သူငယ်ချင်းရေ.........
မင်းနဲ့ တို့ ကငယ်ကပေါင်းသင်းငယ်သူငယ်ချင်းမဟုတ်သော်လည်း
ဆိုးတူကောင်းဘက်လည်ပင်းဖက်ကျောင်းတက်ခဲ့ တဲ့ သူငယ်ချင်းဆိုတာ
တို့ ကျောင်းတော်ကအသိဆုံးပါ
သူငယ်ချင်းရေ........
စက်မှုခေတ်ကိုရောက်နေပြီမို့ တို့ ပြည်မြန်မာကမ္ဘာမှာရင်ဘောင်တန်းအောင်
စိတ်ဓာတ်ပြုပြင်လုံးလ၀ီရိယစိုက်ကာထုတ်လို့ 
နည်းပညာကိုလေ့ လာဆည်းပူးမှတ်ယူပွားများ
လူတို့ လိုအင်အသုံးသင်လို့ တီထွင်နိုင်အောင်ကြိုးစားပါစို့ 
သူငယ်ချင်းရေ........
ကျောင်းကြီးပြီးလို့ အလုပ်ခွင်မှာကျရာတာဝန်ထမ်းဆောင်နေလည်း
ပန်းခရေပွင့် ချိန်ရောက်ရင်ကျောင်းမြေကိုသတိရပြီး
တို့ ဆီကိုလည်း........သတိရကြောင်းစာလွှာတစ်စောင်ရေးလိုက်ပါဦး
@ လမင်းသန်း

No comments:
Post a Comment