ကိုယ့်ဘ၀မှာ
စိတ်တူကိုယ်တူအမြဲပေါင်းသင်းတဲ့
သူငယ်ချင်း ဘယ်နှစ်ယောက် ရှိလဲလို့ လက်ချိုးရေတွက်ကြည့်ဖူးပါသလား.. ?
ကိုယ်နဲ့ အခုမှ ခင်မင်ရင်းနှီးပေမဲ့ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်းလို
ဘာမဆို ဖွင့်ပြော တိုင်ပင်မျှဝေလို့ ရနိုင်တဲ့ သူငယ်ချင်းကော ရှိဖူးလား...?
ရှိတယ်ဆိုရင် တန်ဖိုးထားမြတ်နိုးပါ။
ကံတရားက ဆန်းကြယ်တယ်။
ကိုယ်မထင်မှတ်၊ မမျှော်လင့်တဲ့ အချိန်မှာ လူတစ်ယောက်ကို ကိုယ်ဆီအရောက်ပို့လိုက်တယ်။
အဲဒီလူက ကိုယ်မျှော်လင့်နေတဲ့ အချိန်မှာရောက်မလာတတ်ဘဲ ရောက်လာတဲ့အချိန်မှာတော့
ကိုယ်က တန်ဖိုးထားရ ကောင်းမှန်းမသိခဲ့ဘူး။
ဒါကြောင့် ကိုယ်ဘေးပတ်ဝန်းကျင်က လူတွေကို တန်ဖိုးထားပါ။
သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ ချစ်သူရီးစားပဲ ဖြစ်ဖြစ်၊ မိသားစုပဲဖြစ်ဖြစ်တွေ့တုန်း၊ ဆုံတုန်း
သူတို့ကို တန်ဖိုးထား မြတ်နိုးတတ်ဖို့ လိုပါလိမ့်မယ်။
ကံပါလို့ ငါတို့ တွေ့ဆုံကြတယ်။ကံပါလို့ ငါတို့ ခင်မင်ကြတယ်။
ကံပါလို့ ငါတို့ စိတ်ကို ဖလှယ်ကြတယ်။အတူနေတဲ့ တစ်စက္ကန့်လေးကို
ငါတို့ တန်ဖိုးထားသင့်တယ်။အခုလက်ရှိ အခြေအနေကို ပိုမြတ်နိုးသင့်တယ်။
ဒါမှ ဘ၀မှာ နောင်တဆိုတာ မရှိမှာ...
သူငယ်ချင်းဆိုတာ...ချီးကျူးအားပေးစကား ပြောနိုင်တဲ့သူ ဖြစ်တယ်။
ဝေဖန် နှစ်သိမ့်မှုကိုလည်း ပေးတတ်တဲ့သူ ဖြစ်တယ်။
@ Annonymous

No comments:
Post a Comment