Saturday, April 19, 2014

ဟာဒယ (၃)

ကြာပေါ့
လမ်းသွားလမ်းလာတစ်ယောက်က နာရီပတ်လာသူ တစ်ယောက်အား အချိန်မေးသည်တဲ့။
“ဘယ်နှနာရီ ရှိပြီတုန်းဗျ”
“ထိုးဖို့ ငါးမိနစ်”
“ဘယ်နှနာရီထိုးဖို့ ငါးမိနစ်တုန်း”
“မသိဘူး လက်တံအတိုက ကျပျောက်ထားတာ ကြာပေါ့”

ပုစွန်ဆိတ်

ဆရာမဒေါ်သန္တာသည် ဒုတိယတန်းတွင် အခြေခံသိပ္ပံဘာသာမှ အရေပြားအကြောာင်း ရှင်းပြနေသည်။ ထိုစဉ်ငေးနေသော ကျောင်းသူတစ်ယောက်အား ကောက်ကာငင်ကာ မေးလိုက်သည်။
“ကဲ…မစုမြတ်…အရေပြားဆိုတာ ဘယ်လိုဟာလဲ”
မစုမြတ်ခေါင်းကုတ် စဉ်းစားနေသည်။ မဖြေတတ်။
ဆရာမ ဒေါ်သန္တာက သူမ၏ လက်ဖမိုးကို ဆိတ်ဆွဲပြလိုက်ရာ မစုမြတ် မည်သို့ သေဘာပေါက်သွားလေ သည် မသိ၊ မစုမြတ်၏ အဖြေကား “ပုစွန်ဆိတ်ပါ ဆရာမ” ဟူသတည်း။

မှန်လိုက်လေ

သူငယ်တန်း မြန်မာစာ သင်ခန်းစာ(၁) သင်ရာတွင် စပါး၊ ဖလား၊ တမာ၊ ပဝါ စသည်ဖြင့် သင်ထောက်ကူ ပစ္စည်းစစ်များဖြင့် သင်ကြားရာတွင် – စပါးနှံကိုပြ၍
ဆရာမ – “ဒါဘာလဲ သိလား ကလေးတို့”
ကလေးများ – “စပါးပါ ဆရာမ”
ဆရာမ – “မှန်တာပေါ့” ဟုပြောပြီး၊ ငွေဖလားကိုပြ၍ “စောမြခိုင်ရေ ဒါကရော ဘာလဲကွယ်”
စောမြခိုင် – “ အလှူခံတဲ့ ခွက်ပါ ဆရာမ”

အဖြေကောင်းသူ

ဒုတိယတန်းတွင် သင်္ချာဘာသာမှ အမြှောက်ပုစ္တာ သင်ကြားနေချိန်ဖြစ်သည်။ နောက်တန်းမှ အိပ်ငိုက်နေသော တပည့်အားမေးရာ -
ဆရာမ – ကဲဇော်ဇော် ခဲတံ ၁ဘူးမှာ ခဲတံ ၁၂ ချောင်းပါရင်၊ ခဲတံ ၅ဘူးမှာ ခဲတံဘယ်လောက်ပါတယ်ဆို တာ သား ဘယ်လို တွက်မလဲကွယ်။
ဇော်ဇော် – တစ်ချောင်းစီရေကြည့်ပါမယ် ဆရာမ။

အားအသုံးပြုပုံ

မြန်မာစာ ဆရာမသည် “အား” နှင့် “ကို” သုံးနှုန်းပုံကို သင်ကြားနေရာ စိတ်ဝင်စား ဟန်မတူသည့် ကျောင်းသားလေး “ချစ်ကိုကို” ကိုမေးလိုက်သည်။
ဆရာမ – သား ချစ်ကိုကို“အား” ကို ဘယ်နေရာမှာ သုံးမလဲကွယ်။
ချစ်ကိုကို – ရေခပ်၊ ထင်းခွဲတဲ့နေရာမှာ သုံးပါ့မယ် ဆရာမ။

