Sunday, September 22, 2013

ADSL Broadband Connection အကြောင်း

ဒီConnection အမျိုးအစားကတော့ လူတိုင်းနဲ့ရင်းနှီးပြီးသား အားလုံးကြားနေကြဖြစ်မယ့် Connection အမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။ Broadband Connection အမျိုးအစားထဲက အခုနောက်ပိုင်းမှာ အသုံးများလာပြီးတော့ လူသိများလာတဲ့ ADSL Connection အမျိုးအစား ဖြစ်ပါတယ်။ ADSL Broadband Connection အတွက် ဖုန်းလိုင်းရှိစရာမလိုပါဘူးခင်ဗျာ။ ဖုန်းလိုင်းမရှိဘူးဆိုရင်လဲ ဖုန်းလိုင်းပါတစ်ခါတည်း လျှောက်ထားနိုင်ပါတယ်။ ဖုန်းလိုင်းရှိတယ်ဆိုရင်လဲ ဖုန်းနံပါတ်နဲ့ မိမိတို့ဖုန်းလိုင်းယူထားတဲ့ ဖုန်းအိတ်ချိန်းမှာ DSLAM (Digital Subscriber Line Access Multiplexer Device) ရှိမရှိဆိုတာစစ်ဆေးပြီးတော့ Connection ကိုလျှောက်ထားနိုင်ပါတယ်။ ရန်ကုန်ကဖုန်းအိတ်ချိန်း တော်တော်များများမှာတော့ DSLAM ရှိပါတယ်။ DSLAM ဆိုတာက ဖုန်းထဲမှာ Frequency အမြင့်ဆုံးနဲ့လာတဲ့ Signal တွေကို ထုတ်လွှတ်ပေးဖို့ ခွဲထုတ်ရန်အတွက် အသုံးပြုထားတဲ့ Device အမျိုးအစားဖြစ်ပါတယ်။ ဒီ ADSL Connection ကိုလဲ မိမိတို့လိုချင်တဲ့ Speed အမျိုးအစား၊ ဖုန်းလိုင်းယူမယူ၊ စဉ်းစားပြီးတော့ မြန်မာဆက်သွယ်ရေး (MPT)နဲ့Bagan Net တို့မှာလျှောက်ထားနိုင်ပါတယ်။ ADSL Broadband Connection မှာ ဖုန်းလိုင်းရှိပါက အင်တာနက်လိုင်းပါလျှောက်ပြီးတော့ ဖုန်းကော၊ Internet Connection ကော နှစ်မျိုးလုံးကိုတပြိုင်နက်တည်းအသုံးပြုနိုင်တဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ ဖုန်းလိုင်းချို့ယွင်းချက်ကြောင့် ပျက်နေပြီးတော့ ဖုန်းခေါ်ဆိုလို့ မရရင်တောင် Internet Connection ကိုအသုံးပြုနိုင်တဲ့ ADSL Connection အမျိုးအစားပဲဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းလိုင်း တကယ်ကိုပျက်သွားရင်တော့ Internet Connection လဲ အသုံးပြုလို့တော့ ရမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့ Phone ကော၊ Internet Connection နှစ်ခုလုံး တပြိုင်နက်တည်းအသုံးပြုနိုင်တာလဲဆိုရင် ဖုန်းလိုင်းကလာတဲ့ Frequency နဲ့ ADSL Connection လိုင်းကအသုံးပြု Frequency မတူညီလို့ အသုံးပြုနိုင်တာဖြစ်ပါတယ်။ တယ်လီဖုန်းလိုင်းတွေမှာအသုံးပြုတဲ့ Copper Wire ရဲ့ Frequency range ဟာ ကျယ်ပြန့်ကြီးမား လွန်းတဲ့အတွက် Low frequency range တွေကိုတော့ ADSL Connection မှာဆိုရင် Voice Signal (အသံ) အဖြစ်အသုံးပြုပြီးတော့၊ high frequency range ကိုတော့ digital data tramission အတွက် ADSL Connection မှာအသုံးပြုရတာဖြစ်ပါတယ်။ အဲဒါကြောင့် DSLAM Device ကတော့ တယ်လီဖုန်းအိတ်ချိန်းရုံးတွေမှာမရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်ခုဖြစ်နေပါတယ်။ ဖုန်းအိတ်ချိန်းရုံးနဲ့မိမိတို့အသုံးပြုမယ့်နေရာနဲ့ကလဲ အကွားအဝေး နည်းနည်းဝေးသွားမယ်ဆိုရင် Internet Connection Speed ကလဲ အနှေးနဲ့အမြန် နည်းနည်းကွာခြားချက်တော့ရှိမှာပါ။ ADSL Braodband Connection Speed မှာ Download; Upload Speed အကြောင်းလေး မပြောခင်မှာ ADSL လို့ခေါ်တဲ့ “A” ကို ဘယ်ကြောင့်ခေါ်ဆိုရလဲဆိုတာလေးကို