~အချစ်တဲ့ …
ကျနော့ ဘ၀ရဲ့ သင်ခန်းစာမှာ ကျနော်မကြေညက်ခဲ့ တဲ့ ပုစ္ဆာပါ…ကျနော်ခုထိတွက်နေဆဲပါ ဒါပေမဲ့ လည်း အဖြေမထွက်သေးပါဘူး…
ကျနော့ သင်ခန်းစာရဲ့ သီအိုရီမှာက ရင်ခုန်သံတွေ ထပ်တူညီနိုင်မှ အချစ်တဲ့ ..
ကျနော တယောက်ထဲကြားရတဲ့ ကျနော့ ရင်ခုန်သံ တခုထဲနဲ့ တွက်လို့ မရမှန်းသိသိကြီးနဲ့ 
formula တွေ ချရေးနေမိတယ်… ချရေးနေခဲ့ တယ်…
အချစ်ဆိုတဲ့ အဖြေအဆင့် မရောက်ခင်မှာပဲ…အချိန်တွေစေ့ သွားခဲ့ တယ်…
သင်ခန်းစာရဲ့ အစ ဟိုး….ကလေးဘ၀ကသင်ခန်းစာ မို့  အချစ်ဦးလို့ နာမည်ပေးခဲ့ မိတယ်…
အချစ်ဦးနဲ့ လွဲတာထုံးစံပါလို့ ပြောနေကြတဲ့ ရှေ့ ဆိုရိုးစကားလိုပဲ …ခုတော့ လဲ ဘယ်တွေရောက်လို့ ဘာတွေလုပ်နေပြီးလဲ …
ငါ့နှလုံးသားမှာလဲနင်မရှိတော့ တာကြာခဲ့ ပါပြီကွာ…
တက္ကသိုလ်ကျောင်းသားဘ၀မှာ ရာဇ၀င်တွင်မဲ့ ပုစ္ဆာတပုဒ်လို ကျနော့ အချစ်ကလဲပြန်လည်လိုတွက်ချက်ဖို့ လိုလာပြန်ပါတယ်…
ရိုးရိုးသားသား အဖြူးေ၇ာင်ခင်မင်မှုတွေတဆင့် တိုးလို့ အရောင်တွေခြယ်ဖို့ ကြိုးစားဆဲ့ လမ်းခုလတ်မှာပဲရပ်တန့် သွားခဲ့ တယ်…
နင့် ရဲ့ အပြူအမှုတွေပေါ်သာယာမိတာက ငါ့ရဲ့ အမှားတွေပါ…
နင့် ရဲ့ အပြောအဆိုအကြည့် တွေပေါ်ကြည်နှုးနေမိတာက ငါ့ရဲ့ အမှားတွေပါ…
နင့် ရဲ့ အကြည့် တွေပေါ်မှာနှစ်မျောနေမိတာက ငါ့ရဲ့ အမှားတွေပါ…
နင့် ရဲ့ ….
နင့်ရဲ့ …….
နင့် ရဲ့ ………
ငါ့ရဲ့ အမှားတွေပါ…
ဒါပေမဲ့ လည်း
နင်နဲ့ အတူရှိနေခဲ့ တဲ့ အချိန်လေးတွေကတော့ ခုထိလွမ်းမောစရာတွေပါပဲ..
အတိတ်ကမ္ဘာထဲကအရိပ်ပမာ ချစ်ခဲ့ တာလား ကျန်ခဲ့ တာလား မရေရာေ၀၀ါးစေတဲ့ အဖြစ် ..
နောက်ဆုံးအနေနဲ့  တိုက်ဆိုင်းမှုတွေရှိလာခဲ့ ရင်တော့  မိတ်ဆွေအဖြစ်နဲ့ ပဲ သတိရခွင့် လေးတော့ ပေးပါလို့  တောင်းဆို လိုက်ပါစေ ……
@Hninn Nu Phyoe

No comments:
Post a Comment