ဝမ်းနည်းလွန်းလို့

တစ်ခါက ကျောင်းတစ်ကျောင်းမှာပါ ကျွန်မ ရောက်သွားတော့ ကလေးတစ်ယောက်ဟာ အင်မတန် ရိူက်ကြီးတငင်ငင်ငိုကြွေးနေလိုက်တာ။ ဒါနဲ့ကျွန်မထိုကလေးအနားသို့ တိုးကပ်သွားပြီး တိတ်တိတ်မေး ကြည့်လိုက်မိတယ်။ ကလေးဘာလို့ငိုနေတာလဲမေးတော့ ကလေးကသူတို့ကျောင်းအုပ်ဆရာမကြီးဟာ အပေါ်ဆုံးကျောင်းဆောင်ထပ်မှ မတော်တဆ ပြုတ်ကျသွားပါကြောင်း ဒါနဲ့ အော် ဆရာမကြီးတွက် ဝမ်းနည်းလို့ငိုနေတာဖြစ်မယ်ဆိုြပီး ကျွန်မမေးကြည့်လိုက်တော့ ဟုတ်ပါတယ် သမီးသိပ်ဝမ်းနည်းမိပါ တယ်။ ”ဆရာမကြီးအပေါ်ထပ်ကနေပြုတ်ကျသွားတာ လူတွေအားလုံးမြင်လိုက်ပြီး သမီးကမမြင်လိုက်ရ လို့ပါတဲ့လေ”

မင်းရူးနေလား

တစ်ခါက စိတ္တဇ ဆေးရုံတစ်ခုမှာပါ။ ဆရာဝန်ကလူနာတွေ အခြေအနေကိုသိနိုင်ရန် လှည့်လည်စစ်ဆေး နေစဉ် တစ်ယောက်သောသူဟာ ကုတင်ပေါ်ကနေ ငုတ်တုတ်ထိုင်ပြီး ကုတင်အောက်က နှို့ဆီခွက်ထဲ အပ်ချည်ကြိုးတစ်ချောင်းချပြီး ငါးမျှားနေသလိုလုပ်နေပါတယ်။ ဒါနဲ့ဆရာဝန်ဖြစ်သူက ဟေ့ မင်းကငါး တွေမျှားနေတာလားကွ ငါးတွေ ဘယ်နှစ်ကောင်လောက်ရနေပြီလဲ လို့မေးလိုက်ပါတယ်။ ထိုအခါ စိတ် မနှံသူက ထိုဆရာဝန်ကို စေ့စေ့စိုက်ကြည့်ပြီးမှ သူပြန်ပြောလိုက်တာကတော့ “ ဘာ…မင်းရူးနေသလား နှို့ဆီခွက်ထဲမှာ ဘယ်ကငါးကရှိမှာလဲကွ” ဟူတည်း။

