Monday, September 30, 2013

ရွှေတိဂုံစေတိတော်အံ့ဖွယ်၉ပါး

၁။ပတ္တမြားမျက်ရှင် ဘုရား
၂။ဝိဇ္ဇာဇော်ဂျီ ဘုရား
၃။ရှင်စောပု ဘုရား
၎။ဆံတော်တွင်း ရုပ်ပွားတော်
၅။ရှင်အဇ္ဇာဂေါဏ ဘုရား
၆။ဘိုးဘိုးအောင် ဂူဘုရား
၇။ရှင်မထီး ဘုရား
၈။လက်ပက်လက်ဘုရား
၉။ပြဒါးရှင် ဘုရား
တို့ဖြစ်ကြသည်။


(၁) တ၀ဂူ ဆုတောင်းပြည့်ဘုရား (သို့) ပတ္တမြားမျက်ရှင်ဘုရား (အံ့ဖွယ် ၁ -တနလာင်္ထောင့်)

ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အေ၇ှ့ ဘက်တည့်တည့်တွင် တည်ရှိသည်။ ထိုတ၀ဂူဘုရားသို့ အမျိုးသားများသာလျှင် တက်ရောက်ဖူးမြော်ခွင့်ရပြီး၊ အမျိုးသမီးများ မဖူးမြော်နိုင်သော ဘုရားဟုလည်း ဆိုလျှင် မှားမည်မဟုတ်ပေ။ တ၀ဂူ ပတ္တမြားမျက်ရှင်ဘုရားဟုလည်းခေါ်တွင်လေသည်။ဆုတောင်းပြည့် တ၀ဂူုဘုရားသည် အလွန်တန်ခိုးကြီးသည့်အတွက် ဆုတောင်းပြည့်သည်ဟု အလွန်ယုံကြည်ကြသည်။ ရှေးအခါက မင်းညီမင်းသားများသည် တ၀ဂူ ဆုတောင်းပြည့် ဘုရားကို တက်ပြီးဆုတောင်းဆုယူပြုလုပ်ကြသည်။ သစ္စာအဓိဌာန်ပြုလုပ်ကြသည်။ ပြုလုပ်သည့်အတိုင်း အောင်မြင်ကြသည်။ အချင်းချင်းသတ်ဖြတ်ပြီး နန်းရပ်ထီးဖြူလုယူကြသည်။ ထီးနန်းအုပ်ချုပ်မင်းလုပ်ကြသည်။ သို့အတွက် အချင်းချင်းမသတ် ဖြတ်စေရန် ကြီးစဉ်ငယ်လိုက် မင်းလုပ်စေရန်အတွက် မင်းညီမင်းသားများ တ၀ဂူဆုတောင်းပြည့်ဘုရား မဖူးမြော်ရဟု ဘုရင်များက အမိန့်စာချွန်တော်ထုတ်ပြန်ခဲ့ရေ လသည် ဟုမှတ်သားခဲ့ရဖူးပါသည်။ ထို့ကြောင့် တ၀ဂူဘုရားကို လူတိုင်း အလွယ်တကူ မဖူးမြော်နိုင်စေရန် ဆုမတောင်းနိုင်ကြစေရန် တ၀ဂူဘုရားကို အထက်ပစ္စယံ လူသူအရောက်အပေါက်နည်း သော နေရာတွင်လျှို့ဝှက် တည်ထားကိုးကွယ်ကြသည်ဟု ပြောသမှတ်ပြုကြပါသည်။

(၂) ၀ိဇ္ဖာဇော်ဂျီဘုရား (အံ့ဖွယ် ၂ -- နေလဘုရားအရှေ့ဘက်မှာရှိပါတယ်... ဒီဘုရားကပန်းမဦးဘူးလို.သိရပါတယ် ... ဘယ်လောက်စောစောထပြီးပန်းလှူလှူ. . ပန်းလှူပြီးသားဖြစ်နေတာကိုပဲတွေ .ရလို.ပါတဲ့ )

ရွှေတိဂုံကုန်းတော် ရင်ပြင်တော် စနေထောင့်တည့်တည့်တွင် တည်ရှိသည်။ စေတီငယ်ပေါ်တွင် ဇော်ဂျီရုပ်များ ပြုလုပ်ထား သည်ကို တွေ့ရသည်။ လောကီပညာရပ် အစီအမံဖြင့်ပြုလုပ်ထားသည့် ဘုရားဟု သိရှိရလေသည်။

(၃) ဆုတောင်းပြည့်ဘုရား (အံ့ဖွယ် ၃ - ရှင်စောပုဘုရား ....၁၂ရာသီပတ်လုံးပန်းပွင့်ပါတယ်တဲ့)

ရွှေတိဂုံ ရင်ပြင်တော် ရာဟုထောင့် သံတန်ဆောင်းကြီး နံဘေးတွင်တည်ရှိတသည်။ အချို့ က ဘားလးဘားဘုရားဟုခေါ် ကြသည်။ ရှင်စောပုစေတီဟုလည်းတွင်သည်။ ဘုရားအနီးတွင် စကားစိမ်း၊ စကားဝါစသော စကားပင်လေးပင်ရှိသည်။

