Saturday, April 19, 2014

မင်းသမီးလေး..သို့

အချစ်က
တစ်ဘ၀လုံးစာ
အရာရာကို ချိုမြိန်စေသတဲ့......

နူးညံ့နွေးထွေးတဲ့ ချစ်ခြင်းတွေနဲ့.
ငါတို့ တယောက်ကိုတယောက်
ပေးအပ် ထားကြမယ်....။

စိမ်းလန်းမှုတသီကြီးရှိတဲ့ ဥယျာဉ်ကြီးတစ်ခုထဲ
မင်း ပျော်နေသလိုမျိုးပေါ့.
ငါ့နှစ်လုံးသားနဲ့.......တကယ်ပါ
မင်း အနာဂတ်ကို ခမ်းနားစေမယ်...။

ဒါဏ်ရာတွေ မရှိစေရ
အကြင်နာ အဖူးအပွင့်တွေနဲ့
မင်း နှလုံးသားကို........ငါ
တယုတယနမ်းရှိုက်မယ်.......။

အကြည်လင်ဆုံး ပြုံးလိုက်ပါ ချစ်သူ
မင်း..နှုတ်ခမ်းဖူးဖူးလေးပေါ်က
အပြုံးတစ်ပွင့်ဟာ
ငါ့ ရင်ခွင်တစ်ခုလုံးကို  လင်းလက်စေတယ်....။

မင်းလက်တစ်ဖက်ဆုပ်ကိုင်ထားရတာ
ဟာ
ကမ္ဘာတစ်ခြမ်းကို ပိုင်ဆိုင်ရသလိုမျိုးပဲ..
မင်းဟာ ငါ့အတွက် ပထမဆုံးနဲ့နောက်ဆုံးချစ်သူ ပဲလေ..
အဆုံးမရှိ မေတ္တာနဲ့
မုသားမပါတဲ့
အနုအလှ သံယောဇဉ်တွေကို
အချစ်နှောင်ကြိုးတွေနဲ့ ရစ်သီလို့
နှင်းဝေတဲ့ ဆောင်းမနက်ခင်းမှာ
ငါတို့ အတူ   လက်တွဲလျှောက်ရအောင်
လက်ကမ်းကြိုတယ်..........ချစ်သူ

                                             လူငယ်

မညီမျှခြင်း

လူတစ်ယောက်ရဲ့
အလှဆုံးသောအချိန်ဟာ
ပျိုရွယ်သော ကာလတာမှာ
ဖြစ်တည်တယ် ... တဲ့

ဒီအဆိုကို ဆန့်ကျင်လို့
အများတကာအလယ်
အားငယ်စရာ ရုပ်သွင်ရှိသူမို့
သာမာန်လူတို့နည်းအတိုင်း
ဘယ်သူ့ကို အပြစ်တင်ရမလဲ ..

အကျည်းတန် မှန်ကြိုက်တယ် .. တဲ့
လာပြန်ပြီ
ချောတဲ့၊ လှတဲ့သူတွေလည်း
မှန်ကြည့်တတ်ကြတာပဲ
ဘယ့်နှယ်ကြောင့် ကိုယ့်တစ်ယောက်ကိုပဲ
အပြစ်ဖို့ချင်ကြရတာလဲ ..

လူငယ်သဘာဝ
ချောတာ၊ လှတာကို ချစ်တတ်ကြပေမယ့်
အချစ်မှာ မျက်စိမရှိဘူးဆိုတာတော့
ယုံမလားပဲ ..

မင်းကုသရဲ့နည်း
ထပ်ပြီးအသက်သွင်းဖို့အထိ
ကိုယ်တစ်ကယ် မရည်ရွယ်ပါဘူး ..

ဒါပေမယ့်လေ
မင်းရဲ့အလှတရား
နှလုံးသားတစ်ခုလုံးကို စွဲညို့ယူသွား
အမုန်းစကား နေ့တိုင်းကြားနေရပေမယ့်
ထုံဆေးမိတဲ့ သူတစ်ယောက်လို
ကိုယ် ဘာမှမသိတော့ဘူးကွယ် ..

