Friday, September 20, 2013

ငါမေ့သွားတယ် ချစ်သူ

ငါ့ဘ၀မှာ နင့်တစ်ယောက်ကိုပဲ အရမ်းချစ်ခဲ့တယ်ဆိုတာ
နင်မေ့သွားတယ်
နင်နဲ့ နီးဖို့မနက်ဖြန်တွေကို ငါစောင့်မျော်နေတာ
နင်မေ့သွားတယ်
နင်နဲ့ ဝေးတဲ့နေ့ရက်တွေမှာ သတိရတိုင်းငိုခဲ့မိတဲ့ ငါ့မျက်ရည်တွေ
နင်မေ့သွားတယ်
နင်ကို လွမ်းတိုင်း နားထောင်နေကြသီချင်းလေးတွေကြား ငါတစ်ယောက်တည်းအထီးကျန်နေတာ နင်မေ့သွားတယ်
နင်ပေးခဲ့တဲ့ဂတိစကားတွေကို မျော်လင့်တကြီးစောင့်စားနေသူ
ရှိတယ်ဆိုတာ နင်မေ့သွားတယ်
နင်ရပ်တည်နေတဲ့ကမ္ဘာတနေရာမှာ နင့်ကိုအရမ်းချစ်တဲ့ငါ ရှိနေသေးတယ်ဆိုတာ
နင်မေ့သွားတယ်
သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိတယ်ဆိုပေမယ့်
ငါအမြဲတမ်း ဆုံးရှုံးမှု့တွေပဲပိုင်ဆိုင်နေရတာကို
နောက်ဆုံးအနေနဲ့ ............
ငါ မေ့သွားတယ် ချစ်သူရယ်..။

@ Annonymous  



No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...