(၄) ရှင်မထီးဘုရား (အံ့ဖွယ် ၇ --ပညာရေးကောင်း)

ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရားမြောင်ဘက် အာရုံခံတန်ဆောင်း (ရှင်မထီးတန်ဆောင်း) တွင်းရှိဘုရားဖြစ်သည်။ နှစ်ပေါင်း ၁၀၀၀-ခန့်က ရှင်မထီးဆရာတော် တည်သွားသည့်ဟုပြောသည်။

(၅) ရှင်အဇ္ဖဂေါဏဘုရား (အံ့ဖွယ် ၅ --- ရှင်အဇ္ဖဂေါဏ နဲ.ရှင်မထီးဆရာတော် ကိုတော်၂များများကတစ်ပါးထဲလို. မှားတတ်ကြ ပါတယ်... ရှင်အဇ္ဖဂေါဏက ပုဂံပြည်ကိုပထမဆုံးစတည်ထောင် တဲ့ သမုဒ္ဒရာဇ်မင်းလက်ထက်မှာပေါ် ခဲ့တဲ့ဆရာတော်ပါ.... ရှင်မထီး ဆရာတော်ကတော့ ပျူစောထီးမင်း လက်ထက်မှာပေါ်ပေါက် ခဲ့တဲ့ဆရာတော်ပါ.. အဂ္ဂိရိတ်သမားတွေအတွက်အလွန်အားထားရတဲ့ ရှင်မထီးကျမ်းကိုပြုစုခဲ့တဲ့သူပါ.)

ရွှေတိဂုံဘုရား ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရား၏ တောင်ဘက် အာရုံခံတန်ဆောင်းတွင်း ရုပ်ပွားတော်ဖြစ်သည်။ ရှင်အဇ္ဖဂေါဏကား ဆိတ်မျက်လုံးတစ်ဖက်၊ နွားမျက်လုံးတစ်ဖက် ရှိသော ကိုယ်တော်ဟု ထင်ရှားသည်။ အဂ္ဂိရပ်တန်ခိုးဖြင့် ပုဂံခေတ်က ရွှေမိုး ငွေမိုး ရွာအောင်စောင်မခဲ့သော ကိုယ်တော်ဟုလည်းေ၇ှးဟောင်းသမိုင်းစာပေတို့တွင် ဆို၏။ ဆရာတော်က ၄င်းတည်ခဲ့မှန်း လူများသိစေရန် မျက်လုံးတော်တစ်ဖက်ကျဉ်း၊ တစ်ဖက်ကျယ် ထုလုပ် သွားကြောင်းအဆိုရှိသည်။ ထိုအာရုံခံတန်ဆောင်း ရာဟုထောင့် (၀ါ) အနောက်မြောက်ထောင့်ရှိ ရုပ်ပွါးတော်မှာ မျက်လုံးတော် တစ်ဖက်ကျဉ်း၊ တစ်ဖက်ကျယ် အရွယ်ချင်းမတူအောင်ပြုလုပ်ထားလေ သည်။

(၆) ဆံတော်တွင်းရုပ်ပွားတော် (အံ့ဖွယ် ၄ -လပြည့်လကွယ်နေ.များတွင်ရေသံကြားရသည်ဟုဆိုကြပါသည်)

ရွှေတိဂုံရင်ပြင်တော် မြောက်ဘက်တွင်ရှိသော ဆံတော်တွင်း တန်ဆောင်းအတွင်းတွင် တည်ရှိသည်။ ဆံတောင်တွင်းတန်ဆောင်းမှာ ဒဂုံခင်ခင်လေး၏ ကောင်းမှုဖြစ်သော မဟာဗောဓိစေတီ၏ အနောက်ဘက် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ ရွှေတိဂုံစေတီကို တည်စဉ်က ဆံတော်များဆေးကြောသည့် တွင်းဖြစ်သည်ဟု မှတ်သားကြလေသည်။

တန်ဆောင်းတွင်းရုပ်ပွားတော်အနော က်တွင် ယခင်နှစ်ပေါင်း (၅၀)ကျော်က ဆံတော်တွင်းသို့ဆင်းရာ ဥမင်လိုဏ်ခေါင်းရှိသည်ဟု ပြောစမှတ်ရှိသည်။ ဆံတော်တွင်းမှ ရေသည် ဧရာဝတီမြစ်ရေနှင့် တစ်ကြောတည်းဖြစ်သဖြင့် ဒီရေအတက်အကျရှိတိုင်း ဆံတော်တွင်းတွင်လည်း အတက်အကျရှိသည်ဟု ဆိုကြသည်။ ဆံတော်တွင်း အုတ်ပြသာဒ်ကို ငုံပြီး ၁၈၇၉ ခုနှစ်က တန်ဆောင်း ဆောက်လုပ်ခဲ့လေသည်။

(၇) ဘိုးဘိုးအောင်ဘုရား (အံ့ဖွယ် ၆ - ဘိုးဘိုးအောင်ဂူဘုရား)