နည်းနည်းလေး ပြောပြချင်ပါတယ်။ “A” ဆိုတာက Asymmetric လို့ ခေါ်တာဖြစ်ပါတယ်။ အဲဒီလိုမျိုး Asymmetric လို့ခေါ်ရလဲဆိုရင်တော့ ADSL Connection မှာ Connection Line တွေထဲမှာ Digital Data Signal ဟာ Download Speed နဲ့ Upload Speed ကို အချင်းချင်းတူညီတဲ့ Flow တွေနဲ့မသွားတဲ့ အတွက်ကြောင့် Asymmetric လို့ခေါ်တဲ့ “A” ကိုအသုံးပြုထားတာဖြစ်ပါတယ်။ အများဆုံးကတော့ DSL (Digital Syscriber Line) Broadband Connection လို့မခေါ်ဘဲနဲ့ အရှေ့မှာ “A” (Asymmetric )ထည့်ပြီးတော့ ADSL Broadband Connection လို့ခေါ်ဆို ထားတာဖြစ်ပါတယ်။ ADSL Broadband Connection မှာဆိုရင် Upload Speed တွင်တင်လိုက်တဲ့ Data တွေထက် Download data တွေကပိုမိုမြန်ဆန်ပါတယ်။ (Download Speed များပြီး၊ Upload Speed နည်းတာဖြစ်ပါတယ်။) ADSL Broadband Connection မှာ ရိုးရိုး ADSL တွေမှာဆိုရင် Download Speed ဟာ 6MB လောက်ရပြီးတော့ Upload Speed ကတော့ 800Kb လောက်ပဲရပါတယ်။ ADSL Connection အမျိုးအစားတွေထဲမှာ ADSL; ADSL 2; ADSL 2+ ဆိုပြီးတော့ သတ်မှတ်ထားတာတွေရှိပါတယ်။ ဘာလို့သတ်မှတ်ထားလဲ ဆိုတော့ Upload Speed နဲ့ Download Speed ကို အသုံးပြုရတာမတူလို့ အခုလိုမျိုး သတ်မှတ်ပြီးတော့ အင်တာနက်သုံးရတာအဆင်ပြေ လွယ်ကူအောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ ADSL 2 Broadband Connection မှာဆိုရင်တော့ Download Speed က 8MB လောက်ရပြီးတော့ Upload Speed ကတော့ 1MB အထိရပါတယ်။ ADSL 2+ Broadband Connection မှာဆိုရင်တော့ Download Speed က 24MB လောက်ရပြီးတော့ Upload Speed ကတော့ 1MB လောက်ထိပဲရနိုင်ပါတယ်။ (MPT နဲ့ Bagan Net မှာ ADSL Connection သုံးမျိုးထဲက ကြိုက်တာကိုလျှောက်နိုင်ပါတယ်။ သူတို့တွေပြောတဲ့ Upload Speed နဲ့ Download Speed တွေနဲ့ အခု ပိုးကောင်လေး ပြောထားတဲ့ Speed တွေဟာကွာခြားမှုရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေသတ်မှတ်ထားတဲ့ Speed (စာတွေထဲမှာ ဖော်ပြထားတဲ့Speed) နဲ့ လက်တွေ့ Speed အသုံးပြုကြည့်တဲ့အခါမှာ ရတဲ့ Speed နဲ့မတူလို့အနည်းငယ်ကွာခြားချက်တော့ရှိနိုင်ပါတယ်။) ADSL 2 နဲ့ ADSL 2+ မှာ ဘာကြောင့် ADSL Connection နဲ့ Speed ချင်းမတူရလဲဆိုရင်တော့ ADSL 2 နဲ့ ADSL 2+ မှာသုံးထားတဲ့ Modulation technique ပြောင်းလဲအသုံးပြုထားလို့ဖြစ်ပါတယ်။ ADSL 2 နဲ့ ADSL 2+ မှာဆိုရင် သုံးတဲ့ Frequency က အရမ်းမြင့်သွားပြီး တော့ Upload /Download Speed ကို ခံနိုင်ရည်ပိုရှိလာလို့ဖြစ်ပါတယ်။ ADSL မှာလို ဖုန်းအိတ်ချိန်းနဲ့ အကွာအဝေးကိုဂရုစိုက်ရပေမယ့် ADSL 2 နဲ့ ADSL 2+ မှာ အကွားအဝေးလဲနည်းနည်းကျယ်ပြန့်သွားလို့ဖြစ်ပါတယ်။ အဲဒါကြောင့် အခုဆိုရင် ADSL Connection; ADSL 2; ADSL 2+ Connection အကြောင်းအနည်းငယ် ဗဟုသုတဖြစ်သွားမှာပါ။ အောက်ကပုံလေးကတော့ Company ပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် ADSL Connecion ကို ဖုန်းအိတ်ချိန်းကနေ ဖုန်းလိုင်းနဲ့Modem သုံးပြီးတော့ ဖုန်းကော၊ Connection ပါချိတ်ဆက်ထားပုံလေးဖြစ်ပါတယ်။
ADSL Connection အဆက် -