ဓာတ်ပုံထဲက လူတွေ မဝင်စေနဲ့

ကမ္ဘာကျော်ဟန်ဂေရိပြဇာတ်ရေးဆရာကြီး မိုလ်နာသည် အလွန်မာနကြီးသူဖြစ်သည်။ အထူးသဖြင့် နာမည်ကြီး၍ ဝင်ငွေကောင်းနေသဖြင့် ဘဝင်မြင့်နေသည်ဟု အများက ယူဆနေကြသည်။ အပေါင်း အသင်း မိတ်ဆွေများကို သာမက ဆွေမျိုးသားချင်းများကိုပင် အဖက်မလုပ်ဘဲ နေတတ်သူဖြစ်သည်။
သို့သော် တစ်နေ့တွင် သူ၏ ဆွေမျိုးသားချင်းများသည် ဆရာကြီး၏ စိတ်ရင်းသဘောထားအမှန်ကို အတိအကျသိနိုင်ရန်အတွက် ဗီယင်နာမြို့ရှိသူ၏ နေအိမ်သို့ တစ်စုတစ်ဝေးကြီး သွားရောက် လည်ပတ်ခဲ့ ကြသည်။ မိမိတို့ ဆွေမျိုးများကို အရေးမလုပ်ဘဲ အေးတိအေးစက် နေလိမ့်မည်ဟု မထင်မှတ်ဘဲ ပျူပျူငှာငှာ ဧည့်ဝတ်ကျေပွန်စွာ ဖော်ဖော်ရွေရွေ ဧည့်ခံပြုစုနေခဲ့သဖြင့် အားလုံးကပင် တအံ့တသြ ဖြစ်နေခဲ့ကြသည်။ ဆရာကြိးသည် ဆွေမျိုးသားချင်းများအား အကျအနဧည့်ခံခဲ့သည့်ပြင် ပြန်ခါနီးတွင် ဆွေမျိုးများကြုံကြိုက်တုန်း အမှတ်တရာ ဓာတ်ပုံရိုက်ယူခဲ့သဖြင့် အားလုံးကပင် သဘောကျကျေနပ် လျက်ရှိကြသည်။
သို့သော် ဆွေမျိုး မိသားစုများအားလုံး ပြန်သွားကြသောအခါ ဆရာကြီးက အိမ်စေတစ်ယောက်အား စောစောကရိုက်ယူထားခဲ့သည့် ဓာတ်ပုံကို ကူးယူခဲ့ရန် ခိုင်းသဖြင့် ဓာတ်ပုံကို ယူလာပြီး ဆရာကြီးအား ပြသသည်။
ဤတါင် ဆရာကြီးက အိမ်စေဖြစ်သူအား“ ဒီဓာတ်ပုံကို မင်းအမြဲသိမ်းထားပြီး ငါနဲ့နောက် တွေ့ချင်လို့ လာတဲ့သူမှန်သမျှ အဲဒီဓာတ်ပုံထဲမှာပါတဲ့သူဆိုရင် အိမ်ထဲကိုမဝင်စေနဲ့ဟု” ပြောလိုက်ရာ အိမ်စေဖြစ်သူမှာ အံ့သြသဖြင့် ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်သွားခဲ့ရသည်။

မျက်လှည့်ဆရာနှင့်ဗေဒင်ဆရာ

ကွယ်လွန်သူ မျက်လှည့်ဆရာကြီး ဘလက်စတုန်းနှင့် နာမည်ကျော် ဗေဒင်ဆရာ ဒန်နင်းဂျားတို့သည် ခင်မင်ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည်။ ထိုသို့ ပြောမနာ ဆိုမနာ မိတ်ဆွေအရင်းအချာများ ြဖ်ကြသည့်အတိုင်း သူတို့ နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်မကြာခဏ နောက်ပြောင်ကျီ စယ်လေ့ရှိကြသည်။
တစ်နေ့တါင် ညစာစားပွဲတစ်ခုသို့ သွားရန်ရှိနေသဖြင့် နှစ်ယောက်သား အဝတ်အစားများလဲလှယ်ဝတ် ဆင်နေကြသည်။ ထိုအခိုက် မျက်လှည့်ဆရာကြီးဘလက်စတုန်းမှာ သူ၏ လည်စီး(နက်တိုင်) အဖြူကို ရုတ်တရက် ရှာမတွေ့ဘဲ ဖြစ်နေခဲ့ရာ ဗေဒင်ဆရာကြီး ဒန်နင်းဂျားက သု့ထံတွင် အလွယ်တကူ ရှိနေသော လည်စီးအနက်ကို လှမ်းပေးလိုက်သည်။ ဤတွင် ဘလက်စတုန်းက ဒေါပွသွားပြီး ”ဒီပွဲမှာ လည်စီးအနက်နဲ့သွားလို့ ဘယ်ဖြစ်ပါ့မလဲဗျ” ဟု ဖြေလိုက်ရာ ဗေဒင်ဆရာဒန်နင်းဂျားက “ခင်ဗျားလည်း နာမည်ကြီး မျက်လှည့်ဆရာတစ်ယောက်ပဲဗျာ။ ဒီလည်စီးအနက်ရောင်ကို အဖြူရောင်ဖြစ်အောင် လုပ် လိုက်ပေါ့ဗျ” ဟု ပြောလိုက်သည်။
ဤတွင် မျက်လှည့်ဆရာကြီးက အားကျမခံဘဲ “ဒီလိုဆိုခင်ဗျားလည်း နာမည်ကျော် ဗေဒင်ဆရာတစ် ယောက်ပဲ ကျုပ်လည်စီးအဖြူရောင် ဘယ်နားမှာရှိတယ်ဆိုတာ ဗေဒင်တွက်ပြီး ရှာပေးပါလားဗျာ” ဟု ပြန်ပြောလိုက်ရာ ဗေဒင့်ဆရာကြီးမှာ အူကြောင်ကြောင်ဖြစ်သွားခဲ့ရ၏။

