ်သွားပြီး..
``ဗျိုင်းလေးရေ..ငါနင့်ကိုလွှတ်ပေးလိုက်ရင်.. ငါ့အမေဟင်းအိုးထဲကိုသွားနော်´´
လို့ သေသေချာချာမှာပြီး.. ဗျိုင်းလွှတ်ပေးလိုက်တယ်.. ပြီးတော့
အိမ်ကို အေးအေးဆေးဆေးပဲပြန်လာသတဲ့…။
သူ့အမေက..
``ဟဲ့..မောင်ရိုး..နင်ဘာမှလည်းယူမလာပါလား´´
``ကျနော်လွှတ်လိုက်တဲ့ ဗျိုင်းမရဘူးလားအမေ´´
မောင်ရိုးက..သူမှာလိုက်ရဲ့သားနဲ့ ဗျိုင်းကမလာတာကို အံ့သြနေသေးတယ်..။ သူ့အမေက..
``တုံးလိုက်တာဟယ်.. နောင်ဆိုသေချာမှတ်ထား..နောက်တစ်ခါ..ဒါမျိုးးမြင်ရင်..သေသေချာချာ ဓါးနဲ့အပိုင်းပိုင်းပြတ်အောင်သတ်ပြီး..အိပ်ထဲထည့်ယူလာခဲ့..ကြားလား´´
``ဟုတ်ကဲ့….´´

နောက်တစ်နေ့လဲရောက်ရော..မောင်ရိုးလဲ သူ့အမေခိုင်းတဲ့အတိုင်း..ဟင်းစားရှာဖို့..တောထဲကို..၀င်ခဲ့တာပေါ့..
အဲဒီလိုနဲ့ဟိုဟိုဒီဒီရှာဖွေနေတုန်း သစ်ပင်တစ်ပင်အောက်မှာ.. မှိုကြီးတွေပေါက်နေတာကို..မောင်ရိုးတွေ့သတဲ့..
မောင်ရိုးက..
``ဟဲဟဲ..ဒီတစ်ခါတော့..ငါ့လက်ကလွတ်မလား..ကိုရွှေဗျိုင်းရဲ့…ဟင်´´
အဲဒီလိုပြောပြောဆိုဆိုပဲ မှိုတွေကို ဗျိုင်းထင်ပြီ.. ဓါးနဲ့အားရပါးရပိုင်းပြီး..
အစိတ်စိတ်အမွှာမွှာဖြစ်မှ အိပ်ထဲထည့်ယူလာသတဲ့…သူ့အမေက..
``တုံးလိုက်တာဟယ်..ဒီလိုအပိုင်းပိုင်းပြတ်နေမှ တော့ဘယ်လိုလုပ် ဟင်းချက်လို့ရတော့မှာလဲ…နောက်တစ်ခါဒါမျိုးတွေ့ရင်..အမြစ်ကနေဆွဲနှုတ်ပြီးယူလာခဲ့ကြားလား´´
``ဟုတ်ကဲ့…´´

အဲဒီလိုနဲ့..နောက်တစ်နေ့မှာ..
မောင်ရိုးလဲထုံးစံအတိုင်းတောထဲကို ၀င်ခဲ့တာပေါ့..
တောအုပ်ရဲ့တစ်နေရာကိုအရောက်..သစ်ပင်တစ်ပင်ပေါ်မှာတွယ်နေတဲ့ ပျားအုံတစ်အုံကို..
မောင်ရိုးတွေ့သတဲ့..မောင်ရိုးက…
``ဟာ..ငါတော့ပျားရည်ရပြီဟ..ပွတာပဲ..ငါ့အမေမှာတဲ့အတိုင်း အမြစ်ကနေသွားနှုတ်မှ´´
ပြောပြောဆိုဆို မောင်ရိုးဟာ..ပျားအုံကြီးကို အမြစ်ကနေသွားနှုတ်ပါလေရော..။
ဘာပြောကောင်းမလဲ.. ပျားတွေဝိုင်းတုပ်လိုက်တာ..မောင်ရိုးခမျှာ.. ပုဆိုးတောင်မပါပဲ..
အိမ်ကိုပြန်ပြေးရသတဲ့..။ သူ့အမေက
``တုံးလိုက်တဲ့ငါ့သားရယ်…မှတ်ထား..နောက်ဆို ဒါမျိုးတွေ့ရင် မီးနဲ့မြှိုက်ရတယ်သားရဲ့..
အဲဒါမှ..ပျားတွေထွက်ပြေးမှာပေါ့.´´
``ဟုတ်ကဲ့´´

