Friday, December 13, 2013

ငါမျှော်နေမယ်နော်

ကောင်လေးရေ ..........
နင်နဲ့တွေ့ဆုံခဲ့တဲ့အချိန်ဟာ
နည်းပါးခဲ့ပေမဲ့
ငါတို့နှစ်ယောက်ရဲ့သံယောဇဉ်က
ခိုင်မြဲခဲ့မယ်လို့ ငါဘက်က ယုံကြည်တယ် ..........
မကြာခင် ..........
ဆိုတဲ့အချိန်မှာ
အခုလိုအမြဲမတွေ့ဆုံနိုင်တော့လို့ 
ငါ့ရင်ထဲမှာ တန်ဖိုးကြီးမားတဲ့
အရာတခုခု ဆုံးရှုံးရသလိုမျိုး
ငါအရမ်းဝမ်းနည်းနေခဲ့တယ် .........
ဒါပေမဲ့ ........
ငါအတွက်ကြောင့်
ပိုကြိုးစားမယ်ဆိုတဲ့
နင်ရဲ့စကားတစ်ခွန်းရယ်
ငါ့ဆီကိုအရောက်လာခဲ့မယ်ဆိုတဲ့
စကားလေးရယ် ..........
နင့် ကို ငါရင်မှာပွေ့ပိုက်ပြီး ..........
နင်ရောက်လာမဲ့အချိန်လေးကို
ငါမျှော်နေမယ်နော် ..........
တစ်ချိန်ဆိုတဲ့ ........
ပျော်စရာနေ့လေးကို
မှန်းမျှော်တမ်းတနေ့မဲ့ ..........
ကောင်လေးကိုသိပ်ချစ်မိသွားတဲ့ကောင်မလေး ...............!!!!!
@ Annonymous  
 

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...