ရွှေတိဂုံစေတီတော် အရှေ့မုခ် အနီးရှိ ဘိုးဘိုးအောင်တန်ဆောင်း ဘုရားပင်ဖြစ်သည်။ ထိုတန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်ကို ဘိုးဘိုးအောင် တည်ရစ်သည်ဟု ပြောစမှတ်ရှိသည်။ ဘိုးဘိုးအောင်တန်ဆောင်းအနောက်ဘက်တွင် ကျောချင်းကပ်လျှက် ရှိသည်ကား ဓမ္မစေတီ၏ ကောင်းမှုတောင်စေတီဖြစ်သည်။ ဓမ္မစေတီဘုရားရှေ့တွင် ခြင်္သေ့နှင့် ကျားရုပ်ရှိသည်။

(၈) လက်ပက်လက်ဘုရား (အံ့ဖွယ် ၈ - တနလာင်္ထောင့်မှာ ရှိပါတယ်.. .လာဘ မုနိ ဘုရားလို.လဲခေါ်ပါတယ်.. ကျန်းမာရေးညံ့ရင် ထိုဘုရားမှာ ဆုတောင်းပါတဲ့)

ရွှေတိဂုံစေတီတော်အရှေ့မုခ် အာရုံခံတန်ဆောင်းအတွင်းတွင် ရှိ၏။ ကကုသန်ရုပ်ပွားတော်ဖြစ်သည်။လိုဏ်အတွင်းရှိကကုသတ်ဘုရားရှင် ရုပ်ပွားတော်၏ လက်ယာဘက် လက်တော်မှာ အခြားဘုရားများ ထုစဉ်ကဲ့သို့ လက်မှောက်ခုံမဟုတ်ဘဲ လက်တော်ပက်လက်ထားပြီး ထုထားသဖြင့် လက်ပက်လက်ဘုရားဟုခေါ်ဝေါ်လေ့ရှိလေ သည်။

(၉) ပြဒါးရှင်ဘုရား (အံ့ဖွယ် -၉)

ရွှေတိဂုံရင်ပြင်တော် အရှေ့မုခ်နှင့် အင်္ဂါထောင့်အကြားရှိစေတီတစ်ဆူ၏ တောင်ဘက်မုခ်အတွင်းရှိ ကြေးဆင်းတုတော်ဖြစ်သည်။ အလွန်အချိုးအစားကျနပြေပြစ်လှသည် ။ နဖူးတော်တွင် မို့မောက်နေပြီး ပြဒါးရှင်လုံးဌာပနာထားသည်ဟု ပြောစမှတ်ရှိ၏။ ပြဒါးရှင်လုံးရှိသည် မရှိသည်ကား အသေအချာ မသိရသော်လည်း အဆိုပါကြေးဆင်းတုတော်မှာ ရွှေတိဂုံကုန်းတော်ပေါ်ရှိ ဆင်းတုတော်များအနက် အလွန်ကြည်ညိုဖွယ်ကောင်းလှသော ဆင်းတုတော်ဖြစ်ကြောင်းကို ဖူး ဖူးသူတိုင်း ၀န်ခံရပေသည်။


ထိုအံ့ဖွယ်၉ပါးအပြင်နေလဘုရား၊ပိတုန်း၂ကောင်ကိုတစ်ဖက်စီကိုင်ပြီဆုတောင်းရသောဘုရားများလည်းရှိသေးသည်။ရွှေတိဂုံရောက်သည့်အခါစုံအောင်ဖူးနိုင်ပါစေ။

မြန်မာနိုင်ငံ၏သမ္မတများ

၁။စ၀်ရွှေသိုက်(၁၈၉၆-၁၉၆၂)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတ အဖြစ် လူသိများ
လေသည်။သမ္မတတာဝန်ကို (၄.၁.၁၉၄၈)မှ (၁၆.၃.၁၉၅၂)ထိ ထမ်းဆောင်ခဲ့
သည်။စ၀်ရွှေသိုက်ကို ၁၈၉၆ခု အောက်တိုဘာလ ၁၆ရက် သောကြာနေ့
ရှမ်းပြည်နယ် ညောင်ရွှေမြို့ အဖ စ၀်ချုံ၊အမိ ဒေါ်စ၀်နန်းဆာတို့မှ ဖွားမြင်သည်။ငယ်အမည်မှာ စပ်ရွှေဆိုက် ဖြစ်ကာ ရှမ်းတိုင်းရင်းသား
ဖြစ်လေသည်။၁၉၃၇ခု၊ဇွန်လတွင် မြောက်ပိုင်းသိန္နီစော်ဘွား ၏နှမတော် စ၀်ဟုန်ခမ်းနှင့် လက်ထပ်ခဲ့ပြီး သားသမီး၁၁ယောက် ထွန်းကားခဲ့သည်။ စ၀်ရွှေသိုက်သည် (၂၁.၁၁.၁၉၆၂) အသက်၆၆နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x


