Saturday, April 19, 2014

ချစ်သူအတွက်ဆို


လမင်းမဟုတ်ခဲ့ရင်တောင်
ကြယ်လေးတွေကို သိပ်အားကျမိတယ်
လမင်းကြီးလောက် မတောက်ပပေမယ့်
အမြဲတမ်း အလင်းရောင်ကို
ဆောင်ညဉ်းပေးနိုင်တယ်..........


လူတွေက တန်ဖိုးမထားကြပေမယ့်
တိမ်စိုင်မိုးမှောင် မိုးဒေ၀ါလာသည့်နေ့မှအပ
တာဝန်သိတတ်စွာနဲ့ မညိုမညင်
သူအလင်းဆင်၏

ချစ်သူအတွက်ဆို
ကိုယ်က လမင်းမဖြစ်ချင်ပေမယ့်
အမြဲတမ်း ချစ်သူကို ထာဝရ
တစ်ရက်မပျက် အလင်းဆင်မယ့်
ကြယ်လေးတစ်ပွင့်လောက်တော့
ဖြစ်နေချင်တယ်....

အချစ်ဆိုတာ
စွန့်လွှတ်အနစ်နာခံခြင်းတဲ့ တချို့တွေက ပြောသလို
ရယူပိုင်ဆိုင်လိုခြင်းလို့လည်း ဆိုကြပြန်တယ်

ချစ်သူအတွက်ဆိုရင်တော့
ချစ်သူ ချစ်နေသရွေ့ ရယူပိုင်ဆိုင်လိုပြီး
ချစ်သူပျော်ဖို့အတွက်ဆိုရင်တော့
စွန့်လွှတ်အနစ်နာခံခြင်းသည်သာ ဖြစ်နေချင်တယ်......... 
@ Annonymous   

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...