ဖြူစင်လှတဲ့ နင့်မျက်ဝန်းအကြည့် တွေထဲမှာ
အေ၇ာင်တွေမတွေ့ နိုင်မှန်းသိရက်နဲ့ ရှာဖွေနေခဲ့ မိတာ
ငါ့ ရဲ့ ရူးသွပ်မှုလေးလား ။
ရိုးရှင်းလှတဲ့ နင့် အကြင်နာစကားလုံးတွေထဲမှာ
ရင်ခုန်စကားတွေမကြားနိုင်မှန်းသိရက်နဲ့ တောင်းတနေခဲ့ မိတာ
ငါ့ ရဲ့ မျော်လင့် ခြင်းလေးလား ။
ရိုးသားလှတဲ့ နင့် ဂရုတစိုက်အပြုအမူတွေထဲမှာ
ဟန်ဆောင်အနမ်းတွေမရနိုင်မှန်းသိရက်နဲ့ စောင့် စားနေခဲ့ မိတာ
ငါ့ ရဲ့ မိုက်မဲမှုလေးလား ။
ရင်ခွင်သစ်ကိုတမ်းတနေတဲ့ နင့် နှလုံးသားထဲမှာ
နေရာမရှိနိုင်မှန်းသိရက်နဲ့ နေချင်နေခဲ့ မိတာ
ငါ့ ရဲ့ အတ္တလေးလား ။
အဖြူရောင်တွေခြယ်မှုန်းထားတဲ့ ပန်ချီကားကိုမှ
အရောင်တွေမထင်လာမှန်းသိရက်နဲ့ ခြယ်ချင်နေခဲ့ မိတာ
ငါ့ ရဲ့ အမှားတွေတဲ့ လား ။
ခုတော့ လည်းအတိတ်ကမ္ဘာထဲကအရိပ်ပမာ
ချစ်ခဲ့ တာလား ကျန်ခဲ့ တာလား
တကယ်ပြီးဆုံးသွားပြီလားလို့ တွေးမိလိုက်တိုင်း
နှလုံးသားရဲ့ အတွင်းဘက်ဆုံးမှာနာကျင်ခ့စားနေရတဲ့ အဖြစ်
သူငယ်ချင်းရေ
ငါ့ မှာတော့ 
နင့် ကိုချစ်လိုက်ရတာ ။ ။
@Hninn Nu Phyoe

No comments:
Post a Comment