Sunday, September 22, 2013

တယောက်သော ချစ်သူ

အချစ်တခုကြောင့်
နောက်ထပ်အချစ်တခုကို
မင်းစွန့်လွတ်လိုက်တာလား
တကယ်ဆို
နှစ်ဦးလုံးက
ရင်နှင့်အောင်ချစ်နေတာလေ
ဒီလိုဘဲ
အေးစက်စက်
အပြုံးတွေနဲ့ဘဲ
အဆုံးသတ်လိုက်ရတော့မှာလား

ချစ်သူ
တချိန်ကကြည့်နှုးခဲ့ဘူးတဲ့
စကားသံတွေပြန်ကြားတိုင်း
ရင်ထဲနွေးနေဆဲပါချစ်သူ...

မင်းအကြောင်းတွေးနေတယ်
မျက်လုံးလေးမှိတ်လို့ပေါ့
တခဏတော့
ငါ့ဘ၀ငြိမ်းချမ်းသွားခဲ့တယ်

မင်းငါ့ကိုထားခဲ့ပြီလို့
သိလိုက်ရတဲ့အချိန်မှာ
အာလုံးဟာ တိမ်တိုက်လို
ပျောက်ပျက်လွယ်မယ်လို့မင်းထင်လား

တကယ်ဆို
ချစ်နေတဲ့အချစ်က
နှလုံးသားကပါ
မင်းထွက်သွားလိုက်ပါ
မင်းနဲ့ပတ်သတ်တဲ့ အရာအာလုံးကို
ငါ့နှလုံးသားထဲမှာ
ထွင်းထားခဲ့တာ
ငါ့အတွက်သေရာပါမယ့်
တယောက်သော ချစ်သူပါ..........။
 @ Annonymous

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...