Friday, December 13, 2013

ငါမရှိတဲ့ မင်း

တစ်နေ့မှာတစ်ကြိမ်
ချစ်သူ့မျက်နှာမမြင်ရရင်တောင်
တစ်နေ့တစ်ခါတော့
ချစ်သူ့အသံလေးတော့ကြားချင်တယ်...။

တစ်နယ်ခြားကချစ်ရသူရယ် …
မင်းရဲ့အသံ စည်းချက်သံကို
ကြားရနိုင်တဲ့ တယ်လီဖုန်းဘေး
ငါထိုင်ငေးလို့
မင်းဆီကဖုန်းအလာကို
ငါမျှော်နေပါတယ်...။
အလင်းရောင်ပေါ်ထွက်တဲ့
မနက်ခင်းကနေ
နေရောင်ပျောက်ကွယ်
ညနက်ချိန်လဲ
မင်းဆီကဖုန်း စောင့်မျှော်နေတုန်းပေါ့..
စက္ကန့်သံတစ်ချက်ချက်က
ရင်ခုန်သံကို မြန်လာစေတယ်...။
မိနစ်တံကတစ်နေရာရွေ့တိုင်း
စိတ်အစဉ်က တမ်းတနေတယ်...။
နာရီလက်တံတစ်ကြိမ်ပြောင်းတဲ့အခါတိုင်းတော့
ငါ့ရင်ထဲမှာ ၀မ်းနည်းမှုတွေနေရာယူလာတယ်…။
ဒီလိုနဲ့အချိန်တွေကုန်ဆုံး
အချစ်ဆုံးကတော့ ဖုန်းမဆက်ခဲ့ပါဘူးလေ……။
သြော်…ချစ်ရသူရယ်
ငါမျှော်နေတာ…..မင်းမသိတာလား………..
မင်းရင်ထဲမှာ….ငါ့မရှိတာလား……..
@ Annonymous  

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...