Wednesday, September 18, 2013

မုန်းတယ်

မင်းလိမ်နေတာသိရက်နဲ့ 
ယုံကြည်ချင်နေမိတဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

ငါ့ကိုရင်ခွင်ထဲထားပြီး
တခြားတယောက်ကို
တမ်းတနေတာကိုသိရက်နဲ့ 
ခွင့်လွှတ်ချင်နေမိတဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

မင်းပေးတဲ့ အရာတွေအားလုံး
အတုတွေမှန်းသိရက်နဲ့ 
အစစ်တွေလိုတန်ဖိုးထားချင်တဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

မင့်းအရင်တယောက်လောက်
ငါ့ကိုတန်ဖိုးမထားတာ
သိရက်နဲ့ 
မင်းအနားနေနေချင်သေးတဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

မင်းရင်ထဲမှာ
ငါမရှိမှန်းသိရက်နဲ့ 
မင်းကိုအတိုင်းထက်အလွန်
ချစ်နေမိတဲ့ ငါ့ကိုယ်ငါ...မုန်းတယ်...။
လွမ်းတဲ့ အချိန်တိုင်းမုန်းမယ် မုန်းတဲ့ အချိန်တိုင်းလွမ်းမယ်
@ Annonymous

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...