Friday, December 13, 2013

**ဆုံမှတ်မဲ့မျဉ်းပြိုင်**

ကောင်ကလေးရေ.........
သံစဉ်တွေလို ရူးသွပ်စွာစွဲလန်းခဲ့တဲ့ ငါဟာ
နင်တီးခတ်နေကျ သံစဉ်တွေကလွဲရင်ပေါ့
တေးသီချင်းတွေကို ခုံမင်စွာ တပ်မက်ခဲ့တဲ့ငါဟာ
နင်သီဆိုနေကျ သီချင်းတွေက လွဲရင်ပေါ့
နင့်ဘက်ကကြည့်တော့ နင်မြင်တာက "က" ဆိုရင်
ငါ့ဘက်ကကြည့်ပြန်တော့ ငါတွေ့တာက"ယ"ဖြစ်နေတယ်

ကောင်ကလေးရေ............
ပန်းချီကားချပ်တွေကိုချစ်တက်ခဲ့တဲ့ ငါဟာ
နင်ရေးဆွဲနေကျ ပန်းချီပုံတွေက လွဲရင်ပေါ့
ကဗျာတွေကို မြတ်နိုးတက်တဲ့ ငါဟာ
နင်ရေးစပ်နေကျ ကဗျာတွေကလွဲရင်ပေါ့
နင့်ရဲစိတ်ကူးတွေထဲမှာ ငါဟာ"၃"ဂဏ္ဏာန်း ဖြစ်သွားတဲ့အခါ
ငါ့ရဲ့အတွေးတွေထဲမှာလဲ နင်ဟာ"၄"ဂဏ္ဏာန်း ဖြစ်သွားတယ်

ကောင်ကလေးရေ..............
အစိမ်းရောင်ကိုမှကြိုက်နှစ်သက်တက်တဲ့ငါဟာ
နင်ပိုင်ဆိုင်တဲ့အစိမ်းရင့်ရောင် နှလုံးသားတစ်စုံကလွဲရင်ပေါ့

ကောင်ကလေးရေ..............
တကယ်တော့လေ ငါတို့၂ယောက်ဟာ
အစတည်းက အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်ကို
အတူတွက်ရင်း
အတ္တမြစ်ရဲ့ တစ်ဖက်ကမ်းဆီမှ
မာနတွေကို စားသုံးရင်း
ဘယ်တော့မှ "ဆုံနိုင်ခွင့်"မရှိတော့တဲ့
"ဆုံမှတ်မဲ့မျဉ်းပြိုင်"နှစ်ကြောင်းအဖြစ်နဲ့ပေါ့။။။။။။။။။။။။။။။။။။
@ Annonymous  

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...