အဲဒီလိုနဲ့..နောက်တစ်နေ့မှာ..တောအုပ်ထဲကိုပဲ..မောင်ရိုးပြန်လာပါလေရော..
အဲဒီလိုထွက်လာလိုက်တာ.. မောင်ရိုးဟာ..ဘုန်းကြီးတစ်ပါးကိုမြင်သတဲ့..
``ဒီတစ်ခါတော့.. မလွဲစေရဘူး..သေပြီသာမှတ်´´လို့..စိတ်ထဲက ကြုံးဝါးပြီး..
မောင်ရိုးဟာ..ဘုန်းကြီးအနားကို ကပ်သွားသတဲ့.. အနားကိုရောက်မှာ..
ဖြတ်ကနဲ့..မီးဒုတ်ကို..မီးတို့ပြီး..ဘုန်းကြီးရဲ့သင်္ကန်းကို မီးနဲ့လိုက်မြှိုက်သတဲ့..
ဘုန်းတော်ကြီးလည်း သင်္ကန်းမီးစွဲတော့ မြက်ခင်းပေါ်မှာ..လှိမ့်ပြီး မီးသတ်နေတာပေါ့…
မောင်ရိုးကိုကြည့်လိုက်တော့လည်း.. နောက်တစ်ခေါက်ရှို့ဖို့ဟန်ပြင်နေတာတွေ့တာနဲ့..
ဘုန်းတော်ကြီးလဲ..သပိတ်တောင်မကောက်နိုင်ပဲ..ထွက်ပြေးရသတဲ့….သူ့အမေက..
``တုံးလိုက်တဲ့ငါ့သားနှယ်..နောက်တစ်ခါ.. သင်္ကန်းဝါ၀ါမြင်ရင်..ထိုင်ကန်တော့ရတယ်ဟဲ့မှတ်ထား.. ငရိုးရဲ့´´
``ဟုတ်ကဲ့´´

နောက်တစ်နေ့တော့ မောင်ရိုးဟာ ထုံးစံအတိုင်..တောထဲကို ၀င်ခဲ့သတဲ့..
တောအုပ်ထဲမှာ..လျှောက်သွားနေရင်..သူဟာ..ကျားကြီးတစ်ကောင်ငုပ်တုတ်ထိုင်နေတာကို ..
မြင်မိသတဲ့..မောင်ရိုးလဲ..``ဟုတ်ပီ..သင်္ကန်းအ၀ါကြားကြီးနဲ့´´ ဆိုပြီး..
ကျားကြီးကို..ထိုင်ကန်တော့သတဲ့..
ကျားကြီးက..လည်း သိပ်တော့မနုံရှာပါဘူး..မောင်ရိုးကိုတစ်ခါတည်းခုန်အုပ်ပြီး..
ပွဲတော်တည်လိုက်လေသတဲ့…။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Friday, April 11, 2014

ဒုက္ခ

တောအုပ်တစ်ခုရှိ လူသွားလမ်းမ၌ ညောင်ပင်ကြီးတစ်ပင်ရှိ၏။ မျောက်ကြီးတစ်ကောင်သည် ထိုညောင်ပင်ကြီး၌ မှီတင်းနေထိုင်လေ၏။ တောအုပ်ကို ဖြတ်သန်းသွားသော ခရီးသည်တို့လည်း ထိုညောင်ပင်ကြီးအောက်၌ ခေတ္တခဏ အပန်းဖြေလေ့ရှိ၏။ ညောင်ပင်ကြီးအောက်သို့ ခေတ္တ၀င်ရောက် ခိုလှုံကြသော ခရီးသည်တို့သည် မသွားမဖြစ်၍ ခရီးသွားကြ ရသော်လည်း မောပန်းကြသည့်အတွက် `ဒုက္ခ၊ ဒုက္ခ´ ဟူ၍ မြည်တမ်းကြသည်ကို မျောက်ကြီးကြားလျှင်
``ညောင်ပင်ကြီးအောက်သို့ ၀င်ရောက်နားလေ့ရှိကြသော ခရီးသည်အပေါင်း အများဆုံးပြောဆိုလေ့ရှိသော စကားမှာ`ဒုက္ခ´ ဖြစ်သည်။ ဤ `ဒုက္ခ´ဟူသော စကားသည် အလွန်ကောင်းဟန်တူသည်။ အကြောင်းသိရအောင် ငါစုံစမ်းအံ့´ ဟူ၍ ကြံစည် စိတ်ကူးမိလေသည်။

