ကောင်လေးရေ.........
မင်းရဲ့ ချစ်စကားတွေကို
နှလုံးသားက ယုံချင်ပေမယ့်
ဦးနှောက်က မယုံရဲဘူး
မင်းငါ့ကို ချစ်တယ်ပြောတိုင်း
ရင်ခုန်နှုန်းတွေ မြန်တတ်တဲ့
နှလုံးသားကို
ဘယ်လိုထိန်ချုပ်ရမလဲ
ကောင်လေးရေ..........
တကယ်တော့ ငါလည်းအချစ်နဲ့
မကင်းနိုင်တဲ့လူသားတစ်ယောက်ပဲလေ
ကိုယ်ချစ်တဲ့သူကိုတော့
ချစ်တယ်လို့ ပြန်ပြောခွင့်ရချင်တယ်
ဒါပေမယ့်လည်း.........
ငါ့ပေါ်မထားတဲ့နင့်ရဲ့အချစ်က
ပျော်သက်သက်သာဖြစ်ခဲ့ရင်ဆိုတဲ့အတွေးနဲ့
အမြဲဆွေးခဲ့ရတယ်
online မှာ အချစ်စစ်မရှိဘူးလို့
ခံယူထားတဲ့ငါလေ
မင်းရဲ့ချစ်စကားတွေကို
ငြင်းမိတဲ့အချိန်တွေကို
ပြန်စဉ်းစားမိတိုင်း
အခုချိန်မှာ
မင်းကို အကြွင်းမရှိချစ်ခဲ့မိပြီဆိုရင်
မင်းရော ယုံနိုင်ပါ့မလား
ငါ့ရင်ထဲက
အချစ်တွေဟာ
အချစ်စစ်တွေမှန်းသိလာတဲ့တစ်နေ့
မင်းနဲ့ဆုံဆည်းခွင့်ရချင်သေးတယ်.......ကောင်လေးရေရရရရရရရရရရရရရ
ကောင်လေးရေ
လို့ ခေါ်ခွင့် ရချင်သေးတယ်
@ Annonymous
No comments:
Post a Comment