၂။ဒေါက်တာဘဦး(၁၈၈၇-၁၉၆၃)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၁၆.၃.၁၉၅၂)မှ (၁၃.၃.၁၉၅၇)ထိ ထမ်းဆောင်ခဲ့
လေသည်။ဒေါက်တာဘဦးကို ၁၈၈၇ခု မေလ ၂၆ရက် ကြာသပတေးနေ့
ဧရာဝတီတိုင်း။ပုသိမ်မြို့တွင် အဖ ဦးဘိုးလှ၊အမိ ဒေါ်ညွန့် တို့မှ ဖွားမြင်ခဲ့
သည်။မွေးချင်းကိုးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ဘိုးဘေးများမှာ
မင်းမျိုးမင်းနွယ်ဖြစ်လေသည်။၁၉၁၃ခုတွင် ဒေါ်ငြိမ်းငြိမ်းနှင့်လက်ထက်ပြီးသား၂ယောက်ထွန်းကားခဲ့သည်။၁၉၂၂တွင် ဒေါ်ငြိမ်းငြိမ်း အဆုတ်ရောဂါနှင့်
ကွယ်လွန်ပြီးနောက် ၁၉၂၃တွင် ဒေါ်အေးနှင့်လက်ထက်ခဲ့ရာ သားသမီး
၅ယောက်ထွန်းကားခဲ့သည်။ဒေါက်တာဘဦးသည် (၉.၁၁.၁၉၆၃) အသက် ၇၆နှစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
x x x x x x x x


၃။ဦးဝင်းမောင်(ခ)မန်းဝင်းမောင်(၁၉၁၆-၁၉၈၉)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တတိယမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၁၃.၃.၁၉၅၇)မှ (၂.၃.၁၉၆၂)ထိ ထမ်းဆောင်ခဲ့သည်။ဦးဝင်းမောင်ကို ၁၉၁၆ခု၊ဧပြီလ၊၁၇ရက် တနင်္လာနေ့
ပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်၊လှည်းဆိပ်ရွာတွင် အဖဦးရွှေရင်၊အမိဒေါ်သာယာ
တို့မှ ဖွားမြင်ခဲ့သည်။ကရင်တိုင်းရင်းသားဖြစ်ကာ နိုင်ငံရေးတွင် မန်းဝင်းမောင်ဟု ထင်ရှားလေသည်။၁၉၄၂ခုတွင် ဒေါ်မြမေနှင့် လက်ထပ်ကာ
သားသမီး ၆ယောက် ထွန်းကားခဲ့သည်။မန်းဝင်းမောင်သည် (၄.၇.၁၉၈၉)
အသက်၇၃နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x


၎။ဦးနေ၀င်း(၁၉၁၁-၂၀၀၂)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ စတုတ္ထမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၂.၃.၁၉၇၄)မှ (၉.၁၁.၁၉၈၁)ထိ ထမ်းဆောင်ခဲ့သည်။ရဲဘော်သုံးကျိပ်ဝင် တစ်ဦးလည်း ဖြစ်လေသည်။
ဦးနေ၀င်းကို ၁၉၁၁ခု၊မေလ၊၂၄ရက်၊ဗုဒ္ဒဟူးနေ့၊ ပြည်ခရိုင်၊ပေါင်းတလည်မြို့
တွင် အဖဦးဖိုးခ ၊အမိဒေါ်မိလေးတို့မှ ဖွားမြင်သော သားဦးဖြစ်လေသည်။
ငယ်အမည်မှာ မောင်ရှုမောင်ဖြစ်သည်။ပထမဆုံး ဒေါ်သန်းညွန့်နှင့်လက်ထက်ကာ သား၁ယောက်၊ဒုတိယ ဒေါ်တင်တင်နှင့်လက်ထက်ကာ သား၂ယောက်၊တတိယ ဒေါ်ခင်မေသန်းနှင့်လက်ထက်ကာ သားသမီး ၃ယောက် ထွန်းကားခဲ့သည်။၁၉၇၂ခုတွင် ဒေါ်ခင်မေသန်းကွယ်လွန်ပြီး
၁၉၇၃ခုတွင် ဒေါ်နီနီမြင့်နှင့်လက်ထက်ခဲ့သည်။ထို့နောက် ၁၉၇၆ခုတွင်
ကနောင်မင်း၏ အနွယ်တော် ရတနာနတ်မယ်နှင့်လက်ထက်ပြီး ငါးလသာ
ပေါင်းသင်းနေထိုင်ခဲ့သည်။ဦးနေ၀င်းသည် (၅.၁၂.၂၀၀၂) အသက် ၉၂နှစ်
တွင်ကွယ်လွန်ခဲ့သည်။
x x x x x x x x


