Wednesday, September 18, 2013

ကျောက်ရိုင်းများ

မနက်ဖြန် သဘက်ခါကို ဥပေက္ခာပြု
ရည်မှန်းချက်တွေ တစ်လုံးတစ်ထွေးကြီးနှင့်
နည်းပညာတက္ကသိုလ်ဆီကို
တန်ဖိုးဖြတ်မရတဲ့
ကျောက်ရိုင်းလေးတွေ ရောက်ခဲ့ကြပေါ့

ပထမနှစ်ဆိုတဲ့အချိန်
မျှော်လင့်ချက်တွေစုစည်း
ချစ်သူရည်းစား ဘေးချိတ်ထား
ပျော်ပျော်ကြီးနှင့်
ငါတို့ တွေ ကျော်ဖြတ်ခဲ့ကြပေါ့

ဒုတိယနှစ်ဆိုတဲ့ ခရောင်းလမ်း
မျှော်လင့်ချက်တွေ အနည်းငယ်ပဲ့ကြွေ
ဟေ့ သူငယ်ချင်းဘာတွေငေး
ဝေးမနေခဲ့ဖို့ 
ငါတို့ တွေ ကျော်ဖြတ်ခဲ့ကြပေါ့


တတိယနှစ်နဲ့ စတုတ္ထနှစ်
မျှော်လင့်ချက်တွေနှင့် လုံးပါးပါး
ခေါက်ရိုးကျိုးနေပြီ ဖြစ်တဲ့
ကျောင်းသွားကျောင်းပြန်လမ်းက
ဟာတိုက်နေကြပေမယ့်
ငါတို့ တွေ ခရီးဆက်ခဲ့ကြပေါ့

နောက်ဆုံးနှစ်ဆိုတဲ့ ပန်းခင်းလမ်း
မျှော်လင့်ချက်တွေ နလံထူခဲ့
ငါးနှစ်တာ သွေးခဲ့တဲ့ကျောက်ရိုင်းများ
ငါတို့ ရဲ့ အနာဂတ်ပန်း
အမြဲမွှေးကြိုင်လန်းဆန်းဖို့ 
ငါတို့ ရဲ့ နည်းပညာတွေနဲ့ 
ဒီကမ္ဘာကြီးကို အလှဆင်ကြစို့ ........ ။              ။

@ G . ဇုန်း

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...