ငါနင့်ဖုန်းသံလေးကို မျှော်နေမိချိန်မှာ
နင်ကတော့ ငါ့ဖုန်းနံပါတ်ကို
မေ့နေလောက်ပြီပေါ့ … ♥
ငါနင့်ရင်ခွင်လေးကို တမ်းတနေမိချိန်မှာ
နင်ကတော့
သူ့ရင်ခွင်ထဲမှာ ပျော်နေလောက်ပြီပေါ့ … ♥
ငါနင့်ကိုလွမ်းလို့
ဆွေးနေတဲ့အချိန်မှာ
နင်ကတော့ သူ့အကြောင်းတွေ ပဲ တွေးနေလောက်ပြီပေါ့ … ♥
ငါနင်ပို့ထားတဲ့ SMS အဟောင်းတွေ ပြန်ဖတ်နေမိတဲ့ အချိန်မှာ
နင်ကတော့
သူ့ကိုချစ်တဲ့အကြောင်း စာစီနေလောက်ပြီပေါ့ … ♥
ငါနင့်ဓာတ်ပုံအဟောင်းတွေ
ပြန်ကြည့်ပြီး တွေ့ချင်စိတ်ကို ထိန်းချုပ်နေရတဲ့အချိန်မှာ
နင်ကတော့
သူ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေလောက်ပြီပေါ့ … ♥
နင်ငါ့ဆီပြန်လာမလားလို့ မျှော်နေမိချိန်မှာ နင်ကတော့ သူနဲ့
ရှေ့ဆက်မယ့်အနာဂတ်အကြောင်း ပြောနေလောက်ပြီပေါ့ … ♥
@ Annonymous
No comments:
Post a Comment