ကျွန်တော့် ဂေါက်ကွင်းထဲရောက်နေပြီ

တစ်ခါက ဂေါက်သီးရိုက် ဝါသနာပါလှသော ကမ္ဘာကျော် လူရအင်တော် ဒင်နီကေးသည် အပျော်တမ်း ဂေါက်သီးရိုက် ပြိုင်ပွဲတစ်ုခသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဒင်နီကေးမှာ တစ်ခါမျှဂေါက်သီး မရိုက်ဖူးသည့်ပြင် ဘေးမှ ကြည့်ရူအားပေးနေကြသည့် ပရိသတ် ၅၀၀ ခန့်ရှိနေသဖြင့် ဂေါက်သီးကို ကျင်းထဲင်အောင် မရိုက်နိုင်ဘဲ ရူံးသွားခဲ့ရသည်။ ဤတွင် ဒင်နီကေးက “ကျုပ်က ပရိသတ် ၅၀,၀၀၀ လောက်ရှိတဲ့ ရုံထဲမှာ စင်မြင့်ပေါ်ကနေပြီး သီချင်းတွေဆို ပြက်လုံးတွေထုတ်ပြရဲပေမယ့် ဂေါက်ကွင်းထဲ က ပရိသတ် ၅၀၀ ကျတော့ ရှိန်းဖိန်း လန့်ဖျပ်ပြီး ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားခဲ့တာပါဗျ” ဟု ပြိုင် ပွဲဝင်သူ မိတ်ဆွေများအား ရှင်းပြခဲ့သည်။
ထိုနောက် နှစ်လသုံးလခန့်အကြာတွင် ကပွရုံတစ်ခု၌ ပဒေသာကပွဲကျင်းပခဲ့ရာ ဒင်နီကေးက သူ့မိတ်ဆွေဂေါက်သီး ပြိုင်ပွဲဝင်သူများအား ထိုမဒေသာကပွဲသို့ ဖိတ်ကြားခဲ့ရာ အားလုံးရောက် လာခဲ့ကြသည်။ ရုံထဲတွင် ပရိသတ် သောင်းကျော်မျှရှိနေသည်။ သည်တော့မှ ဒင်နီကေးက မမျှော်လင့်ဘဲ ဂေါက်သီးသမား သူ့မိတ်ဆွေများအား စင်ပေါ်သို့ ဖိတ်ကြား၍ သီချင်းတစ်ပုဒ်ဆိုပြကြရန် မေတ္တာရပ်ခံခဲ့ရာ မိတ်ဆွေများမှာ သီချင်းမဆိုရဲကြဘဲ ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့ကြသည်။ ဤတွင်မှ လူရွှင်တော် ဒင်နီးကေးက သူ့မိတ်ဆွေများအား “ကဲ ဂေါက်သီးရိုက်ပြိုင်ပွဲတုန်းက ကျွန်တော် ဘာကြောင့် ရူံးခဲ့ရတယ်ဆိုတာ ခင်ဗျားတို့ သဘောပေါက်ကြပြီလား။ အခုခင်ဗျားတို့အားလုံး ကျုပ်ရဲ့ ဂေါက်ကွင်းထဲ ရောက်နေပြီလေ” ဟု ပြောလိုက်ရာ ပရိသတ်အားလုံး တဝါးဝါးဖြင့် ရယ်မော၍ မဆုံးအောင် ဖြစ်သွား ခဲ့ကြရ၏။
ယူနီဖောင်းချုပ်ကောင်းတဲ့ အပ်ချုပ်ဆရာ
အမေရိကန် တပ်မတော်မှ ဗိုလ်လောင်းတစ်ဦးဖြစ်သူ ဘိလ်ဘလပ်စ်သည် အချုပ်အလုပ်ဝါသနာပါသော စစ်ဗိုလ်တစ်ယောက်ဖြစ်၍ တပ်မတော်ယူနီဖောင်းများကို စမတ်ကျကျ ပုံစံကျကျ ချုပ်လုပ်တတ်သူဖြစ်သည်။ သူသည် တပ်မတော်ထဲသိုပ မဝင်မီကပင် ယူနီဖောင်းများချုပ်ရာ၌ နာမည်ကြီး၍ ဗိုလ်လောင်းများ၊ ယူနီဖောင်းများ ချုပ်ရာ၌ သူ့ဆိုင်တွင် အပ်လေ့ရှိကြသည်။
သူသည် တပ်မတော်နှင့်လည်း နိးစပ်သူတစ်ဦးဖြစ်ရာ စစ်မှုထမ်းလိုသဖြင့် လျှောက်လွှာတင်လိုက်ရာ ချက်ခြျင်းဆိုသလိုပင် ဗိုလ်လောင်းအဖြစ် အရွေးခံရသည်။ သို့ဖြင့် သူ့အတွကပ် ဗိုလ်လောင်းယနီဖောင်း ကို သူကိုယ်တိုင် စမတ်ကျကျ အကောင်းဆုံးဖြစ်အောင် ချုပ်လုပ်၍ ဝတ်ဆင်၍ ရုံးတက်ခဲ့သည်။ သို့သော် တစ်ပတ်ခန့်ကြာသောအခါ သူကိုယ်တိုင် ချုပ်လုပ်သည့် ယူနီဖောင်းမှာ ပုံစံမကျဟုဆိုကာ မြို့ထဲမှ နာမည်ကြီး BROOK BROTHERS အပ်ချုပ်ဆိုင်သို့ အပြေးအလွှားသွားကာပြန်၍ အချုပ်ခိုင်းခဲ့ရသဖြင့် ဗိုလ်လောင်းများအားလုံး တဝုန်းဝုန်းဖြင့် ပွဲကျမဆုံးအောင် ဖြစ်ခဲ့၇၏။

