Tuesday, September 24, 2013

Defragging ၏အဓိပ္ပာယ်

"Defrag" ဆိုတာ "Defragment"  ရဲ့ အတိုကောက် ဖြစ်ပါတယ်။၎င်း က Hard Drive တွေကို ထိန်းသိမ်းဖို့
လိုအပ်တဲ့ tool တစ်ခုဖြစ်ပါတယ်။Hard Drive တော်တော်များများ မှာ Spinning platter တွေပါပါတယ်။
Platter တွေရဲ့ ပတ်ပတ်လည် မှာ data တွေဟာ နေရာအမျိုးမျိုးမှာ Store လုပ်ကြပါတယ်။


Computer က Data တွေကို Hard Drive တွေပေါ်မှာ ရေးတဲ့အခါ Drive ထဲမှာရှိတဲ့ "Blocks"တွေဟာ Platter ရဲ့ ဘေးတစ်ဖက်ကနေ အခြားတစ်ဖက်ကို စီစဉ်တကျဖြစ်သွားပါတယ်။Block တွေထဲမှာ ရှိတဲ့ data File တွေတစ်ခုနှင့်တစ်ခု ခွဲဖြာသွားတဲ့ အခါ "Fragmentation" ဖြစ်ပေါ်ပါတယ်။ထို့နောက် Hard Drive ရဲ့ Platter ပေါ်မှာရှိတဲ့ spot  တွေကို Drive head ကအမြဲဖတ်နေရတဲအခါ  File တွေကို Readလုပ်ရတာ ကြလာပါတယ်၊


Defragment လုပ်ပေးခြင်းဖြင့် Block တွေဟာသူတို့ နေရာသူတို့ စီစဉ်တကျ ပြန်ဖြစ်သွားပြီး သင့်ရဲ့ Hard Drive က File တစ်ခုကိုရှာဖို့အတွက် Drive Head ကို  Platter ရဲ့ ပတ်ပတ်လည် မှာRun ရန်မလိုတော့ ပါဘူး။

Defragment လုပ်သင့်လား?

Fragmentationဖြစ်လို့ရှိရင်သင့်ရဲ့ computer ကိုများများစားစား မနှေးစေပါဘူး။ဒါပေမယ့် Defragment လုပ်ကိုလုပ်သင့်ပါတယ်။

Solid-State Drive ကိုသုံးနေရင်
ဟုတ်ကဲ့ Defragment လုပ်ဖို့မလိုပါဘူး။သင့်ရဲ့ computer မှာ Solid-State Drive ကိုသုံးနေရင်
 Defragment လုပ်ဖို့မလိုပါဘူး။Solid-State Drive တွေဟာ ပုံမှန် Hard Drive တွေနဲ့ မတူပါဘူး။Solid-State Drive တွေဟာ Data တွေကို Store လုပ်ဖို့ Spinning Platter တွေလည်းမသုံးပါဘူး။ပြီးတော့ Drive
အစိတ်ပိုင်းတစ်ခုကနေ Data တွေကို Read လုပ်တဲ့ အခါ အချိန်အပိုလည်းမစားပါဘူး။

သင် Windows 7 (သို့) Windows 8 ကိုသုံးနေလျှင်
Schedule လုပ်ထားတဲ့အပေါ်မှာ Windows 7 နှင့် Windows 8 က Defragment Auto လုပ်ပေး
သွားမှာပါ။Setting တွေလုပ်ထားတာ မှန်ရဲ့လားလို့ တစ်ခေါက်လောက်ကြည့်ရအောင်။Start Screen (သို့)
Strat Menu မှာ "defrag" လို့ရိုက်ပါ။Defrag လုပ်ချင်တဲ့အချိန်ကို ပေးလိုက်ပါ။ပေးလိုက်တဲ့ အချိန်မှာ
Defragment Auto လုပ်ပေးသွားပါလိမ့်မယ်။

Defragment လုပ်ဖို့အတွက် တစ်ခြား  Defragmenting Tool တွေ သုံးသင့်လား?
Windows မှာ built-in ပါတဲ့ Disk Defragmenter နဲ့ပဲ လုံလောက်ပါတယ်။တကယ်လို့ ကိုယ်က Drive တစ်ခုခုကို Shrink လုပ်ဖို့စဉ်းစားနေတယ်ဆိုရင် နောက်ပြီး ဘယ် System File တွေက Fragment (သို့)
Defragment ဖြစ်နေတယ်လို့သိချင်ရင် သုံးသင့်ပါတယ်။ဒါမှမဟုတ်ရင် user တော်တော်များများ အတွက်မလိုအပ်ပါဘူး။Disk Defragmente ကို Schedule ပေးပြီး မေ့ထားလိုက်ရုံပါပဲ။

From - YTPCC

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...