တစ်နေ့သောအခါ လူတစ်ယောက်သည် သစ်ပင်အောက်သို့ရောက်လာ၍ ခေတ္တအပန်းဖြေကာ `အော် ဒုက္ခ၊ ဒုက္ခ´ ဟူ၍ ညည်းတွားလေ၏။ မျောက်ကြီးသည် သစ်ပင်ပေါ်မှဆင်းလာကာ `အဆွေ၊ ဒုက္ခဆိုတာဘာကိုခေါ်ပါသလဲ၊ ကျွန်ုပ်အား
ဒုက္ခရှိလျှင် ဒုက္ခပေးစမ်းပါ´ ဟူ၍ တောင်းဆိုလေ၏။ ခရီးသည်လည်း `ဒုက္ခဆိုတာ မကောင်းဘူး´ ဟူ၍ ပြောလေ၏။ မျောက်ကြီးက မကျေနပ်၍ ဒုက္ခကို ထပ်မံတောင်းဆိုသော် ခရီးသ်ညက `ဒုက္ခအကြောင်း ကောင်းကောင်းသိချင်ရင်
တောအုပ်အ၀င်က ဘုန်းတော်ကြီးကျောင်းမှာ သွားမေးပေတော့´ ဟုပြော၍ မျောက်ကြီးလည်း သဘောတူကာ တောအုပ် အ၀င်ရှိ ဘုန်းကြီးကျောင်းသို့ သွားလေ၏။ ဘုန်းတော်ကြီးကျောင်းသို့ ရောက်သောအခါ ဘုန်းတော်ကြီးမှာ ခရီးထွက်သွား
သောကြောင့် ဘိုးသူတော်နှင့်သာတွေ့ရလေ၏။ ဘိုးသူတော်က `အဆွေမျောက်ကြီး၊ ဘာကိစ္စရှိ၍ ကျောင်းကို လာပါသလဲ´ ဟု မေးမြန်းရာ မျောက်ကြီးက `ဒုက္ခဆိုတာဘာလဲ သိချင်လို့ ကျောင်းကိုလာတာပါ။ ဘုန်းတော်ကြီးမရှိရင် သင်ပဲ
ကျွန်ုပ်ကို ဒုက္ခပေးစမ်းပါ´ ဟု ဆိုလေ၏။ ဘိုးသူတော်က `ဒုက္ခဆိုတာမကောင်းဘူး မလိုချင်နှင့်´ ဟု ပြောသော်လည်း
မရဘဲ အကြိမ်ကြိမ်တောင်းဆိုသဖြင့် `ကောင်းပြီ၊ ဒုက္ခထုပ်ကြီးကို သင့်ကိုပေးလိုက်မယ်၊ ဒါပေမယ့် အဲဒီဒုက္ခထုပ်ကြီးကို
ချက်ချင်းမကြည့်ရဘူး။ သစ်ပင်တစ်ပင်မှမရှိတဲ့ လွင်ပြင်ထဲ့ကျမှ ကြည့်ရမယ်´ ဟု ဆိုပြီး ဘိုးသူတော်ကခွေးတစ်ကောင်ကို အိတ်ထဲထည့်၍ ထုပ်ပေးလိုက်၏။

