အလုပ်သမားက စက်ရုံမှူးကို မေးသည်။
"ဆရာ၊ အောက်ကို ဝေဖန်ခြင်းနဲ့ အထက်ကို ဝေဖန်ခြင်း တစ်ခုနဲ့တစ်ခု ဘာကွဲသလဲဟင်"
"မင်းနားလည်အောင် ငါလက်တွေ့ပြမယ်"
ဤသို့ပြောပြီး စက်ရုံမှူးသည် ပြတင်းပေါက်ဘောင်ပေါ် တက်ရပ်လိုက်သည်။ အလုပ်သမားကိုမူ အောက်ထပ်သို့
ဆင်းပြီး ပြတင်းပေါက် အောက်တည့်တည့်တွင် ရပ်ရန် ပြောသည်။ ထို့နောက် စက်ရုံမှူးသည် အပေါ်မှနေ၍ အောက်သို့
တံတွေး ထွေးချလိုက်သည်။ အလုပ်သမား၏ ခေါင်းပေါ် တည့်တည့်ကြီး ကျသွားသည်။
"အဲဒါ အောက်ကို ဝေဖန်ခြင်းပဲ၊
ကိုင်း အခု မင်း ငါ့ကို တံတွေးနဲ့ ပြန်ထွေးစမ်း"
အလုပ်သမား ထွေးလိုက်သည်။ တံတွေးသည် မိမိ၏ ခေါင်းပေါ်ပင် ပြန်ကျသည်။
"အေး၊ အဲဒါ အထက်ကို ဝေဖန်ခြင်းပဲ"
@ Annonymous

No comments:
Post a Comment