ပဝါကလေး လေထဲမှာ ပျံဝဲကျလာသလို

တော့စ်ကာနီနီသည် ပြင်သစ် ဂီတလောကတွင် နာမည်ကျော်တီးဝိုင်းခေါင်းဆောင် တစ်ဦးဖြစ်၏။ တစ်နေ့တွင် LAMAR အမည်ရှိ နာမည်ကြီး ပြင်သစ်သီချင်တစ်ပုဒ်ကို ဆရာကြီးတော့စ်ကာနီနီက ခေါင်း ဆောင်၍ တီးလုံးတိုက်ပေးလျက်ရှိသည်။ ထိုအပိုဒ်ကို သာာယာငြိမ့်ငြောင်းစွာ တီးမှုတ်ကြရမည်ဖြစ်ရာ ဆရာကြီးသည် ရုတ်တရက် ထိုသို့ တီးမှုတ်ရမည်ကို ပြစ်သစ်ဘာသာစကားဖြင့် မည်သို့ခေါ်ရမှန်းမသိဘဲ သတိမေ့လျော့နေခဲ့သည်။
သို့ဖြင့် တီးဝိုင်းခေါင်းဆောင် ဆရာကြိးသည် သူ၏ ကုတ်အင်္ကျ ီအိတ်ထဲမှ လက်ကိုင်ပဝါ ကိုရုတ်တရက်ဆွဲထုတ်လိုက်ပြီး လေထဲသို့ မြှောက်၍ ပစ်လိုက်သည်။ လက်ကိုင်ပဝါကလေးသည် အပေါ်သို့ မြောက်တက်သွားပြီး လေထဲတွင် အလိုက်သင့် ပျံဝဲကာ ငြိမ့်ငြောင်းစွာ အောက်သို့ ကျလာခဲ့ရာ အတီးအမှုတ်သမား ဂီတဆရာများသည် ဘာလုပ်ရမှန်းမသိဘဲ လေထဲတွင် ပျံဝဲကာ အောက်သို့ ဖြည်းဖြည်းကလေးကျလာသည့် လက်ကိုင်ပဝါကလေးကို မော့၍ စိုက်ကြည့်နေခဲ့ကြသည်။
ဤတါင် တီးဝိုင်းခေါင်းဆောင်ဖြစ်သူ ဆရာကြီး တောစ်ကာနီနီက “ကဲမင်းတို့အားလုံး မြင်တယ်မဟုတ်လား ဒီသီချင်းမှာ ဒီတစ်ပိုဒ်ကို တီးတဲ့ မှုတ်တဲ့အခါမှာ အဲဒီလက်ကိုင်ပုဝါကလေး လေထဲမှာ ပျံဝဲပြီး ဖြည်းဖြည်းကလေး ကျလာသလို ငြိမ့်ငြိမ့်ငြောင်းငြောင်းကလေး တီးကြမှုတ်ကြဖို့ပဲ။ အဲဒီအတိုင်းသာ မှတ်ထားကြ“ ဟူ၍ ခပ်တည်တည်သင်ကြားနေခဲ့ပါသတည်း။

