Wednesday, October 2, 2013

ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှုးချုပ် ဦးသန့် အကြောင်း

၁၉၀၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၂ ရက်နေ့မှာ ဦးသန့်ကို ပန်းတနော်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၂၆ ခုနှစ်မှာ ပန်းတနော် အမျိုးသား အထက်တန်းကျောင်းမှ ဆယ်တန်းစာမေးပွဲအောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခဲ့ပြီး ပညာရပ်များကို ဆည်းပူးလေ့လာခဲ့ပါတယ်။
ဦးသန့်ဟာ ၁၉၄၇ ခုနှစ်မှာ Press Director of Burma အဖြစ်ခန့်ထားခံရပြီး ၁၉၄၈ မှာ Director of Broadcastion၊ နောင်နှစ် တွင် ပြန်ကြားရေး ၀န်ကြီးဌာနမှ Secretary of Government of Burma အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
၁၉၅၃ ခုနှစ် ၀န်ကြီးချုပ်ရုံးတွင် စီမံကိန်းများဆိုင်ရာ အတွင်းရေးမှုး တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် Burma Economic and Social Board ၏ Executive Secretary တာဝန်ကို ထပ်မံပေးအပ်ခြင်းခံရပါတယ်။
ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှုးချုပ်တာဝန် မထမ်းရွက်မီကပင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ဌာနေ ကိုယ်စားလှယ်အဖြစ် သံတမန်ရာထူးကို ၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...