Friday, December 13, 2013

ချစ်သူမရှိတော့လို့ ပါ

*နေမင်းကြီးရေ*
အရမ်းကြီး မပူလိုက်ပါနဲ့
*အရိပ်မိုးပေးမဲ့ ချစ်သူမရှိတော့လို့ပါ ...*

*မိုးမင်းကြီးရေ*
အငြိုးအတေးတွေနဲ့
မိုးတွေ ဒလဟောမသွန်ဖြိုးလိုက်ပါနဲ့
*ထီးမိုးပေးမဲ့ ချစ်သူမရှိတော့လို့ပါ ...*

* ဆောင်းနှင်းတို့ရေ *
တဖွဲဖွဲ ကျမနေပါနဲ့ နှင်းမှုန်တွေကြားမှာ
နှင်းခဲတွေနဲ့ ဆော့မဲ့သူချမ်းအေးလွန်းရင်
*ပြေးဝင်ခိုဖို့ ချစ်သူရင်ခွင်မရှိတော့လိုပါ ...*

*လေညင်းလေးတွေရေ*
ငါ့ဆံပင်ကို မကျီစယ်ပါနဲ့
မျက်နှာပေါ်ဝဲကျလာတဲ့ ဆံပင်တွေ
*ဖယ်ပေးမဲ့ချစ်သူမရှိတော့လို့ပါ ...*

*လမင်းကြီးရေ*
ကောင်းကင်မှာ သာချင်တိုင်းသာမနေပါနဲ့
*အနားမှာ သီချင်းဆိုပြမဲ့ချစ်သူမရှိတော့လို့ပါ ...*

*ချစ်သူရေ. . .*
မင်းရဲ့ဝိညာဉ် ဘယ်သွားနေလဲ
ငါ ဒီမှာ . . . .
မိုးရွာရင်လည်း မင်းကိုလွမ်းတယ် ...
နေပူရင်လည်း မင်းကိုလွမ်းတယ် ...
ချမ်းအေးလွန်ရင်းလည်း မင်းကိုလွမ်းနေတယ်လေ ....

*မျက်ရည်တွေ* . . . *မျက်ရည်တွေ*
မင်းတို့ကရော ဘာလို့ထွက်လာရပြန်တာလဲ ...
*မျက်ရည်သုပ်ပေးမယ့် ချစ်သူမရှိတော့ဘူးလေ*
ထွက်မလာပါနဲ့ ....


@ Annonymous 

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...