Friday, September 20, 2013

နင့်ကိုမေ့ပစ်ဖို့ 

နင့်ကိုမေ့ပစ်လိုက်ဖို့  ဆုံးဖြတ်ချက်ချလိုက်တယ် (7.4.2013, 4:15AM)

နင့်ဓာတ်ပုံတွေ stick ထဲ မထည့်ထားတော့ဘူး
fb ပေါ်မှာ နင်တယောက်တည်းကို close friend လုပ်ထားတာကိုဖြုတ်ပလိုက်တယ်
picture တွေမှာ tag ထားတာကို untag လုပ်ပစ်တယ်
only me လုပ်ထားတဲ့ နင့်ရဲ့ photo တွေလည်းဖျက်ပစ်ရအုံးမယ်
နင့်ကို unfriend လုပ်ပစ်ဖို့ block ဖို့ ဆိုတောတော့ တော်တော်စဉ်းစားယူရအုံးမယ်
ဖြစ်နိုင်ရင်နင်နဲ့ ပတ်သတ်သမျှအကုန် unfriend လုပ်ထားလိုက်ချင်တယ်
နင့်အကြောင်း နင် Like သမျှ နင် comment ရေးသမျှ ငါ့ဆီမပေါ်လာအောင်ပေါ့
gmail ကတော့နင်ကိုယ်တိုင်ဘလော့ထားတော့အေးဆေးပေါ့ (နင်တောင်ဘလော့ရက်တယ်နော်)
chat mail အဟောင်းတွေ Lable ခွဲပီးမှတ်ထားတာတွေ ဖျက်ပစ်ရအုံးမယ်
အဝေးရောက်နေတဲ့ဖုန်းထဲက msg တွေနဲ့ contact list နဲ့ photo တွေလည်းဖျက်ဖို့ ကျန်သေးတယ်
နောက်ထပ်ဘာကျန်သေးလဲ
မိုးလင်းတာနဲ့ တွေးမိနေတဲ့ ငါ့အတွေးတွေကိုလည်းဖျောက်ပစ်ရအုံးမယ်
သူငယ်ချင်းတွေကြားမှာလည်း နင့်နာမည် မပြောမိအောင်ဂရုစိုက်ရအုံးမယ်
အိပ်လို့ မရတိုင်းတွေးမိနေတဲ့နင့်အကြောင်းတွေလည်း မတွေးမိအောင်နေရအုံးမယ်
ဟူးးးးးးးးးးးးးးးးးးးးးးးး
သတိရရနေတဲ့ငါ့ရဲ့ စိတ်ကို သတိမရအောင်ထိန်ချုပ်နေရတယ်
မေ့မရတဲ့အတိတ်ကို အတင်းမေ့ပစ်ချင်ယောင်ဆောင်နေရတယ
သြော် ငါးနှစ်သား သံယောဇဉ်ကို ဥပေက္ခာပြုဖို့ စဉ်းစားရတာ
သေမလောက်ခက်ခဲမှန်း ဒီ (12) ရက်က သက်သေတည်နေပါလား

* TIME is a doctor of heartbroken


 @Hninn Nu Phyoe
  (19.4.13 5:31AM)

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...