မျောက်ကြီးမှာ ဒုက္ခတော့ရပြီဟုဆိုကာ ၀မ်းသာအားရနှင့်အထုပ်ကြီးထမ်းကာ တောစပ်မှ လွင်ပြင်သို့ ထွက်လာခဲ့လေ၏။
ဘိုးသူတော်မှာလိုက်သည့်အတိုင်း သစ်ပင်တစ်ပင်မှ မရှိသည့်လွင်ပြင်အလယ်သို့ရောက်သည့်အခါ ဒုက္ခထုပ်ကြီးဖွင့်လိုက်ရာ
အထဲမှခွေးသည်ထွက်၍ မျောက်ကြီးကိုလိုက်ကိုက်လေ၏။ မျောက်ကြီးလည်း သစ်ပင်တစ်ပင်မှမရှိသော လွင်ပြင်ဖြစ်၍ သစ်ပင်ရှိရာ တောစပ်ရောက်အောင် မော်ကြီးပန်းကြီးပြေးရလေတော့သည်။

တောစပ်ရှိသစ်ပင်ရောက်မှ မျောက်ကြီးလည်းသက်ပြင်းချကာ `အမယ်လေးမောလိုက်တာ၊ ဒုက္ခဆိုရင်ကြောက်ပါပြီ´ ဟု
ညည်းတွားလေတော့သတည်း။

ဆောင်ပုဒ်-
လက်တွေ့လောက
ကြုံတွေ့မှ
ဒုက္ခသိမည်မှတ်။


ပလိုင်းကြီးကြီး

တစ်ခါက ငါးမျှားသူ၂ဦးကန်စပ်မှာဆုံကြတယ်တဲ့။

ပထမလူက ငါးခပ်အရွယ် ခပ်လတ်လတ် တစ်ကောင်မိပါလေရော။ သူက ငါးကို ငါးမျှားချိတ်က ဖြုတ်ပြီး ဆကြည့်တယ် ။ ပြီးတော့ ခေါင်းခါပြီး ရေထဲပြန်လွှတ်လိုက်တယ်။

နောက်တစ်ခါ ငါးကြီး တစ်ကောင် ထပ်မိပြန်တယ်။ ပြန်လွှတ်လိုက်ပြန်ရော။

နောက်တစ်ခါငါးအကြီးကြီး တစ်ကောင်မိတော့လည်း ပြန်လွှတ်လိုက်ပြန်တယ်။

ဒီအခါမှာ ဒုတိယလူက မေးတယ်။ ခင်ဗျား တော်တော်လောဘကြီးတယ်ထင်တယ် ငါးအကြီးကြီးတွေမိတာတောင် မကြိုက်လို့ပြန်လွှတ်တယ်ဟုတ်လား။ ပထမလူက ပြန်ဖြေတယ်။

ကျုပ်ယူလာတဲ့ ပလိုင်းက သေးနေလို့ပါဗျာတဲ့။

စာရေးသူတို့ လုပ်ငန်းခွင်ထဲမှာလည်း ပထမလူလိုလူတွေ ရှိနေပါတယ်။ သူတို့ကတော့ အခွင့်အလမ်းတွေကို ဆုပ်ကိုင်ဖို့ အဆင်သင့်ဖြစ်မနေသူတွေပါပဲ။ လုပ်ငန်းခွင်ထဲမှာ တာဝန်ကြီးကြီးတွေ ရှိနေတတ်တယ်။ ကိုယ့်မှာက တာဝန်ကိုယူဖို့ အရည်အချင်းက မလုံလောက်သေးဘူး။ အဲဒီတော့ ဒီတာဝန်ကို အရည်ချင်းပိုရှိသူက ရသွားတယ် ။ အကောင်းဆုံးဆောင်ရွက်ပြပြီး ရာထူးတွေ တက်သွားတယ်။ ကိုယ်နဲ့အတူတူအလုပ်ဝင်တဲ့သူ ဒါမှမဟုတ် နောက်မှဝင်တဲ့လူက ရာထူးတက်သွားတာကြုံဖူးကြမှာပါ။ အဲဒီအခါမှာ အထက်လူကြီးကို အပြစ်တင်တယ်။ တဖက်လူကိုတော့ မနာလိုမုန်းတီးတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ ပြန်သုံးသပ်ဖို့ မေ့နေတတ်တယ်။ ကိုယ့်ပလိုင်းကိုကိုယ်ပြန်ကြည့်ပါဦး။
ဘယ်အရွယ်လဲလို့။ သေးရင် ပလိုင်းကြီးကြီးရှာရမယ်လေ။ အခွင့်အလမ်းတွေကို အမိအရဆုပ်ကိုင်နိုင်ဖို့ပေါ့။

