Monday, September 16, 2013

Homesick

အိမ်
ဖွဖွလေးရွတ်ကြည့်တယ် အသံထွက်တော့မလာဘူး ရင်ဘက်ထဲမှာအောင့်သွားတယ်

အိမ်
နှုတ်ခမ်းလေးလှုပ်ရုံရွတ်ကြည့်တယ် ရင်ထဲမှာအဖျားခတ်သွားတယ်

အိမ်
ပါစပ်လေးပြုံးသွားတယ် ငယ်ဘ၀ဆီရောက်သွားတယ်

အိမ်
... အသံလေးထွက်ကြည့်မိတယ် ရှိုက်သံတချက်ထွက်လာတယ်

အိမ်
ပျော်စရာ လွမ်းစရာ ရယ်စရာ ငိုစရာ အပေါင်းလွမ်းခြုံထားပေမယ့်
အနွေးထွေးဆုံးနဲ့ အအေးမြဆုံး နေရာလေးပါပဲလား

အိမ်
..............................
.................
..............................
.....
........................
.............
......
ဘယ်နေရာမှာပဲရောက်ရောက် ဘယ်အချိန်မှာပဲရှိရှိ ဘယ်လိုအခြေနေမျိုးမှာမဆို

အိမ်လို့ တမ်းတလိုက်ရုံလေးနဲ့  ရင်ထဲမှာတကယ်ကိုနွေးထွေးပြီးအေး
ချမ်းသွားစေတာ
အဖေရယ် အမေရယ် သားသားရယ် ညီမလေးရယ် စုစည်းထားတဲ့
ကျနော့အိမ်

@Hninn Nu Phyoe

 

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...