Friday, December 13, 2013

ငါမငိုပါဘူး

ငါနင့်ကိုမျှော်ခဲ့မိတာ
ငါနင့်ကြောင့် ပျော်ခဲ့မိတာ
နင်ဘာတစ်ခုမှ မသိခဲ့ပါလား..............

လေးနှစ်တာ အလွမ်းတွေနဲ့
နွမ်းလျနေတဲ့ ငါ့အသည်းကို
နင်တစ်ကြိမ် ပြန်ခွဲပြီပေါ့.....
ချီးကျုးပါတယ်.......

မာနတွေ အထပ်ထပ်နဲ့
တံဆိပ်ကပ်ထားတဲ့ ဒီအသည်းကို
နင် အကြိမ်ကြိမ် ခွဲနိုင်ခဲ့လို့

ဒါပေမယ့်...................
နင်ပေးတဲ့ မျှော်လင့်ချက်တွေကို
အခါခါ မြိုချနေမိတဲ့ ငါ့အတွက်
နင်ရဲ့ လှည့်ကွက်တွေ အရမ်း ခက်နေစရာ မလိုဘူး
နင်မခြွေခင်က
ကြွေခဲ့ရတဲ့ ငါ့အသည်းက
နင့်အတွက်ဆို
ကမ္ဘာပျက်တောင် ငါမငိုပါဘူး......

@ Annonymous  

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...