Sunday, September 22, 2013

Bluetooth အကြောင်းလေးပါ

Bluetooth လို့ နာမည်ဆန်းဆန်းလေးပေး ထားတဲ့ ကြိုးမဲ့ သတင်းအချက်အလက် လွှဲပြောင်းပို့ဆောင်ရေး နည်းလမ်း
လေးတစ်ခုကို နည်းပညာခေတ်ကြီးထဲမှာအတော်လေး ရင်းနှီး ကုန်ကျပါပြီ ။Bluetooth Mouse , Bluetooth Headset ,
Bluetooth Keyboard စတဲ့ အပြာရောင်သွားလေးတွေကိုသင့် ပတ်ဝန်းကျင်တနေရာရာမှာတော့ တွေ့မြင်နေကျဖြစ်မှာပါ



အရင်ဆုံး Bluetooth ဆိုတဲ့ နာမည် အကြောင်းကို အရင်ပြောပါရစေ -
စကင်ဒီနေးဗီးယန်း ဘာသာစကား Blåtand/Blåtann ကို အင်္ဂလိပ်ဘာသာအဖြစ် ပြောင်းလဲထားတဲ့ ဒီ Bluetooth ဆိုတဲ့
စကားလုံးဟာ ၁၀ ရာစုနှစ်များလောက်က ဒိန်းမတ်နိုင်ငံကို တစုတစည်းတည်းဖြစ်အောင် တည်ထောင်ခဲ့တဲ့ ဘုရင်
Harald Blåtand ရဲ့အမည်ကို အတိုချုပ်ထားခြင်းဖြစ်ပါတယ် ။ ဒီ Bluetooth ဆိုတဲ့နာမည်ကိုအရင်ဆုံး စဉ်းစားမိတဲ့
Jim Kardach က စာရေးဆရာ Frans Gunnar Bengtsson ရေးတဲ့The Long Ships about Vikings and king
Harald Bluetooth ဆိုတဲ့ သမိုင်းဝတ္ထု တစ်အုပ်ကို ဖတ်ရာကနေ အကြံရသွားတယ်လို့ ဆိုပါတယ် ။ ဒဏ္ဍာရီတွေရဲ့
အဆိုအရတော့ အဲ့ဒီ ဘုရင်ကြီးဟာ Blueberry အသီးတွေကို ကြိုက်နှစ်သက်လို့ အမြဲစားရာကနေသူ့ ရဲ့ သွားတွေဟာ
ပြာကုန်လို့ ဒီနာမည်တွင်သွားရတာပါတဲ့ ။




အက္ခရာတွေကို စုပေါင်းထပ်ပြီးရေးသားတဲ့ ရှေးခေတ်အရေးအသားတစ်ခု ကနေဆင်းသက်လာတဲ့ Bluetooth ရဲ့ Logo
ကတော့ (Hagall) (ᚼ) နဲ့ (Bjarkan) (ᛒ) ဆိုတဲ့ စကားလုံးတွေကိုပေါင်းရေးထားတဲ့ Harald Bluetoothဆိုတဲ့အဓိပ္ပါယ်
ပါ။ ဒါဆို Bluetooth ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာဆက်ပြီး ကြည့်ရအောင် -၁၉၉၄ မှာ Errison ဆိုတဲ့ Telecom
ကုမ္ပဏီက စတင်တီထွင်ခဲ့တယ်လို့ဆိုပါတယ် ။ အဲ့ဒီနောက်တော့ ၁၉၉၈ မှာErrisonကုမ္ပဏီဟာ တခြား မိတ်ဖက်
ကုမ္ပဏီတွေဖြစ်တဲ့ Intel , Nokia , Toshiba တို့နဲ့ ပူးပေါင်းပြီး Bluetooth Special Interest Group (SIG) ဆိုတဲ့ အဖွဲ့
အစည်းတစ်ခုကို နည်းပညာပြန့်ပွားဖို့ တည်ထောင်ခဲ့ပါတယ် ။ SIG ဟာ Bluetooth နည်းပညာ ပြန့်ပွားရေးကိုသာ အဓိ
က ထားတဲ့အဖွဲ့အစည်းဖြစ်လို့ အခုဆိုရင် အသင်းဝင် ကုမ္ပဏီပေါင်း တစ်သောင်းခွဲလောက်တောင် ရှိနေပါပြီ ။



Bluetoothရဲ့အလုပ်လုပ်ပုံကတော့ဒီလိုပါရေဒီယိုနည်းပညာကို အသုံးပြုထားပြီး Frequency 2.4 - 2.485 GHz အတွင်း
မှာ အလုပ်လုပ်တဲ့ Personal Area Network (PAN) လို့ ပညာရှင်များအသိအမှတ်ပြုကြပါတယ် ။ ကွန်ပျူတာ နဲ့ ဖုန်း
ဒါမှမဟုတ် ဖုန်း အချင်းချင်း သတင်း ဒေတာ အချက်အလက်တွေပေးပို့တဲ့နေရာမှာအဓိကအသုံးပြုပါတယ် ။



SIG ထွက်ပေါ်လာပြီး ၂၀၀၀ ပြည့်နှစ်လောက်မှာမှ ဖုန်းတွေမှာ တပ်ဆင်အသုံးပြုနိုင်ခဲ့ ပါတယ် ။ Version အမျိုးမျိုးနဲ့
အဆင့်မြှင့်တင်ပြီး ထုတ်လုပ်ခဲ့တာဟာ အခုဆို Version 4 အထိတောင် ရောက်ခဲ့ပါပြီ ။ နာမည်ကြီး ဖုန်းအမျိုးအစားဖြစ်
တဲ့ iPhone 4s မှာ Bluetooth 4.0 ကို အထောက်အပံ့ပေးထားပါတယ် ။ ဗားရှင်းတွေမြင့်လာတာနဲ့ အမျှ ပါဝါ စားသုံးမှု
တွေကိုလည်း တဆင့်ပြီးတဆင့် လျော့ချနိုင်ခဲ့သလို အာရုံခံတဲ့အပိုင်းမှာလည်းပိုမိုအဆင့်မြင့်လာပါတယ် ။ အခုဆိုရင်
SIG အဖွဲ့အစည်းမှာ အသင်းဝင်တွေများ လာလိုက်တာ နည်းပညာလောကရဲ့ နာမည်ကြီး Apple တောင် Board of
Directors ဖြစ်လို့နေပါပြီ။ အချုပ်ဆိုရရင်တော့ ဒီ Bluetooth ဟာ နည်းပညာလောကအတွက် အထောက်အကူ
အများကြီးဖြစ်ခဲ့သလိုကိုယ်ကျိုးမဖက်တဲ့အဖွဲ့အစည်းများကောင်းမှုကြောင့် ဆက်လက်ပြီးလည်း ရှင်သန် တိုးတက်
အသုံးဝင်နေမှာ မလွဲပါပဲ ။

From - MEF

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...