Tuesday, September 24, 2013

What is Jailbreak ...?

Jailbreak ဆိုသည်မှာ တဲ့တိုးပြောရရင် ထောင်ဖောက်သည်ပေါ့။ ဘာကြောင့် ထောင်ဖောက်သည် ဟု ဝေါဟာရတွင် ရသနည်းဆိုတော့ Apple ရဲ့ product များဖြစ်ကြတဲ့ iPhone, iPad, iPod Touch စသော iDevices များကို မသုံးပြုမည်ဆိုပါက သူ၏ Firmware (iOS) တွင် ကန့်သတ်ချုပ်ချယ်မှုများ ထည့်သွင်းထားပြီး၊ ယင်းတို့ကို ဖောက်ဖျက်၍ မိမိစိတ်ကြိုက်၊ Apple တွင်မရရှိနိုင်သော third-party applications များကို ထည့်သွင်း အသုံးပြုနိုင်အောင် လုပ်ဆောင်ခြင်းကို "Jailbreak" လုပ်ခြင်းဟုခေါ်သည်။

Jailbreak ပြုလုပ်နိုင်ရန် software များကို အသုံးပြုကြရသည်။ Software များစွာရှိခဲ့သော်လည်း အဓိက software များအဖြစ်
1. redsnOw 2. snOwbreeze တို့ကသာ ယခုချိန်ထိ Jailbreak ပြုလုပ်နိုင်ရန version များမြှင့်ပြီး ထောက်ပံ့ပေးနေပါသည်။

Tethered Jailbreak And Untethered Jailbreak

ယင်းကဲ့သို့ Jailbreak ပြုလုပ်ရာတွင်လည်း နည်းလမ်း နှစ်သွယ်ရှိသည်။

1. Tethered Jailbreak

2. UnTethered Jailbreak တို့ဖြစ်သည်။

Apple မှ iOS တစ်ခု Update အသစ်ပေါ်လာတိုင်း Jailbreak tool များက ချက်ခြင်းလိုက်လံ မထွက်ရှိနိုင်ပဲ တစ်ပတ်၊ နှစ်ပတ်ခန့် ကြာသော်မှ ထွက်ရှိလာတတ်ပါသည်။
iOS တွင် ပြန်လည်ပြင်ဆင်ရသော အခက်အခဲ အခြေနေပေါ်မူတည်ပြီး တစ်ခါတစ်ရံ Tethered Jailbreak အနေနဲ့ ဦးစွာထွက်ရှိလာတတ်ပါသည်။ နောက်မှသာ Untethered Jailbreak အနေနဲ့ ထွက်လာပါသည်။

Tethered Jailbreak

ဆိုသည်မှာ လွယ်လွယ်ပြောရရင် iDevice ကို Jailbreak လုပ်ပေးနိုင်သော်လည်း Device ၏ Power OFF သွားပါက ပုံမှန်အတိုင်း power button ကိုနှိပ်ရုံမျှဖြင့် ပြန် ON ၍မရပဲ Computer ကို အသုံးပြုပြီးမှသာ "Just boot tethered right now" နှင့် ပြုလုပ်ပေးမှသာ Power ON လို့ရပါသည်။

ဒါကြောင့် များသောအားဖြင့် Tethered Jailbreak ကို သိပ်မသုံးကြပဲ Untethered Jailbreak ထွက်သည်အထိ စောင့်စားတတ်ကြပါသည်။

Untethered Jailbreak

ကတော့ အားလုံးပြီးပြည့်စုံသော jailbreak လို့ပြောရပေလိမ့်မည်။ Device ကို Power ON / OFF ပုံမှန်အတိုင်းပင် ပြုလုပ်ရနိုင်ပါပြီ။

From - YTPCC

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...