မင်းရဲ့အနီးအနား
အမြဲရှိနေခွင့်ပေးပါလား ..

မိုက်တီးရဲ့ ရိုက်ချက်တော့
မဟုတ်ပါဘူး
ဒါပေမယ့် တော်တော်ပြင်းတဲ့ ရိုက်ချက် ..

အမုန်းတရား ဒေါသများနဲ့စပ်ထားပြီး
သူ့လက်ဖ၀ါးလေးရဲ့ အမှတ်အသား
ကိုယ့်ပါးပြင်အား လက်ဆောင်များ
ပေးသနားလိုက်ပေမယ့်
ကိုယ် တစ်ကယ်မနာကျင်ပါဘူး ..

ဒါပေမယ့်လေ
ဘယ်ဘက် ရင်ခွင်အောက်က
နှလုံးသား တစ်ခုဟာ
တလှုပ်လှုပ်နဲ့ ပြုတ်ကျဖို့အတွက်
ဘယ့်နှယ်ကြောင့် တာစူနေရတာလဲ ..

မမှီတာနဲ့ပဲ
စပျစ်သီးချဉ်တယ်လို့
ရူးမိုက်စွာနဲ့ ကိုယ်မစွပ်စွဲတတ်ပါဘူး ..

မင်းရဲ့အချစ်
ကိုယ့်အတွက် မဖြစ်ပေမယ့်လည်း
မင်းအတွက် ကိုယ့်အချစ်
ရင်နဲ့ အပြည့်ပါပဲကွယ် ... ။

@ Annonymous  

ချစ်သူများနေ့ ...

ကောင်မလေးရယ် ...
ဆံနွယ်တွေ အရောင်မပြောင်းခင် ...
သွားတွေ အစီအရီ ရှိနေတုန်း ...
စောင့်နေတဲ့ အဖြေ တ၀က်လောက်ဖြစ်ဖြစ်
လိုချင်နေမိသူရဲ့ ခံစားချက်တွေ
ရင်ထဲမှာ ခံရခက်အောင် မွန်းကြပ်
နောက်လာမယ့် နေ၀င်ချိန်တွေကို
အတူ ထိုင်ကြည့်ခွင့် ရချင်တယ် ...

ချစ်သူတွေ ပျော်မြူးမယ့်
ဖေဖော်ဝါရီ ( ၁၄ )လည်း
တဖြေးဖြေး ချဉ်းကပ်လာလို့
အချစ်ရဲ့ အဝေး
ထွက်လို့ ပြေးမှာကို
တိတ်တိတ်လေး စိုးရိမ်တယ် ...

အွန်လိုင်းပေါ်မှာ တွေ့ပေမယ့်
မင်း ထင်တဲ့ အပေါစား ချစ်တဲ့သူတွေလို
ငါ့နှလုံးသားရဲ့ သံစဉ်လှိုင်းကို
အရောင်ခြယ်လို့ မရောလိုက်ပါနဲ့ ...
ချစ်တတ် သူတွေရဲ့
အဖြူရောင် အချစ်စစ်စစ်တွေ
အွန်လိုင်းကွန်ယက်မှာ ပျံသန်းနေပါသေးတယ် ... ကောင်မလေးရယ် ...

@ Annonymous  

ပိုင်ရှင်မဟုတ်ဘူး . . . ဒါပေမယ့်

ကိုယ့်ကိုကြည့်တဲ့
ရီဝေေ၀မျက်ဝန်းတစ်စုံ
ပိုင်ချင်ပေမယ့်
ပိုင်ရှင်ရှိတယ်တဲ့
ကိုယ့်ကိုပြုံးပြတဲ့အပြုံး
သူများကို ပြုံးပြမှာ
ကြောက်မိတယ်။
သူရဲ့ပိုင်ရှင်
ကိုယ်မဟုတ်ဘူး
ပိုင်ရှင်လုပ်ဖို့
မကြိုးစားမိပေမယ့်
ပိုင်ရှင်ပြောင်းသွားမှာကိုကြောက်မိတယ်
ပိုင်ရှင်တော့မဟုတ်ပါဘူး
ဒါပေမယ် . . . . .