နောက်တစ်ခု ADSL Connection မှာ မရှိမဖြစ်လိုအပ်တဲ့ ADSL Modem အကြောင်းနဲ့ VoIP လို့ခေါ်တဲ့ ဖုန်းလိုင်းအကြောင်းလေး နည်းနည်းလေ့လာရအောင်။

ADSL (Asymmetric Digital Subscriber Line) Modem နဲ့ VoIp (Voice over Internet Protocol)

ADSL Modem ဆိုပြီးတော့ မြန်မာနိုင်ငံမှာ အသုံးပြုနေကြတဲ့အမျိုးအစား တော်တော်များများ ရှိပါတယ်။ ADSL Modem ကို စတင်ပြီးတော့ အလုပ်လုပ်မခိုင်းခင် (installation မလုပ်ခင်၊ မသုံးခင်) ဆိုင်မှာပဲဖြစ်ဖြစ်၊ မိမိတို့ Connection ယူမယ့် network မှာပဲဖြစ်ဖြစ် စမ်းသပ်ပြီးတော့ Modem နဲ့ Network နှစ်ခုလုံး ကိုက်ညီပြီးတော့ အလုပ်လုပ်နိုင်တယ်ဆိုမှဝယ်သင့်ပါတယ်။ Modem ကော၊ Network ကော နှစ်ခုလုံး အသုံးပြုနိုင်ဖို့အတွက် အဓိက စမ်းသပ်စစ်ဆေးဖို့လိုပါတယ်။ မဟုတ်ရင် Modem နဲ့ Network မကိုက်ညီမှုကြောင့် အသုံးပြုဖို့ အဆင်ပြေမှာမဟုတ်ပါဘူး။ အဲဒီအခါကျရင် Modem ဖိုးသပ်သပ်ကုန်မှာဖြစ်တာကြောင့် စစ်းသပ်စစ်ဆေးဖို့လိုပါတယ်။ Modem နဲ့ Network ကိုက်ညီမှုအတွက် စစ်ဆေးမယ်ဆိုရင်လဲ လာထား ပိုက်ဆံပါပဲ။ စမ်းသပ်ခသဘောမျိုး ငွေပေးဆောင်ရမှာဖြစ်ပါတယ်။ အရင်ကဆိုရင်တော့ BaganNet မှာပဲ သူတို့ရောင်းတဲ့Modem ကိုဝယ်ပြီးတော့ သူတို့ဆီမှာပဲ Configuration လုပ်ရပါတယ်။ အပြင်က ၀ယ်ယူအသုံးပြုတဲ့ Modem တွေကို Bagan Net က Configuration မလုပ်ပေးပါဘူး။ အခုနောက်ပိုင်းမှသာ အခြားNetworking Company တွေကလဲ Modem တွေနဲ့ ပတ်သက်ပြီးတော့ Services တွေလုပ်ပြီးတော့ရောင်းချနေတာတွေရှိပါတယ်။ ADSL Modem တွေမှာ data transfer rate ကို အများဆုံး 1000Mbps (1Gbps) လောက်ထိကို transfer လုပ်နိုင်တဲ့ Modem အမျိုးအစားတွေရှိပါတယ်။ Dial Up ရဲ့ External and Internal Modem တို့ရဲ့ 56Kbps နဲ့ ယှဉ်ရင် အဆမတန် ကွာခြားလွန်တဲ့အတွက် အင်တာနက်ကို ချိတ်ဆက်ဖို့အတွက် အလွန်လျင်မြန်တဲ့ Modem အမျိုးအစားတွေဖြစ်ပါတယ်။ Modem ရဲ့ Speed rate ကို တယ်လီဖုန်းလိုင်း (Copper Wire Line) နဲ့ဆက်သွယ်ပြီး အသုံးပြု ထားရတာဖြစ်လို့ ဖုန်းအိတ်ချိန်းရဲ့အကွာအဝေးပေါ်မူတည်ပြီးတော့ Modem Speed ကလဲ အမြန်နှုန်းကတော့ အနည်းငယ်ကွာခြားမှုရှိပြီးတော့ မြန်တယ်၊ နည်းနည်းနှေးတယ် ဆိုပြီးတော့ ဖြစ်ပေါ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အသုံးများနေတဲ့ Modem အမျိုးအစားကတော့ လူတိုင်းနှင့်ရင်းနှီးပြီးသား Linsys ADSL Modem အမျိုးအစားပဲဖြစ်ပါတယ်။