ဝင်းထိန် (အင်းစိန်) လေးစားစွာ ရေးသားပါသည်။

လုပ်ငန်းခွင်တွင် မတိုးတက်သည့် အကြောင်းတရားများ

ပညာမာန ထားခြင်း

အိုင်တီလောကမှ ရယ်လို့ မဟုတ်ပါဘူး။ ဘယ် ပညာရပ်နဲ့ လုပ်ငန်းမှာပဲ ဖြစ်ဖြစ်ပါ။ ကိုယ် မသိလို့ သိတဲ့သူဆီမှာ မေးမြန်းချည်းကပ်တဲ့ အခါ ငါက ဘာဘွဲ့ရထားတာ၊ ငါက ဘယ်လို အရည်အချင်းရှိတာ ဆိုတဲ့ မာန မျိုး၊ အတွေးမျိုး ဝင်နေရင် ကိုယ် ဘာမှ မတတ်တော့ပါဘူး။ အိပ်ချင် ယောင်ဆောင်တဲ့ သူကို နိုးရခက်သလို၊ မသိပဲ သိချင်ယောင်ဆောင် နေတဲ့သူကို သင်ရ၊ ပြောပြရ၊ ရှင်းပြရ အတော်ခက်ပါတယ်။ ဒီတော့ ရလဒ်ကတော့ ပညာ မာန ထားသူဟာ လုပ်ငန်းခွင်မှာ မကျရှုံးရင်တောင် မတိုးတက်တော့ပါဘူး။

လောဘကြီးခြင်း

လောဘဆိုတာ ဒီလိုပါ။ အချို့ က ကုမ္မဏီပိုင်ရှင်၊ စီးပွားရေး လုပ်ငန်းရှင်၊ သူဌေး အစရှိသဖြင့် ဖြစ်ချင်နေကြပါတယ်။ သို့ပေမယ့် ဝန်ထမ်းကောင်း၊ နောက်လိုက်ကောင်း တစ်ယောက် ဖြစ်အောင် လေ့လာ ကျင့်ကြံ အားထုတ်ဖို့ကျ မကြိုးစားကြပါဘူး။ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ချင်သူက အရင်ဆုံး နောက်လိုက်ကောင်း ဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်ကနေ ကန့်လန့်တိုက်ပြီး ဆက်တိုက်လိုက်တာတဲ့ သူကို ခေါင်းဆောင်အဖြစ် ခန့်အပ်တဲ့အခါ ယင်း အဖွဲ့အစည်းဟာ မအောင်မြင် နိုင်တော့ပါဘူး။

ဒေါသ ထားခြင်း

ဒေါသဆိုတာ အမှန်တော့ ကပ်သွက်တာပါ။ သင်ကောင်းလျှင် ကျုပ်မဆိုးပါ။ သင်ဆိုးလျှင် ကျုပ်ဆိုးမည် ဆိုတော ဒေါသကြီးသူတို့ လုပ်ရပ်ပါ။ ဘယ်လုပ်ငန်းခွင် မှာမဆို ဒီလိုပဲ သူက ဒီလောက်ပဲလုပ်လို့ ငါလည်း ဒီလောက်ပဲ လုပ်မယ်။ ငါဒီလောက်လုပ်တာကို သူတို့အသိအမှတ်မပြုလို့ ငါ မလုပ်တော့ဘူး အစရှိသဖြင့် ဒေါသထားခြင်းကလည်း လုပ်ငန်းခွင်မှာ ကျရှုံး စေပါတယ်။