@ Annonymous  

ငါချစ်တဲ့ နင် နင်မချစ်တဲ့ ငါ

ငါချစ်တဲ့ နင် နဲ့ နီးဖို့

ငါကိုယ်တိုင် လမ်းတွေဖောက်ဖူးတယ်။

ငါချစ်တဲ့ နင့်ကို

မစွန့်လွှတ်နိုင်လို့

ငါနားလည်မှု့တွေပေးခဲ့တယ်

ငါချစ်တဲ့ နင့် မျက်နှာအလိုကျ

အလိုက်သိမှု့တွေ ပေးခဲ့တယ်

ငါချစ်တဲ့ နင်နဲ့

မဝေးချင်လို့ နင်လိုသမျှ သည်းခံခဲ့တယ်

ဒါပေမယ့် ငါချစ်တဲ့ နင်က

ငါ့လက်ကိုဖြုတ်ချ ခဲ့တယ်

အခုတော့ ငါချစ်တဲ့ နင်က

ငါ မဟုတ်တဲ့ သူကို

တစ်ဘ၀ လုံးပုံပြီး ချစ်မယ်တဲ့ လား ချစ်သူရယ်...။

@ Annonymous  

ယုံပါလို့မပြောဘူး

ယုံပါလို့မပြောဘူး
ဘာဖြစ်လို့လဲဆိုတော့ ငါကသစ္စာမရှိလို့
နင်ချန်ထားခဲ့တဲ့ငါ
တစ်ယောက်ထဲကျန်ခဲ့တယ်ထင်လား
အထင်မကြီးနဲ့
နီးစပ်ရာတစ်ယောက်
ချစ်သူကောက်တော်လိုက်တာပေါ့
အချိန်တော်တော်ကြာ
နင်နဲ့ခပ်ဝေးဝေးရောက်တဲ့အချိန်မှာ
ငါတစ်စုံတစ်ခုပျောက်ဆုံးနေခဲ့တယ်
ငါကိုချစ်တဲ့သူကို
သူလိုချင်တဲ့ ငါ့ရင်ဘတ်
ပေးချင်ပေမယ်
ငါ့နှုတ်ခမ်းက နင့်စကား
အလိုလိုထွက်အံ့ကျ
အချစ်ဆိုတာ ဘ၀အတွက် အရေးမပါ ပါဘူးတဲ့
ယုံကြည်ပါလို့မပြောဘူး
ဘာဖြစ်လို့လဲဆိုတော့ ငါကနင့်ကိုနားမလည်ဘူး
နင်ပြောတဲ့စကား
``ငါ့ကိုနားလည်နိုင်တာနင်တစ်ယောက်ပဲရှိတယ်တဲ့´´
ငါနင့်ကိုနားမလည်ခဲ့ပါဘူး။
နင်ဘာလုပ်လုပ် အပြစ်မမြင်ခဲ့ဘူးလို့မထင်နဲ့
ဒါပေမယ့် ငါ့ရင်ဘတ်က နင့်ဆီကျပျောက်ခဲ့တော့
သည်းခံခြင်းအပြည့်နဲ့ နင့်ကို
ရိုကျိုးတယ်

