တစ်နေ့ နဲ့ တစ်ည
အမေ့အကြောင်းတွေး
ကာရန်တွေ ရွေးရင်း
မိုးလင်းခဲ့ပြန်ပေါ့
အတ္တကင်းတဲ့ ချစ်ခြင်းနဲ့ 
ဖြူစင်လွန်းတဲ့ အမေ့ရင်ထဲက
သောကတွေ မြင်နေရတယ်
အမေ.....
ဒေါသကြီးသူတွေ၊ လောဘကြီးသူတွေ
အထီးကျန်သူတွေ၊ အကျည်းတန်သူတွေ
ဟန်ဆောင်တက်သူတွေ၊ လှောင်ပြောင်တက်သူတွေ
လူနပ်တွေ၊ လူတတ်တွေ
ဖြတ်ခုတ်သူတွေ၊ အမြတ်ထုတ်သူတွေ
ဒီလိုလူတွေကြား
အနေမနား ရုန်းကန်ရလို့ 
အမေ မောပန်းနေပြီလား
အမေ ဘယ်သွားသွား
သယ်ဆောင်ပေးတဲ့ စက်ဘီးနီလေး
အဆောင်ထဲက အထီးကျန်စွာနဲ့ 
ပိုင်ရှင်ပြန်အလာ မျှော်နေတယ်
အမေ....
ကာရန်မပါတဲ့ မော်ဒန်ကဗျာနဲ့ 
ရင်ထဲက ၀န်ခံစကား
ရိုးရိုးနဲ့ တိုးတိုးလေးပြောပြမယ်
" အမေ့ကို သမီး အရမ်း.......ချစ်တယ် "
@ ကောင်မလေး
No comments:
Post a Comment