လူဆိုတာ ဘာလို့ များ တစ်ဦးတစ်ယောက်ထဲ နေလို့ မရတာလဲ
"ပတ်ဝန်းကျင်"ဆိုတဲ့ စကားလုံးကို ဘယ်သူတွေကများ စထွက်ခဲ့တာပါလိမ့်
သူတို့ စိတ်နဲ့ လိုက်ပြီး နေပေးရမှာလား
ကိုယ့်စိတ် ကိုယ့်အလိုကျ နေနေရမှာလား
သူတို့ က ငါ့ကို စိတ်ချမ်းသာစေမှာလား
ငါက သူတို့ ကို စိတ်ကျေနပ်စေမှာလား
ငါငိုနေချိန် သူတို့ ပျော်နေရင် ငါလိုက်ပျော်ပေးရမှာလား
ငါပျော်နေချိန် သူတို့ ဝမ်းနည်းနေရင် ငါလိုက်ငိုပေးရမှာလား
ရင်ထဲက မပါတဲ့ အပေါ်ယံ နှစ်သိမ့်စကားတွေနဲ့ 
ဟန်ဆောင်အပြုံးတွေနဲ့ ကျေနပ်နေရမှာလား
နောက်ဆုံးတော့ ဒါတွေဟာ လောကသဘာဝလေလား
သြော်......
လူ့ လောကထဲမှာနေထိုင်နေတဲ့ လူတစ်ယောက်အဖို့ 
လူထဲကလူတစ်ယောက်ဖြစ်အောင်
မနေထိုင်တက်သေးတဲ့ ငါပါလား
@ Hninn Nu Phyoe
<20.9.2013>

No comments:
Post a Comment