Sunday, September 22, 2013

Protocol

Networking ဆိုတာတော့ တော်တော်များများ သိပြီးသားဖြစ်တဲ့ အတိုင်း ကွန်ပြူတာ (သို့ ) Device တွေကို ချိတ်ဆက်တဲ့ နည်းပညာ ၁ ခုလို့ ဘဲ ဆိုလိုက်ကြရအောင်ဗျာ...။
အဲ့လိုချိတ်ဆက်ရာမှာ ကျနော်တို့ သိရမှာကတော့  Protocol , Port နဲ့  Socket[/glow] တွေကို သိထားရမှာဖြစ်ပါတယ် ... အဲ့တာတွေ ဟာ Physically မဟုတ်ဘဲ Logically သာဖြစ်ပါတယ်။

Protocol ဆိုတာကတော့  မတူညီတဲ့  File type , OS , တွေနဲ့ Communication Device တွေကို ချိတ်ဆက်ရာမှာ အသုံးပြုတဲ့  Language ၁ မျိုးဘဲ ဖြစ်ပါတယ်။
Common Language ပေါ့ဗျာ ... မြန်မာ ၁ ယောက် ... တရုတ် ၁ ယောက် .... ဂျပန် ၁ ယောက် လူ ၃ ယောက်၇ှိတယ် ဆိုပါစို့ ...။
အဲ့တော့ ၁ ယောက်ကို ၁ ယောက်နားလည်အောင် ဘယ် Language နဲ့ ပြောကြမလဲ ...?????
English ပေါ့ဗျာ ... English ဟာ International Language ဖြစ်သလို ပါဘဲ ...Protocol ဟာလည်း ၁ ကမ္ဘာလုံး မှာ၇ှိတဲ့ ကွန်ပြူတာအချင်းချင်း ဆက်သွယ်ဖို့ အတွက် ပေါ်ပေါက်လာတဲ့
Common Language ဘဲဖြစ်ပါတယ် ...။ အဲ့လောက်ဆို သဘောပေါက်မယ် ထင်ပါတယ် ...။

အဲ့ဒီ Protocol တွေကို ဒီလိုထပ်ခွဲလို့ ရပါသေးတယ်...။

• TCP/IP (Transport Control Protocol/Internet Protocol)

TCP/IP ဆိုတာကတော့  Internet ကြီး ၁ ခုလုံးကိုထိန်းချုပ်ထားတဲ့ Protocol ဘဲဖြစ်ပါတယ်... Network ချိတ်ဆက်ရာတွင် အသုံးပြုပါတယ်။

• SMTP (Simple Mail Transport Protocol)

Simple Mail Transport Protocol (SMTP) မေးလ် များပို့ ရာတွင်အသုံးပြုတဲ့  Protocol ဖြစ်ပါတယ်။

• POP (Post Office Protocol)

POP ကတော့ မေးလ် များလက်ခံရာတွင်သုံးပါတယ် .. ( ၁ ခုက transfer ဖြစ်ပြီး ၁ ခုက received ဖြစ်ပါတယ်။ )

• ICMP (Internet Control Message Protocol)

Network Connection ရှိမရှိ စမ်းရာတွင်သုံးပါတယ်... ping command အသုံးပြုရာတွင်သုံးတဲ့ Protocol ဖြစ်ပါတယ်။
ping ဆိုတာကတော့  မိမိ request လုပ်လိုက်သော IP မှ reply ပြန်လုပ်ခြင်းကို စမ်းတာဖြစ်ပါတယ် (ဥပမာ ... ping www.google.com )

• HTTP (Hyper Text Transport Protocol)

Web Browser များအသုံးပြုတဲ့  Hyper Text Transport Protocol ဘဲဖြစ်ပါတယ်။

• PPP (Point to Point Protocol)

Modem (သို့ ) phone line များဖြင့် Internet ချိတ်ဆက်ရာတွင် Modem မှအသုံးပြုသော Point to Point Protocol ဖြစ်ပါတယ်.။

• NETBIOS (Network Basic Input/Output System)

NETBIOS (Network Basic Input/Output System) ဆိုသည်မှာ Work Group များအတွင်း အသုံးပြုသော Protocol ဖြစ်ပါတယ်။

• NetBEUI (NETBIOS Extended User Interface)

NetBEUI သည် NETBIOS ရဲ့  Extension သာဖြစ်ပါတယ်။

• ARP (Address Resolution Protocol)

ARP သည် NIC (Network Interface Card ) များရဲ့ MAC address နဲ့  Ip address များကို Bind လုပ်ပေးပါတယ်။ (ဥပမာ ... [glow=red,2,300]cmd>>>>arp -a[/glow] )

• BGP (Border Gateway Protocol)

BGP သည် Router များရဲ့  Internet လမ်းကြောင်းကို သတ်မှတ်ပေးသည့်  Protocol ဘဲဖြစ်ပါတယ်။

• Telnet (Terminal Networking Protocol)

Remote Communication Software များတွင် Terminal Network Protocol ကိုအသုံးပြုသည်။

• FTP (File Transfer Protocol)

FTP ကတော့ ၇ှင်းပါတယ် ... File များကို Transfer လုပ်ရာတွင် Independence အဖြစ်ဆုံး Protocol ဘဲဖြစ်ပါတယ်။

From - MEF

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...