၅။ဦးစန်းယု(၁၉၁၈-၁၉၉၆)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပဉ္စမမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၉.၁၁.၁၉၈၁)မှ (၂၅.၇.၁၉၈၈)ထိ ထမ်းဆောင်ခဲ့
သည်။ဦးစန်းယုကို ၁၉၁၈ခု၊မတ်လ၊၃ရက်၊တနင်္ဂနွေနေ့၊ပြည်ခရိုင်၊သဲကုန်းမြို့
တွင် အဖဦးစံဖေ၊အမိဒေါ်ရွှေလဲ့တို့မှ ဖွားမြင်လေသည်။၁၉၄၇ခုတွင် အင်းစိန်
အစိုးရကျောင်းဆရာမ ဒေါ်သန်းရှိန်နှင့်လက်ထက်ခဲ့ပြီး သမီး၎ယောက် ထွန်းကားခဲ့သည်။ဦးစန်းယုသည် (၂၈.၁.၁၉၉၆) အသက်၇၈နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x


၆။ဦးစိန်လွင်(၁၉၂၄-၂၀၀၄)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဆဋ္ဌမမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၂၅.၇.၁၉၈၈)မှ (၁၂.၈.၁၉၈၈)ထိ ထမ်းဆောင်ခဲ့
သည်။ဦးစိန်လွင်ကို ၁၉၂၄ခု၊ဇန်န၀ါရီလ၊၂၇ရက်၊တနင်္ဂနွေနေ့၊ ပေါင်မြို့တွင်
အဖ ဦးရွှေရင်၊အမိ ဒေါ်မမကြီးမှ ဖွားမြင်လေသည်။ဒေါ်ရွှေတင်(ခ)ဒေါ်တင်
တင်လှိုင်နှင့်လက်ထက်ခဲ့ပြီး သားသမီး ၅ယောက် ထွန်းကားခဲ့သည်။
ဦးစိန်လွင်သည် (၉.၄.၂၀၀၄) အသက်၈၁နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x


၇။ဒေါက်တာမောင်မောင်(၁၉၂၅-၁၉၉၄)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သတ္တမမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၁၉.၈.၁၉၈၈)မှ (၁၈.၉.၁၉၈၈)ထိ ထမ်းဆောင်ခဲ့
သည်။ဒေါက်တာမောင်မောင်ကို ၁၉၂၅ခု၊ဇန်န၀ါရီလ၊၃၁ရက်၊စနေနေ့၊
မန္တလေးမြို့တွင် အဖဦးဆင့်၊အမိ ဒေါ်အေးတင်တို့မှဖွားမြင်လေသည်။
မွေးချင်းအနက် တစ်ဦးတည်းသောသားဖြစ်သည်။၁၉၄၇ခုတွင် ဒေါ်ခင်မြင့်
နှင့်လက်ထက်ခဲ့ရာမှ သားသမီး ၇ယောက်ထွန်းကားခဲ့သည်။ဒေါက်တာ
မောင်မောင်သည် (၂.၇.၁၉၉၄) အသက် ၇၀နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x


၈။ဦးသိန်းစိန်(၁၉၄၅)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အဋ္ဌမမြောက် သမ္မတ ဖြစ်လေ
သည်။၂၀၀၈ခု၊ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်လာပြီးနောက် ပထမဆုံး
ရွေးချယ်ခံရသော သမ္မတဖြစ်သည်။(၄.၂.၂၀၁၁)တွင် သမ္မတတာဝန်ကို
ထမ်းဆောင်ရသည်။ဦိးသိန်းစိန်ကို ၁၉၄၅ခု ဧပြီလ ၂၀ရက် သောကြာနေ့
ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ကျုံကူးရွာတွင် အဖဦးမောင်ဖြိုး အမိ ဒေါ်ခင်ညွန့်
တို့မှ ဖွားမြင်လေသည်။ဦးသိန်းစိန်မှာ ဒေါ်ခင်ခင်ဝင်းနှင့်လက်ထက်ပြီး
သားသမီး ၃ယောက်ထွန်းကားလေသည်။ယခုအခါ နေပြည်တော်ရှိ နိုင်ငံ
တော် သမ္မတအိမ်တော်တွင် နေထိုင်လျက်ရှိသည်။

နိုင်ငံတော်သမ္မတကြီးသမ္မတအဂ္ဂမဟာ သရေစည်သူ ဦးသိန်းစိန် ၏အတ္တုပတ္တိ

သမ္မတကြီး ဦးသိန်းစိန်သည်လက်အောက်ငယ်သားတွေအပေါ်မှာ တကယ်ပဲ သနားကျင်နာတဲ့သူ တစ်ဦးပါ သမ္မတကြီး ကို ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် အဘ ဦးမောင်ဖြိုး၊ အမိ ဒေါ်ခင်ညွန့် တို့မှဖွားမြင်ခဲ့သူဖြစ်သည်။

အခြေခံပညာကို ပုသိမ်ခရိုင် ငပုတောမြို့ နယ် ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်းဝရွာ အလယ်တန်းကျောင်း နှင့် ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း တို့၌ ပညာသင်ကြားခဲ့သည်။

ထို့နောက် စစ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ရာ ၀ိဇ္ဇာဘွဲ့(စစ်တက္ကသိုလ်)ရရှိခဲ့ပြီး ၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ရှမ်း(၁)တွင် ဗိုလ်ကြီးအဆင့်ဖြင့် လည်းကောင်း၊

