Wednesday, September 18, 2013

ယုံကြည်ချက်

လူတိုင်းရဲ့ကိုယ်မှာ တမူထူးခြားတဲ့ ကိုယ်ပိုင်အလင်းတစ်မျိုးရှိတယ်၊
 ကိုယ်ပိုင်ဆွဲဆောင်မှုတစ်မျိုးရှိတယ်။ ဒါတွေဟာ တခြားလူ အတုခိုးလို့ မရနိုင်သလို
တခြားလူမှာလည်း မရှိနိုင်ပါဘူး။ လူတိုင်းလူတိုင်းမှာ ကိုယ့်ကိုယ်ကို
ဂုဏ်ယူထိုက်တဲ့ အရာတွေရှိတယ်။ သင့်ရဲ့ မိမိကိုယ်ကိုယုံကြည်မှုကို
သင်ကိုယ်တိုင်ပဲ မှတ်ချက်ပြုနိုင်တယ်။ တလောကလုံးက သင့်အပေါ်
မျှော်လင့်ချက်မဲ့ခဲ့ရင်တောင် သင့်ကိုယ်သင် ယုံကြည်ရတယ်။

နာကျင်ကြေကွဲချိန်မှာ ငိုနိုင်ပါတယ်... ရှိုက်ကြီးတငင် ငိုနိုင်ပါတယ်။
ငိုပြီးခဲ့ရင် လှလှပပ ရယ်နိုင်ရမယ်၊ လှလှပပ ပြုံးနိုင်ရမယ်။
သင့်ကိုယ်သင် ယုံကြည်ပါ... သင်ဟာ သင်ကိုယ်တိုင်ပါ၊
သင်ဟာပြိုင်ဘက်ကင်းသူတစ်ယောက်ပါ။

@ Annonymous

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...