ပျင်းရိခြင်း

အချို့ က သိသိသာသာပျင်းပါတယ်။ အချို့ က မသိမသာ ပျင်းပါတယ်။ အချို့  က ပျင်းပေမယ့် မပျင်းချင်ယောင်ဆာင် တတ်ပါတယ်။ ဒီလောက်ခိုင်းလို့ ဒီလောက်ပဲ ပြီးအောင်လုပ်မယ်။ သူခိုင်းတာလောက်ပဲ လုပ်မယ်။ အစရှိသဖြင့် ခိုင်းတာပဲ လုပ်တတ်နေသူဟာ အခိုင်းခံသူပဲ ဖြစ် မှာပါ။ ခိုင်းမယ့်သူ ဖြစ်မလာပါဘူး။

ဆက်ဆံရေး ညံ့ဖျင်းခြင်း

လုပ်ငန်းခွင်မှာ ဆက်ဆံရေးကလည်း အင်မတန် အရေးကြီးပါတယ်။ ဘယ်လောက်ပဲ တော်တယ်ပြောပြော၊ တတ်တယ်ပြောပြော ကိုယ့်မှာ ရှိတဲ့ အရည်အချင်းကို တစ်ဖက်သား သိအောင် ထုတ်ဖော်မပြောတတ် တာတွေ၊ ပြောတော့လည်း တစ်လွဲပြောတာတွေ အစရှိသဖြင့် ဆက်ဆံရေး ညံ့ဖျင်းမှုများကလည်း လုပ်ငန်းခွင်မှာ မတိုးတက် စေပါဘူး။

လေ့လာဆည်းပူးမှု မရှိခြင်း

ဆက်လက်လေ့လာဆည်းပူးမှုမရှိဘူး။ လုပ်တဲ့အလုပ်မှာလဲ ပေးအပ်တဲ့ တာဝန်က လွဲလို့ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာမှု မရှိရင်လည်း မတိုးတက် ပါဘူး။

...
လုပ်ငန်းခွင်မှာ မတိုးတက်စေမယ့် အချက်များကို ရေးသား မျှဝေ ပေးလိုက် ရပါတယ်။
.
အောင်ခမ်း (TSJ team)

ဝန်ထမ်း + Attitude = အလုပ်ရှင်

ဝန်ထမ်း = ၀န်ထမ်း
ဝန်ထမ်း + Attitude = အလုပ်ရှင်

လခစား ၀န်ထမ်းတော်တော်များများတွေး တတ်ကြတာက
‘ငါဘယ်တော့များမှ ၀န်ထမ်းဘ၀ကလွတ်မလဲပေါ့’..
‘ငါဘယ်တော့များမှ အလုပ်ရှင် ဖြစ်လာမလဲ…’
အလုပ်ရှင်ဖြစ်လာဖို့အတွက် Attitude (စိတ်နေစိတ်ထား) ကောင်းဖို့လိုပါတယ်
ဝန်ထမ်းဆိုတာ အလုပ်ရှင်အတွက်အလုပ်ပေးနေတာမဟုတ်ပါဘူး
အလုပ်ရှင် က ငွေအင်အား Investment နှင့် Management စိုက်ထုတ်ပါတယ်
ဝန်ထမ်းတွေက ကာယအား ဥာဏအား စိုက်ထုတ်ပါတယ်
အလုပ်ရှင် ၊ ၀န်ထမ်း နှစ်ဦးလုံးက လုပ်ငန်းအောင်မြင်ဖို့ ဦးတည်ဆောင်ရွက်ရပါမယ်
လက်ရှိကာလ မြန်မာပြည်မှာ အလုပ်ရှင်ကသာ လုပ်ငန်းအောင်မြင်ဖို့ကြိုးစားနေပြီး
ဝန်ထမ်းတွေက လစာထုတ်ဖို့ လစာတိုးဖို့ အောက်ဆိုက်ရဖို့ကိုသာ ဦးတည်နေကြပါတယ်
ဒါဟာမှားယွင်းတဲ့ စိတ်ဓါတ် (မှားယွင်းတဲ့ Attitude) ပါ။
ဝန်ထမ်းတွေအလုပ်မလုပ်ဘဲ ထိုင်နေရင် လကုန်တော့ဘယ်က ၀င်ငွေ ဘယ်က အမြတ်နဲ့ လစာပေးရမလဲmmအလုပ်ရှင်ကရော လတိုင်းစိုက် ပေးမလား။
ကြာရင် လုပ်ငန်းတစ်ခုလုံးရပ်ဆိုင်းသွားမှာပေါ့
ဒီလုပ်ငန်းမရှိတော့ရင် ၀န်ထမ်းတွေ အလုပ်ပြုတ်ပြီပေါ့ ။
အလုပ်ရှင်ကတော့ တခြားလုပ်ငန်းတစ်ခုအသစ်ထပ်လုပ်မှာပေါ့။

ကဲဘယ်သူ နစ်နာသွားလဲ ????????