၁၉၈၂ ခုနှစ်အထိ ရမခ၊ ခမရ(၁၀၉) နှင့်ခလရ(၈၉)တို့တွင် ဗိုလ်မှူးအဆင့် ဖြင့်လည်းကောင်း၊

၁၉၈၉ ခုနှစ် တွင် ဒုဗိုလ်မှူးကြီးအဖြစ် ခလရ(၈၉)၊ နတခနှင့် ကက(ကြည်း)တို့တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးကြီး အဖြစ် ကက(ကြည်း)နှင့် စကခ(၄)၊

၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့်တသခ၊

၁၉၉၇ခုနှစ်တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့်ကကရေး၊

၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း)တွင်တာဝန်ဆက်လက် ထမ်းဆောင်ခဲ့သည်။

ဦးသိန်းစိန်သည် ၂၀၀၆ ခုနှစ် မှစတင်၍ နယကအဖွဲ့ နယကအဖွဲ့ ၀င်အဖြစ်လည်းကောင်း၊

အတွင်းရေး မှူး(၂)အဖြစ်လည်းကောင်း၊ အတွင်း ရေးမှူး(၁)အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကာ

၂၀၀၈ ခုနှစ် တွင် ခေတ္တ၀န်ကြီးချုပ်၊

၂၀၀၈ ခုနှစ် အောက်တိုဘာလမှ စတင်၍ နိုင်ငံတော် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ကို ရရှိခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၌ဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်ခဲ့ကာ

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် နေ့တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသူ ဦးသိန်းစိန်သည် ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး နိုင်ငံတော်သမ္မတ တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်အစိုးရ လက်ထက် တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်က လည်း အထက်အမိန့်နာခံ တတ်မှု၊ အောက်လက်ငယ်သားတို့ အပေါ် စာနာတတ်မှုတို့ဖြင့် ထင်ရှား ခဲ့ပြီး နိုင်ငံတော် သမ္မတအဖြစ် တာဝန်ယူချိန်တွင်လည်း ပြည်သူလူထု၏ ဆန္ဒနှင့်အသံကို နားထောင်သူအဖြစ် မြစ်ဆုံအရေးနှင့် အတူ ထင်ရှားလာ သူ ဖြစ်သည်။


From - Internet

သာသနာ့အလံအကြောင်းသိကောင်းစရာများ

အလံတော်ကို ၁၈၈၅ ခုနှစ်မှာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ ကိုလံဘိုကော်မတီက ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။
အလံတော်ကို ၁၈၈၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့(ကဆုန်လပြည့်နေ့ ဖြစ်တဲ့ ၁၈၈၅ ခုနှစ် မေလ ၂၈ ရက်နေ့) ထုတ် Sarasavi Sandaresa သတင်းစာမှာ စတင်ပုံနှိပ်ဖြန့်ချိခဲ့

အရောင်များ

အလံတော်မှာပါဝင်တဲ့ အရောင်ငါးမျိုးဟာ မြတ်စွာဘုရားရှင် သဗ္ဗညုတဥာဏ်တော်ကို ရရှိချိန် ကိုယ်တော်ကနေ ကွန့်မြူးထွက်ပေါ်တဲ့ ရောင်ခြည်တော် ခြောက်သွယ်ကို ကိုယ်စားပြုပါတယ်။

ပြာသောရောင်ခြည် (နီလ) = ကရုဏာ၊ ငြိမ်းချမ်းမှု နှင့် စကြာဝဠာသို့ ဖြန့်ကျက်သော မေတ္တာတော်။

ဝါသောရောင်ခြည် (ပီတ)= အလယ်အလတ်လမ်းစဉ် ~ အစွန်းရောက်ခြင်း၊ သတိလက်လွတ်နေခြင်းများကို ရှောင်ကျဉ်ခြင်း။

နီမောင်းသောရောင်ခြည်(လောဟိတ)= လက်တွေ့ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများ ~ အောင်မြင်ခြင်း၊ အသိဥာဏ်၊ သီလ၊ ကံနှင့် စောင့်စည်းမှု။

ဖြူသောရောင်ခြည် (သြဒါတ)= တရားဓမ္မ၏ စင်ကြယ်ခြင်း ~ အချိန်၊ နေရာ အကန့်အသတ်တို့ကို လွန်မြောက်၍ သံသရာဝဋ်ဆင်းရဲမှာ လွတ်မြောက်အောင် လမ်းပြခြင်း၊

လိမ္မော်ရောင်ခြည် (မဉ္ဖိဋ္ဌ)= ဗုဒ္ဓ၏ဟောကြားဆုံးမမှုများ ~ အသိဥာဏ်ပညာ။

ဂိုဏ်းဂဏဆိုင်ရာ မူကွဲများ

ဂိုဏ်းဂဏခွဲခြားမှု မရှိတဲ့ ဗုဒ္ဓဘာသာအလံတော်ကတော့ ဘုန်းတော်ကြီးကျောင်းပေါင်းများစွာရဲ့ အထက်မှာ တလူလူ လွင့်နေပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာတော့ သူတို့ရဲ့ ဟောကြားသင်ပြတဲ့ ပုံစံကို အသားပေး အလေးထားတဲ့အနေနဲ့ အလံတော်ရဲ့အရောင်တွေကို ပြောင်းလဲထားတာတွေ ရှိပါတယ်။