ADSL Modem တွေမှာ VoIP Services အတွက်လဲထည့်သွင်းအသုံးပြုနိုင်တဲ့ Adapter တွေပါပါတယ်။ VoIP Services ကိုလဲ ADSL Connection လျှောက်တဲ့အခါမှာ ထည့်သွင်းလျှောက်ထားနိုင်ပါတယ်။ VoIP ဖုန်းဆိုတာကတော့ အရင်က Broadband Wireless Connection အမျိုးအစားတွေမှာလဲ ကြားဘူးမှာဖြစ်ပါတယ်။ VoIPဖုန်းကဘာလဲဆိုတော့ အလွယ်ဆုံးမှတ်ထားလို့ရအောင်ဆိုရင်တော့ အခုအသုံးပြုနေတဲ့ဖုန်းအပြင် နောက်ထပ် ဖုန်းတစ်လုံး သို့ နှစ်လုံးလောက်ကို တပြိုင်နက်တည်း Internet Connection လိုင်းပေါ်မှာ ဖုန်းအသုံးပြုကို ခေါ်တာဖြစ်ပါတယ်။ အသံတွေကို IP Protcol (အင်တာနက်လိုင်း) ပေါ်မှာ အသုံးနိုင်တဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ VoIP Phone ကိုလဲ Connection လိုင်းတစ်လိုင်းမှာ တစ်လုံး သို့ နှစ်လုံးအထိ လျှောက်ထားနိုင်ပါတယ်။ VoIP ဖုန်း ရဲ့ ကောင်းတဲ့အချက်ကတော့ Copper Wire ဖုန်းလိုင်း ပျက်သွားရင်တောင် VoIP ဖုန်းကို အသုံးပြုနေနိုင်တာဖြစ်ပါတယ်။ အဲဒီလောက်ဆို VoIP phone ကြောင်း အနည်းငယ်သိလောက်ပြီးလို့ထင်ပါတယ်။