ယုံပါလို့မပြောဘူး
ဘာဖြစ်လို့လဲဆိုတော့ ငါကသစ္စာမရှိလို့
နင်ချန်ထားခဲ့တဲ့ငါ
တစ်ယောက်ထဲကျန်ခဲ့တယ်ထင်လား
အထင်မကြီးနဲ့
နီးစပ်ရာတစ်ယောက်
ချစ်သူကောက်တော်လိုက်တာပေါ့
အချိန်တော်တော်ကြာ
နင်နဲ့ခပ်ဝေးဝေးရောက်တဲ့အချိန်မှာ
ငါတစ်စုံတစ်ခုပျောက်ဆုံးနေခဲ့တယ်
ငါကိုချစ်တဲ့သူကို
သူလိုချင်တဲ့ ငါ့ရင်ဘတ်
ပေးချင်ပေမယ်
ငါ့နှုတ်ခမ်းက နင့်စကား
အလိုလိုထွက်အံ့ကျ
အချစ်ဆိုတာ ဘ၀အတွက် အရေးမပါ ပါဘူးတဲ့
ယုံကြည်ပါလို့မပြောဘူး
ဘာဖြစ်လို့လဲဆိုတော့ ငါကနင့်ကိုနားမလည်ဘူး
နင်ပြောတဲ့စကား
``ငါ့ကိုနားလည်နိုင်တာနင်တစ်ယောက်ပဲရှိတယ်တဲ့´´
ငါနင့်ကိုနားမလည်ခဲ့ပါဘူး။
နင်ဘာလုပ်လုပ် အပြစ်မမြင်ခဲ့ဘူးလို့မထင်နဲ့
ဒါပေမယ့် ငါ့ရင်ဘတ်က နင့်ဆီကျပျောက်ခဲ့တော့
သည်းခံခြင်းအပြည့်နဲ့ နင့်ကို
ရိုကျိုးတယ်

ယုံပါလို့မပြောဘူး
ဘာဖြစ်လို့လဲဆိုတော့ ငါကသစ္စာမရှိလို့
နင်ချန်ထားခဲ့တဲ့ငါ
တစ်ယောက်ထဲကျန်ခဲ့တယ်ထင်လား
အထင်မကြီးနဲ့
နီးစပ်ရာတစ်ယောက်
ချစ်သူကောက်တော်လိုက်တာပေါ့
အချိန်တော်တော်ကြာ
နင်နဲ့ခပ်ဝေးဝေးရောက်တဲ့အချိန်မှာ
ငါတစ်စုံတစ်ခုပျောက်ဆုံးနေခဲ့တယ်
ငါကိုချစ်တဲ့သူကို
သူလိုချင်တဲ့ ငါ့ရင်ဘတ်
ပေးချင်ပေမယ်
ငါ့နှုတ်ခမ်းက နင့်စကား
အလိုလိုထွက်အံ့ကျ
အချစ်ဆိုတာ ဘ၀အတွက် အရေးမပါ ပါဘူးတဲ့
ယုံကြည်ပါလို့မပြောဘူး
ဘာဖြစ်လို့လဲဆိုတော့ ငါကနင့်ကိုနားမလည်ဘူး
နင်ပြောတဲ့စကား
``ငါ့ကိုနားလည်နိုင်တာနင်တစ်ယောက်ပဲရှိတယ်တဲ့´´
ငါနင့်ကိုနားမလည်ခဲ့ပါဘူး။
နင်ဘာလုပ်လုပ် အပြစ်မမြင်ခဲ့ဘူးလို့မထင်နဲ့
ဒါပေမယ့် ငါ့ရင်ဘတ်က နင့်ဆီကျပျောက်ခဲ့တော့
သည်းခံခြင်းအပြည့်နဲ့ နင့်ကို
ရိုကျိုးတယ်

@ Annonymous     

အချစ်ပါသလား...

တစ်ခုခုကို တောင့်တလို့

တစ်ခုခုကို တပ်မက်လို့

(ဆိုကြပါစို့)

တစ်ခုခုကို လိုချင်လို့

တစ်ခုခုကို

ပေးဆပ်လိုက်ရတယ်..

အဲဒီထဲမှာ

အချစ်ပါသလား...။

လောကကြီးက

ကိုယ်တောင်းသလောက်ပေးတာဆိုရင်

အဲဒီထဲမှာ

အချစ်ပါသလား...။

သက်ရောက်မှုတိုင်းမှာ

တန်ပြန်သက်ရောက်မှု ရှိတယ်ဆို

အဲဒီထဲမှာ

အချစ်ပါသလား...။

ချစ်ရသူကိုမေးတယ်

လူတွေကိုမေးတယ်

လောကကြီးကိုမေးတယ်

နယူတန်ကို မေးတယ်

............မေးတယ်

............မေးတယ်

သိချင်မိလို့ပါ

ဒါပေမယ့်

အားလုံးက

တွေဝေနေကြတယ်လေ............။

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...