ဘုရားသခင်ရဲ့ အလိုတော်အတိုင်း

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဖြစ်သည်။ ဗြိတိသျှ နန်းရင်းဝန်(ဝန်ကြီးချုပ်) ဝင်စတန်ချာချီသည် ဂျာမန်တို့၏ လေကြောင်းရန်မှ ကာကွယ်ရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်။ အထူးသဖြင့် လန်ဒန်မြို့ တော်မှ ကမ္ဘာကျော် “ကင်တာကာရီ” ဘုရားရှိခိုးကျောင်းကြီးကို ဂျာမန်လေတပ်မှ ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကို အတတ်နိုင်ဆုံး ကာကွယ်ရန် အတတ်နိုင်ဆုံး စီစဉ်နေခဲ့သည်။ ထိုစဉ်က ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရန် သဲအိတ်များကို ဘေးပတ်ပတ်လည်မှ အများအပြားချထားခဲ့ ကြရသည်။ ချာချီသည် လူအင်အားအများအပြားဖြင့် သဲအိတ်များကို စုပြုံချထားရန် စီစဉ် အမိန့်ပေးရင်း သူ့ဘေးနားမှ ဂိုဏ်းချု့ ဘုန်းတော်ကြီးအား ဤသို့ လျှောက်ထားလိုက်သည်။
“ဒီလို သဲအိတ်တွေ အလုံအလောက် စုပြုံပြီးချထားမယ်ဆိုရင် ဂျာမန်တွေရဲ့ ဗုံးဒဏ်ဟာ ဘယ်လောက်ပဲ အနီးကပ်ကျပြီး ပေါက်ကွဲပေမယ့် အဆောက်အအုံကို မထိခိုက်မပျေက်စီးနိုင်ပါဘူး”
ဤတွင် ချာချီ၏စကားကို နားစိုက်ထောင်ရင်း ဂိုဏ်းချုပ်ဘုန်းတော်ကြီးက ဂျာမန်တွေ ကြဲချတဲ့ဗုံးတွေဟာ ဘုရားရှိခိုးကျောင်းကြီးနားတစ်ဝိုက်မကျဘဲ ဘုရားရှိခိုးကျောင်းကြီးပေါ်ကို တည့်တည့်ကြီး ဒါရိုက်ဟစ် ကျလာခဲ့ရင် ဘယ်လိုလုပ်မလဲ ဝန်ကြီးချုပ်” ဟူ၍ ပြန်မေးလိုက်ရာ ဖြတ်ထိုးဉာဉ်ကောင်းသလောက် ဟာသဉာဏ်ရွှင်လှသော ဝန်ကြီးချုုပ်ချူချာချီက “ အဲဒီလို ဒါရိုက်ဟစ်ကျလာခဲ့ရင်လည်း ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပဲလို့ မှတ်ယူရမှာပေါ့ဘုရား” ဟု ပြန်လည်လျှောက်ထားလိုက်ရာ ဂိုဏ်းချုပ်ဘုန်းတော် ကြီးမှာ ဘာမှပြန်မပြောနိုင်အောင် ဖြစ်သွားရသည်ဟူ၏။