~ ဂျပန်နိုင်ငံက ရှင်းဗုဒ္ဓဘာသာကျောင်းရဲ့ အလံတော်ပေါ်က လိမ္မော်ရောင်လိုင်းကို ပန်းရောင်လိုင်းနဲ့ အစားထိုးပါတယ်။
~ နိပေါနိုင်ငံက တိဗက်ဗုဒ္ဓဘာသာဝင်တွေကတော့ လိမ္မော်ရောင်လိုင်းကို သပြေမှည့်ရောင်နဲ့ အစားထိုးပါတယ်။
~ မြန်မာနိုင်ငံက ထေရဝါဒဗုဒ္ဓဘာသာဝင်တွေကတော့ လိမ္မောရောင်လိုင်းကို အစိမ်းပုတ်ရောင်နဲ့ အစားထိုးပါတယ်။
~ ဂျပန်နိုင်ငံက Soka Gakkai ကတော့ အပြာ၊ အဝါနဲ့ အနီရောင်သုံးမျိုးစပ်ကို အသုံးပြုပါတယ်။

ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏အံ့ဖွယ်၉ပါး

၁။ မြတ်စွာဘုရား ဆံတော်မြတ်ကို မိမိဆံကျစ်၌် အမြဲကိုးကွယ်သော တိဿရသေ့ကြီး နာမကျန်းဖြစ်၍ ထိုဆံတော်မြတ်ကို ဌာပနာ၍ ဘုရားတည်လိုသောအခါ သိကြားမင်းသည် ထိုရသေ့၏ ဦးခေါင်းနှင့်တူသော ကျောက်တုံးကြီးကို သမုဒ္ဒရာအတွင်းမှဆောင်ယူ၍ ကျိုက်ထီးရိုးကျောက်ဆောင်ထိပ်၌ ဘုရားတည်ရန် တင်ထားခြင်း။

၂။ ထိုကျောက်တုံးကြီးသည် ကျောက်တောင်စောင်းထိပ်၌ တည်ပါလျက် ငလျင်လှူတ်ခြင်းစသော အကြောင်းကြောင့် ရွေ့လျားခြင်း မရှိခြင်း။

၃။ ထိုကျောက်တုံးကြီးပေါ်၌ ခက်ခဲစွာစေတီတည်ထားခြင်း။

၎။ မြတ်စွာဘုရား၏ ဆံတော် ဌာပနာခြင်း။

၅။ ကမ္ဘာပေါ်တွင် ကျိုက်ထီးရိုးစေတီနှင့်တူသော စေတီမရှိခြင်း။

၆။ ဘုရားဖူးတို့သည် ခက်ခဲစွာ တောတောင် လျှိုမြောင်တို့ကို ဖြတ်ကျော်၍ တောင်တက်ဘုရားဖူးရခြင်း။

၇။ ဘုရားဖူးတို့သည် ဖူးမ၀ဖြစ်၍ နောက်ထပ်လာရောက် ဖူးပါရစေဟု ဆုတောင်းခြင်း၊ အခေါက်များစွာ လာရောက်ဖူးမြော်ကြရခြင်း။

၈။ ဘုရားဖူးတို့သည် ဘေးရန်အန္တရာယ်မရှိ၊ ကြည်နူးချမ်းသာခြင်း။

၉။ နှစ်စဉ်မပျက် တောင်တက်ဘုရားဖူးများ အဆင်းအတက် ဖွေးဖွေးရှိလျက် ရင်ပြင်တော်၌ ပြည့်ကြပ်များပြားခြင်း။

အသုံးဝင်မည့်ဝက်ဆိုက်များ Website

http://www.kitco.com(ကမ္ဘာ့ဈေးရွှေ)

http://www.ministryofinformation.gov.mm/index.php(ပြန်ကြားရေးဝန်ကြီးဌာန)

http://www.xe.com/currencytables/?from=USD&date=2012-08-03( Currency Rate)

http://www.pyithuhluttaw.gov.mm(လွှတ်တော်)

http://www.president-office.gov.mm(သမ္မတ)

http://www.cbbankmm.com(စီဘီဘဏ်)

http://www.ayabank.com(ဧရာဝတီဘဏ်)

http://www.livescore.com(ဘောလုံးပွဲရလဒ်)

http://asianbookie.com(အင်တာနက်ဘောလုံးပွဲပေါက်ကြေး)

http://www.weatherzone.com.au/world/asia/myanmar/myitkyina(မိုးလေ၀သ)

http://www.moezala.gov.mm/index.php?option=com_content&view=article&id=4&Itemid=4&lang=my(မိုးလေ၀သ)

http://www.myanmarexplore.com(လိပ်စာ၊ဖုန်းနံပါတ်များရှာရန်)

