အခန်းကျဉ်လေး...အခန်းငယ်လေး
အတိအကျပြောရရင်တိုက်ခန်းလေးမှာ
လူတယောက်..ကောင်မလေးတယောက်
အတိအကျဖွင့် ဆိုရရင်
တီဗီအိုတလုံး.....လိုင်းမိတဲ့ လက်တော့ တလုံးနဲ့ 
ခေါင်းအုံးတလုံးဖတ်တွယ်ရင်းနဲ့ ပေါ့
တခါတခါတီဗီအိုကလေးမှာ
ကောင်လေးတယောက်ဓာတ်ပုံတွေပြေးလွားနေသလို
လက်တော့ လေးထဲမှာပဲ
သူပဲ...သူပါပဲ....သူမမောရှာဘူးလား
ခေါင်းအုံးလေးပေါ်ခေါင်းလေးမှီလို့ အိပ်ပျော်သွားတိုင်လဲ
သူပဲ....သူပါပဲ...အိမ်မက်ငယ်လေးထဲ..သူမောနေမှာပေါ့
မျက်လုံးလေးဖွင့် လို့ အဝေးကိုငေးမိတဲ့ အခါတိုင်းလဲ
အိုး....သူပါပဲလား...ရင်ဘက်ကြီးထဲမှာ...
ဗိုက်ဆာလိုက်တာ...............
မုန့် သည်လာတုန်းပိုက်ဆံပေးဖို့ ဖွင့် ကြည့် တော့ လဲ
သူပဲ....သူပါပဲလား
ညညဒိုင်ယာရီထဲမှာလဲလွမ်းတဲ့ စိတ်နဲ့ ကောင်လေး
ပြေးလွှားကျီစယ်နေလိုက်ကြတာ...ဘောပင်တချောင်းတောင်အစစ်ပါလိုက်သေး
ဘေးနားကစာရွက်အကြမ်းတွေမှာလဲတမ်းတခြင်းတွေနဲ့ အတူ....သူပဲ
ဟား......ငါ့အလွမ်းနဲ့ .....သူဆိုတဲ့ ကောင်လေးနဲ့ 
ဘယ်တုန်းကများဒီလောက်ရင်းနှီးသွားတာပါလိမ့် 
ငါတောင်သတိမထားလိုက်မိရပါလားကွာ
(ငါလွမ်းသလိုမင်းပါမျှော်နေလွမ်မယ်ထင်တယ်)
@Hninn Nu Phyoe

No comments:
Post a Comment