အသက် ၇၀ ကျော်တော့ ဘာလုပ်ရမှာလဲ

အမေရိကန်ပြည်ထောင်စု ကင်းဆပ်စ်ပြည်နယ်မှ ဖက်ရျင် အလှမဂ္ဂဇင်း ထုတ်ဝေသူ အယ်ဒီတာချုပ်ဝီလျ့ဟယ်လင်သည် အသက် ၇၀ ပြည့် မေါးနေ့ကျင်းပပေးခဲ့သည်။ ထိုမဂ္ဂဇင်းမှာ အမျိုးသမီးများ၊ အလှမယ်ဖက်ရှင်ပုံများဖြင့် ထူးထူးခြားခြား ဖော်ပြခဲ့သဖြင့် နာမည်ကျော်ကြားလျက်ရှိ သည်။
အဆိုပါ ၇၀ ပြည့်မွေးနေ့ပွဲတွင် အပေါင်းအသင်း မိတ်ဆွေများက အယ်ဒီတာချုပ် ဝီလျံအား မေးခွန်းများမေးမြန်းခဲ့ကြရာ အဘိုးကြီး ဝီလျံမှာ မေးသမျှ မေးခွန်းများကို အလိုက်သင့်ဖြေကြားနေခဲ့ရ သည်။ ဤတွင် စာဖတ်သူတစ်ဦးက “အယ်ဒီတာချုပ်ဝီလျံအား ဆရာကြီးအခု အသက် ၇၀ အရွယ်အထိ အယ်ဒိတာလုပ်နေရတာ စိတ်ထဲမှာ ဘယ်လိုခံစားရပါသလဲ” ဟု မေးမြန်းခဲ့ရာ ဆရာကြီးက အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ဟာသနှော၍ ပြန်လည်ဖြေကြားသွားခြ့သည်။ “ဒီခေတ် မိန်းကလေးတွေဟာ အရင်ကလို ရှက်ကြောက်မနေကြတော့ဘဲ၊ ၊ ခေတ်ဆန်ဆန်ဝတ်စားပြင်ဆင်ပြီး အမျိုးစားတွေနဲ့အတူ ပူးပူကပ်ကပ် ထိုင်နေကြတာပဲ။ သူတို့အတွက် အဲဒီလို အမျိုးသားတွေနဲ့ နီးနီးစပ်စပ်ပူးပးကပ်ကပ်နေတာထိုင်တာ ဘာမျမဆန်းတော့ပါဘူး။ ကြောက်လည်း မကြောက်တော့ပါ ဘူး။ ဒါပေမယ့် ကျုပ်လို အသက် ၇၀ ကျော်နေတဲ့ အဘိုးကြီးတွေအတွက် ဒီလိုနေရထိုင်ရလို့ အကြောင်းမထူးတော့ပါဘူးဗျာ” ဟု ဖြေလိုက်သဖြင့် အားလုံးပွဲကျသွားခဲ့သည်။

ဆိုင်ခွဲ

သူတောင်းစားတစ်ယောက်က ဦးထုပ်ကို ရှေ့ချပြီး လမ်းဘေးတွင်ပိုက်ဆံတောင်းနေသည်။ လူတစ် ယောက်က ထိုဦးထုပ်ထဲကို ပိုက်ဆံပစ်ထည့်ပေးရင်း မေးခွန်းတစ်ခုကို မေ၏။
“ခင်ဗျားက ဦးထုပ် နှစ်လုံးတောင် ချထားတာကို၊ ဒီဥိးထုပ်က ပိုက်ဆံတောင်းတဲ့ ဦးထုပ်ဆိုရင် ဟိုဘက် ဦးထုပ်က ဘာတုန်း”
“ဟိုဘက်က ဦးထုပ်ကလည်း ပိုက်ဆံတောင်းတာပါပဲ၊ ခုတလော အလုပ်အကိုင်ကောင်းလို့ ဆိုင်ခွဲဖွင့်ထားတဲ့သဘောပါ။

