Wednesday, September 18, 2013

နင်မှ မချစ်ခဲ့တာ

 အတိတ်တွေကို မေ့တယ်

နားလည်မှုကို မေ့တယ်

အကြင်နာတွေအကြောင်း ငါပြန်တွေးတိုင်း

မကြင်နာခဲ့တဲ့ နင့်ကို

ငါ့ နှလုံးသားက တဆစ်ဆစ် သွေးထွက်မတက် နာကျည်းတယ်…….။


သံယောဇဉ်ကိုမေ့တယ်

သူငယ်ချင်းဆိုတာကိုမေ့တယ်

ပေးဆပ်ခြင်းအကြောင်း ငါပြန်တွေးတိုင်း

လှည့်စားခံခဲ့ရတဲ့ ငါကိုယ်တိုင်ကို

တုန်လှုပ်ခြောက်ခြားစွာနဲ့ ငါ့ဦးနှောက်က မေ့ဖျောက်ထားတယ်……။


အရူးလုပ်ခံရခြင်းကို မေ့တယ်

မလေးနက်ခဲ့တာကို မေ့တယ်

အချစ်ဆိုတာကို ငါပြန်တွေးတိုင်း……

ဟားတိုက်လှောင်ရယ်ခံခဲ့ရတဲ့ အချိန်တွေထဲက

နင်မှ မချစ်ခဲ့တာ ဆိုတဲ့ အသိကို …….

ငါ့ ကမ္ဘာပျက်မတက် သွေးပျက် ကြောက်ရွံနေမိတော့တယ်……။

@ Annonymous

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...