ADSL ဆိုတာလဲ Internet Connection ကိုချတ်ဆက်တဲ့နေရာမှာ Phone Line
ကိုအသုံးပြုပြီးချိတ်ဆက်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ADSL ဆိုတဲ့ Internet
Connection အသုံးပြုတဲ့ Phone Line ကတော့Digital Phone Line ပဲဖြစ်ပါတယ်။
Phone Line မှာ Digital Phone Line နှင့် Analog Phone Line ရှိတယ်ဆိုတာကို
သိထားရပါမယ်။ဒီတော့ ADSL Internet Connection နဲ့ Internet
ကိုချိတ်ဆက်မယ်ဆိုရင် မိမိ ဆီမှာရှိ တဲ့ Phone Line သည် Digital Phone Line
ဖြစ်မှသာလျှင် ချိတ်ဆက် လို့  ရမယ်ဆိုတာကို မမေ့ပါနဲ့။ အဲဒီ Digital Phone
Line ရဲ့ Phone Exchange မှာ DSLAM ထိုင်ထားရမယ်။ DSLAM ဆိုတာ Voice(အသံ
)နှင့် Data ကိုခွဲထုတ်ပေး တဲ့ အလုပ်ကို လုပ်ဆောင်ပေးရတဲ့နေရာပါ။
နောက်ပြီးတော့ အဲဒီ DSLAM က ISP နဲ့လည်းတိုက်ရိုက်ချိတ်ဆက်ထားတယ်။
နောက်ပြီး Voice နဲ့ Data ကို သီးသန့်ပြန်ခွဲပေးတော့ ကျွန်တော် တို့တွေဟာ
Internet ကိုလည်းသုံးလို့ရ၊ Phone လည်းပြောလို့ရ တပြိုင်တည်း အလုပ် (၂)
ခုလုပ်လို့ရသွားတာပေါ့။ ISP (Internet Service Provider) ကြီးက
တစ်ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကြီးဖြစ် တဲ့ Internet ကြီးနဲ့ချိတ်ဆက်ထား တယ်။
အဲဒီ ISP ကြီးက ဘာနဲ့သွားပြီးချိတ်ဆက်ထားလဲဆိုရင် PSTN (Public Switch
Telephone Network) လို့ခေါ်တဲ့Telephone Network ကြီးနဲ့ ချိတ်ဆက်
ထားတယ်။ Phone Exchange ထဲမှာရှိတဲ့ Voice နဲ့ Data ကို ခွဲပေးတဲ့ DSLAM
ကြိီးသည်လည်း Internet Connection ရသော Line ကြီးနဲ့ ချိတ်ဆက်ထားပါတယ်။
ထိုမှတစ်ဆင့် DSLAM ကြီး သည် Phone Line ငယ်များကိုတစ်ဆင့်ပြန်ထွက်စေ ပြီး
ADSL Modem ဖြင့်ပြန် လည်၍ ဆက်သွယ်လိုက်တဲ့အခါမှာတော့ Internet နှင့် Phone
တပြိုင်နက်ထဲ အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။ ADSL Model များရဲ့ Internet
သုံးပြုနိုင်တဲ့ Speed ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။ ADSL Model မှာ
ADSL, ADSL 2 နှင့် ADSL 2+ ဆိုပြိီး အမျိုးအစားသုံးမျိုးရှိပါတယ်။
ရိုးရိုး ADSL Model ရဲ့ Download Speedသည် 8 Mbps ၊ Upload Speed သည် 1
Mbps ရှိသည်။ ADSL 2 Moden ရဲ့Download Speed သည် 12Mbps Upload speed သည် 1
Mbps ရှိသည်။ ADSL 2+ Moden ရဲ့ Speed Download Speed သည် 24Mbps ၊ Upload
Speed သည် 1 Mbps ရှိသည်။
From - YTPCC
From - YTPCC
No comments:
Post a Comment