Friday, April 11, 2014

ပလိုင်းကြီးကြီး

တစ်ခါက ငါးမျှားသူ၂ဦးကန်စပ်မှာဆုံကြတယ်တဲ့။

ပထမလူက ငါးခပ်အရွယ် ခပ်လတ်လတ် တစ်ကောင်မိပါလေရော။ သူက ငါးကို ငါးမျှားချိတ်က ဖြုတ်ပြီး ဆကြည့်တယ် ။ ပြီးတော့ ခေါင်းခါပြီး ရေထဲပြန်လွှတ်လိုက်တယ်။

နောက်တစ်ခါ ငါးကြီး တစ်ကောင် ထပ်မိပြန်တယ်။ ပြန်လွှတ်လိုက်ပြန်ရော။

နောက်တစ်ခါငါးအကြီးကြီး တစ်ကောင်မိတော့လည်း ပြန်လွှတ်လိုက်ပြန်တယ်။

ဒီအခါမှာ ဒုတိယလူက မေးတယ်။ ခင်ဗျား တော်တော်လောဘကြီးတယ်ထင်တယ် ငါးအကြီးကြီးတွေမိတာတောင် မကြိုက်လို့ပြန်လွှတ်တယ်ဟုတ်လား။ ပထမလူက ပြန်ဖြေတယ်။

ကျုပ်ယူလာတဲ့ ပလိုင်းက သေးနေလို့ပါဗျာတဲ့။

စာရေးသူတို့ လုပ်ငန်းခွင်ထဲမှာလည်း ပထမလူလိုလူတွေ ရှိနေပါတယ်။ သူတို့ကတော့ အခွင့်အလမ်းတွေကို ဆုပ်ကိုင်ဖို့ အဆင်သင့်ဖြစ်မနေသူတွေပါပဲ။ လုပ်ငန်းခွင်ထဲမှာ တာဝန်ကြီးကြီးတွေ ရှိနေတတ်တယ်။ ကိုယ့်မှာက တာဝန်ကိုယူဖို့ အရည်အချင်းက မလုံလောက်သေးဘူး။ အဲဒီတော့ ဒီတာဝန်ကို အရည်ချင်းပိုရှိသူက ရသွားတယ် ။ အကောင်းဆုံးဆောင်ရွက်ပြပြီး ရာထူးတွေ တက်သွားတယ်။ ကိုယ်နဲ့အတူတူအလုပ်ဝင်တဲ့သူ ဒါမှမဟုတ် နောက်မှဝင်တဲ့လူက ရာထူးတက်သွားတာကြုံဖူးကြမှာပါ။ အဲဒီအခါမှာ အထက်လူကြီးကို အပြစ်တင်တယ်။ တဖက်လူကိုတော့ မနာလိုမုန်းတီးတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ ပြန်သုံးသပ်ဖို့ မေ့နေတတ်တယ်။ ကိုယ့်ပလိုင်းကိုကိုယ်ပြန်ကြည့်ပါဦး။
ဘယ်အရွယ်လဲလို့။ သေးရင် ပလိုင်းကြီးကြီးရှာရမယ်လေ။ အခွင့်အလမ်းတွေကို အမိအရဆုပ်ကိုင်နိုင်ဖို့ပေါ့။

ဝင်းထိန် (အင်းစိန်) လေးစားစွာ ရေးသားပါသည်။

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...