ငါ မလုပ်ချင်တဲ့ အလုပ်တွေကို အားနာပါးနာ လုပ်နေတဲ့ ငါ့ ကိုယ်ငါ
မုန်းတယ်…
ငါ မပြောချင်တဲ့ စကားတွေကို အားနာပါးနာ ပြောနေတဲ့ ငါ့ ကိုယ်ငါ မုန်းတယ် …
ဖြစ်ချင်တာတွေကို ဖြစ်အောင် မစွမ်းဆောင်နိုင်တဲ့ ငါ့ ကိုယ်ငါ မုန်းတယ်…
ငါ ချစ်ခင်တဲ့သူတွေကို စိတ်ချမ်းသာအောင် မထားနိုင်တဲ့ ငါ့ ကိုယ်ငါ မုန်းတယ်…
မပြောသင့်ဘူးထင်တယ်လို့ တွေးထားတဲ့ စကားတွေကို မထိန်းချုပ်နိုင်ဘဲ ပြောလိုက်မိတဲ့ ငါ့ကိုယ်ငါ မုန်းတယ်..
ဆုံးဖြတ်ချက်တွေ အမြဲတမ်း ယိုင်နဲ့တတ်တဲ့ ငါ့ကိုယ်ငါ မုန်းတယ်…
အခုလက်ရှိ ကပ်ပါးကောင်(မိဘ) ဘ၀ဖြစ်နေတဲ့ ငါ့ကိုယ်ငါ မုန်းတယ်…
ကြိုးစားရမယ်ဆိုတာကို သိရဲ့သားနဲ့ မိုက်တွင်းနက်နက်နေတဲ့ ငါ့ ကိုယ်ငါ မုန်းတယ်..
@ Annonymous

No comments:
Post a Comment