ဒါဆို ၀န်ထမ်းတွေ ထားရမယ့် Attitude (စိတ်နေစိတ်ထား) က ‘မိမိသည် အလုပ်ရှင်ဖြစ်သည်’ ဆိုတာပါပဲ
ဝန်ထမ်းဆိုပေမဲ့ အလုပ်ရှင်စိတ်ထားပြီး ၀င်ငွေတိုးတက်ရရှိအောင် အလေအလွင့်နည်းပါးအောင် ဆောင်ရွက်ရပါမယ်။
မိမိရဲ့ လုပ်နိုင်စွမ်းရည် (Ability) ကို အပြည့်အ၀ အသုံးပြုပါ.။
တချို့က ကိုယ့်ထက် လစားများတဲ့သူတောင် ဘာမှမလုပ်တာ ငါလည်းမလုပ်ဘူးဆိုတာတို့
တချို့က ပေးတဲ့လစာနည်းလို့ နည်းနည်းပဲလုပ်မယ် တို့ မဖြစ်သင့်ပါဘူး
မလုပ်တဲ့သူကို လုပ်ချင်လာအောင်စည်းရုံးပါ ။လစာနည်းရင်အလုပ်ရှင်နဲ့ ပွင့်ပွင့်လင်းလင်းပြောပါ။
ကိုယ့် အထက်လူကြီးက အလုပ်မလုပ်ရင်လဲ လုပ်ချင်အောင်စည်းရုံးပါ။ဒါ (Upward Management) ပါ။

အချိန်မဖြုန်းပါနဲ့။
မိမိအချိန်ရော သူတစ်ပါးအချိန်ပါ မဖြုန်းတီးပါနဲ့
အလုပ်ချိန်အတွင်း မလိုအပ်ဘဲ Facebook, Internet သုံးခြင်းက မိမိအတွက်အချိန်ကုန်သလို
အခြားအလုပ်တွက် Internet သုံးနေသူတွေ Connecton ကျသွားနိုင်စေပါတယ်။

လုပ်ငန်းခွင် မှာ အလေအလွင့်နည်းအောင် လုပ်ပါ။
ဈေးနှုန်း သက်သာပြီး အရည်အသွေးကောင်းတာကိုသုံးပါ။
ဈေးအမှန်အတိုင်းသာ စာရင်းပြပါ။ ( အရင်းများလျှင် အမြတ်နည်းလိမ့်မည်)
၁၀၀၀ တန် ပစ္စည်း ကို ၁၅၀၀ ပေးမ၀ယ်ပါနဲ့။( ၅၀၀ မရှာနိုင်ဘဲ ၅၀၀ အပိုမဖြုန်းပါနဲ့)
(အောက်ဆိုက်မရှာပါနဲ့)
A4 စက္ကူတစ်ရွက် ကအစ မလေလွင့်ပါစေနှင့်။
အမှိုက် ဖွခြင်းဟာလည်း သန့်ရှင်းရေးစရိတ်ကို ပိုမိုကုန်ကျစေပါတယ်။

ဝင်ငွေထွက်ငွေ မှန်ကန်ပါစေ။
ဝင်ငွေဘယ် လောက်များများ အသုံးစရိတ်အရမ်းများနေရင် အရှုံးပေါ်မှာပါဘဲ။
လုံလောက်တဲ့ဝင်ငွေပမာဏမရှိရှင်လည်း အရှုံးပေါ်မှာပါဘဲ။
မိမိရှာသမျှဟာ မိမိအလုပ်အောင်မြင်ဖို့ အရှည်တည့်တံ့ခိုင်မာဖို့ပါဘဲ။

ဝန်ထမ်းအားလုံး ကောင်းမွန်တဲ့ Attitude ရှိကြပါစေ။

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...