ADSL Connection လိုင်းအမျိုးအစားလျှောက်ထားမှုကိုတော့ မိမိတို့ကြိုက်နှစ်သက်ရာ Connection လိုင်းကို ယူချင်တဲ့ Bandwith အလိုက် လျှောက်ထားနိုင်ပါတယ်။ မိမိတို့တစ်ယောက်တည်း အသုံးပြုမယ်ဆိုရင်တော့ 256 Kbps လောက်လျှောက်သင့်ပါတယ်။ Cyber café တွေမှာ အသုံးပြုမယ်ဆိုရင်တော့ 512Kbps ကနေ မြင့်တာတွေလျှောက်ထားနိုင်ပါတယ်။ ADSL Broadband Connection Service အနေနဲ့ Class (၅)မျိုးရှိပြီးတော့ Speed ကိုလဲ 256Kbps ကနေစတင်ပြီးတော့ အသုံးပြုနိုင်ပါတယ်။ နှစ်စဉ်ကြေး၊ လစဉ်ကြေး နှင့် ကနဦးတပ်ဆင်ခ ဆိုပြီးတော့ အနည်းဆုံး FEC 30 ကနေ အများဆုံး FEC 200 (နှစ်စဉ်ကြေးနဲ့လစဉ်ကြေး)၊ ရှိပါတယ်။ Installation Fees အတွက်ကတော့ FEC 1500 ကုန်ကျမှာဖြစ်ပါတယ်။

ADSL Connection ရဲ့ အားသာချက်၊ အားနည်းချက်ကို မကြည့်တော့ဘဲနဲ့ သူ့ဆီကရနိုင်တဲ့ အကျိုးကျေးဇူးတွေကိုပဲ ကြည့်ပြီးတော့ Connection တပ်ဆင်မယ်ဆိုရင် အသုံးပြုသင့်တဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ Internet Connection ကို Always on Connection အမျိုးအစားဖြစ်လို့ ကောင်းတာလဲရှိနိုင်သလို၊ မကောင်းတာလဲ အနည်းငယ်ရှိနိုင်တာလေးတွေရှိပါတယ်။ ကောင်းတယ်ဆိုတာ ကတော့ အမြဲတမ်း အချိန်မရွေးအသုံးပြုနိုင်တယ်။ အင်တာနက်ကို Dialing လုပ်စရာမလိုဘဲအသုံးပြုနိုင်တယ်။ ဖုန်းလိုင်းမရှိလဲ ဖုန်းလိုင်းနဲ့ တစ်ခါတည်းလျှောက်ထားပြီးတော့အသုံးပြုနိုင်တယ်။ ဖုန်းလိုင်းသုံးနေချိန်မှာလဲ အင်တာနက်ကို တစ်ခါတည်းနဲ့ နှစ်ခုတပြိုင်တည်း အသုံးပြုနိုင်တယ်။ အခြား အင်တာနက်ဖုန်း VoIP ဖုန်းကိုလဲ အသုံးပြုနိုင်တယ်။ အင်တာနက် Connection Speed ကလဲမြန်တယ်။ အဲဒီအချက်တွေက ADSL Connection ရဲ့ကောင်းမွန်တဲ့အချက်တွေပါ။ မကောင်းတာကတော့ Internet Connection ဟာ Always on Connection ဖြစ်လို့ အခြားအနှောင့်အယှက်တွေရှိနိုင်ပါ။ ဒါကလဲ မြန်မာနိုင်ငံအတွက်ဆိုရင်တော့အနည်းငယ် စိတ်မပူလဲရပါတယ်။ ADSL Connection အသုံးမည့်သူများနဲ့အသုံးပြုနေတဲ့သူများအားလုံး အဆင်ပြေပါစေခင်ဗျာ။



ဗဟုသုတအနေဖြင့် - ADSL Connection လိုမျိုးဘဲ နောက်ထပ် DSL Connection အမျိုးအစားတွေထဲမှာ Upload/ Download Speed တူတာတွေရှိပါသေးတယ်။ အဲဒါတွေကတော့ SDSL (Single line Digital Subscriber Line) နဲ့ HDSL (High bit data rate Digital Subscriber Line) ဆိုပြီး တော့ အဲဒီနှစ်မျိုးလဲရှိပါတယ်။ ဗဟုသုတအနေနဲ့ DSL ရှေ့ကအသုံးပြုလေ့ရှိတတ်တဲ့ (A; S; H) အကြောင်းလေးကိုပြောပြထားတာဖြစ်ပါတယ်

From - MEF

1 comment:

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...