နင်နဲ့ အတူစားခဲ့ ဖူးတဲ့ မုန့် ဟင်းခါးဆိုင်
မနက်က၀င်စားခဲ့ မိတယ်..
သတိရလိုက်တာ...
နင်နဲ့ အတူကြည့်ခဲ့ မိတဲ့ ရုပ်ရှင်ကား(အာဒံ ဧ၀ ဒသ)
နေ့ လည်က ဂျာနယ်အဟောင်းမှာပြန်ဖတ်မိတယ်
သတိရလိုက်တာ...
နင်နဲ့ အတူစားခဲ့ ဖူးတဲ့ ငါးကင်ဆိုင်ရှေ့ 
ညနေကဖြတ်လျှောက်မိတယ်
သတိရလိုက်တာ...
နင်နဲ့ အတူတွေ့ နေကြ...
ဂျီတော့ ဖေ့ ဘုတ်ထဲက..ချက်မေလ်အဟောင်းတွေ
တညလုံးဝင်ဖတ်မိတယ်
သတိရလိုက်တာ...
မိုးလင်းကတည်း က နင့်အကြောင်းစစဉ်းစားမိနေတာ
ငါ့အပြစ်လား..
အချိန်တိုင်းအရာရာတိုင်းဟာ
ငါ့အတွက်တိုက်ဆိုင်မှုတွေရှိနေတော့ လဲ
သတိရမိတာ ငါ့အမှားလား....
ချစ်သူမဟုတ်ခဲ့ တဲ့ ..ချစ်သူမဟုတ်တော့ တဲ့ ..ချစ်ရသူရေ
နင့်ဘက်ကအစိမ်းရောင်တံတိုင်းကာခြားထားပေမဲ့ 
မေ့မရနိုင်တဲ့  ငါ့ အတွက်တော့
နင်နဲ့ ပတ်သက်သမျှတွေက
သေရာပါ ကုလို့ မရတော့ တဲ့  အရာတွေကို
ငါဆက်ပြီးခံစားနေအုံးမှာပါ...
@Hninn Nu Phyoe

No comments:
Post a Comment