http://www.myanmarelottery.com(ထီပေါက်စဉ်တိုက်ရန်)

http://www.ourairports.com/airports/VYYY/flights.html(လေယာဉ်ထွက်ခွာချိန်၊လေယာဉ်ဆိုက်ရောက်ချိန်)

http://blog.mmweather.com(မိုးလေ၀သ)

http://www.mahabote.org/p/blog-page.html(ဗေဒင်)

http://www.yangoncityguide.com(ဘစ်ကားလမ်းညွန်)

http://www.myjobs.com.mm/Jobs.aspx(အလုပ်အကိုင်)

http://www.motors.com.mm(ကားဈေးနှုန်းများ)

http://www.omphwa.com/(ကားဈေးနှုန်းများ)

http://dhammalayeikspeaking.blogspot.com/(ဗုဒ္ဓအကြောင်း)

http://www.dica.gov.mm/Branch%20office.htm

http://www.energy.gov.mm/index.php?lang=ms(စွမ်းအင်း)

http://www.mpt.net.mm/(ဆက်သွယ်ရေး)

http://www.cbm.gov.mm/(ဗဟိုဘဏ်)

http://www.commerce.gov.mm/(စီးပွားကူးသန်း)

http://www.weeklyeleven.com/(အီလဲဗင်းဂျာနယ်)

http://www.yangoncommodityexchange.com/(ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးနှုန်းများ)

http://www.soccermyanmar.com/(ဘောလုံးသတင်းများ)

https://sites.google.com/site/myanmarsite1/home/kha(ဗဟုသုတရဖွယ်)

http://www.myanmarnewshub.com/(သတင်းများ)

http://www.thithtoolwin.com/(သတင်းများ)

http://www.mrtv4.net.mm/(MRTV - 4)

http://corporate.visa.com/index.shtml( On Line Visa)

http://help.myanpay.com.mm/(ရွှေပိုက်ဆံ)

နိုင်ငံခြားသို့ SMS ကို အွန်လိုင်းမှ တိုက်ရိုက်ပေးပို့နိုင်သော Website - http://dailysms.in/?on=sms (မြန်မာနိုင်ငံမှ လွဲ၍ ကျန်နိုင်ငံအားလုံး သို့ ပေးပို့နိုင်)

အင်္ဂလိပ်စာ သင်ကြားလေ့လာနိုင်သော Website - http://www.thebestenglish4you.com/assignment.html

မင်္ဂလာတရား(၃၈)ပါး

၁။ အသေ၀နာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ခြင်း။
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း။
၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း။
၎။ ပတိရူပဒေသ ၀ါသောစ =သင့်တင့်သောအရပ်၌ နေထိုင်ခြင်း။
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှု ရှိသောသူဖြစ်ခြင်း။
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း။
၇။ ဗာဟုဿစ္စ = အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း။
၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း။
၉။ ၀ိနယောစ သုသိက္ခိတော = ကောင်းစွာသင်အပ်သော ၀ိနည်းတရား ရှိခြင်း။
၁၀။ သုဘာသိတ၀ါစာ = ကောင်းစွာဆိုခြင်း။
၁၁။ မာတာပိတု ဥပဋ္ဌာန = အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း။
၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း။
၁၃။ အနာကုလ ကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း။
၁၄။ ဒါနဉ္စ = အလှူပေးခြင်း။
၁၅။ ဓမ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၁၆။ ဉာတကာနဉ္စ သင်္ဂဟ = ဆွေမျိုးတို့အား ထောက်မခြင်း
၁၇။ အန၀ဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။
၁၈။ ပါပ အာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း။
၁၉။ ပါပ ၀ိရတီ = မကောင်းမှုမှ အထူး ရှောင်ကြဉ်ခြင်း။
၂၀။ မဇ္ဇပါန သံယမော = သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။
၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုကုသိုလ်တို့၌ မမေ့လျော့ခြင်း။
၂၂။ ဂါရ၀ = ရိုသေထိုက်သူတို့အား ရိုသေခြင်း။
၂၃။ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း။
၂၄။ သန္တုဋ္ဌီ = ရောင့်ရဲလွယ်ခြင်း။
၂၅။ ကတညုတ = သူပြုဖူးသော ကျေးဇူးကို သိခြင်း။
၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သော အခါ၌ သူတော်ကောင်းတရားကို နာယူခြင်း။
၂၇။ ခန္တီ = သည်းခံခြင်း။
၂၈။ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း။
၂၉။ သမဏာနဉ္စဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း။
၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း။
၃၁။ တပေါ = ခြိုးခြံစွာ ကျင့်ခြင်း။
၃၂။ ဗြဟ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၃၃။ အရိယသစ္စာနဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း။
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ =နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။
၃၅။ နကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း။
၃၆။ အသောက = လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း။
၃၇။ ၀ရဇံ = လောကဓံတရားတို့တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း။
၃၈။ ခေမံ = လောကဓံတရားတို့တွေ့သော် စိတ်၌ဘေးမရှိခြင်း။

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...