သူက သူဌေးသား

သူဌေးကြီးက ပိုက်ဆံစွန့်ကြဲတာ နည်းသဖြင့် သူတောင်းစားက စောဒကတတ်သည်တဲ့။
“ သူဌေးကြီးက ဒီလောက်ပဲလားဗျာ…မနေ့က သူဌေးကြီးရဲ့သား ကျွန်တော့်ကို စွန့်ကြဲသွာတာ ဒီဆယ်ဆလောက် ရှိတယ်”
သူဌေးကြီး အေးအေးဆေးဆေးပင် ပြန်ပြောသည်တဲ့။
“ဒါကတော့ သူက သူဌေးသားကို ၊ ငါက သူဌေးသားမှ မဟုတ်တာ…တဲ့”

ဝက်နှင့်ဘီယာ

ဝက်တစ်ကောင် ဘားခန်းထဲသို့ ဝင်လာကာ “ဘီယာတစ်လုံး” ဟု မှာသည်။ ဘီယာသောက်ပြီးနောက် အပေါ့သွားရန်နေရာမေးရာ ဘီယာငှဲ့ပေးသူက “လှေကားကဆင်း၊ ဘယ်ဘတ်ချိုး” ဟူ၍ ပြောလိုက် သည်။
ဒုတိယဝက်တစ်ကောင်ရောက်လာကာ “ဘီယာဆယ်လုံး ဟုမှာသည်။ ဘီယာသောက်ပြီေးနာက် အပေါ့သွားရန် နေရမေးရာ ဘီယာငှဲ့ပေးသူက “လှေကားဆင်း၊ ဘယ်ဘက်ချိုး” ဟုတ်၍ လမ်းညွှန်လိုက် ပြန်သည်။
နောက်ထပ်ဝက်တစ်ကောင်ရောက်လာပြီး “ဘီယာအလုံး ၁၀၀” ဟုမှာကာ ဆက်တိုက်သောက်ပြီး သွားသောအခါ ဘီယာငှဲ့ပေးသူက “ဘာလဲမင်းလည်း အပေါ့သွားရမယ့်နေရာ မေးဦးမလို့လား” ဟု မေးရာ-
“မမေးဘူးကွ၊ ငါအိမ်ပြန်ရင်း လမ်းမှာ တရှူးရှူးနဲ့ ပေါက်သွားမှာ” ဟု ပြောရင်း ထွက်သွားပါလေ၏။

ယောက်ျားပျောက်သည်

အမျိုးသမီးတစ်ဦးက ရဲကိုဖုန်းဆက်ပြီး သူမယောက်ျားပျောက်နေကြောင်း သတင်းပေးပို့သည်။ ရဲက ရောက်လာပြိး သူမယောက်ျား၏ ပုံပန်းသဏ္ဍာန်ကို မေးမြန်းသောအခါ အမျိုးသမီးက သူမ ယောက်ျား သည် ၆ပေ ၂လက်မဖြင့် ရွှေရောင်လှိုင်းတွန့် ဆံပင်နှင့် အမြဲတမ်းပြုံးရွှင်နေကာ လူတိုင်းချစ်ခင်ကြောင်း ပြောလိုက်သည်။
အမှုကိုသေချာစေရန် ရဲကနံဘေးအိမ်မှ အမျိုးသမီးကြီးအားဝင်ရောက် စုံစမ်းရာ အမျိုးသမီးကြီးက
“ မိန်းကလေးကို ယုံလို့မရဘူးနော်။ သူ့ယောက်ျားအရပ်က ၅ပေ ၄လက်မလောက်ပဲရှိသည်။ ခေါင်းမှာ ဆံပင်လည်းမရှိဘူး။ မျက်နှာကလည်း အမြဲတမ်းမျက်မှောင်ကုတ်နေတာ” ဟု ပြောလိုက်သည်။
ရဲထွက်သွားပြီ းနောက်အိမ်နီးချင်းအမျိုးသမီးကြီးက အမျိုးသမီးငယ်အားဘာကြောင့် ရဲကို လိမ်ညာပြော ရသလဲဟုမေးမြန်းရာ အမျိုးသမီးငယ်က
“ပျောက်နေတယ်လို့ပဲ သတင်းပို့တာလေ၊ ပြန်လိုချင်တယ်လို့ဆိုလိုတာမှ မဟုတ်ဘဲ” ဟုပြောရာ…..

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...