မင်းခိုက်စိုးစန် ရဲ့  လွမ်းလို့ သေသွားတဲ့ သစ်ပင် စာအုပ် ကိုဖတ်နေပြီး
လွမ်းလို့ သေသွားနိုင်တဲ့ ကျနော်
ရေဒီယိုကသံစဉ်တွေ နားထောင်နေတဲ့ကြားက
သံစဉ်တွေ မဲ့နေတဲ့ ကျနော်
ညတွေကို တွေ့ နေပါလျှက်နဲ့ 
အိမ်မက်တွေ ပျောက်နေတဲ့ ကျနော်
ဟုတ်မှာပါ
ကျနော် ဆိုတာက
မင်းနဲ့ တွေ့ နေတာတောင်
အချစ်ကို ပျောက်နေတက်သေးတာပဲ
ဟုတ်မှာပေါ့
ဘာလို့ ဆို
ကျနော့အချစ်တွေအားလုံး ပျောက်ဆုံးနေသူတစ်ဦးထံ အပ်နှံမိခဲ့တာကို
အဲ့ဒါတွေကြောင့်
မင်းခိုက်စိုးစန် ရဲ့  လွမ်းလို့ သေသွားတဲ့ သစ်ပင် စာအုပ် ကိုဖတ်နေပြီး
လွမ်းလို့ သေသွားနိုင်တဲ့ ကျနော် ဖြစ်နေတာပေါ့
ရေဒီယိုကသံစဉ်တွေ နားထောင်နေတဲ့ကြားက
သံစဉ်တွေ မဲ့နေတဲ့ ကျနော် ဖြစ်နေတာပေါ့
ညတွေကို တွေ့ နေပါလျှက်နဲ့ 
အိမ်မက်တွေ ပျောက်နေတဲ့ ကျနော် ဖြစ်နေတာပေါ့
..............................................
..............................................
အရာအားလုံး ပျောက်ဆုံးနေပါလျှက်နဲ့ 
ပျောက်ဆုံးနေသူကို ပျောက်ဆုံးနေတဲ့ ကျနော်လေ
တစ်သက်မှာတစ်ခါသာ ဖြစ်တည်ခဲ့တဲ့
ကျနော့ရဲ့ အချစ်တွေကတော့
ပျောက်ဆုံးနေသူတစ်ဦးထံသို့  ပျောက်ဆုံးနေလျှက်နဲ့ 
ပျောက်ဆုံးနေခဲ့ပေါ့
@ Hninn Nu Phyoe
No comments:
Post a Comment